အမေရိကန်နိုင်ငံနှင့် ကနေဒါ နိုင်ငံများသို့ တစ်မိနစ်လျှင် ၁၀၀ ကျပ်နှုန်းဖြင့် ဖုန်းခေါ်ဆိုနိုင်ပြီဖြစ်ကြောင်း ပြည်တွင်းအခြေစိုက် ကာတာဆက်သွယ်ရေးကုမ္ပဏီ Ooredoo Myanmar က သတင်း ထုတ်ပြန်လိုက်သည်။ အဆိုပါ ဆက်သွယ်ရေးကုမ္ပဏီအနေဖြင့် ၎င်းတို့၏ ဆင်းမ်ကတ်များဖြင့် နိုင်ငံတကာသို့ ဖုန်းဆက်သွယ်ခေါ်ဆိုမှု နှုန်းထားများကို ထပ်မံလျှော့ချပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။ Ooredoo Myanmar ဆင်းမ်ကတ်များဖြင့် အထက်ပါ နှစ်နိုင်ငံသို့ တစ်မိနစ်လျှင် ၁၀၀ ကျပ်နှုန်းဖြင့် ခေါ်ဆိုနိုင်သည့်အပြင် မလေးရှား၊ ထိုင်း၊ စင်ကာပူ၊ တရုတ်၊ ဗီယက်နမ်၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ ဘင်္ဂလားဒေ့ရှ်၊ လာအိုနှင့် ကင်မရွန်းနိုင်ငံများသို့ တစ်မိနစ်လျှင် ၂၀၀ ကျပ်နှုန်းဖြင့် ဆက်သွယ်နိုင်ပြီ ဖြစ်သည်။ ထို့အပြင် ဂျာမနီ၊ ဗြိတိန်၊ ရုရှား၊ ပြင်သစ်၊ အီတလီ၊ […]
Read Moreတရုတ်နိုင်ငံတွင် လေးရက်ခန့် Gmail ပြတ်တောက်ခဲ့ပြီးနောက် ယခုအခါတွင် အဆိုပါ email ဝန်ဆောင်မှုကိုအနည်းငယ် ပြန်လည် အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း သိရသည်။ Google ၏ e-mail ဝန်ဆောင်မှုသည် တရုတ်နိုင်ငံအတွင်း အနည်းငယ် ပြန်လည်အသုံးပြုခွင့်ရနေပြီ ဖြစ်ကြောင်း ကုမ္ပဏီ၏ Transparency အစီရင်ခံစာတွင် ဖော်ပြထားသည်။ ထိုသို့ တရုတ်နိုင်ငံတွင် Gmail ပြန်လည် အသုံးပြုခွင့်ရခြင်းကို Financial Times သတင်းစာက စတင်သတိပြုမိခဲ့ခြင်း ဖြစ်သည်။ တရုတ်နိုင်ငံတွင် Gmail လေးရက်ကြာခန့် ပြတ်တောက်မှုအပြီးတွင် မေးခွန်းများစွာ ကျန်ရှိခဲ့ပြီး တရုတ်အခြေစိုက် ဆင်ဆာဖြတ်တောက်မှုကို ဆန့်ကျင်သည့် အဖွဲ့အစည်း Greatfire.org က Gmail ပြတ်တောက်မှုမှာ အစိုးရတွင် တာဝန်ရှိနိုင်ကြောင်း ပြောကြားထားသည်။ Google က Gmail ပြတ်တောက်မှုတွင် […]
Read Moreကိုကိုးကျွန်းတွင် MECTEL CDMA 800 MHz ဖုန်းများ စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ကိုကိုးကျွန်းအပြင် မတူပီမှာလည်း စတင်အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်” ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။ ကိုကိုးကျွန်းတွင် CDMA 800 MHz မိုဘိုင်းဆက်သွယ်ရေး ဝန်ဆောင်မှု ဖွင့်လှစ်ခြင်း အခမ်းအနားကို ဒီဇင်ဘာလ ၂၇ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။ ယင်းအပြင် အဆိုပါကျွန်းတွင် အင်းဝဘဏ်ခွဲ ဖွင့်လှစ်ကာ Mobile Money စနစ်နှင့် တယ်လီဖုန်းမှတစ်ဆင့် ငွေကြေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်နိုင်ကြောင်း သိရသည်။
