Day: December 29, 2014

GSM/ WCDMA အသုံးပြုသူများအတွက် ဝန်ဆောင်မှုမြှင့်မည်ဟုဆို

GSM/ WCDMA အသုံးပြုသူများအတွက် MPT ၏ မိုဘိုင်းဆက်သွယ်ရေး ကွန်ရက်နှင့် ဝန်ဆောင်မှုများ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းကို ဆောင်ရွက်မည် ဖြစ်ကြောင်း၊ GSM/ WCDMA သုံးစွဲသူများ အနေဖြင့် ဒီဇင်ဘာလ ၂၈ ရက် ည ၁၂ နာရီမှ နံနက် ၁ နာရီအထိ လည်းကောင်း၊ ဒီဇင်ဘာလ ၃၁ ရက် နံနက် ၃ နာရီခွဲမှ ၅ နာရီခွဲအထိလည်းကောင်း၊ ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၅ ရက် နံနက် ၃ နာရီခွဲမှ ၄ နာရီခွဲအထိ လည်းကောင်း အဆိုပါ အချိန်များတွင် အသုံးပြုရာ၌ အခက်အခဲရှိနိုင်ကြောင်း ကြေညာထားသည်။ အဆိုပါ ဖုန်းများ၏ ဖုန်းငွေဖြည့်ကတ် ထည့်သွင်းခြင်း၊ စာတိုပေးပို့ခြင်း၊ […]

Read More

HND ပြီးရင် ဘာလုပ်မလဲ . . . .

ယနေ့ခေတ်ကာလတွင် ပညာရေးအခွင့်အလမ်းများ တိုးတက် ထွန်းကားလာသည်နှင့်အမျှ မြန်မာနိုင်ငံတွင် နိုင်ငံခြားမှ ပေးအပ်သောဘွဲ့၊ ဒီဂရီများ၊ သင်တန်းကျောင်းများလည်း ဖွင့်လှစ် လာသောကြောင့် မြန်မာကျောင်းသား၊ ကျောင်းသူများအတွက် ရွေးချယ်မှုများ ပိုမိုစုံလင်လာပြီဖြစ်သည်။ ယင်းကဲ့သို့ ပြည်ပမှပေးအပ်သော ပညာရေးဆိုင်ရာ ဘွဲ့လက်မှတ်များထဲမှ HND ဟုခေါ်သော (Higher National Diploma) သည် ကျောင်းသား၊ ကျောင်းသူများအကြား ရေပန်းစားလျက်ရှိနေသည်။ HND Qualification သည် ယူကေ၏ ပညာရေးအဆင့် တိုင်းတာမှု Qualifcation and Credit Framework (QCF) အရ Level 5 တွင်ရှိသော Vocational Education အမျိုးအစားဖြစ်သည်။ Vocational Education ဆိုသည်မှာ လက်တွေ့ဆန်သော သင်ကြားမှုများနှင့် လုပ်ငန်းခွင်ဝင်ရန် ဦးစားပေး သင်ကြားပေးသော အသက်မွေးဝမ်းကျောင်း […]

Read More

အိုလံပစ်အားကစားပြိုင်ပွဲတွင် ဗွီဒီယိုဂိမ်း အားကစားနည်းကို ထည့်သွင်းသင့်ကြောင်း Warcraft ဂိမ်းá€

