Day: January 1, 2015

အင်တာနက်ဆိုင်ဖွင့်လှစ်ရန် တစ်နှစ်စာလိုင်စင်ကြေး ကျပ်သိန်း ၁၀၀ ကျော် ကျသင့်မည်ဟု သတင်းထွက

အများပြည်သူသုံး အင်တာနက်ဆိုင် (PAC) များသည် လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာ နည်းဥပဒေ အသစ်အရ Application Services လိုင်စင် (AS) ကို ပြန်လည် လျှောက်ထားရမည်ဟု သိရသည်။ “အခုသတင်းတွေ ကြားနေရတာက လိုင်စင်ကြေးက ၂၅ သိန်း၊ နှစ်စဉ်ကြေးက သိန်း ၁၀၀ တဲ့။ တစ်နှစ်စာအတွက် သိန်း ၁၂၅ ဆိုတော့ မလွယ်ဘူး။ ဆိုင်ကလည်း အခြေအနေ မကောင်းဘူး။ အခုဆိုရင် မိုဘိုင်းအင်တာနက်လိုင်းတွေ ရလာတော့ လူဝင်တာကလည်း ၃၀ ရာခိုင်နှုန်းလောက် လျော့သွားတယ်” ဟု လက်ရှိ အင်တာနက်ဆိုင် လုပ်ငန်းလုပ်ကိုင်နေသည့် ဦးတိုင်က ပြောသည်။ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနသည် အောက်တိုဘာလ ၁၄ ရက် ရက်စွဲဖြင့် လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာ နည်းဥပဒေကို ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး […]

Read More

အမေရိကန် မော်တော်ကားကုမ္ပဏီ Ford မှ လှူဒါန်းပွဲ အခမ်းအနား

အမေရိကန် မော်တော်ကားကုမ္ပဏီ Ford နှင့် ပြည်တွင်းအကျိုးတူ ပူးပေါင်းသည့် လုပ်ဖော်ကိုင်ဖက်များဖြစ်သည့် Capital Automotive နှင့် RMA Group တို့မှ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် အတွင်းရှိ အောင်ဇေယျာမင်းဘုန်းကြီးကျောင်းသို့ ဆန်အိတ်များ ပေးပို့ လှူဒါန်းခဲ့ပါတယ်။  

Read More

ကွန်ပျူတာ သင်တန်းများအား သင်တန်းကြေး ၂၀ ရာခိုင်နှုန်း လျှော့ချမည်

Computer Center အသစ်ထပ်မံဖွင့်လှစ်ခြင်း အထိမ်းအမှတ်အဖြစ်  ၂၀၁၅ ခုနှစ် ဇန်န၀ါရီလ ၁ ရက်မှ ၂၂ ရက် အတွင်း သင်တန်းအပ်နှံပါက သင်တန်းကြေး၏ ၂၀ ရာခိုင်နှုန်းကို လျှော့ချ လက်ခံပေးသွားမည်ဖြစ်ကြောင်း  Data World Computer Training Center မှသိရသည်။ တက်ရောက်နိုင်သော သင်တန်းများမှာ Computer Basic, Advance Excel, DTP, Graphic Design + Project, Video  Editing, Practical A + အပြင် Network Engineering သင်တန်းများနှင့် Autodesk AutoCAD, M&E, Autodesk Revit (Archi:), Autodesk Revit (MEP),  Google SketchUp, […]

Read More

Mini Tool Photo Recovery for Mac

http://goo.gl/22dqTl ဆော့ဖ်ဝဲအမျိုးအစား – Recovery Software ဗားရှင်း – 1.0 ဖိုင်အရွယ်အစား – 16.61 MB အသုံးပြုနိုင်သည့် OS – Mac OS X 10.6/10.7/10.8/10.9 Mac OS အသုံးပြုသူများအတွက် အသုံးဝင်မယ့် Recovery ဆော့ဖ်ဝဲတစ်ခု ဖြစ်ပါတယ်။ မှားယွင်းပြီး ဖျက်မိလိုက်တဲ့ ဓာတ်ပုံတွေနဲ့ ဗီဒီယိုဖိုင်တွေကို ပြန်လည်ရှာဖွေနိုင်မှာဖြစ်သလို အခြား Stroage တွေဖြစ်တဲ့ External Hard Disk, Flash Drive  အစရှိတာ တွေကိုလည်း Mac OS အသုံးပြုထားတဲ့ ကွန်ပျူတာမှာ ချိတ်ဆက်ပြီး ဓာတ်ပုံတွေကို ပြန်လည်ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။ အသုံးပြုရလွယ်ကူပြီးပုံတွေကို ပြန်လည်ရှာဖွေတဲ့အခါမှာ အများဆုံး ပြန်လည်ရရှိနိုင်စေဖို့အတွက် စွမ်းဆောင်ပေးနိုင်တာကို တွေ့မြင်ရမှာ […]

