Day: January 9, 2015

MPT ၏ GSM နှင့် WCDMA မိုဘိုင်းဖုန်းခေါ်ဆိုခနှင့် အင်တာနက်ဝန်ဆောင်မှုအသစ်များကို ဇန်နဝါရီ ၁၂ တွင် စတင

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) သည် ယခုနှစ် ဇန်နဝါရီလ ၁၂ ရက်မှ စတင်၍ ၎င်းတို့၏ GSM နှင့် WCDMA မိုဘိုင်းဖုန်းခေါ်ဆိုခများနှင့် မိုဘိုင်းအင်တာနက်အသုံးပြုခများ အပါအဝင် အခြားဝန်ဆောင်မှုအသစ်များကို စတင်တော့ဖြစ်ကြောင်း သတင်းရရှိသည်။ ၂၀၁၄၊ စက်တင်ဘာလမှ စတင်၍ MPT ဟူသည့် အမှတ်တံဆိပ်အသစ်ဖြင့် ထွက်ရှိလာခဲ့သည့် မြန်မာ့ဆက် သွယ်ရေးလုပ်ငန်း အနေဖြင့် ဆွေသဟာ အမည်ရှိသော ဝန်ဆောင်မှု အစီအစဉ်အသစ်တစ်ခုကို စတင်မည်ဖြစ် သည်။မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဆွေသဟာ အမည်ရှိ အစီအစဉ်သစ်ကို ရယူအသုံးပြုသူများသည် ဖုန်းခေါ်ဆိုခ များကို တစ်မိနစ်လျင် ၃၅ ကျပ်ဖြင့် မြန်မာတစ်နိုင်ငံလုံးသို့ မည်သည့်နေရာကိုမဆို မည်သည့်အချိန် တွင်ဖြစ်စေ ခေါ်ဆိုနိုင်မည်ဖြစ်သည်။ ထို့အပြင် မိုဘိုင်းဖုန်းအချင်းချင်း စာတိုပေးပို့နိုင်သည့် SMS ဝန်ဆောင်မှု နှုန်းထားများမှာ တစ်စောင်လျင် […]

Read More

ကမ္ဘာ့ဘဏ်အဖွဲ့အစည်းက ထောက်ပံ့မှုပေးမည့် Data Center တည်ဆောက်မှုကို ယခုနှစ်အတွင်း စတင်နိုင်ရန် စီစဉ်

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍကို ကမ္ဘာ့ဘဏ်အဖွဲ့အစည်းက ကူညီထောက်ပံ့မှုများ ပေးသွားမည်ဆိုသည့် သဘောတူညီထားချက်အရ ပြည်တွင်းဆက်သွယ်ရေး ကဏ္ဍအတွက် Data Center တည်ဆောက်မှုကို ယခုနှစ်အတွင်း စတင်အကောင်အထည် ဖော်သွားရန် စီစဉ်နေကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ စုံစမ်းသိရသည်။ ကမ္ဘာ့ဘဏ်အဖွဲ့အစည်းသည် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍအတွက် နည်းပညာဆိုင်ရာ Data Center တစ်ခုကို တည်ဆောက်ပေးရန်အတွက် ပြီးခဲ့သည့်နှစ် အတွင်းက သက်ဆိုင်ရာ ဝန်ကြီးဌာနမှ တာဝန်ရှိသူအချို့နှင့် သဘောတူညီခဲ့ကြခြင်း ဖြစ်သည်။ ပြည်တွင်း၌ နည်းပညာဆိုင်ရာ Data Center တစ်ခု တည်ဆောက်ရန်အတွက် အဆိုပါ အဖွဲ့အစည်းနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနတို့သည် ပြည်တွင်း ကွန်ပျူတာ ပညာရှင်များ၊ ကွန်ပျူတာအသင်းအဖွဲ့များနှင့် ပူးပေါင်းအကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ Data Center တည်ဆောက်ပြီးစီးပါက […]

