Day: December 30, 2014

သုတေသနနှင့် နည်းပညာဆိုင်ရာလုပ်ငန်းများ ပူးပေါင်းလုပ်ကိုင်ရန် ဂျပန်တက္ကသိုလ်နှင့် အဆင့်မြá€

ဂျပန်နိုင်ငံ မီယာဇာကီ အမျိုးသားတက္ကသိုလ်နှင့် မြန်မာနိုင်ငံ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာနတို့က သုတေသနနှင့် နည်းပညာဆိုင်ရာ လုပ်ငန်းများ ပူးပေါင်း လုပ်ကိုင်မည် ဖြစ်ကြောင်း မီယာဇာကီတက္ကသိုလ်မှ ပါမောက္ခချုပ် Dr.Tatsuo Suganuma ကပြောသည်။ အဆိုပါ ရည်ရွယ်ချက် အထောက်အကူပြု ရုံးခန်းဖြစ်သည့် ဆာကူရာ-ပိတောက်စင်တာ (ဂျပန်နိုင်ငံ မီယာဇာကီ အမျိုးသား တက္ကသိုလ်၏ မြန်မာနိုင်ငံဆိုင်ရာ ရုံးခန်း) ကို ယနေ့စတင် ဖွင့်လှစ်ခဲ့သည်။ ”တက္ကသိုလ်နှစ်ခုကြား ကျောင်းသားတွေ အပြန်အလှန် ပညာရပ်ဆိုင်ရာတွေ ဖလှယ်နိုင်အောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ် ”ဟု Dr.Tatsuo Suganuma က ပြောကြားသည်။ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန အုပ်ချုပ်စီမံခန့်ခွဲမှုအောက်ရှိ တက္ကသိုလ်၊ ကောလိပ်များနှင့် ဂျပန်နိုင်ငံ မီယာဇာကီတက္ကသိုလ်တို့အကြား ကျောင်းသား၊ ကျောင်းသူများ အပြန်အလှန်စေလွှတ်ခြင်း၊ သင်ကြားမှု ပူးပေါင်းဆောင်ရွက်ခြင်း […]

Read More

iPay ငွေပေးချေကတ်ဖြင့်သာ စီးနင်းနိုင်မည့် ယာဉ်လိုင်းသစ်ကို ၁ ရက်နေ့၌ ပြေးဆွဲမည်

အမြဲစိမ်းအမည်ဖြင့် ယာဉ်လိုင်းအသစ်ကို ဇန်န၀ါရီလ ၁ ရက်နေ့မှ စတင်ပြေးဆွဲမည်ဖြစ်ပြီး အဆိုပါ ယာဉ်လိုင်းသစ်၌ ယာဉ်စီးခကို iPay ငွေပေးချေကတ်ဖြင့်သာ လက်ခံပေးသွားမည်ဟု အဆိုပါယာဉ်လိုင်းမှ အထွေထွေမန်နေဂျာဖြစ်သူ ဦးခင်မောင်ဦးက ပြောသည်။ “ကတ်နဲ့မဟုတ်ဘဲ ငွေသားကို ယာဉ်နောက်လိုက်က လက်ခံခဲ့တယ်ဆိုရင် အလုပ်ထုတ်ပစ်ပါမယ်”ဟု ဦးခင်မောင်ဦးက ဆိုသည်။ အမြဲစိမ်းယာဉ်လိုင်းသည် ဒဂုံတက္ကသိုလ်နှင့် ဆူးလေကို နေ့စဉ် ပြေးဆွဲမည့်ယာဉ် လိုင်းသစ်ဖြစ်ပြီး မှတ်တိုင် ၁၂ တိုင်ကိုသာ မော်တော်ယဉ်များရပ်တန့်ပြီး ခရီးသည် အတင်အချ ပြုလုပ်မည်ဟု သိရသည်။ “လမ်းကြောင်းမှာ မှတ်တိုင် ၄၀ လောက်ရှိပါတယ်။ မှတ်တိုင် ၁၂ တိုင်ပဲ ရပ်ပါမယ်။ ဂိတ်ကနေပြီး ပုံမှန် ၁၀ မိနစ်ခြားပြီး ကားတစ်စီးစီလွတ်ပါမယ်။ မှတ်တိုင် နှစ်တိုင်ကို ၅၀ ကျပ်နှုန်းနဲ့ သတ်မှတ်ပြီး […]

Read More