Read More

7 Sticky Notes

http://goo.gl/zi0uWp ဆော့ဖ်ဝဲအမျိုးအစား – Gadgets & Widgets ဗားရှင်း – 1.9 ဖိုင်အရွယ်အစား – 5.87 MB အသုံးပြုနိုင်သည့် OS – Windows 200/XP/Vista/7/8 Windows Opertaing System အသုံးပြုသူများအနေဖြင့် မိမိ Desktop မှာ Note တွေကို အလွယ်တကူ မှတ်သားထားနိုင်အောင် လုပ်ဆောင်ပေးမယ့် ဆော့ဖ်ဝဲတစ်ခု ဖြစ်ပါတယ်။ အရောင် ၇ မျိုး ဖြင့် အသုံးပြုနိုင်မှာဖြစ်ပြီး၊  Background ကိုလည်း နှစ်သက်ရာပုံစံ ထည့်သွင်း အသုံးပြုနိုင်အောင် စီစဉ်ဖန်တီး ပေးထားပါတယ်။ Font အရွယ်အစားကိုလည်း နှစ်သက်သလိုချိန်ညှိကာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒီဆော့ဖ်ဝဲမှာ  Note တွေကို အစုလိုက်ဖွဲ့ပြီး အသုံးပြုနိုင်ဖို့အတွက် စီစဉ်ဖန်တီးပေးထားသလို […]

Read More

AdFender

http://goo.gl/rrXqgR ဆော့ဖ်ဝဲအမျိုးအစား – Security Software ဗားရှင်း – 1.83 ဖိုင်အရွယ်အစား – 2.61 MB အသုံးပြုနိုင်သည့် OS – Windows XP/Vista/7/8 အင်တာနက် သုံးစွဲသူများအတွက် လုံခြုံစိတ်ချမှုရှိစေရန် စီစဉ် ဖန်တီးပေးထားတဲ့ ဆော့ဖ်ဝဲတစ်ခု ဖြစ်ပါတယ်။ ဝက်ဘ်ဆိုက် အသုံးပြုနေတဲ့အခါ ကြော်ငြာများတက်လာခြင်းကို  ကာကွယ်ပေးနိုင် မှာဖြစ်သလို၊ ဝက်ဘ်ဆိုက်တွေရဲ့ Cookie တွေကိုလည်း ကာကွယ်ပေးနိုင်စေဖို့အတွက် စီစဉ်ဖန်တီးပေးထားပါတယ်။ စနစ်၏ နောက်ကွယ်တွင် အလုပ်လုပ်နေမှာဖြစ်ပြီး ကိုယ်အသုံးပြုနေတဲ့ အင်တာနက် ရဲ့ Bandwidth ကို မလိုအပ်တဲ့ စနစ်တွေကြောင့် သုံးစွဲမှု ပိုမိုများ ပြားခြင်းကို လျှော့ချပေးနိုင်မှာလည်း ဖြစ်ပါတယ်။ အွန်လိုင်းဖြင့် အလုပ်လုပ်နေသူများအတွက် အသုံးဝင် မယ့် ဆော့ဖ်ဝဲတစ်ခု ဖြစ်ပါတယ်။ […]

Read More

Yamaha ISX-800 Speaker

Docking၊Memory Stick၊ CD အစရှိသည့် Input ၅ မျိုးဖြင့် တွဲဖက်အသုံးပြုနိုင်သည့် speaker ဖြစ်သည်။ ဧည့်ခန်းတွင်ထောင်ပြီး အသုံးပြုနိုင်မည့် အော်ရီဂျင်နယ် ထောက်တစ်ခုပါရှိသည်။ နံရံတွင် ကပ်ပြီး အသုံးပြုလိုပါက Bracket ဖြင့် တွဲဖက်အသုံးပြုနိုင်မည် ဖြစ်သည်။ အရွယ်အစား သေးငယ်သော်လည်း အသံထွက်အားကောင်းမွန်မည် ဖြစ်သည်။  FM လိုင်းများကိုလည်း ဖမ်းယူ နားဆင်နိုင်မည် ဖြစ်သည်။ Timer ပေးခြင်း၊ Alarm ပြုလုပ်ခြင်းများကိုလည်း လုပ်ဆောင်နိုင်မည် ဖြစ်သည်။ အရောင်အနေဖြင့် ခရမ်းရောင်၊အဖြူရောင်၊အမည်းရောင် ဆိုပြီး အရောင်သုံးမျိုး ရှိမည် ဖြစ်သည်။ တန်ဖိုးမှာ ၇၁၀,၀၀၀ ကျပ်ဖြစ်ပြီး Yamaha ဖုန်း၂၅၃၆၉၁ ၌ ဆက်သွယ်ဝယ်ယူနိုင်မည် ဖြစ်သည်။    

