Year: 2015

OPPO စမတ်ဖုန်းလက်ဆောင် ရရှိနိုင်မည့် ခရစ်စမတ်အကြို ကံစမ်းဂိမ်းပြိုင်ပွဲ ကျင်းပမည်

OPPO စမတ်ဖုန်းလက်ဆောင် ရရှိနိုင်မည့် ခရစ်စမတ်အကြို ကံစမ်းဂိမ်းပြိုင်ပွဲကို OPPO မှ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း၊ အဆိုပါ ကံစမ်းဂိမ်းပြိုင်ပွဲကို ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်၊ ည ၈ နာရီမှ ဒီဇင်ဘာလ ၂၅ ရက်၊ ည ၁၁:၅၉ နာရီအထိ ကျင်းပပြုလုပ်မည်ဖြစ်သည်။ ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့်သူများအနေဖြင့် http://events.oppo.com/2015/xmas/mm/pc/index.php တွင် မိမိအမည်ကိုဖြည့်သွင်း၍ မိမိနှစ်သက်ရာ ခရစ်စမတ်ကတ်တွင် မိမိ၏ ကိုယ်ပိုင် OPPO အတွက် ဆုတောင်းစာသားများကို ဖြည့်သွင်းကာ Facebook မှတစ်ဆင့် မျှဝေ (Share) ခြင်းဖြင့် ပါဝင်ယှဉ်ပြိုင်ရမည် ဖြစ်သည်။ ခရစ်စမတ်ဆုတောင်းရေးသားပြီးသည်နှင့် မိမိ ဆုလက်ဆောင်ပေါက်ခြင်း၊ မပေါက်ခြင်းကို သိရှိနိုင်မည် ဖြစ်သည်။ ဆုလက်ဆောင်အနေဖြင့် တန်ဖိုး ၁၉၉,ဝဝဝ ကျပ်ရှိသော […]

Read More

မောင်းသူမဲ့ကားများ တည်ဆောက်ရန်အတွက် Google နှင့် Ford က ကုမ္ပဏီသစ်တစ်ခု ဖန်တီးမည်ဟုဆို

Google နှင့် Ford သည် မောင်းသူမဲ့ကားများ တည်ဆောက်မည့် သီးခြားကုမ္ပဏီတစ်ခုကို ဖန်တီးဖွယ်ရှိကြောင်း Yahoo! Autos မှ ဖော်ပြသည်။ အဆိုပါ ပူးပေါင်းဆောင်ရွက်မှုကို ဇန်နဝါရီလတွင် ကျင်းပမည့် CES ပြပွဲတွင် ကုမ္ပဏီနှစ်ခုမှ ကြေညာသွားမည်ဟု ဆိုသည် Google သည် ပြီးခဲ့သည့်ရက်သတ္တပတ်က ၎င်း၏ မောင်းသူမဲ့ကားများအတွက် ကြိုးပမ်းမှုကို Alphabet တွင် သီးခြားဆောင်ရွက်မည်ဟု ပြောကြားခဲ့ပြီး အဆိုပါ ပြောကြားချက်မှာ ယခုပူးပေါင်းဆောင်ရွက်မှုနှင့် ဆက်စပ်ဖွယ်ရှိသည်။ Google နှင့် Ford သည် မောင်းသူမဲ့ကားများအတွက် နှစ်အတန်ကြာကတည်းက လုပ်ဆောင်လျက်ရှိသော်လည်း Google ၏ ကြိုးပမ်းဆောင်ရွက်မှုများက လူသိရှင်ကြားဖြစ်ခဲ့သည်။ Google သည် ကယ်လီဖိုးနီးယားနှင့် တက္ကဆက်ရှိ အများပြည်သူသုံး လမ်းများတွင် မောင်းသူမဲ့ကား ဒါဇင်ပေါင်းများစွာကို စမ်းသပ်ခဲ့သည်။ […]

Read More

Facebook တွင် Apple Live Photo များကို ကြည့်ရှုနိုင်မည်

iPhone 6S တွင်ပါဝင်သော Apple ၏ Live Photos feature ကို ယခုအခါ Facebook ၌ အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။ နာမည်ကျော် လူမှုရေးကွန်ရက်ကြီးသည် အဆိုပါ feature ကို ကမ္ဘာတစ်ဝန်းရှိ သုံးစွဲသူ ရာခိုင်နှုန်းအနည်းငယ်ထံ ဖြန့်ချိပေးခဲ့သော်လည်း နှစ်သစ်တွင် သုံးစွဲသူအများအပြားထံ ဖြန့်ချိပေးသွားမည် ဖြစ်သည်။ iOS 9 အသုံးပြုထားသော iPhone နှင့် iPad သုံးစွဲသူများသည် Facebook app တွင် Live Photo များကို ကြည့်ရှုနိုင်သည်။ Live Photo များသည် သာမန်ဓာတ်ပုံများကဲ့သို့ပင် လုပ်ဆောင်မည်ဖြစ်ပြီး Facebook ၏ News Feed ရှိ Photo option ကို နှိပ်ကာ […]

