Day: January 8, 2015

ဝတ်ဆင်နိုင်သည့် နည်းပညာ ထုတ်ကုန် များအတွက် ကြယ်သီး အရွယ်သာရှိသော ချစ်ပ်တစ်မျိုးကို Intel မိတ်á€

Intel သည် စွမ်းအင်သုံးစွဲမှု လျော့နည်းသော Bluetooth ရေဒီယို၊ အာရုံခံစနစ်နှင့် ပရိုဆက်ဆာများ ပါဝင်သည့် ကြယ်သီးအရွယ်ရှိ Curie ချစ်ပ်ကို ထုတ်ဖော်ပြသသွားခဲ့သည်။ ၎င်းချစ်ပ်ကို အကြွေစေ့အရွယ် ဘက်ထရီနှင့် တွဲဖက်အသုံးပြုနိုင်သလို အားပြန်လည်ဖြည့်တင်းမှုကိုလည်း ပြုလုပ်နိုင်သည်။ အရွယ်အစားသေးငယ်လွန်းသည့် အဆိုပါ ချစ်ပ်သည် ပုံစံအမျိုးမျိုးဖြင့် ပြုလုပ်ထားသော ဝတ်ဆင်နိုင်သည့် နည်းပညာ ထုတ်ကုန်များတွင် အသုံးပြုနိုင်ပြီး လက်စွပ်နှင့် ဆွဲကြိုးမှအစ အင်္ကျီအထိ ထည့်သွင်းအသုံးပြုနိုင်ကြောင်း Intel အမှုဆောင်အရာရှိချုပ် ကာဇနစ်ခ်ျက CES 2015 တွင် ပြောဆိုခဲ့သည်။ ယခုချစ်ပ်သည် ဝတ်ဆင်နိုင်သည့် နည်းပညာ ထုတ်ကုန်များကို ပြောင်းလဲပေးနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ Intel သည် ကွန်ပျူတာဈေးကွက်တွင် လွှမ်းမိုးထားသော်လည်း စမတ်ဖုန်းနှင့် ဝတ်ဆင်နိုင်သည့် နည်းပညာ ထုတ်ကုန်ဈေးကွက်တွင် ထိုးဖောက်ရန် […]

Read More

Feature အသစ်များ ပါဝင်လာသည့် Hero4 ကင်မရာကို GoPro မိတ်ဆက်

GoPro သည် feature အသစ်များ ထည့်သွင်းထားသည့် Hero4 ကင်မရာကို CES 2015 ပြပွဲတွင် မိတ်ဆက်ခဲ့ကြောင်း သိရသည်။ Hero4 တွင် အသစ်ပါဝင်လာသည့် feature များအနက် တစ်ခုမှာ time-lapse ဗွီဒီယို mode ဖြစ်ပြီး ၎င်းသည် အဆက်မပြတ် ရိုက်ကူးထားသော ဓာတ်ပုံများကို ဗွီဒီယိုအဖြစ် အသွင်ပြောင်းပေးမည့် feature ဖြစ်သည်။ အဆိုပါ mode ဖြင့်ဓာတ်ပုံရိုက်ကူးထားပြီး GoPro ၏ desktop software နှင့် ဗွီဒီယိုတစ်ခု ဖန်တီးနိုင်မည် ဖြစ်သည်။ ထို့အပြင် Hero4 တွင် အခြားဗွီဒီယို setting များလည်း ပါဝင်ပြီး HD အရည်အသွေးရှိ super-slow-motion ဗွီဒီယို ရိုက်ကူးလိုသူများအတွက် 720p resolution […]

