Day: January 2, 2015

တရုတ်နှင့် ပူးပေါင်း၍ ပြည်တွင်း၌ ဖိုက်ဘာအမျှင်ထုတ်လုပ်ရန် စီစဉ်

ရတနာပုံဖိုက်ဘာကုမ္ပဏီသည် တရုတ်နိုင်ငံအခြေစိုက် Yengtze Optical Fiber Company (YOFC) နှင့်ပူးပေါင်း၍ ပြည်တွင်း၌ ဖိုက်ဘာအမျှင်များ ထုတ်လုပ်နိုင်ရန် စီစဉ်ဆောင် ရွက်နေကြောင်း သိရသည်။ လက်ရှိအချိန်၌ ရတနာပုံဖိုက်ဘာကုမ္ပဏီသည် ပြည်တွင်း၌ ဖိုက် ဘာကေဘယ်များ ထုတ်လုပ်နိုင်သော်လည်း ဖိုက်ဘာအမျှင်များကို ပြည်ပမှတင်သွင်း၍ လုပ်ငန်း လည်ပတ်နေရကြောင်း၊ မြန် မာနိုင်ငံအနေဖြင့် ဖိုက်ဘာ အမျှင်များကို ထုတ်လုပ်နိုင်ခဲ့ပါက အရှေ့တောင်အာရှ ဒေသအတွင်း ပထမဦးဆုံးဖိုက်ဘာ အမျှင်ထုတ်လုပ်သည့် စက်ရုံအဖြစ် ရပ်တည်နိုင်မည်ဖြစ်ကြောင်း သိရသည်။ “YOFC နဲ့ ရင်းနှီးမြှုပ်နှံမှုကော နည်းပညာပါပူးပေါင်းဖို့ စီစဉ်ထား တာပါ။ ဖက်စပ်ကုမ္ပဏီအနေနဲ့ YOFC – Yatanarpon Fiber Company ဆိုပြီး မှတ်ပုံတင်ပြီး သွားရင် ရင်းနှီးမြှုပ်နှံမှုကော်မရှင် မှာ ခွင့်ပြုချက်တောင်းခံသွားဖို့ စီစဉ် […]

Read More

မြန်မာနိုင်ငံ၌ Desktop ရောင်းအား ဆက်လက်ကျဆင်းနေ

နိုင်ငံတကာဈေးကွက်၌ Desktop ရောင်းအားသည် Laptop ရောင်းအားထက် မြင့်တက်လာခဲ့သော်လည်း မြန်မာနိုင်ငံဈေးကွက် အနေဖြင့် Desktop ရောင်းအားသည် Laptop ရောင်းအားထက် ဆက်လက်ကျဆင်း နေသေးကြောင်း သိရသည်။ “အရင်နှစ်တွေက Laptop ရောင်းအားပဲရှိတယ်။ ဒီတစ်နှစ် အတွင်းမှာ PC (Desktop) ရောင်းအားက ပြန်ပြီးတော့ မြင့်တက်လာခဲ့တယ်။ ဟောင်ကောင်မှာ ဆိုရင်လည်း PC ရောင်းအား က မြင့်လာတယ်” ဟု Intel မှ တာဝန်ရှိသူ Ms. Chantana Suwannawong က ပြောသည်။ နိုင်ငံတကာဈေးကွက်၌ Laptop ရောင်းအားထက် Desktop ရောင်းအား မြင့်တက်လာခြင်းမှာ ဒေသတွင်း စီးပွားရေးလုပ်ငန်းများ၌ ကော်ပိုရေးရှင်း လုပ်ငန်းကြီးများ ပေါ်ပေါက်လာသည့် လက္ခဏာပင်ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် Desktop ရောင်းအား […]

Read More

METAL GEAR SOLID V – GROUND ZEROES

Metal Gear Solid V – Ground Zeroes ရဲ့  PC Version ဟာ PS4 နှင့် Xbox One တို့မှာ ထွက်ထားတဲ့ မူလ console version ထက် graphics ပိုင်း ကောင်းမွန်သလို Sony/Microsoft console exclusive side missions တွေ အကုန် ပါဝင်ထားတဲ့အတွက် console version မှာ ကစားပြီးသူတွေပါ စိတ်ဝင်စားမယ့် ဂိမ်းတစ်ခု ဖြစ်ပါတယ်။ MGS V – Ground Zeroes ဟာ ပင်မ Metal Gear Solid V ဂိမ်း Phantom Pain ရဲ့  နိဒါန်း […]