Read More

ပြည်တွင်းထုတ်ကုန်များကို Alibaba.com မှတစ်ဆင့် နိုင်ငံတကာဈေး ကွက်သို့စတင်ရောင်းချနိုင်

ba.com မှတစ်ဆင့်စတင် ရောင်းချနိုင်ကြောင်း သိရသည်။ လက်ရှိတွင် မိမိတို့ထုတ်ကုန်ပစ္စည်းများအား လုံခြုံစိတ်ချစွာရောင်းချနိုင်မည့် နည်းလမ်းများကိုသင် ကြားပေးမည့် သင်တန်များကိုအခမဲ့ဖွင့်လှစ်ပေးလျက်ရှိကြောင်း၊ www.Alibaba.com မှ တစ်ကမ္ဘာ လုံးရှိ ပစ္စည်းများကိုဝယ်ယူခြင်း၊ မိမိထုတ်ကုန်များကို ရောင်းချခြင်း ၀န်ဆောင်မှုအား နိုဝင်ဘာလမှစ တင်ကာ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါအစီစဉ်ကို Alibaba Gold Supplier အ ဖွဲ့ဝင်ဖြစ်ခြင်းဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းသိရသည်။ အဖွဲ့ဝင်ဖြစ်ခြင်းဖြင့် မိမိလုပ်ငန်း၏ထုတ် ကုန်နှင့် ၀န်ဆောင်မှုလုပ်ငန်းများကို နိုင်ငံတကာမှ ၀ယ်ယူလိုသူများသိရှိရန် အရောက်ပို့ပေးပြီးအ ရောင်းအ၀ယ်ပြုလုပ်နိုင်မည်ဖြစ်သည်။ Gold Supplier အဖွဲ့ဝင်ဖြစ်ပါက အကောင့်ငါးခုရရှိမည်ဖြစ်ပြီး ၀ယ်သူများကိုအချိန်နှင့်တစ်ပြေးညီ ဆက်သွယ်နိုင်မည် ဟုဆိုသည်။ မိမိထုတ်ကုန်ပစ္စည်းများနှင့် ၀န်ဆောင်မှုများကို ကမ္ဘာတစ်ဝန်းတွင်ပြု လုပ်နေသော ကုန်စည်ပြပွဲများသို့ပြသပေးခြင်း၊ ၀ယ်ယူလိုမှုများကို အချိန်နှင့်တစ်ပြေးညီ Quotation ပေးပို့နိုင်ခြင်း စသည့်အကျိုးရလာဒ်များရရှိမည် ဟုသိရသည်။

Read More

ယခုနှစ်တွင် စမတ်ဖုန်း သန်း ၁၀၀ ကျော် တင်ပို့ရောင်းချခဲ့ကြောင်း Huawei ကြေညာ

ယခုနှစ်တွင် စမတ်ဖုန်းအလုံးရေ သန်း ၁၀၀ ကျော် တင်ပို့ရောင်းချခဲ့ကြောင်း Huawei မှ ကြေညာခဲ့သည်။ အဆိုပါ ကြေညာချက်ကို တရုတ်ကုမ္ပဏီကြီးက ၎င်းတို့၏ တရားဝင် Weibo account မှတစ်ဆင့် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ အထက်ပါကြေညာချက်သည် ကမ္ဘာ့တတိယအကြီးဆုံး စမတ်ဖုန်းထုတ်လုပ်သော ကုမ္ပဏီက ယခုနှစ်မကုန်မီတွင် စမတ်ဖုန်းအလုံးရေ သန်း ၁၀၀ တင်ပို့ရောင်းချနိုင်ရန် သတ်မှတ်ထားကြောင်း ပြောကြားပြီး ငါးလပြည့်ခါနီးတွင် ထုတ်ပြန်ခဲ့ခြင်းလည်း ဖြစ်သည်။ Huawei သည် လတ်တလောတွင် Mate 8 စမတ်ဖုန်းကို တရုတ်နိုင်ငံတွင် မိတ်ဆက်ပေးခဲ့သည်။ အဆိုပါ စမတ်ဖုန်းသည် တရုတ်နိုင်ငံတွင် ရောင်းအားကောင်းလျက်ရှိသည်။ လာမည့်နှစ်သည် Huawei အတွက် အရေးပါသည့်နှစ်တစ်နှစ် ဖြစ်လာမည်ဖြစ်ပြီး ကုမ္ပဏီကလည်း ၎င်း၏ဟန်းဆက်များကို အမေရိကန်ဈေးကွက်တွင် ၂၀၁၆ ခုနှစ်၌ […]