Read More

စွန့်ဦးတီထွင်လူငယ်များ တည်ထောင်သည့် နည်းပညာကုမ္ပဏီ အချို့ ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဆá

ပြည်တွင်းနည်းပညာနယ်ပယ်မှ စွန့်ဦးတီထွင် လူငယ်များဦးစီးသည့် နည်းပညာကုမ္ပဏီများအနေဖြင့် ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဆက်တိုက်ရရှိလာကြကြောင်း အဆိုပါ ကုမ္ပဏီများထံမှ စုံစမ်းသိရှိရသည်။ ပြည်တွင်းကွန်ပျူတာနယ်ပယ်မှ လူငယ်ပညာရှင်များ ဦးစီးသည့် နည်းပညာဆိုင်ရာ ကုမ္ပဏီများသည် ၂၀၁၄ ခုနှစ်အတွင်း ဆက်တိုက် ပေါ်ထွက်လာပြီးနောက် ပြည်ပနိုင် ငံများမှ ရင်းနှီးမြှုပ်နှံမှုများကို ပြီးခဲ့သည့် နှစ်လယ်ပိုင်းမှ စတင်ကာ ရရှိလာကြခြင်းဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍတွင် နိုင်ငံခြားကုမ္ပဏီများနှင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများ ဆက်တိုက်ဝင်ရောက်လာပြီး နောက်ပိုင်းတွင် အဆိုပါ ပြည်ပကုမ္ပဏီများ က ပြည်တွင်းမှ အရည်အသွေးရှိသည့် လူငယ်ပညာရှင်များကို နည်းပညာဆိုင်ရာပြိုင်ပွဲများ ပြု လုပ်ပေးခြင်းဖြင့် မြေတောင်မြှောက် ထောက်ပံ့မှုများကို ပြုလုပ်ပေး လာကြသည်။ ထိုအချိန်နောက်ပိုင်းမှ စတင်၍ ပြည်တွင်းနည်းပညာနယ်ပယ်မှ လူငယ်ပညာရှင်များသည် စုပေါင်းကုမ္ပဏီငယ်များကို စတင်တည်ထောင်လာကြခြင်းဖြစ်ပြီး တစ်ဆက်တည်းမှာပင် နိုင်ငံတကာ၏ စိတ်ဝင်စားမှုကို ရရှိလာကြခြင်းဖြစ်ကြောင်းသိရသည်။ […]

Read More

ပြည်တွင်းထုတ် မောင်းသူမဲ့ လေယာဉ်များကို သဘာဝဘေးအန္တရာယ် ကူညီရေးလုပ်ငန်းများတွင် အသုံးချရနá

ပြည်တွင်း၌ မောင်းသူမဲ့လေယာဉ် ၇ စီးကို ထုတ်လုပ်နိုင်ခဲ့သော သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသနည်းပညာတက္ကသိုလ်က အဆိုပါ လေယာဉ်ငယ်များကို သဘာဝဘေးအန္တရာယ် ကျလာသော ဒေသများတွင် ကူညီကယ်ဆယ်ရေး ယာဉ်များအဖြစ်လည်းကောင်း၊ သုတေသနပြု လုပ်ငန်းများ အတွက်လည်ကောင်း အသုံးပြုနိုင်ရန်အတွက် ဆက်လက် ထုတ်လုပ်သွားမည်ဖြစ်ကြောင်း အထက်ပါဝန်ကြီးဌာနမှ သိရသည်။ အလိုအလျောက် မောင်းသူမဲ့စနစ်ဖြင့် ထိန်းချုပ်ပျံသန်းနိုင်သည့် အဆိုပါ လေယာဉ်အသေးစားများ ထုတ်လုပ်မှုသည် အောင်မြင်မှုရရှိခဲ့သည့်အတွက် ယခုကဲ့သို့ ပြည်တွင်း ၌ ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေး လုပ်ငန်းများနှင့် အခြားသော ကဏ္ဍများ၏ သုတေသနလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ဆက်လက် ထုတ်လုပ်သွားရန် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း အထက်ပါ နည်းပညာတက္ကသိုလ်မှ စုံစမ်းသိရသည်။ အဆိုပါ မောင်းသူမဲ့လေယာဉ်များကို တည်ဆောက်နိုင်ရန်အတွက် အဓိကလိုအပ်ချက်မှာ ကုန်ကျစရိတ်ဖြစ်ပြီး ပြည်တွင်း၌ […]

Read More

Thank You

Thank you your registration is successful !