Read More

Honda Accord ကို ဈေးကွက်ပြိုင်နေတဲ့ Toyota Camry 2014

လက်ရှိ ဒုတိယမြောက်အကြီးဆုံး ကားဈေးကွက်ကြီးဖြစ်တဲ့ အမေရိကန်မှာ အာရှထုတ်မော်ဒယ်တွေထဲက အအောင်မြင်ဆုံး ဆီဒင်ကို ပြပါဆိုရင် Honda Accord ကို ပြရမယ်ထင်ပါတယ်။ ရွေးချယ်နိုင်စရာ Grade အများကြီးရနိုင်သလို တစ်ဖက်ကလည်း ကိုယ်ထည် အမျိုးအစား အများအပြားထုတ်လုပ်ထားတာကြောင့်ပါ။ ဒါပေမဲ့ Accord အောင်မြင်နေတာနဲ့ တခြားမော်ဒယ်တွေ လိုက်မလာကြတော့ဘူးလား။ မဟုတ်ပါဘူး၊ အနီးကပ်ဆုံးပြိုင်ဘက်ဖြစ်တဲ့ Toyota ကလည်း Camry မော်ဒယ်ကို အမေရိကဈေးကွက်မှာ Honda Accord ကို ယှဉ်နိုင်အောင်ဖန်တီးပြီး ဈေးကွက်တင်လာတာတွေ့နေရပါပြီ။ သူကလည်း အစကတည်းက နာမည်ကြီးပြီးသား Brand နဲ့ မော်ဒယ်ရဲ့ အရည်အသွေးတွေကြောင့် အမေရိကဈေးကွက်ရဲ့  ရောင်းအားအကောင်းဆုံး ဆီဒင်စာရင်းမှာ ပါဝင်လာတာတွေ့ ရပါတယ်။ ဒီအနေအထားကတော့ လာမယ့်နှစ်အတွင်းမှာ Accord ကိုကျော်တက်ပြီး အအောင်မြင် ဆုံးနေရာကိုတောင် ယူလိုက်နိုင်မလားဆိုတာ […]

Read More

SMD 5050 RGB Color LED strip

ပျော်ပွဲရွှင်ပွဲများနှင့် နှစ်သစ်ကူးအချိန်အခါများတွင် အလွယ်တကူ အလှဆင်နိုင်ရန်အတွက် အသုံးပြုနိုင်မည့် LED မီးများဖြစ်သည်။ ညတစ်ည၏ အလှကို လှပသက်ဝင်စေရန်အတွက် စူးရှတောက်ပသည့်ရောင်စုံ LED မီးလေးများကို မိမိစိတ်ကြိုက်ဖြင့် အလှဆင်နိုင်မည် ဖြစ်သည်။ အရောင် ၁၅ မျိုးကို လိုသလိုပြောင်းလဲ အသုံးပြုနိုင်သလို အဝေးမှ Remote ဖြင့်လည်း ပြောင်းနိုင်မည် ဖြစ်သည်။ 5m အရှည်ရှိပြီး လိုအပ်သလို ထပ်မံဆက်သွယ်ကာ အသုံးပြုနိုင်မည် ဖြစ်သည်။ DC 12V ဖြင့် အသုံးပြုရမည် ဖြစ်သည်။ ရေရှည်အသုံးခံနိုင်သော LED မီးသီးများ ဖြစ်သည်။ တန်ဖိုးမှာ ၂၀,၃၀၀ ကျပ်ဖြစ်ပြီး Fax computer ဖုန်း ၂၅၂၆၂၇ ၌ ဆက်သွယ်ဝယ်ယူနိုင်မည် ဖြစ်သည်။

Read More

Tinker Tool

Tinker Tool ဟာ Mac OS X အတွင်းမှာရှိတဲ့ Application တွေရဲ့  သာမန်အသုံးပြုသူတွေ မမြင်နိုင်မယ့် Feature တွေကို ရှာဖွေဖော်ထုတ်ပေးနိုင်မယ့် ဆော့ဖ်ဝဲတစ်ခု ဖြစ်ပါတယ်။ Mac OS X မှာ Settings ပြသာနာများ တစ်ခုခု ကြုံလာပါက  အဆိုပါဆော့ဖ်ဝဲကို အသုံးပြု၍ ကလစ်တစ်ချက်နှိပ်ရုံဖြင့် Setting များကို Reset ပြုလုပ်ပေးသွားနိုင်မည် ဖြစ်သည်။ အခမဲ့ရယူနိုင်မည်ဖြစ်ပြီး Download ပြုလုပ်ရမည့် ဖိုင်အရွယ်အစားမှာ 1.39MB ခန့်သာရှိမည်ဖြစ်သည်။ Mac OS X 10.9 နှင့် 10.10 တွင် ထည့်သွင်းအသုံးပြုနိုင်မည် ဖြစ်သည်။ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။  

Read More

Drum Pad Machine

Android OS အသုံးပြုထားသည့် Mobile Phone, Tablet တို့ပေါ်တွင် အသုံးပြုနိုင်မည့် App တစ်ခုဖြစ်သည့် Drum Pad Machine App သည် ထူးခြားပြီး ကွဲပြားခြားနားတဲ့ ပုံစံများဖြင့် ဂီတကို ဖန်တီးပေးနိုင်မည့် App တစ်ခုဖြစ်သည်။ အဆိုပါ App ကို အသုံးပြု၍ တီးခတ်ထားသည့် ဂီတသံစဉ်များကိုလည်း သိမ်းဆည်းထားနိုင်မည် ဖြစ်သည်။ Drum Pad Machine ကို အသုံးပြုခွင့်အတွက် ယခင်က Play Store တွင် ကန်ဒေါ်လာ ၀.၉၉ ပေး သွင်းရပြီး၊ ယခုအခါမှာတော့ အခမဲ့ Download ပြုလုပ်ခွင့်ကို ပေးထားသည်။ အခမဲ့ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ

Read More