Day: January 13, 2015

အမေရိကန်စစ်ဘက်ဆိုင်ရာ လူမှုရေးမီဒီယာ account များ တိုက်ခိုက်ခံရ

အမေရိကန် စစ်ဘက်ဆိုင်ရာဌာနချုပ်သည် ၎င်းတို့၏ YouTube နှင့် Twitter account များကို ISIS ထောက်ခံသူများက တိုက်ခိုက်ခဲ့မှုအပေါ် စုံစမ်းစစ်ဆေးနေလျက်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။ ပြီးခဲ့သည့် တနလာင်္နေ့က Centcom ဟု အမည်ရသည့် အမေရိကန်စစ်ဘက်ဆိုင်ရာ၏ YouTube နှင့် Twitter account profile ဓာတ်ပုံများကို CyberCaliphate ဟုခေါ်ဆိုသည့် ISIS ထောက်ခံသူများက ပြောင်းလဲခဲ့သည်။ အဆိုပါ Centcom အဖွဲ့အစည်းသည် လက်ရှိတွင် အာရှအလယ်ပိုင်းနှင့် အရှေ့အလယ်ပိုင်း အပါအဝင် အာဖဂန်နစ္စတန်နှင့် အီရတ်ရှိ အမေရိကန် စစ်ဘက်ဆိုင်ရာ တပ်ဖွဲ့များကို ကြီးကြပ်လျက် ရှိသည်။ ယနေ့အစောပိုင်းအချိန်တွင် Centcom Twitter နှင့် YouTube account များ တိုက်ခိုက်ခံခဲ့ရသည်ကို အဖွဲ့အစည်းမှ အတည်ပြုကြောင်း၊ ၎င်းဖြစ်ရပ်နှင့် […]

Read More

Xiaomi တွင် ရင်းနှီးမြှုပ်နှံရန် Facebook ဆွေးနွေးခဲ့ဟုဆို

Facebook အမှုဆောင်အရာရှိချုပ် မာ့ခ်ဇူကာဘတ်ခ်သည် Xiaomi တွင် ရင်းနှီးမြှုပ်နှံမှုတစ်ရပ် ပြုလုပ်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။ ဇူကာဘတ်ခ်သည် ပြီးခဲ့သည့် အောက်တိုဘာလက ဘေကျင်းတွင် ပြုလုပ်ခဲ့သည့် သီးသန့်ညစာစားပွဲတစ်ခုတွင် Xiaomi အမှုဆောင်အရာရှိချုပ် လေဂျွန်နှင့် ဆွေးနွေးခဲ့ကြောင်း၊ သို့သော်လည်း တရုတ်ကုမ္ပဏီက နိုင်ငံရေးအရဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးအတွက် စိုးရိမ်ပူပန်သောကြောင့် ရင်းနှီးမြှုပ်နှံမှုအတွက် ဆွေးနွေးမှုမှာ ဖြစ်မြောက်ခဲ့ခြင်း မရှိကြောင်း Reuters မှ ဖော်ပြခဲ့သည်။ သတင်းရင်းမြစ်တစ်ဦးကမူ “Facebook က တရုတ်နိုင်ငံထဲကို ဝင်ဖို့ဆန္ဒရှိတယ်။ Xiaomi ကလည်း တရုတ်နိုင်ငံ ပြင်ပကို ဈေးကွက်ချဲ့ဖို့ ဆန္ဒရှိတယ်။ ဒါကြောင့် သူတို့နှစ်ဦးရဲ့ ပူးပေါင်းလုပ်ဆောင်မှုက အရေးပါတယ်လို့ မှတ်ယူခဲ့ကြပါတယ်” ဟု ပြောကြားခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် ပထမဦးဆုံး စမတ်ဖုန်းကို ထုတ်လုပ်ခဲ့သည့် Xiaomi […]