Read More

မိုဘိုင်းဖုန်းသုံးစွဲမှု အတိုးတက်ဆုံးနိုင်ငံများထဲတွင် မြန်မာနိုင်ငံက စတုတ္ထနေရာရှိ ဟုဆို

မိုဘိုင်းဖုန်းသုံးစွဲမှု အတိုးတက်ဆုံးနိုင်ငံများထဲတွင် မြန်မာနိုင်ငံက စတုတ္ထနေရာရှိကြောင်း Ericsson Myanmar မှ သိရသည်။   တစ်ကမ္ဘာလုံး၌ အသားတင်မိုဘိုင်းဖုန်းသုံးစွဲမှုတိုးရာတွင် မြန်မာနိုင်ငံက ထိပ်ဆုံးငါးနိုင်ငံထဲတွင်ပါဝင် ကြောင်း Ericsson Myanmar ၏အစီရင်ခံစာတွင်ဖော်ပြထားသည်။ အရှေ့တောင်အာရှနှင့် အပူပိုင်း ဒေသကျွန်းများ အတွင်းစမတ်ဖုန်းသုံးစွဲမှု၊ မိုဘိုင်း Broadband ၊ ကွန်ရက်ရရှိနိုင်မှုအစရှိသည်တို့ကို ဖော်ပြထားခြင်းဖြစ်သည်။ ၂၀၁၅ ခုနှစ် တတိယသုံးလပတ်အတွင်း မိုဘိုင်းဖုန်းငါးသန်းသုံးစွဲမှုအသား တင် ရှိသည့်အတွက် တစ်ကမ္ဘာလုံးတွင်မြန်မာနိုင်ငံကို စတုတ္ထအဆင့်သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။   အိန္ဒိယနိုင်ငံက အတိုးတက်ဆုံးဖြစ်ပြီး တရုတ်ကဒုတိယ၊ အမေရိကန်က တတိယ၊ မြန်မာကစတုတ္ထနှင့် နိုင်ဂျီရီးယားက ပဉ္ဓမ ဖြစ်ကြောင်း အစီရင်ခံစာအရသိရသည်။ ယင်းတို့နောက် ဘင်္ဂလားဒေ့ရှ်၊ အင်ဒို နီးရှား၊ အီသီယိုပီးယား၊ ကင်မရွန်း၊ မက္ကစီကို နိုင်ငံတို့ တွင်အတိုးတက်ဆုံးဖြစ်ကြောင်းဖော်ပြထားသည် […]

Read More

ကွန်ပျူတာတက္ကသိုလ်မှ ထူးချွန်ကျောင်းသားများ သတင်းအချက်အလက်နည်းပညာတက္ကသိုလ်သို့ ပြောင်းရွှေ

တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ ကွန်ပျူတာတက္က သိုလ်ကျောင်းများမှ ထူးချွန် ကျောင်းသားများကို သတင်းအ ချက်အလက်နည်းပညာတက္က သိုလ်မှစတင် လက်ခံပေးလျှက်ရှိ ကြောင်း သတင်းအချက်အလက် နည်းပညာတက္ကသိုလ် မောက္ခချုပ် ဒေါက်တာ စောစန္ဒာအေးက ပြော သည်။    တက္ကသိုလ်၏ ကန့်သတ်ချက် အရ ကျောင်းသား၊ ကျောင်းသူ ၂၀၀ ကိုသာ နှစ်စဉ်လက်ခံပေး ခြင်းဖြစ်ပြီး အခြားသောတက္က သိုလ်များမှ ထူးချွန်များကို လက်ခံ ရာတွင်လည်း လိုအပ်ချက်ရှိသည့် ကျောင်းသားအရေအတွက် အ တိုင်းသာ လက်ခံပေးခြင်းဖြစ် သည်။   “ထူးချွန်တဲ့ကျောင်းသားတွေ တစ်နှစ်ဘယ်လောက်ခေါ်သွား မယ်ဆိုတာမရှိပါဘူး။ လူဦးရေ ၂၀၀ ပြည့်မီတဲ့အထိ အထူးချွန်ဆုံး ကျောင်းသားတွေကို ခေါ်သွားမှာ ပါ” ဟု ဒေါက်တာစောစန္ဒာအေး ကဆိုသည်။ အဆိုပါကဲ့သို့ […]

