Month: January 2015

Myanmar Mobile Money ဝန်ဆောင်မှုကို အွန်လိုင်း ငွေပေးချေစနစ်များနှင့် ချိတ်ဆက် ဆောင်ရွက်နေ

မိုဘိုင်းဖုန်းငွေကြေး ဝန်ဆောင်မှုစနစ်ဖြစ်သည့် Myanmar Mobile Money စနစ်အား အွန်လိုင်းငွေပေးချေစနစ် များနှင့် ချိတ်ဆက်ဆောင်ရွက်နေကြောင်း Myanmar Mobile Money မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ “Myanmar Mobile Money အနေနဲ့ အွန်လိုင်း Payment စနစ်တွေနဲ့ ချိတ်ဆက်နေပါတယ်။ ဘဏ်အချို့နဲ့လည်း ချိတ်ဆက် ဆောင်ရွက်ထားပြီးဖြစ်တယ် ” ဟု အထက်ပါ တာဝန်ရှိသူ က ပြောသည်။ အွန်လိုင်း Payment စနစ်များနှင့် ချိတ်ဆက်ခြင်းအားဖြင့် မိုဘိုင်းဖုန်း အသုံးပြုကာ အွန်လိုင်းမှ ဈေးဝယ်နိုင်ခြင်း၊ ငွေပေးချေနိုင်ခြင်း အစရှိသည်တို့အား ဆောင်ရွက်နိုင်မည်ဖြစ်သည်။ Myanmar Mobile Money ဖြင့် သုံးစွဲနိုင်မည့် ဝန်ဆောင်မှုများမှာ ငွေသွင်းခြင်း၊ ငွေထုတ်ခြင်း၊ တစ်ဦးနှင့် တစ်ဦးငွေလွှဲခြင်း၊ လစာပေးခြင်း၊ ဈေးဝယ်ခြင်း၊ […]

Read More

Legrand အမှတ်တံဆိပ် Cable နှင့် UPS များ မိတ်ဆက်

Access Spectrum ကုမ္ပဏီနှင့် Legrand ကုမ္ပဏီတို့ ပူးပေါင်းကာ Legrand Cable နှင့် UPS များကို Park Rpyal Hotel တွင် မိတ်ဆက် ပြသခဲ့ကြသည်။ ရှေးဦးစွာ Access Spectrum မှ Managing Director ဦးတင်ထူးခိုင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် Legrand မှ Manager မစ္စတာ ဂျူလီယန်၊ မစ္စတာ စတန်လီထန်း၊ ဦးမျိုးသက်နှင့် ဦးဟိန်းထက်ဝေတို့မှ ကုမ္မဏီ Product များအကြောင်းကို ရှင်းပြခဲ့သည်။ Legrand အနေဖြင့် Modular UPS, Conventional UPS, Line Interactive, Daker DK, Megaline, TRIMOD HE, ARCHIMOD HE, Cabel […]

Read More

၂၀၁၅ နှစ်လယ်တွင် ဆက်သွယ်ရေးတာဝါတိုင်များ ရာခိုင်နှုန်းပြည့် တည်ဆောက်ပြီးစီးရန် စတင် ဆောင်ရ

မြန်မာတစ်နိုင်ငံလုံး နေရာအနှံ့တွင် ၂၀၁၅ နှစ်လယ်ပိုင်း၌ ဆက်သွယ်ရေးကွန်ရက်များ ရာခိုင်နှုန်းပြည့် လွှမ်းခြုံနိုင်ရန်အတွက် MPT,KDDI နှင့် Sumitomo တို့က လုပ်ငန်းများ စတင်ဆောင် ရွက်နေပြီဖြစ်ကြောင်း သတင်း ရရှိသည်။ ဂျပန်ဆက်သွယ်ရေး လုပ်ငန်းနှစ်ခု၏ ရင်းနှီးမြှုပ်နှံငွေ အမေရိကန်ဒေါ်လာ ၂ ဘီလီယံဖြင့် ပူးပေါင်းလုပ်ကိုင်နေသည့် MPT သည် ၂၀၁၅ ခုနှစ် ဇွန်လကုန်တွင် တစ်နိုင်ငံလုံးအနှံ့၌ ၁၀၀ ရာခိုင်နှုန်းပြည့် ဆက်သွယ်ရေး တာဝါတိုင်များ စိုက်ထူပြီးစီးရန်အတွက် ဆက်သွယ်ရေးကွန်ရက် မရရှိသေးသည့် ကျေးလက်ဒေသများနှင့် နယ်စပ်ဒေသများတွင် ဆောင်ရွက်မှုများ စတင်တော့မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ စုံစမ်းသိရသည်။ “MPT အနေနဲ့ နိုင်ငံတွင်းမှာ 3G ကွန်ရက်ကို ပိုပြီးတည်ငြိမ်အောင်၊ စိတ်ချရတဲ့ ဝန်ဆောင်မှုဖြစ်အောင် လုပ်နေပါပြီ။ ဒီနှစ်လယ်အရောက်မှာ မြန်မာနိုင်ငံရဲ့ ဒေသအတော်များများ၊ အထူးသဖြင့် […]

