Day: January 6, 2015

Sony Walkman သစ် (သို့မဟုတ်) Walkman ZX2

Sony ၏ နာမည်ကျော် Walkman ဖြစ်သော ZX1 ၏ မျိုးဆက်သစ် ထုတ်ကုန်သစ်ကို CES 2015 ပြပွဲတွင် မိတ်ဆက်ပြသခဲ့သည်။ ၎င်းတွင် ၂၀၁၂ ခုနှစ် နိုဝင်ဘာလက မိတ်ဆက်ခဲ့သည့် Android 4.2 Jelly Bean ကို အသုံးပြုထားသောကြောင့် Google Play မှ app များကို download လုပ်ကာ အသုံးပြုနိုင်သည်။ အဆိုပါ Walkman သစ်တွင် DSD, WAV, AIFF, FLAC, Apple Lossless စသည်တို့ကို အထောက်အပံ့ပေးနိုင်ပြီး wireless streaming အတွက် Bluetooth ဖြင့် အသုံးပြုနိုင်သည်။ ထို့အပြင် စပီကာများနှင့် နားကြပ်များကို တစ်ချက်နှိပ်ရုံနှင့် ချိတ်ဆက်နိုင်ရန်အတွက် NFC […]

Read More

Unique Attack Modifiers

Frozen Throne DotA တုန်းက Orb Effect လို့ ခေါ်ဆိုခဲ့တဲ့ Unique Attack Modifier ဟာ Hero တစ်ကောင်ရဲ့ ပုံမှန်တိုက်ခိုက်မှုမှာ ထူးခြားတဲ့ အကျိုးသက်ရောက်မှုတွေ ပေါင်းစပ်ပါဝင်စေတဲ့ သက်ရောက်မှုအချို့ကို ခေါ်ပါတယ်။ ပုံမှန် Physical တိုက်ခိုက်မှုတစ်ခုကြောင့် Damage သက်ရောက်မှုအပြင် Slow, Armor Reduction အစရှိတဲ့ Buff တွေကို ဖြစ်ပေါ်စေမယ့် ခြွင်းချက်အနေနဲ့ အချို့သော Ability နဲ့ Item တွေကိုသာ Unique Attack Modifier အဖြစ် သတ်မှတ်ထားပါတယ်။ မိမိရဲ့ တိုက်ခိုက်မှုကို တိုးတက်စေတဲ့ Critical, Stun, Slow အစရှိတဲ့ Ability တိုင်းကို Unique Attack Modifier […]

Read More

ဒီဇိုင်းနှင့် မျက်နှာပြင် အရွယ်အစားသစ်တို့ဖြင့် ပွဲထွက်လာသည့် Lenovo Yoga 3

Lenovo သည် ၁၁ လက်မနှင့် ၁၄ လက်မအရွယ် အသီးသီးရှိသော Yoga 3 ထုတ်ကုန်ကို CES ပြပွဲတွင် မိတ်ဆက်ပေးခဲ့သည်။ Lenovo သည် ၂၀၁၄ ခုနှစ်နှောင်းပိုင်းက Yoga 3 Pro ကို ထုတ်လုပ်ခဲ့ပြီး ၎င်းထုတ်ကုန်သည် ထွက်ရှိသမျှ Yoga ထုတ်ကုန်များတွင် ဆန်းသစ်မှုအရှိဆုံး ထုတ်ကုန်တစ်ခုဖြစ်ခဲ့သည်။ Yoga 3 Pro သည် ယခင်ထွက်ရှိထားသော ဗားရှင်းများထက် ပါးလွှာပြီး သာမန် laptop မှ ၃၆၀ ဒီဂရီအထိလှည့်နိုင်သည့် ပတ္တာပါဝင်သည်။ ယခု CES 2015 ပြပွဲတွင် Lenovo သည် Yoga 3 Pro နှင့်အလွန်ဆင်တူသော Yoga 3 ထုတ်ကုန်ကို ပြသခဲ့ပြီး […]

Read More

ကမ္ဘာ့အပေါ့ပါးဆုံး ၁၃လက်မ LaVie Z laptop နှင့် hybrid ထုတ်ကုန်များကို Lenovo မိတ်ဆက်