Read More

iOS အသုံးပြုသည့် Device များ အလုပ်လုပ်ဆောင်မှုကို Mac ပေါ်မှာ Screen Record ပြုလုပ်ခြင်း

iOS 8 နောက်ပိုင်း New version iOS တွေ အသုံးပြုထားတဲ့ iPhone, iPad နဲ့ iPod Touch အစရှိတဲ့ Device တွေမှာ Screen ပေါ်က ပြုလုပ်တဲ့  အလုပ်လုပ်ဆောင်ချက်တွေကို Mac OS အသုံးပြုထားတဲ့ ကွန်ပျူတာပေါ်ကနေ Screen Record ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒီလိုလုပ်ငန်း လုပ်ဆောင်နိုင်ဖို့အတွက် လုပ်ဆောင်ရမယ့် နည်းလမ်းက လွယ်ကူပြီး လိုအပ်ချက် အနည်းငယ်တော့ရှိမှာ ဖြစ်ပါတယ်။ Mac OS X Yosemite အသုံးပြုထားတဲ့ ကွန်ပျူတာနဲ့ iOS 8 နောက်ပိုင်းထည့်သွင်းထားတဲ့ iPhone, iPad, iPod Touch  အစရှိတဲ့ Device တစ်ခုလိုအပ်မှာ ဖြစ်ပါတယ်။ နောက်တစ်ဆင့်ကတော့ iPhone […]

Read More

Windows Operating System တွင် Diskcryptor ကိုထည့်သွင်း အသုံးပြုခြင်း

Windows Operating Sys-tem  အသုံးပြု သူတွေအနေနဲ့ ကိုယ့်ရဲ့ Hard Disk အတွင်းမှာရှိတဲ့ အချက်အလက်တွေကို လုံခြုံစိတ်ချစွာ သိမ်းဆည်းချင်တယ်ဆိုရင် Disk cryptor ကိုထည့်သွင်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Diskcryptor ဟာ Partition တွေကို အပိုင်းလိုက် ခွဲခြားပြီး အပိုင်းတစ်ခုချင်းစီကို လုံခြုံစိတ်ချ စေရန်အတွက် Password နဲ့ကာကွယ်ကာ ထိန်းသိမ်းထားနိုင်မှာ ဖြစ်ပါတယ်။ Diskcryptor ကို အသုံးပြုဖို့အတွက် ပထမဆုံး https://goo.gl/zGBXg2 ဆိုတဲ့ ဝက်ဘ်ဆိုက် လိပ်စာမှာ Diskcryptror ကိုသွားရောက် Download လုပ်ယူရမှာ ဖြစ်ပါတယ်။ Download ပြုလုပ်ပြီးပြီိဆိုရင် Install ပြုလုပ်ပြီး ကိုယ့်ရဲ့ Windows ကို Restart ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ Restart ပြုလုပ် […]

Read More

အင်တာနက်ချိတ်ဆက်ထားခြင်းမရှိသည့် ဖုန်းလိုင်းများကို Viber ဖြင့် အသံခေါ်ဆိုမှု ပြုလုပ်နိုင်မည်

Viber ကိုအသုံးပြု၍ ပြည်တွင်း၊ ပြည်ပရှိ အင်တာနက်ချိတ်ဆက်ထားခြင်းမရှိသော ဖုန်းလိုင်း များကို ခေါ်ဆိုရန် နိုင်ငံအတွင်း Red Dot အရောင်းဆိုင်များတွင် ကြိုတင်ငွေဖြည့်သွင်းများ ပြုလုပ်ပေးသွားမည်ဟု Viber မှ သတင်း ပြန်ကြားရေးတာဝန်ခံက ပြောသည်။ နိုင်ငံအတွင်း၌ ချိတ်ဆက် ထားသည့် Red Dot အရောင်း ဆိုင်ပေါင်း ၉ ထောင်ကျော်တွင် Viber Out ခေါ်ဆိုမှုအတွက် ငွေ ဖြည့်သွင်းခြင်းကို ဒီဂျစ်တယ်စနစ် ဖြင့် ပြုလုပ်ဆောင်ရွက်ပေးသွား မည်ဖြစ်ပြီး ငွေဖြည့်သွင်းနိုင်သည့် ပမာဏကို ကန့်သက်ထားခြင်းမရှိကြောင်း သိရသည်။ “နံပါတ်ပြောပြီးတော့ ဖြည့်သွင်းရုံပါပဲ။ လိုချင်တဲ့ပမာဏကို ဖြည့်လို့ရတယ်”ဟု Viber မှ ပြန် ကြားရေးတာဝန်ခံ မဖူးဖူးကပြော သည်။ အဆိုပါဝန်ဆောင်မှုကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ […]

Read More