Read More

MPT ဆင်းမ်ကတ် ၁ သန်းကို ယခုနှစ်ဆန်းပိုင်းတွင် ဆက်လက် ရောင်းချသွားမည်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ၎င်းတို့၏ အမှတ်တံဆိပ် အသစ် MPT ဆင်းမ်ကတ် ၁ သန်းကို ယခုနှစ်ဆန်းပိုင်းတွင် ဈေးကွက်အတွင်း ဆက်လက် ရောင်းချ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ယခုနှစ်ဆန်းပိုင်းတွင် ဆက်လက်ရောင်းချမည့် ဆင်းမ်ကတ်များအား အများပြည်သူ အလွယ်တကူ ဝယ်ယူနိုင်စေရန်နှင့် သတ်မှတ်ဈေးနှုန်း ထက် ပိုပေးရသည့် မှောင်ခိုဈေးကွက်ကိုလည်း ထိန်းချုပ်ပေးသွားမည် ဖြစ်ကြောင်း အဆိုပါလုပ်ငန်း၏ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ MPT အနေဖြင့် ၂၀၁၄၊ စက်တင်ဘာလမှ စတင်၍ ဈေးကွက်အတွင်းသို့ ရာက်ရှိလာခဲ့သည့် ၁၅၀၀ ကျပ်တန် ဆင်းမ်ကတ် များကို အရေအတွက် ငါးသန်းကျော် ရောင်း ချပြီးဖြစ်သည်။  

Read More

How To Fix eGovernment with Linux ဟောပြောပွဲပြုလုပ်မည်

မန္တလေးတိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းမှ စီစဉ်ပြီး Hoe To Fix eGovernment with Linux ဟောပြောပွဲအား ၁၈-၁-၂၀၁၅ တနင်္ဂနွေနေ့တွင် နံနက် ၁၀ နာရီမှ ၁၂ နာရီအထိ ပြုလုမည်ဖြစ်သည်။ သင့်အတွက် Linux စာအုပ်များ ရေးသားခဲ့သူ ဆရာအိမောင် -Project Manager (Fairway Web) , Professional Web Developer. Ubuntu မှ ဟောပြောပို့ချမည်ဖြစ်ပြီး မည်သူမဆို အခမဲ့ တက်ရောက်နိုင်ပါသည်။ တက်ရောက်လိုပါက ဖုန်း ၀၂ ၆၉၃၁၃ ။ ၀၂ ၆၉၃၁၅ ဆက်သွယ်စာရင်းပေးနိုင်မည်ဖြစ်သည်။  

Read More

Age of Bayintnaung မြန်မာဂိမ်းကို ယခုနှစ် အောက်တိုဘာတွင် အရှ့တောင်အာရှ ဈေးကွက်သို့ စတင် ဖြန့်ချိနိုင်á€

ပြည်တွင်းထုတ် မြန်မာဂိမ်းအမျိုးအစား တစ်ခု ဖြစ်သည့် Age of Bayintnaung အား လာမည့် မတ်လအတွင်း Beta Version အနေဖြင့် စတင် ဖြန့်ချိသွားမည်ဖြစ်ပြီး နိုင်ငံတကာ ဂိမ်းဈေးကွက်သို့ ဖြန့်ချိနိုင်ရန်အတွက် ဂျပန်နည်းပညာကုမ္ပဏီအချို့နှင့် ချိတ်ဆက် သွားမည်ဖြစ်ကြောင်း အဆိုပါ ဂိမ်းကိုထုတ်လုပ်သည့် Total Game Play Studio မှ သတင်းရရှိသည်။ ပြည်တွင်း developer များရေးဆွဲထားသည့် အဆိုပါ မြန်မာဂိမ်းကို ဂျပန်နိုင်ငံမှ လုပ်ငန်းရှင်အချို့က ထုတ်ဝေရန် ကမ်းလှမ်းထားခြင်းဖြစ်ပြီး ယခုနှစ် အောက်တိုဘာလတွင် အရှေ့တောင် အာရှ ဈေးကွက်သို့ စတင် ဖြန့်ချိသွားရန် ကြိုးစားနေကြောင်းး Total Game Play Studio မှ ဒါရိုက်တာ ဦးမြင့်ကျော်သူက ပြောသည်။ Total […]