Read More

ပြည်ပချောထုပ်ထွက် ကောင်တာမှ တစ်နေ့လျှင် ပါဆယ်ထုပ်ပေါင်း ၂၀၀ ခန့် ပေးပို့လျက်ရှိ

  ပြည်ပချောထုပ်ထွက်ကောင်တာမှ တစ်နေ့လျှင် ပါဆယ်ထုပ်ပေါင်း ၂၀၀ ခန့် ပေးပို့လျက်ရှိကြောင်း သိရသည်။ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်းသည် စာတိုက်လုပ်ငန်းများ ကြည့်ရှုစစ်ဆေးခဲ့သည့် သတင်းထုတ်ပြန်ချက် အရ သိရခြင်းဖြစ်သည်။ ထိုသို့ ပေးပို့ရာတွင် တောင်ကိုးရီးယားနိုင်ငံသို့ အများဆုံး ပေးပို့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။ စာနှင့်ချောပစ္စည်းများ ရောက်ရှိမှုအခြေအနေနှင့် ကြန့်ကြာမှု အခြေအနေများ၏ အခြေခံအကြောင်းတရားကို စဉ်ဆက်မပြတ် လေ့လာရန်လိုကြောင်း၊ ပစ္စည်းပေးပို့မှု ပမာဏ များပြားသည့် နိုင်ငံများနှင့် နည်းပါးသည့်နိုင်ငံများကို အစဉ်လေ့လာ ဆန်းစစ်သွားရန်လိုကြောင်းကိုလည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်ဟု သိရသည်။  

Read More

Dacia ရဲ့ ရောင်းအား အကောင်းဆုံး မော်ဒယ်ဖြစ်တဲ့ Dacia Duster 2015

သူကတော့ လက်ရှိပြည်တွင်းမှာပါ အနည်းငယ်စိမ်းမယ့် Brand တစ်ခုဖြစ်ပေမယ့် အခုနောက်ပိုင်း ကားလောကမှာတော့ ပြင်သစ်ရဲ့  နာမည်ကြီး Renault နဲ့ ပူးပေါင်းကာ တန်ဖိုးနည်း SUV မော်ဒယ်တွေ ထုတ်လုပ်တာကြောင့်ရယ်၊ နောက်ပြီး Concept ကားတွေ ထုတ်လုပ်မိတ်ဆက်နေတာကြောင့်ရယ် လူသိများလာတဲ့ ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ အခုကျွန်တော် မိတ်ဆက်ပေးမယ့် Duster မော်ဒယ်ဆိုရင် တကယ်တမ်းက Renault ရဲ့ မော်ဒယ်ဖြစ်ပြီးတော့ ကုမ္ပဏီနှစ်ခုပူးပေါင်းလုပ်ဆောင်မှုအရ Renault ရဲ့ မော်ဒယ်ကို Dacia ကပါ လိုက်ထုတ်တာဖြစ်ပေမယ့် တကယ်တမ်းဈေးကွက်မှာတော့ Dacia ရဲ့ Duster က ဈေးကွက် အောင်မြင်မှု အများအပြား ရနေတာတွေ့ ရပြီး Renault ရဲ့ Duster မော်ဒယ်ကို နောက်ကောက်ချနိုင်ခဲ့တာ တွေ့ ရပါတယ်။ […]