Read More

နာမည်ကျော် iOS app တစ်ခု ရေးဆွဲခဲ့သည့် ဆယ်ကျော်သက် developer တစ်ဦး Ferrari နှစ်စီး ဝယ်ယူရန် ရည်ရွယ်ထား

သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ရှိ အသက် ၁၅ နှစ်အရွယ် ဆယ်ကျော်သက်တစ်ဦးဖြစ်သူ ဘန်ပါစတာညက်သည် Apple ၏ နာမည်ကျော် app တစ်ခုဖြစ်သော Impossible Rush ကို ရေးဆွဲခဲ့ပြီးနောက်တွင် စီမံကိန်း လုပ်ဆောင်ရာမှ ရရှိလာသော ဝင်ငွေများဖြင့် Ferrari နှစ်စီးကို ဝယ်ယူရန် စီစဉ်နေကြောင်း ပြောကြားလိုက်သည်။ နာမည်ကျော်ကြား လူသိများလာသည့် ဘန်ပါစတာညက်သည် ကျောင်းတက်နေစဉ် ငြီးငွေ့မှုပြေပျောက် စေရန်အတွက် Impossible Rush ကိုရေးဆွဲခဲ့ခြင်း ဖြစ်သည်။ ဘန်သည် ၂၀၁၄ ခုနှစ်က ကျောင်းတွင် သိပ္ပံသင်ခန်းစာများကို လေ့လာနေသည့် ကျောင်းသားတစ်ဦး ဖြစ်သည်။ ယခုအခါတွင် ဘန်ပါစတာညက်သည် အမေရိကန်နိုင်ငံသို့ သွားရောက်ကာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လုပ်ကိုင်နေပြီး Facbook နှင့် Google ကဲ့သို့ ကုမ္ပဏီများတွင်လည်း အလုပ်သင်အဖြစ် […]

Read More

SONY 3D BLU-RAY HOME THEATRE SYSTEM

SONY အမှတ်တံဆိပ် Triluminos Color ထုတ်ပေးနိုင်သော 3D Bly-ray Home Theatre ဖြစ်သည်။ Powerful 5.1 Channel Surround Sound  (II) အမျိုးအစားဖြစ်ပြီး အမြင့်ဆုံး ထုတ်ပေးနိုင်သော ဝပ်အားမှာ 1000 WATT ဖြစ်သည်။ 3D Bly-ray, Bly-ray Disc, DVD, VCD, CD  အခွေမျိုးစုံကို အသုံးပြုနိုင်မည် ဖြစ်သည်။ FRONT စပီကာနှစ်လုံး၊ REAR စပီကာနှစ်လုံး၊  CENTRE စပီကာတစ်လုံး၊   Sub Woofer တစ်လုံးနှင့် 3D Bly-ray  Player တို့ ပါရှိမည်ဖြစ်သည်။ Full HD 1920 X 1080  ကို အထောက်အပံ့ ပေးမည်ဖြစ်ပြီး […]

Read More

ဆိုင်ကယ်တစ်စီးကို ဝယ်တော့မယ်ဆိုရင် … အပိုင်း (၂)

(၄) နောက်ဘက် Shock Absorber ကို စစ်ဆေးပါ – သူကလည်း အရေးကြီးတဲ့ အချက်ပဲ ဖြစ်ပါတယ်။ အရင်က မော်ဒယ်တွေမှာတော့ နောက်ဘက် Shock Absorber ကို တစ်ယောက်စီး အတွက် အခြေအနေတစ်မျိုးနဲ့ နှစ်ယောက်စီး အနေအထားအတွက် အခြေအနေတစ်မျိုး ဖြစ်အောင် Mode နှစ်မျိုးခွဲပြီး Manual စနစ်နဲ့ ပြောင်းလဲ အသုံးပြုနိုင်အောင် ထုတ်လုပ်ထားတာ တွေ့ ရပေမယ့် အခုတော့ နောက် ပိုင်းမှာ Shock Absorber တွေကို ပြန်ချိန်စရာမလိုဘဲ အခြေအနေ တစ်မျိုးတည်း အနေအထားနဲ့ ထုတ်လုပ်လာပါတယ်။ ဒီလို နောက်ဘက် Shock Absorber ကို စစ်ဆေးတဲ့ နေရာမှာ Shock Absorber ကနေ ပြန်လည် […]