Read More

ASUS K451LN-WX173D Notebook

မျက်နှာပြင် ၁၄ လက်မ ကျယ်ဝန်းသည့် ASUS K451LN-WX173D Notebook တွင် Intel Core i7-4510U 3.1GHz Processor   နှင့် Memory 4G D3L/1600 ထည့်သွင်းအသုံးပြုထားသည်။ အချက် အလက် သိမ်းဆည်းရန် အတွက် SATA 1TB HDD ပါဝင်သည်။ အမြင့်ပိုင်း graphic card Nvidia GT 840M (2GB) ကို အသုံးပြုထားသည့်အတွက် ဂိမ်း အမြင့်ပိုင်းနှင့် Software အမြင့်ပိုင်းများကို လွယ်ကူ အဆင်ပြေစွာ အသုံးပြုနိုင်မည် ဖြစ်သည်။ အင်တာနက် အသုံးပြုနိုင်မည့် Wi-Fi စနစ်၊ အသံပိုင်းဆိုင်ရာအတွက် Sonic Master Speaker များ ထောက်ပံ့ပါဝင်သည်။ Lithium battery […]

Read More

YIUS တွင် Commerce ဘာသာရပ်ကို တက်ရောက်နေသော မသန့်ဟန်နီစိုး၏ Student Life

ဒီအပတ်မှာတော့ YIUS မှာ Commerce  ဘာသာရပ်ကို တက်ရောက်နေတဲ့ မသန့်ဟန်နီစိုးရဲ့ Student Life ကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ တက်ရောက်နေတဲ့ ကျောင်းအမည်နဲ့ ဘာသာရပ်ကို သိချင်ပါတယ်။ အခု YIUS မှာ Business Foundation Course တက်ရောက်နေပါတယ်။ ဘာလို့ ဒီဘာသာရပ်ကို ရွေးချယ်ခဲ့တာလဲ။ နောက်ပြီး YIUS ကျောင်းကို ရွေးချယ်ဖြစ်ခဲ့ပုံလေး ပြောပြပါဦး။ သမီး ငယ်ငယ်လေးကတည်းက အဖေက စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဆိုတော့ သမီးလည်း ကြီးလာရင် အဖေ့လိုမျိုး စီးပွားရေးလုပ်ငန်းရှင်တစ်ယောက် ဖြစ်ချင်လို့ပါ။ နောက်ပြီး သူငယ်ချင်းတွေက YIUS မှာတက်ခဲ့တာလေ။ သူတို့က ဒီကျောင်း ကောင်းကြောင်းကို ခဏခဏပြောတယ်လေ။ ပြီးတော့ နိုင်ငံခြားမှာ ကျောင်းသွားတက်ရင် အရမ်းအထောက်အကူဖြစ် တယ်ဆိုလို့ YIUS ကိုရွေးချယ် […]

Read More

MPT မိုဘိုင်းဖုန်းဖြင့် ယာဉ်စီးခပေးချေခြင်းကို မကြာခင် ပြုလုပ်နိုင်မည်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) ၏ မိုဘိုင်းဖုန်းများကို အသုံးပြု၍ ယာဉ်စီးခပေးချေခြင်းကို ပြုလုပ် ဆောင်ရွက်နိုင်ရန် စီစဉ်နေသည်ဟု ကစ္ဆပနဒီလီမိတက်မှ အထွေထွေ မန်နေဂျာ ဒေါ်နီနီခင်က ပြောသည်။ Seed kyat ဟု အမည်ပေးထားသည့် မိုဘိုင်းဖုန်းမှတစ်ဆင့် ပေးချေခြင်းကို ပြုလုပ်ဆောင်ရွက်လိုပါက *669# ကို ခေါ်ဆို၍ စာရင်းပေးသွင်းရမည်ဟု သိရသည်။ “နောက်နှစ်လလောက်ဆိုရင် အသုံးပြုလို့ရပါပြီ” ဟု ကစ္ဆပနဒီလီမိတက်မှ ကိုသော်ဇင်က ဆိုသည်။ မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာ နှစ်မျိုးစလုံး အသုံးပြုနိုင်မည်ဖြစ်သည့် Speed Kyat ဝန်ဆောင်မှုကို Android မိုဘိုင်းဖုန်းအားလုံး၌ အသုံးပြုနိုင်မည်ဖြစ်ပြီး ငွေပေးချေခြင်းပြုလုပ်ရန် ကြိုတင် ငွေပေးသွင်းခြင်းကို ကစ္ဆပနဒီနှင့် ပူးပေါင်းထားသည့် အေးဂျင့်များ ပြုလုပ်ဆောင်ရွက်နိုင်ကြောင်း သိရသည်။ “ကိုယ်ရဲ့မိုဘိုင်းနံပါတ်က ကိုယ့်အကောင့်တစ်ခုပဲ။ ဒီတော့ လုံခြုံစိတ်ချရမှုလည်း ရှိတယ်။ […]

Read More