Read More

NFC ချိတ်ဆက်မှု ပါဝင်လာသည့် SDHC memory card ကို Toshiba မိတ်ဆက်

Toshiba ကုမ္ပဏီသည် NFC ချိတ်ဆက်မှုပါဝင်သည့် SDHC memory card ကို CES 2015 တွင် မိတ်ဆက်ခဲ့သည်။ ၎င်း memory card ကို 8GB, 16GB နှင့် 32GB ဟူ၍ ဗားရှင်း သုံးမျိုးဖြင့် ရရှိနိုင်မည်ဖြစ်သည်။ ယနေ့ခေတ်တွင် WiFi ချိတ်ဆက်မှုပါဝင်သော memory card များ ထွက်ရှိလာနေသော်လည်း Toshiba မှ မိတ်ဆက်ခဲ့သည့် ထုတ်ကုန်သည် Near Field Communications (NFC) ပါဝင်လာသော ကမ္ဘာ့ပထမဆုံး memory card ဖြစ်ကြောင်း သိရသည်။ ထိုသို့ memory card များတွင် NFC နည်းပညာ ပါဝင်လာသောကြောင့် card အား ထုတ်ကုန်မှ […]

Read More

Psvita new model နှင့် Nitendo DSi ဂိမ်းစက်များကို နှစ်သစ်ကူး အထူးအစီအစဉ်ဖြင့် ရောင်းချမည်

Made in Singapore မှ တင်သွင်းလာသည့်  Psvita new model ဂိမ်းစက်နှင့် Nitendo DSi ဂိမ်းစက်များကို နှစ်သစ်ကူး အထူးအစီအစဉ်ဖြင့် ဈေးလျှော့ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ဈေးလျော့ရောင်းချပေးသွားမည့် Psvita new model ကို Sony မှ ထုတ်လုပ်ထားပြီး Wi-Fi အမျိုးအစား ဖြစ်သည်။ ဂိမ်းစက်နှင့်တွဲ၍ အသုံးပြုရမည့် အော်ရီဂျင်နယ်ဂိမ်းခွေများကိုပါ ဝယ်ယူနိုင်သည့်အပြင် မိမိကြိုက်နှစ်သက်သော ဂိမ်းအမျိုးအစားများကိုလည်း ရက်အနည်းငယ်စောင့်ကာ မှာယူနိုင်မည်ဟု သိရသည်။ ဂိမ်းစက်အရွယ်အစားမှာ ပါးလွှာပေါ့ပါးပြီး ဂိမ်းဆော့ကစားရာတွင် ရုပ်ထွက်ကြည်လင်ပြတ်သားမှု ရှိသည်။ ဂိမ်းစက်နှင့် တွဲဖက်အသုံးပြုနိုင်သော Accessories များကိုပါ အထူးဈေးနှုန်းဖြင့် ရောင်းချပေးမည်ဟု သိရသည်။ Nitendo မှ ထုတ်လုပ်သော Nitendo DSi ဂိမ်းစက်ကိုလည်း modifield […]

Read More

Atelier Ayesha Plus: The Alchemist of Dusk

Developer Gust ရဲ့ Atelier Ayesha Plus: The Alchemist of Dusk ဂိမ်းဟာ Alchemy တွေ ရောစပ်ဖန်တီးရတဲ့ Simulation gameplay နှင့် dungeons တွေမှာ ရန်သူတွေနဲ့ တိုက်ခိုက်ရတဲ့ turn based RPG battle gameplay တွေ ပါဝင်တဲ့ RPG ဂိမ်းသစ်ဖြစ်ပြီး Harvest Moon လို Simulation ဂိမ်းတွေ နှစ်သက်သူတွေရော RPG ဂိမ်းပရိသတ်တွေပါ သဘောကျမယ့် ဂိမ်းတစ်ခု ဖြစ်ပါတယ်။ အရင်PlayStation ဂိမ်းစက် exclusive series တွေဖြစ်ခဲ့တဲ့ Hyperdimension Neptunia နဲ့ Fairy Fencer F တို့အနေနဲ့ PC Platform […]

Read More