Read More

ဝတ်ဆင်နိုင်သည့် နည်းပညာ ထုတ်ကုန် ဈေးကွက်သို့ ဝင်ရောက်လာသည့် Epson

Printer ကုမ္ပဏီတစ်ခုဖြစ်သော Epson သည် ဝတ်ဆင်နိုင်သည့် နည်းပညာ ထုတ်ကုန်များဖြစ်သော အပြေးလေ့ကျင့်ရာတွင် ဝတ်ဆင်သည့် စမတ်နာရီများနှင့် ဂေါက်ရိုက်တံလွှဲနှုန်းကို စိစစ်ပိုင်းခြားပေးနိုင်မည့် golf-swing analyzer ထုတ်ကုန်တစ်မျိုးကို CES 2015 တွင် ပြသသွားခဲ့သည်။ Epson သည် ၎င်းထုတ်ကုန်များကို နာမည်ကျော် အားကစာသမားများ လေ့ကျင့်ပေးသူ ဂန်းနာပီတာဆင်၊ အိုလံပစ်ငွေတံဆိပ်ဆုရှင် မက်ဘ်ကီဖလတ်ဇီဘီနှင့် ဂေါက်အားကစားနည်းပြ ဒေးဗစ်လစ်ဒ်ဘက်တာတို့၏ အကူအညီဖြင့် ဖန်တီးခဲ့ခြင်းဖြစ်သည်။ ၎င်းထုတ်ကုန်များမှာ ပြီးခဲ့သည့်နိုဝင်ဘာလက Epson မှတရားဝင် ထုတ်ပြန်ခဲ့သော Pulsense လှုပ်ရှားမှု ခြေရာခံစက်အပြင် GPS running နာရီများနှင့် golf-swing analyzer တို့ဖြစ်သည်။ Pulsense သည် Epson မှ ပထမဦးဆုံး ထုတ်ပြန်ကြေညာခဲ့သည့် ထုတ်ကုန်တစ်မျိုးဖြစ်ပြီး ပြီးခဲ့သည့်နိုဝင်ဘာလက ကုမ္ပဏီအနေဖြင့် […]

Read More

အာရှတွင် စိတ်ဝင်တစားစောင့်ကြည့်ရမည့် ဂိမ်း ၁၂ ခုအနက် မြန်မာမှရေးဆွဲသော ဂိမ်းတစ်ခုပါဝင်

၂၀၁၅ ခုနှစ်အတွက် စိတ်ဝင်တစားစောင့်ကြည့်ရမည့် ဂိမ်း ၁၂ ခုကို Tech in Asia မှ ထုတ်ပြန်ခဲ့ပြီး အဆိုပါ ထုတ်ပြန်ချက်၌ မြန်မာနိုင်ငံမှ ရေးဆွဲထားသည့် Age of Bayintnaung ဟူသော ဂိမ်းတစ်ခု ပါဝင်လာကြောင်း သိရသည်။ အာရှအတွက် စိတ်ဝင်တစားစောင့်ကြည့်ရမည့် ဂိမ်းစာရင်း၌ မြန်မာမှထုတ်လုပ်သော ဂိမ်းအနေဖြင့် ပထမဦးဆုံး ပါဝင်လာခြင်းဖြစ်ပြီး အဆိုပါဂိမ်းကို Totalgameplay Studio မှ ထုတ်လုပ်ထားသည်ဟု သိရသည်။ “ဂိမ်းက တောင်ငူခေတ်ကို အခြေခံပြီး မှီငြမ်းရေးဆွဲထားတာပါ။ သမိုင်းအတိအကျရယ်တော့ မဟုတ်ဘူး။ သမိုင်းမှာပါတဲ့ စစ်သေနာပတိတွေ၊ ဘုရင်တွေကို ယူပြီးတော့ ဖန်တီးထားတာပါ။ တောင်ငူအင်ပါယာကို ပေါ်တူဂီတွေ လာတိုက်တာကို ခုခံရတဲ့ဂိမ်းပေါ့”ဟု Totalgameplay Studio မှ CTO ဖြစ်သူ […]

Read More

MPT ၏ ဆင်းမ်ကတ် ၅ သန်း စီမံကိန်း ၂၀၁၅ ၌ ပြည့်မီမည်

ဆင်းမ်ကတ် ၅ သန်း ချထားပေးမည်ဟု သတင်းထုတ်ပြန်ထားသည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) သည် ၂၀၁၅ ခုနှစ် ပထမလေးလပတ် အတွင်း ကြေညာထား သည့် အရေအတွက် ပြည့်မီအောင် ရောင်းချပေးမည်ဟု သိရသည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် ဂျပန်ဆက်သွယ်ရေးကုမ္ပဏီနှင့် ပူးပေါင်းခဲ့သည့်နောက်ပိုင်း ၂၀၁၄ ခုနှစ်အတွင်း ဆင်းမ်ကတ် ၅ သန်းကို ရောင်းချ ပေးသွားမည် ဟု ကြေ ညာခဲ့သော်လည်း ကြေညာထားသည့် အတိုင်း အရေအတွက် ပြည့်မီခဲ့ခြင်းမရှိဘဲ ၂၀၁၅ ခုနှစ် အရောက်မှသာ ကြေညာထားသည့်အတိုင်း ဆင်းမ်ကတ် ၅ သန်း ပြည့်မီအောင် ရောင်းချပေးမည်ဟု သိရသည်။ “အရေအတွက်က လျာထားပြီးသားပဲ။ နည်းနည်းလွဲသွားတာတွေတော့ ရှိတာပေါ့”ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးမြင့်သိန်းထွန်းက ဆိုသည်။ […]