Read More3D Printing ထွန်းကားလာ ခြင်းအပေါ် ပညာရှင်များက တတိယစက်မှု တော်လှန်ရေးတော့ စပြီလို့မှတ်ချက် ပြုခဲ့ကြတယ်။ 3D Printing နည်းပညာကို အသုံးချနိုင်ဖို့ ၁၉၈၄ ခုနှစ်လောက်ကတည်းက စတင်ကြိုးစား အားထုတ်လာခဲ့ ကြရတာဖြစ်တယ်။ ဆယ်စုနှစ် ၃ ခုလောက် ဖြတ်ကျော် လိုက်ချိန်မှာတော့ လုပ်ငန်းတိုင်းအတွက် ထိရောက်စွာ အသုံးချနိုင်စေမယ့် နည်းပညာအဖြစ် အာမခံချက်ပေး နိုင်သွားတယ်။ စက်ကိရိယာပ စ္စည်းတွေရဲ့ အစိတ်အပိုင်းတွေအတွက် အပိုပစ္စည်းအဖြစ် ဖန်တီးပေးနိုင်တာ မဆန်းလှပေမယ့် လူ့ခန္ဓာကိုယ် အစိတ်အပိုင်းကို အစားထိုးလဲလှယ် အသုံးပြုခွင့် ရတဲ့အထိ အောင်မြင်မှု ရရှိခဲ့ကြတော့ အံ့အားသင့်စရာ ဖြစ်စေပါတယ်။ ၂၀၁၄ ခုနှစ်အတွင်း 3D Printing နဲ့ပြုလုပ်ထားတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်း တုတွေကို ပျက်စီးယိုးယွင်းနေတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ […]
Read MorePuli အမျိုးအစား PL-905 မော်ဒယ် Slimming massage belt အမည်ဖြင့် ခန္ဓာအစိတ်အပိုင်းများ နှိပ်နယ်ပေးခြင်း အပါအဝင် အဆီချခြင်းအတွက်ပါ အသုံးပြုနိုင်သော ခါးပတ်ဖြစ်သည်။ ခါးပတ်တွင် နည်းပညာမြင့် Nano စနစ် ထည့်သွင်းတည်ဆောက်ပေးထားသည်။ ကိရိယာနှစ်ခုတွဲ တစ်စုံအနေဖြင့် ထုတ်လုပ်ထားသော်လည်း စိတ်ကြိုက်တွဲနိုင်၊ ခွဲနိုင်မည်ဖြစ်သည်။ ခါးပတ်ကို အလက်စတစ်သားဖြင့် ပြုလုပ်ပေးထားသည့်အတွက် လက်၊ ခြေ၊ ပေါင်၊ ဂုတ်ပိုး၊ ဗိုက်၊ ကျော စသည်ဖြင့် စိတ်ကြိုက်သုံးနိုင်မည်ဖြစ်သည်။ အကြောတင်၊ အကြောညပ်၊ ဇက်ကြောတက်ရောဂါအတွက်လည်း အသုံးပြုနိုင်မည်ဖြစ်သည်။ အဆီကျသော ဆေးတစ်ဘူး ပါဝင်ပြီး အဝလွန်သောသူ၊ အဆီချချင်သောသူများ အသုံးပြုနိုင်မည်ဖြစ်သည်။ အိမ်မီး AC 220V ဖြင့်သုံးနိုင်သလို DC 12V ဖြင့်လည်း အသုံးပြုနိုင်မည်ဖြစ်သည်။ ၁၈ ဝပ်ရှိပြီး […]
Read MoreUnisled အမှတ်တံဆိပ် Digital Voice Rec-order ဖြစ်ပြီး Built in memory 8GB ပါဝင်သည်။ USB Stick ပုံစံဖြစ်သည့်အတွက် အလွယ်တကူ သယ်ဆောင်အသုံးပြုနိုင်မည်ဖြစ်သည်။ Digital voice recorder တွင် Power ခလုတ်၊ Recording ပြုလုပ်ရန် ခလုတ်၊ Play & pause, volume အတိုး/အလျှော့၊ Next, Menu ခလုတ် စသည်ဖြင့် ခလုတ်များပါဝင်သည်။ Built in rechargeable Battery ပါဝင်သည်။ Recorder တွင် ပါဝင်သည့် speaker ၏ အသံမှာ ကြည်လင်ပြတ်သားပြီး ကျယ်လောင်မှုရှိသည်။ တန်ဖိုးမှာ ၄၅,၀၀၀ ကျပ်ဖြစ်ပြီး Ko Beno Mobile, Game […]
Read Moreမြန်မာ့စာတိုက်လုပ်ငန်းက ဝန်ဆောင်မှုသစ် တစ်ရပ်ကို စတင်ပြုလုပ်လိုက်ကြောင်း သတင်းရရှိသည်။ အိမ်တိုင်ရာရောက် ဝန်ဆောင်မှုကို ဆောင်ရွက်လိုက်ခြင်းဖြစ်ကြောင်း၊ ရန်ကုန်မြို့နှင့်တောင်ကြီးမြို့တို့မှ မှာယူနိုင်မည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဝန်ဆောင်မှုကို ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ စတင် ဆောင်ရွက်လိုက်ခြင်းဖြစ်ကြောင်း ရန်ကုန်စာတိုက်ကြီးမှ သိရသည်။ အဆိုပါ Hometown Product Delivery ဝန်ဆောင်မှုမှာ ရှမ်းပြည်နယ် တောင်ကြီးမြို့မှ ပဲပုပ်၊ မုန်ညင်းချဉ်၊ ကြက်သွန်ချဉ်၊ ဆီတို့ဟူး၊ ခေါပုပ် စသည့် အစားအစားများကို လည်းကောင်း၊ ရန်ကုန်မြို့မှ မုန့်ဟင်းခါးခြောက်၊ ပုဇွန်ခြောက်၊ ငါးခြောက်များ၊ ဂျေဒိုးနပ် စသည့် အစားအစာများကို လည်းကောင်း မှာယူနိုင်မည်ဖြစ်သည်။ ရန်ကုန်စာတိုက်ကြီး ဖုန်း-၀၁ ၃၈၀၂၅၇ ၊ တောင်ကြီးစာတိုက်ကြီး ဖုန်း- ၀၈၁- ၂၁၂၁ […]