Read More

မိသားစုစီးကား Hyundai i-30

Hyundai i-30 ဟာ တောင်ကိုရီးယားနံပါတ်တစ် မော်တော်ယာဉ် ထုတ်လုပ်ငန်းကြီးဖြစ်တဲ့ Hyundai ရဲ့ ရောင်းအားကောင်း မိသားစုစီးကား အငယ်စား ဖြစ်ပါတယ်။ i-30 မျိုးဆက် နှစ်မျိုးရှိတဲ့အနက် ပထမမျိုးဆက်ကို ၂၀၀၇ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အထိ ထုတ်လုပ်ခဲ့ပြီး ဒုတိယမျိုးဆက်ကိုတော့ လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်ကနေ ယနေ့ လက်ရှိအချိန်အထိ ထုတ်လုပ်ထားပါတယ်။ ဒုတိယမျိုးဆက် i-30 ဟာ ၂၀၁၃ ခုနှစ် တူရကီနိုင်ငံရဲ့ တစ်နှစ်တာ အကောင်းဆုံး Compact Wagon  ဆု၊ ၂၀၁၃ ခုနှစ် Australia နိုင်ငံရဲ့အမျိုးသားအဆင့် အကောင်းဆုံးကားဆု စတဲ့ ဆုအမြောက်အမြား ရယူထားနိုင်ခဲ့ပြီး ၂၀၁၂ ခုနှစ်မှာဆိုရင်လည်း ဥရောပကားသစ် စိစစ်ရေးအစီအစဉ် (Euro NCAP) ရဲ့ လုံခြုံရေးဆိုင်ရာစစ်ဆေးမှုမှာ […]

Read More

Saints Row – Gat out of Hell

Saints Row ဂိမ်းတွေဟာ ထူးခြားကောင်းမွန်တဲ့ gameplay အပြင်၊ ပြင်းထန်တဲ့ တိုက်ပွဲတွေနဲ့ ရယ်စရာကောင်းတဲ့ ဇာတ်လမ်းတွေ ရောစပ်ထားပြီး အခြားနာမည်ကျော် ဂိမ်းတွေကိုပါ သရော်ထားတဲ့ gameplay features တွေ ပါဝင်လို့ Gamer တွေကြားထဲမှာ ရေပန်းစားခဲ့ပါတယ်။ ၂၀၁၃ မှာ ထွက်ရှိခဲ့တဲ့ Saints Row IV ဂိမ်းမှာဆိုရင်လည်း ဂြိုဟ်သားတွေ ဖန်တီးထားတဲ့ The Matrix လိုမျိုး စိတ်ကူးယဉ်ခေတ်လွန် Science Fiction Virtual World ထဲမှာ ဝင်ရောက်ကစားခဲ့ရလို့ Open World နှင့် Action ဂိမ်းပရိသတ်တွေ သဘောကျခဲ့သလို download-able content (DLC) ၂၀ ကျော် ထွက်ရှိပြီးနောက်မှာ သူ့ရဲ့ ဇာတ်လမ်းအဆက်ဖြစ်တဲ့ Saints […]

Read More

AdwareMedic for Mac

AdwareMedic သည် Mac OS အသုံးပြုထားသည့် ကွန်ပျူ တာတွင် Adware များ ကပ်ညှိပါက ဖယ်ရှားရှင်းလင်းပေးနိုင်မည့် ဆော့ဖ်ဝဲတစ်ခု ဖြစ်သည်။ အသုံးပြုရန်အတွက် အလွန်ရိုးရှင်းပြီး Systeam Clean Up ကို အချိန်အနည်းငယ်အတွင်းတွင် ပြုလုပ်ပေးနိုင်မည် ဖြစ်သည်။ AdwareMedic သည် System ပိုင်းတွင် မည်သည့်အရာကိုမှ ထပ်မံ Install ပြုလုပ်မည်မဟုတ်ဘဲ Adware များကိုသာ ရှာဖွေ၍ ရှင်းလင်းပေးသွားမည် ဖြစ်သည်။ အဆိုပါ ဆော့ဖ်ဝဲကို အခမဲ့ရယူအသုံးပြုနိုင်မည် ဖြစ်သည်။ Download ပြုလုပ်ရမည့် ဖိုင်အရွယ်အစားမှာ 5.7 MB ခန့်သာရှိမည် ဖြစ်သည်။ Mac OS 10.7 မှ 10.10 အထိ ထည့်သွင်းအသုံးပြုနိုင်မည် ဖြစ်သည်။ အခမဲ့ […]

Read More

Secure Filebox (iOS)

Secure Filebox App သည် မိမိ၏ အချက်အလက်များကို အခြားသူများ ဝင်ရောက် ကြည့်ရှုခြင်းမပြုနိုင်ရန်အတွက် ဓာတ်ပုံများ၊ မက်ဆေ့ခ်ျများကို Encrypt ပြုလုပ်၍ သိမ်းဆည်းပေးထားနိုင်မည့် App တစ်ခုဖြစ်သည်။ အဆိုပါ App သည် Airdrop ကိုလည်း အထောက်အပံ့ပေးထားသဖြင့် မိမိ Encrypt ပြုလုပ်ထားသည့် ဖိုင်များကိုလည်း Airdrop ပေါ်မှ ဝေမျှနိုင်မည် ဖြစ်သည်။ အဆိုပါ App ကိုယခင်က iTunes Store တွင် ကန်ဒေါ်လာ ၁.၉၉ ပေးသွင်းမှသာ အသုံးပြုနိုင်မည် ဖြစ်ပြီး၊ ယခုအခါမှာတော့ အခမဲ့ Download ပြုလုပ်ခွင့်ပေးထားသည်။ Secure FileboxကိုiOS Version 7.0 နှင့်အထက်တွင် အသုံးပြုနိုင်မည် ဖြစ်သည်။  အခမဲ့ Download ရယူလိုသူများအတွက် […]

Read More