Read More

MPT က ၂၀၁၅ နှစ်လယ်ပိုင်းတွင် 3G ကွန်ရက်ကို တစ်နိုင်ငံလုံး အနှံ့ ဖြန့်ကျက်သွားမည်ဟုဆို

ဂျပန် ဆက်သွယ်ရေး ကုမ္ပဏီများဖြစ်သည့် KDDI , Sumitomo တို့နှင့် ပူးပေါင်းထားသည့် MPT အနေဖြင့် ၂၀၁၅ နှစ်လယ်ပိုင်းတွင် 3G ကွန်ရက်ကို တစ်နိုင်ငံလုံးအနှံ့ ဖြန့် ကျက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ဆက်သွယ်ရေး ဝန်ဆောင်မှုများ လိုအပ်နေသေးသည့် ကျေးလက်ဒေသများတွင် ၎င်းတို့၏ ကွန်ရက်များကို ၂၀၁၅ ပထမနှစ်ဝက် အတွင်း ဆက်လက် ဖြန့်ကျက်သွားမည်ဖြစ်ပြီး ယင်းအချိန် ကာလအတွင်း၌ပင် 3G ကွန်ရက်ကို နိုင်ငံအနှံ့ ရရှိရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါလုပ်ငန်း၏ တာဝန်ရှိသူ တစ်ဦးဖြစ်သော ဦးခင်မောင်ထွန်းက ပြောကြားသည်။ ထို့ကြောင့် ၂၀၁၅ နှစ်လယ်ပိုင်းအရောက်တွင် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကွန်ရက် မရရှိသည့် ဒေသအများစုတွင် မိုဘိုင်းဖုန်းများနှင့် အင်တာနက်ဝန်ဆောင်မှုများကို စတင် အသုံးပြုနိုင်တော့မည် ဖြစ်ကြောင်း […]

Read More

Samsung Galaxy S6 ကို ဗားရှင်းနှစ်မျိုးဖြင့် တွေ့မြင်ရဖွယ်ရှိဟုဆို

Samsung သည် Galaxy S6 စမတ်ဖုန်းကို ဗားရှင်းနှစ်မျိုးဖြင့် ထုတ်လုပ်သွားမည် ဖြစ်ပြီး ဗားရှင်းတစ်မျိုးတွင် သတ္တုကိုယ်ထည်နှင့် Galaxy Note Edge ကဲ့သို့မျက်နှာပြင်ကွေး ပါဝင်လာမည် ဖြစ်ကြောင်း Business Insider မှဖော်ပြခဲ့သည်။ သတင်းများ၏ ဖော်ပြချက်အရ Samsung သည် ၎င်း၏စမတ်ဖုန်းများတွင် ပလတ်စတစ်ဒီဇိုင်းများ အသုံးပြုနေခြင်းအစား သတ္တုကိုယ်ထည်များဖြင့် ပြောင်းလဲ အသုံးပြုဖွယ်ရှိနေသည်။ သို့ရာတွင် ကုမ္ပဏီအနေဖြင့် ထုတ်ကုန်သစ်တွင် သတ္တု ဖြင့်လည်းကောင်း သို့မဟုတ် သတ္တုနှင့် ပလတ်စတစ် ရောနှောခြင်းဖြင့် လည်းကောင်း ဒီဇိုင်းပြုလုပ်ထားခြင်း ရှိ၊ မရှိကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။ သို့သော်လည်း အစောပိုင်းက ပေါက်ကြားထွက်ပေါ်ခဲ့သော Galaxy S6 ဓာတ်ပုံများအရ ၎င်းစမတ်ဖုန်း၏ ဘေးဘောင်များကို သတ္တုဖြင့် ဖန်တီးထားခဲ့သလို မကြာမီက […]

Read More