Day: January 7, 2015

GSM / WCDMA ဖုန်းငွေလက်ကျန် စစ်ဆေးမှုနှင့် ငွေဖြည့်သွင်းမှုများ ရက်ပိုင်းအတွင်း အခက်အခဲ အနည်းငယ်ရှá

GSM / WCDMA ဖုန်းငွေလက်ကျန် စစ်ဆေးမှုနှင့် ငွေဖြည့်သွင်းမှုများ ရက်ပိုင်းအတွင်း အခက်အခဲ အနည်းငယ် ရှိနိုင်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ကြေညာ ထားချက်အရ သိရသည်။ ၎င်းလုပ်ငန်းအား သုံးစွဲသူနည်းပါးသည့် ၀၀း၀၀ နာရီမှ ၀၆း၀၀ နာရီအကြား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ကြေညာထားပြီး ၂၀၁၅ ခုနှစ် ဇန်န၀ါရီ လ ၇ ရက်တွင် လည်းကောင်း၊ ဇန်နဝါရီလ ၂၅၊ ၂၈ နှင့်၂၉ ရက်များတွင် လည်းကောင်း၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ OCS ( Online Charging System ) အား အဆင့်မြှင့်ခြင်း၊ မွမ်းမံခြင်းတို့အား ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။ ထိုသို့ဆောင်ရွက်နေစဉ်အတွင်း အချို့အချိန်များ၌ GSM […]

Read More

ဆက်သွယ်ရေးလိုင်စင်နှင့် အခွန်ငွေ ကောက်ခံမည့် နှုန်းထားများ သတ်မှတ်

ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနသည် ဆက်သွယ်ရေးလိုင်စင်နှင့် အခွန်ငွေကောက်ခံမည့် နှုန်းထားများကို သတ်မှတ်ထားပြီး လိုင်စင်နှင့်ပတ်သက်၍ အမျိုးအစားလေးမျိုး ခွဲခြားထားကြောင်း သိရသည်။ လိုင်စင်အမျိုးအစားများနှင့် ပတ်သက်၍ ကွန်ရက်အထောက်အကူပြု ဝန်ဆောင်မှုလိုင်စင် (အထူး)၊ ကွန်ရက်အထောက်အကူပြု ဝန်ဆောင်မှုလိုင်စင် (သာမန်)၊ ကွန်ရက် ဝန်ဆောင်မှုလိုင်စင်နှင့် အသုံးချ ဝန်ဆောင်မှု လုပ်ငန်းလိုင်စင်ဟူ၍ လေးမျိုးခွဲခြားထားခြင်း ဖြစ်သည်။ ကွန်ရက်အထောက်အကူပြု ဝန်ဆောင်မှုလိုင်စင် (အထူး) အတွက် လိုင်စင်လျှောက်လွှာကြေး ကျပ်သိန်း ၁၀၀ နှင့် ကနဦးလိုင်စင်ကြေး ကျပ်သိန်း ၅၀၀ ကျသင့်မည်ြ ဖစ်ပြီး နှစ်စဉ်ကြေး အဖြစ် ဝင်ငွေ၏ ၂ ရာခိုင်နှုန်းကို ပေးဆောင်ရမည်ဟု သိရသည်။ ကွန်ရက်အထောက်အကူပြု ဝန်ဆောင်မှုလိုင်စင် (သာမန်) အတွက် လိုင်စင်လျှောက်လွှာကြေး ၂၅ သိန်းကျပ်နှင့် ကနဦးလိုင်စင်ကြေး ၁၂၅ သိန်းကျပ် […]

Read More

Social Bookmarking

Social bookmarking ဆိုသည်မှာ bookmark များအတွက် အမျိုးစားခွဲနည်းစနစ်တစ်ခု ဖြစ်သည်။ Taxonomy ကို တစ်ခါတစ်ရံတွင် folksonomy ဟူ၍လည်း ခေါ်ဆိုပြီး bookmarks များကို tags ဟူ၍လည်း ရည်ညွန်းခေါ်ဆိုကြသည်။ Bookmark များကို ကွန်ပျူတာပေါ်ရှိ folder တစ်ခုတွင် သိမ်းဆည်းခြင်းနှင့် မတူသည်မှာ tagged page များကို Web ပေါ်တွင် သိမ်းဆည်းပြီး မည်သည့် ကွန်ပျူတာမှမဆို အသုံးပြုနိုင်ခြင်း ဖြစ်သည်။ Blogging site တစ်ခုဖြစ်သည့် Technorati သည် အဆိုပါ စနစ်ကို သုံးစွဲသူက အချိန်နှင့် တစ်ပြေးညီ Web ကို စနစ်တကျ စုစည်းထားနိုင်သည့် စနစ်အဖြစ် ရည်ညွန်းဖော်ပြခဲ့သည်။ Social bookmarking အဖြစ် ရည်ရွယ်ထားသည့် […]