Read Moreနည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များအား မကြာခင်ကာလတွင် လွတ်လပ်သော တက္ကသိုလ် များအဖြစ် ပြုပြင်ပြောင်းလဲသွားရန်ရှိကြောင်း သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင် ကျော်မြတ်က ပြောသည်။ ဒီဇင်ဘာလ ၃၀ ရက်ကကျင်းပခဲ့သော ဆာကူရာ-ပိတောက်စင်တာ ဖွင့်ပွဲ အခမ်းအနားတွင်ပြောကြား ခဲ့ခြင်းဖြစ်သည်။ “သိပ္ပံနဲ့ နည်းပညာဝန်ကြီးဌာနရဲ့ ကွပ်ကဲမှုအောက်မှာရှိနေတဲ့ တက္ကသိုလ်များဖြစ်တဲ့ နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များကို အမျိုးသားပညာရေး ဥပဒေအရ မကြာသော ကာလအတွင်းမှာ လွတ်လပ်သော တက္ကသိုလ်များ အဖြစ် ပြုပြင် ပြောင်းလဲသွားဖို့ ရှိပါတယ်” ဟု အဖွင့်အမှာစကား ပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။ “အဲလို ပြုပြင်ပြောင်းလဲ သွားတဲ့အခါမှာ တက္ကသိုလ်တွေဟာ လွတ်လွတ်လပ်လပ်နဲ့ ကိုယ့်ကျောင်းအပေါ် ကိုယ်ရပ်တည်ပြီးတော့ အာဆီယံအဆင့်မီ ကမ္ဘာ့အဆင့်မီ ဆောင်ရွက်နိုင်ဖို့အတွက် ဒီနေ့ဖွင့်လှစ်တဲ့ အခမ်းအနားဟာ ပထမဦးဆုံး အခြေခံလို့ လက်ခံယုံကြည်ပါတယ်” […]
Read Moreစင်ကာပူနိုင်ငံသည် ၎င်း၏မြို့အတွင်း တစ်ကိုယ်ရည် သယ်ယူပို့ဆောင်ရေးများ ပြုလုပ်လို သူများအတွက် မောင်းသူမဲ့ ကားများကို စမ်းသပ်နေလျက် ရှိကြောင်းသိရသည်။ စင်ကာပူသည် MIT အကူအညီကို ရယူ၍ မောင်းသူမဲ့ကားများ ယာဉ်ကြောပိတ်ဆို့မှု ပြဿနာကို ကျော်လွှားကာ လာမည့်နှစ်အတွင်း အသုံးပြုနိုင်ရန် ရည်မှန်းထားလျက် ရှိသည်။ စင်ကာပူ အစိုးရအနေဖြင့် ၎င်း၏မောင်းသူမဲ့ ကားများကို ခရီးတိုပြေးဆွဲသည့် အငှားယာဉ်များ သို့မဟုတ် Uber ကုမ္ပဏီမှ ထောက်ပံ့မည့် အငှားယာဉ်များအဖြစ် အသုံးပြုရန် စီစဉ်ထားကာ လေဆိပ်သို့မဟုတ် ဘူတာရုံသို့ သွားလိုပါက ငှားရမ်းစီးနင်း နိုင်ရန် ဖန်တီးပေးမည် ဖြစ်သည်။ ထိုသို့ ပြုလုပ်ပေးခြင်းဖြင့် စတုရန်းတစ်မိုင် ပတ်လည်တွင် လူပေါင်း ၁၉,၇၂၅ ဦးအထိရှိကာ လူဦးရေ သိပ်သည်း ထူထပ်နေသော စင်ကာပူ နိုင်ငံအတွက် အကျိုးများစွာ […]
Read MoreGuita Tuna App သည် ဂစ်တာတီးခတ်မည့်သူများအတွက် အသုံးဝင်မည့် Windows Phone App တစ်ခုဖြစ်သည်။ ဂစ်တာကြိုးညှိသည့်အခါတွင် အသုံးပြုနိုင်မည့် App ဖြစ်သလို၊ ဂစ်တာ လက်ကွက်များနှင့် ပတ်သက်၍လည်းလေ့လာနိုင်မည့် App တစ်ခုဖြစ်သည်။ အဆိုပါ App ကို Market Place တွင် အခမဲ့ Download ပြုလုပ်ခွင့်ရရှိမည်ဖြစ်သည်။ Download ပြုလုပ်ရမည့် ဖိုင်အရွယ်အစားမှာ 9 MB ခန့်သာ ရှိမည်ဖြစ်သည်။ Windows Phone Version 8 နှင့် 8.1 တို့တွင် ထည့်သွင်းအသုံးပြုနိုင်မည့် App တစ်ခုလည်းဖြစ်သည်။ အခမဲ့ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။
Read More