Read More

ရန်ကုန်အဝေးသင်တက္ကသိုလ် ဝက်ဘ်ဆိုက် ထုတ်လွှင့်

ရန်ကုန်အဝေးသင်တက္ကသိုလ်၏ ဝက်ဘ်ဆိုက်ဖြစ်သော www.yude.edu.mm ကို ၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၁ ရက်နေ့မှစတင်ကာ သင်ခန်းစာပို့ချချက်များကို လွှင့်တင်ခဲ့ကြောင်း သိရသည်။ အဆိုပါဝက်ဘ်ဆိုက်တွင် အဝေးသင်တက္ကသိုလ်များ၏ သင်ခန်းစာပို့ချချက်များကို IPTV (Internet Protocol Television System) ဖြင့် ၂၄ နာရီ ထုတ်လွှင့်လျက် ရှိသည်။ ကျောင်းသားကျောင်းသူများ အနေဖြင့် သက်ဆိုင်ရာ ဘာသာရပ်များကို ဝက်ဘ်ဆိုက်တွင် သင်ယူလေ့လာနိုင်ပြီး အထူးပြုဘာသာသုံးခု၏ သင်ခန်းစာ အသစ်များကို နံနက် ၉ နာရီမှ ညနေ ၅ နာရီထိ ထုတ်လွှင့်ပေးမည်ဖြစ်ပြီး ညနေ ၅ နာရီမှ နံနက် ၉ နာရီ ထိပြန်လည်ထုတ်လွှင့်ပေးသွားမည်ဖြစ်သည်။ ဝက်ဘ်ဆိုက်တွင် ပညာသင် ဆု လျှောက်ထားခြင်း၊ စာမေးပွဲအချိန် စာရင်းများ၊ အောင်စာရင်းများ၊ […]

Read More

MPT ဆင်းမ်ကတ်ပြင်ပပေါက်ဈေး နှစ်ဆတက်

MPT ဆင်းမ်ကတ်များ ပြင်ပပေါက်ဈေး နှစ်ဆကျော်ခန့်မြင့်တက်သွားကြောင်း ဈေးကွက်အတွင်းမှ မေးမြန်းသိရှိရသည်။ “ဆင်းမ်ကတ်တွေကို ပုံမှန်အတိုင်းပဲ ဖြန့်ချိပေးနေတာပါ၊ ကန့်သတ်ပြီးတော့ မဖြန့်ပါဘူး၊ စာတိုက်ကြီးမှာလည်း ပုံမှန်နှုန်းထားနဲ့ ရောင်းချပေးနေပါတယ်” ဟု မြန်မာ့ ဆက် သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ မြန်မာ့ဆက်သွယ်လုပ်ငန်း၏ ဖုန်းခေါ်ဆိုခနှုန်းထားများ လျှော့ချသတ်မှတ်မည့် သတင်းကြောင့် ဆင်းမ် ကတ် ဈေးနှုန်းများ မြင့်တက်လာခြင်းဖြစ်သည် ဟု လှည်းတန်းအနီးတစ်ဝိုက် MPT ဆင်းမ်ကတ်ရောင်းချသည့် ဆိုင်များကခန့်မှန်းကြသည်။ MPT အနေဖြင့် ဖုန်းခေါ်ဆို ခနှုန်းထားများကို စတင်လျှော့ချပေးသွားတော့မည်ဖြစ်သည်။ ဇန်န၀ါရီလပထမအပတ်မှစတင်၍ မြင့်တက်သွားခြင်းဖြစ်ကြောင်း၊ ယခင်က ကျပ်လေးထောင်ဝန်းကျင်သာ ရှိတော့ရာမှ ယခုအခါတစ်သောင်း အထိ မြင့်တက် သွားခြင်း ဖြစ်ကြောင်း သိရသည်။ “အရင်ကလမ်း ဘေးမှာအော်ရောင်းတာတွေ တော်တော်များများတွေ့ရတယ်၊ အခု အဲလိုအော်ရောင်းတဲ့သူတွေမရှိ […]