Read More

အလိုအလျောက်မောင်းနှင်နိုင်သည့် concept ကားကို Mercedes-Benz ပြသ

ပြီးခဲ့သည့် တနလာင်္နေ့က Mercedes-Benz သည် အလိုအလျောက်မောင်းနှင်နိုင်သည့် F015 Luxury in Motion ကားကို CES 2015 တွင် မိတ်ဆက်ခဲ့သည်။ အဆိုပါ ကားတွင် လိုက်ပါစီးနင်းသည့် ခရီးသည်များသည် ကားတွင်းမှ ပြင်ပကမ္ဘာကြီးကို အလွယ်တကူ ချိတ်ဆက်နိုင်ရန် ဖန်တီးပေးထားသည်။ Daimler AG ဥက္ကဋ္ဌနှင့် Mercedes-Benz အကြီးအကဲဖြစ်သူ ဒီတာဇတ်ခ်ျက ၎င်းယာဉ်ကို အနာဂတ်လမ်းမများပေါ်တွင် အများအပြား မြင်တွေ့ရမည် ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။ ဆက်လက်ပြီး ၎င်းက နည်းပညာတွင် အာရုံစိုက်သူတိုင်းသည် အလိုအလျောက် မောင်းနှင်နိုင်သည့် ကားများက လူ့အဖွဲ့အစည်းအား ပြောင်းလဲနိုင်ပုံကို သေချာစွာ မသိရသေးကြောင်း၊ ကားများသည် သယ်ယူပို့ဆောင်နိုင်သည့် စွမ်းရည်ထက် ကျော်လွန်၍ ရွှေ့ပြောင်းနေထိုင်မှုပုံစံအထိ ဖြစ်ပေါ်လာမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ F015 […]

Read More

Multi Socket

ဥရောပ၊ အာရှ၊ သြစတြေးလျ၊ အမေရိကန်၊ အာဖရိက စသော ကွဲပြားခြားနားသည့် ကမ္ဘာ့နိုင်ငံ ၁၄ ခုမှ မီးပလပ်ခေါင်းများကို အလွယ်တကူ ကြိုးတစ်ချောင်းတည်းဖြင့် ကြိုက်သည့် လျှပ်စစ်ပစ္စည်း တပ်ဆင် အသုံးပြုနိုင်မည့် Multi Socket ခေါင်းတစ်မျိုးကို New Life တွင် ဝယ်ယူနိုင်ပြီ ဖြစ်သည်။ Nanomagic အမှတ်တံဆိပ်ဖြစ်ပြီး မော်ဒယ်မှာ 005 USB ဖြစ်သည်။ ခံနိုင်ရည်ဝပ်အား ၂၅၀၀ ရှိပြီး Universal Plug ပေါက်လေးခု ပါဝင်သည်။ ခေတ်နှင့်အညီ DC 5V ထုတ်ပေးနိုင်သော USB output နှစ်ပေါက် ပါဝင်သည့်အတွက် iPhone, iPad မှစ၍ Handphone မျိုးစုံ၊ Game, PSP, PDP စသော […]

Read More

ဝတ်စုံများ ထုတ်လုပ်နိုင်သော 3D printer ကို Airwolf 3D မိတ်ဆက်

Airwolf 3D ကုမ္ပဏီသည် ဝတ်စုံများထုတ်လုပ်နိုင်သော AW3D HD-R printer ကို အမေရိကန်နိုင်ငံ၊ လတ်စ်ဗီးဂတ်စ်မြို့တွင် ပြုလုပ်လျက်ရှိသည့် CES 2015 ပြပွဲ၌ မိတ်ဆက်ခဲ့သည်။ အဆိုပါကုမ္ပဏီသည် ဝတ်ဆင်နိုင်သော အင်္ကျီနှင့်အတူ အမျိုးသမီးဂါဝန်အပြင် အသုံးအဆောင်ပစ္စည်းများကိုလည်း printer မှ ထုတ်လုပ်ပြသခဲ့သည်။ Airwolf 3D သည် “Sandy the Materials Girl” ဇာတ်ကောင် အသွင်ဖြင့် ဝတ်စုံနှင့် အသုံးအဆောင်ပစ္စည်းများဖြစ်သော အမျိုးသမီး လက်ကိုင်အိတ်၊ မျက်မှန်၊ နားဆွဲ၊ လက်ပတ်များ၊ မိုဘိုင်းဖုန်း၊ ဒေါက်ဖိနပ်နှင့် မာတီနီဖန်ခွက်တို့ကိုလည်း 3D printer မှ ထုတ်လုပ်ခဲ့သည်။ ထို့အပြင် မတူညီသည့် ပစ္စည်းအမျိုးအစား ၂၅ မျိုးကိုလည်း 3D printer ဖြင့် ထုတ်လုပ်ခဲ့ကြောင်း […]