Lenovo သည် LaVie Z series ထုတ်ကုန်သစ် နှစ်မျိုးကို မိတ်ဆက်ခဲ့ပြီး ၎င်းတို့မှာ ခုံးခွံဖြင့် ဖန်တီးထားသော အလေးချိန် ၁.၇၂ ပေါင် (၀.၇ ကီလိုဂရမ်) ရှိသည့် ၁၃ လက်မ laptop နှင့် အလေးချိန် ၂.၀၄ ပေါင် (၀.၉ကီလိုဂရမ်) ရှိသည့် Yoga စတိုင်လ် ၁၃ လက်မ hybrid ထုတ်ကုန်တို့ဖြစ်သည်။ ကုမ္ပဏီက ယခု ၁၃လက်မ laptop နှင့် hybrid ထုတ်ကုန်များသည် ထွက်ရှိသမျှထုတ်ကုန်အားလုံးတွင် အပေါ့ပါးဆုံး ဖြစ်ကြောင်း ပြောကြားထားသည်။ La =Vie Z HZ550 မော်ဒယ် laptop ဗားရှင်းနှင့် HZ750 hybrid ထုတ်ကုန်ဗားရှင်းများတွင် မဂ္ဂနီဆီယမ်နှင့် လစ်သီယမ် […]

Read More

ပရော်ဖက်ရှင်နယ် ကင်မရာသမားများအတွက် Pansonic ၏ ပထမဆုံး 4K camcorder များ

Panasonic သည် ပရော်ဖက်ရှင်နယ်နှင့် အပျော်တမ်း ကင်မရာသမားများအတွက် ရည်ရွယ်၍ 4K camcorder များကို CES 2015 တွင် မိတ်ဆက်ပြသခဲ့သည်။ Panasonic သည် လက်ဖဝါးအရွယ်သာရှိသော WX970 နှင့် WX870 4K camcorder များကို ထုတ်ဖော် ပြသခဲ့သည်။ ၎င်း camcorder များသည် အလွန်ကြည်လင်ပြတ်သားသည့် 4K ဗီဒီယိုများကို 5-axis hybrid optical image stabilization နှင့် 20x optical zoom ဖြင့် ရိုက်ကူးစေနိုင်မည် ဖြစ်သည်။ ထို့အပြင် Wi-Fi နှင့် NFC ကဲ့သို့ အဓိက ချိတ်ဆက်မှုများကိုလည်း အဆိုပါ ဗီဒီယိုကင်မရာများတွင် ထောက်ပံ့ပေးထားသည်။ Panasonic သည် Twin […]

Read More

App Camp Myanmar 2015 ကျင်းပပြုလုပ်မည်

MCC Group နှင့် Microsoft တို့မှ ဦးဆောင်ကာ မြန်မာနိုင်ငံအတွက် ပထမဆုံးသော App Camp Myanmar 2015 ကို ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါပွဲကို ဇန်နဝါရီလ ၁၀ ရက်တွင် ရန်ကုန်မြို့ MICT Park Conference Hall ၌ လည်းကောင်း၊ ဇန်နဝါရီလ ၁၁ ရက်တွင် မန္တလေးမြို့ ရတနာပုံ စူပါစင်တာ၊ ၅ လွှာရှိ MCC.i သင်တန်းကျောင်း နေရာ၌ လည်းကောင်း၊ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်။ ပြပွဲတွင် Bagan Innovation Technology Co.,Ltd မှ Wun Zinn App […]

Read More

ရေပုပ်စုပ်ယာဉ် ဖုန်းဆက် ငှားရမ်းနိုင်

ရေပုပ်စုပ်ယာဉ်များ ဖုန်းဆက် ငှားရမ်းနိုင်ရန် ဆောင်ရွက်ထားပြီးဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။ ရေပုပ်စုပ်ယာဉ် ငှားရမ်းခ ပေးသွင်းရမည့် ဒေါပုံမြို့နယ်၊ သင်္ဘောကျင်း မှတ်တိုင်အနီး၊ ယမုံနာဝင်း၊ ရေပုပ်စုပ်ယာဉ်စုတွင် လူကိုယ်တိုင် လာရောက်၍လည်းကောင်း၊ ဖုန်းဖြင့် ဆက်သွယ်၍လည်းကောင်း ငှားရမ်းနိုင်ကြောင်း သိရသည်။ ဖုန်း ၀၉-၄၅ ၀၀၆၄၂၇၆ သို့ ဆက်သွယ် ငှားရမ်းနိုင်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဝက်ဘ်ဆိုက်မှတစ်ဆင့် ဖော်ပြထားသည်။ ဆက်သွယ်ငှားရမ်းနိုင်ပြီး နောက်တစ်နေ့တွင် လုပ်ငန်း ဆောင်ရွက်ပေးလျက် ရှိသည်ဟု သိရသည်။ ရေပုပ်စုပ်ဝန်ဆောင်မှု လုပ်ငန်းကို ဂါလံ ၁၂၀၀ ဆံ့ယာဉ် ၁၀ စီး၊ ဂါလံ ၄၀၀ ဆံ့ယာဉ်ငယ် ၂၁ စီး၊ စုစုပေါင်း ယာဉ် ၃၁ စီးဖြင့် ဆောင်ရွက်လျက် ရှိကြောင်း၊ မြို့နယ်အနီး၊ […]