Read More

ကမ္ဘာ့အသေးဆုံး laptop charger (သို့မဟုတ်) Finsix Dart

အလေးချိန် ၆၀ ဂရမ်သာရှိသည့် ကမ္ဘာ့အသေးဆုံး laptop charger ဖြစ်သည့် Dart ကို Finsix က မိတ်ဆက်ပေးခဲ့သည်။ လက်ရှိတွင် ကြိုတင်မှာယူမှု ပြုလုပ်နိုင်ပြီဖြစ်သည့် Dart laptop charger ၏ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၈၉ ဖြစ်သည်။ Dart သည် စွမ်းအင် ၆၅ ဝပ်ကို ထောက်ပံ့ပေးနိုင်ပြီး ဗို့အား 18V နှင့် 21V အကြားရှိသည့် laptop များနှင့် အသုံးပြုနိုင်သည်။ ၎င်းနှင့်အတူ မတူညီသည့် DC connector ၉ ခု ပါဝင်သော်လည်း Apple MacBook များနှင့် Microsoft Surface တို့ဖြင့် အသုံးပြုနိုင်ခြင်း မရှိပေ။ အသုံးပြုပုံမှာလည်း ရိုးရှင်းပြီး သင့်တော်မည့် […]

Read More

ဘေးအနားကွပ်မပါဝင်သည့် စမတ်ဖုန်းတစ်မျိုးကို LG မိတ်ဆက်

LG သည် ဘေးအနားကွပ်မပါဝင်ဘဲ ၎င်းနေရာတွင် မျက်နှာပြင်ကွေးနှစ်ခု ထည့်သွင်းဖန်တီးထားသည့် စမတ်ဖုန်းကို CES 2015 ပွဲတွင် မိတ်ဆက်ပြသခဲ့ကြောင်း သိရသည်။ အဆိုပါ စမတ်ဖုန်းဒီဇိုင်းသည် Samsung Galaxy Note Edge နှင့် အလွန်ဆင်တူသော်လည်း Samsung ၏ စမတ်ဖုန်းတွင် မျက်နှာပြင်ကွေးတစ်ဖက်သာ ပါဝင်သည်။ LG ၏ စမတ်ဖုန်းတွင် 720p resolution ဖြင့် ဖော်ပြပေးနိုင်သည့် ၆ လက်မ HD ပလတ်စတစ် OLED display ကို အသုံးပြုထားသည်။ စမတ်ဖုန်း၏ ဘေးအနားတွင် ပါဝင်သည့် မျက်နှာပြင်ကွေးများကို secondary display များအဖြစ် အသုံးပြုနိုင်ပြီး သုံးစွဲသူများက ၎င်းမျက်နှာပြင်မှတစ်ဆင့် swipe နှင့် tap ပြုလုပ်နိုင်မည် ဖြစ်သည်။ […]

Read More

MECTEL က သုံးထောင်ကျပ် တန် ငွေဖြည့်ကတ် စတင် ထုတ်လုပ်

MECTEL က သုံးထောင်ကျပ်တန် ငွေဖြည့်ကတ် စတင်ထုတ်လုပ်လိုက်ပြီး ယခုအပတ်ထဲတွင် စတင်၍ ဈေးကွက်ထဲ ရောင်းချပေးနေပြီဖြစ်ကြောင်း သိရသည်။ “ဈေးကွက်ထဲကို စတင်ဖြန့်နေပါပြီ။ အခြေခံလူတန်းစားတွေအတွက် အဆင်ပြေအောင် ဈေးကွက်ထဲ ရောင်းချပေးတာပါ။ MEC အနေနဲ့ ကိုကိုးကျွန်းတို့၊ မတူပီတို့မှာ BTS စခန်းတွေဖွင့်လှစ်ခဲ့တယ်။ အဝေးကြီးမှာနေတဲ့သူတွေကို အားပေးတဲ့သ ဘော၊ အဆက်အသွယ်မပြတ်အောင် ဆောင်ရွက်ပေးတဲ့သဘောအနေနဲ့ ဖွင့်လှစ်ခဲ့သလိုပဲ သုံးထောင်တန် ငွေဖြည့်ကတ်တွေကိုလည်း အသုံးပြုနိုင်အောင် ဆောင်ရွက်လိုက်တာဖြစ်ပါတယ်” ဟု မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) မှ တာဝန်ရှိသူက ပြောသည်။ MEC အနေဖြင့် ပထမဆုံး တန်ဖိုးနည်းငွေဖြည့်ကတ်အဖြစ် စတင်ရောင်းချပေးခြင်း ဖြစ်ကြောင်း သိရသည်။  

Read More