Read More

Laser Pointer

လှပသေသပ်သော Laser Pointer Ball Pen ဖြစ်သည်။ Laser အရောင်မှာ အနီရောင်ဖြစ်ပြီး 15mW အားရှိမည် ဖြစ်သည်။ အဖြူရောင်မျက်နှာပြင်ကို ကောင်းစွာ ထိုးဖောက်နိုင်ပြီး Laser Point ကြီးကြီးသုံးချင်သူများ အကြိုက်တွေ့စေမည် ဖြစ်သည်။ အပြာရောင်စာကြည့်မီးပါဝင်သည်။ စာရေးနိုင်သလို Touch Pen ကဲ့သို့ ဖုန်း Screen ကိုလည်း Touch လုပ်နိုင်မည် ဖြစ်သည်။ သေးသွယ်ပေါ့ပါးသည်။ အရောင်မျိုးစုံရှိပြီး တန်ဖိုးမှာ ၃,၂၀၀ ကျပ်ဖြစ်သည်။ Fax Computer ဖုန်း၂၅၂၆၂၇ ၌ ဆက်သွယ်ဝယ်ယူနိုင်မည် ဖြစ်သည်။

Read More

စမတ်ဖုန်းမှ ဓာတ်ပုံများကို ချက်ချင်း print ထုတ်ပေးနိုင်မည့် Polaroid Zip

Polariod Zip သည် iOS နှင့် Android ထုတ်ကုန်များဖြင့် ချိတ်ဆက်ကာ ဓာတ်ပုံများကို ချက်ချင်းထုတ်ယူနိုင်မည့် photo printer တစ်ခုဖြစ်သည်။ အလေးချိန်မှာ ၁၈၆ ဂရမ် (၆.၆ အောင်စ) ဖြစ်သည်။ Zip သည် iOS နှင့် Android ထုတ်ကုန်ကို Bluetooth နှင့် ချိတ်ဆက်ကာ ရိုက်ကူးထားသည့် ဓာတ်ပုံများကို အခမဲ့ app တစ်ခုဖြင့် ၂ x ၃ လက်မ ကာလာဓာတ်ပုံများကို ချက်ချင်းထုတ်ပေးနိုင်သည်။ အဆိုပါ အခမဲ့ app တွင် filter များ၊ frame များ၊ stamp များနှင့် sticker များကို ထည့်သွင်းနိုင်ခြင်းကဲ့သို့သော editing option အချို့ပါဝင်သည်။ […]

Read More

နှစ်သစ်ကူး အထိမ်းအမှတ်အဖြစ် အထူးသင်တန်းကြေး ကင်းလွတ်ခွင့်များ ပေးအပ်မည်

အိုင်တီနှင့်စီမံခန့်ခွဲမူ သင်တန်း များကို အထူးပြုသင်ကြားပေးလျက် ရှိသော Optimum Education Center မှ ၂၀၁၅ ခုနှစ် နှစ်သစ်ကူးအထိမ်းအမှတ် အဖြစ် အထူးသင်တန်းကြေး ကင်းလွတ်ခွင့်များ ပေးအပ်မည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ အစီအစဉ်အရ Optimum Education Center မှ လက်ရှိသင်ကြားပေးလျက် ရှိသော ကွန်ပျူတာ အခြေခံနှင့် အဆင့်မြင့်သင်တန်းများ၊ အင်္ဂလိပ်စာ အခြေခံနှင့် အဆင့်မြင့် သင်တန်းများ၊ စာရင်းကိုင်အခြေခံနှင့်  အဆင့်မြင့် သင်တန်းများ၊ စီမံခန့်ခွဲမှု သင်တန်းများ၊ အင်ဂျင်နီယာ ပုံဆွဲသင်တန်းများ အားလုံးအတွက် သင်တန်း အပ်နှံမည့်သူများအား ၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၁ ရက် မှ ၁၅ ရက်အတွင်း အထူးသင်တန်း ကြေးကင်းလွတ်ခွင့် ၁၀ ရာခိုင်နှုန်းမှ […]

Read More

IR LED Wireless Mouse

ELECOM IR LED Wireless Mouse သည် Infrared LED စနစ်ကိုအသုံးပြုထားပြီးပုံမှန်အတိုင်း အသုံးပြုမည်ဆိုပါက အော်ရီဂျင်နယ်ပါဝင်သော ဘက်ထရီဖြင့် ၂၆၆ နာရီနီးပါးမျှ အသုံးပြုနိုင်မည်ဖြစ်သည်။ ဒီဇိုင်းကို M ပုံစံဒီဇိုင်းဖြင့် ထုတ်လုပ်ထားပြီး Power ခလုတ်ကိုလည်း wireless mouse ၏ အောက်တွင် ထားရှိပေးထားသည်။ AA alkaline batteries, AA manganese batteries, AA Ni-MH batteries စသော ဘက်ထရီများကိုလည်း  အသုံးပြုနိုင်သည်။ ၃ မီတာမှ ၁၀ မီတာ အကွာအဝေးအတွင်း မည့်သည့် မျက်နှာပြင်ပေါ်တွင်မဆို လွယ်ကူစွာ အသုံးပြုနိုင် မည် ဖြစ်သည်။ တန်ဖိုးမှာ ၁၃,၂၀၀ ကျပ်ဖြစ်ပြီး CYBER PLUS ဖုန်း […]

Read More