Read More

စတီးလ်ဖြင့် ပြုလုပ်ထားသော Sony Smartwatch 3

Sony သည် စတီးလ်ဖြင့် အဓိကဖန်တီးပြုလုပ်ထားသော Smartwatch 3 ဗားရှင်းသစ်ကို CES ပြပွဲတွင် ထုတ်ဖော်ပြသခဲ့သည်။ Sony ၏ Smartwatch 3 တွင် ညီညာပြန့်ပြူးသည့် စတုရန်းပုံသဏ္ဌာန် မျက်နှာပြင်နှင့်အတူ နာရီကြိုးများတွင် လုံးဝန်းသော အနားသတ်များဖြင့် ဖန်တီးပြုလုပ်ပေးထားသည်။ ထို့အပြင်နာရီ၏ မျက်နှာပြင်ပုံသဏ္ဌာန်သည် အခြားထုတ်ကုန်များနှင့် ခြားနားလှပြီး ယခင်ဗားရှင်းကဲ့သို့ ရေစိုခံကာ dongle အစား Micro-USB မှတစ်ဆင့် အားသွင်းနိုင်သည်။ Sony ၏ Smartwatch 3 သည် ထူးခြားသော feature များနှင့်အတူ Android Wear OS ကိုပင် အသုံးပြုထားသည်။ ၎င်းစမတ်နာရီတွင် အားကစား app များအတွက် သီးသန့် GPS တစ်ခုနှင့် Sony ၏ […]

Read More

တစ်လလျှင် တစ်ကြိမ်သာ အားသွင်းရမည့် Nokia 215 ဟန်းဆက်ကို Microsoft မိတ်ဆက်

Microsoft သည် တစ်လလျှင် တစ်ကြိမ်သာ အားသွင်းရန် လိုအပ်သည့် Nokia ၏ နောက်ဆုံးပေါ် ဟန်းဆက်တစ်မျိုးကို မိတ်ဆက်ပေးခဲ့သည်။ Nokia 215 ဟုခေါ်သည့် အဆိုပါဟန်းဆက်ကို ၂၉ ဒေါ်လာဖြင့် ရောင်းချရန် စီစဉ်ထားပြီး ၎င်းသည် ကုမ္ပဏီ၏ ဈေးအသက်သာဆုံး အင်တာနက်သုံးနိုင်သည့် entry-level ဖုန်းဖြစ်ကြောင်း Microsoft က ပြောကြားခဲ့သည်။ ထို့အပြင် ၎င်းဟန်းဆက်သည် ပထမဦးဆုံး မိုဘိုင်းဖုန်း ဝယ်ယူသူများနှင့် ဒုတိယ ဦးစားပေး ဖုန်းတစ်မျိုးအဖြစ် အသုံးပြုလိုသူများ အတွက် အသင့်တော်ဆုံးဖြစ်ကြောင်း Microsoft မှ ဆိုခဲ့သည်။ Nokia 215 တွင် အသုံးပြုနိုင်သည့် app များ ကန့်သတ်ချက်ရှိသော်လည်း Facebook နှင့် Twitter အပြင် web browser […]

Read More

LED Portable Lamp (LXS-001)

စာကြည့်သည့်အချိန်မျိုးတွင် အသုံးပြုနိုင်မည့် LED Portable Lamp ဖြစ်သည်။ USB Interface ဖြစ်သည့်အတွက် ကွန်ပျူ တာဖြင့် တိုက်ရိုက်တွဲဖက်သုံးနိုင်သည့်အပြင် အခြား AC Adapter၊ Mobile Power  Bank  များဖြင့် တွဲ၍လည်း အသုံးပြုနိုင်မည် ဖြစ်သည်။ Power Consumption DC 5 V သာရှိပြီး LED မီးသီးမှာ 1.2 W ဖြစ်သည့်အတွက် ကြည်လင်ပြတ်သားသည့်အလင်းအားကို ရရှိမည် ဖြစ်သည်။ Lamp Shape Cover နှင့်ဖြစ်သည့်အတွက် မျက်လုံးမထိခိုက်အောင် ကာကွယ်ပေးနိုင်မည် ဖြစ်သည်။ ပေါ့ပါးသေးငယ်ပြီး လိုအပ်ရင် လိုအပ်သလို ကွေးနိုင်ဆန့်နိုင်သော အကြမ်းခံဒီဇိုင်းပုံစံ ဖြစ်သည်။ အရောင်အနေဖြင့် အဝါ၊ အစိမ်း၊ ပန်း၊ အဖြူ ရောင်ဟူ၍ […]

Read More