E-sports ဟု လူသိများသော ဗွီဒီယိုဂိမ်းပြိုင်ပွဲများကို အိုလံပစ်အားကစားပြိုင်ပွဲတွင် ထည့်သွင်းသင့်ကြောင်း World of Warcraft ဂိမ်းဖန်တီးသူက BBC သို့ပြောကြားသွားခဲ့သည်။ ဆက်လက်ပြီး World of Warcraft ဂိမ်းဖန်တီးသူ ရော့ဘ်ပါဒိုက အားကစားဟူသည့် အသုံးအနှုန်းသည် ယခုအခါတွင် အလွန်ကြီးမား ကျယ်ပြန့်လာပြီ ဖြစ်ကြောင်း၊ ဗွီဒီယိုဂိမ်းပြိုင်ပွဲသည် လူကြိုက်များသည့် အားကစား တစ်ခု ဖြစ်လာနိုင်သည့် အခြေအနေတွင် ရှိကြောင်း ပြောဆိုခဲ့သည်။ ယခုအချိန်တွင် ပရော်ဖက်ရှင်နယ် e-sports ပြိုင်ပွဲများသည် သန်းပေါင်းများစွာသော ပရိသတ်များကို ဆွဲဆောင်ထားနိုင်ခဲ့ပြီး မကြာသေးမီ က တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ လူပေါင်း ၄၀,၀၀၀ ခန့် ဝင်ဆံ့သည့် ကွင်း၌ ကျင်းပခဲ့သော ဂိမ်းဗိုလ်လုပွဲတစ်ခုသို့ ကမ္ဘာတစ်ဝန်းရှိ လူပေါင်းများစွာ ကိုယ်တိုင်ကိုယ်ကျ လာရောက်ကြည့်ရှုကြသလို အွန်လိုင်းမှလည်း […]

Read More

Acer X1173 Projector

Acer X1173 Projector မှာ Resolution  SVGA mode (800X600) ဖြစ်ပြီး ရုပ်ထွက် အရည်အသွေး ကြည်လင်ပြတ်သားကာ 3D Ready ဖြစ်သည်။ Contrast ratio 13000:1 ဖြစ်ပြီး Brightness အတွက် lumens 3,000 ANSI ကို Standard mode, lumens 2,400 ANSI ကို ECO mode အဖြစ် ပြောင်းလဲ အသုံးပြုနိုင်သည်။ lamp life အနေဖြင့် Standard mode  နာရီ ၅,၀၀၀ အသုံးပြုနိုင်သလို ECO mode အနေဖြင့် နာရီ  ၆,၀၀၀၊  Extreme Eco mode ကို နာရီ ၁၀,၀၀၀ […]

Read More

Cantata Music Player ကို Ubuntu OS တွင် ထည့်သွင်းခြင်း

Ubuntu OS အသုံးပြုသူတွေ အနေနဲ့ Ubuntu OS ပေါ်မှာပုံမှန် အသုံးပြုနေကျ Music Player တွေကို အသုံးမပြုချင်တော့တဲ့ အခါမှာဘဲဖြစ်ဖြစ်၊ Music Player မရှိသူတွေ Music Player ကိုထည့်သွင်းအသုံးပြုချင်တဲ့ အခါမှာဘဲ ဖြစ်ဖြစ် Cantata ဆိုတဲ့ Music Player ကို ထည့်သွင်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Cantata Music Player ကို ထည့်သွင်း အသုံးပြုဖို့အ တွက် အောက်ဖော်ပြပါ နည်းလမ်း အတိုင်းပြုလုပ်နိုင်မှာဖြစ်ပါတယ်။ Cantata ကို Ubuntu OS ပေါ်မှာ ထည့်သွင်းဖို့ အတွက်ဆိုရင် Ubuntu OS System ရဲ့ Package တွေကို ပထမဦးဆုံး Update တွေ […]

Read More

လက်အရွယ်အစားသေးငယ်သူများအတွက် iPhone 6s Mini ကို Apple ဖြန့်ချိဖွယ်ရှိဟုဆို

Apple သည် ၂၀၁၅ ခုနှစ်တွင် လက်အရွယ်အစား သေးငယ်သူများ အသုံးပြုနိုင်သော ၄ လက်မ အရွယ်ရှိ iPhone 6s Mini ကိုဖြန့်ချိသွားဖွယ်ရှိကြောင်း ကောလာဟလသတင်းများ ထွက်ပေါ်လာသည်။ Apple ကုမ္ပဏီသည် ၂၀၁၅ ခုနှစ်တွင် iPhone ဗားရှင်းသုံးမျိုးကို ဖြန့်ချိသွားဖွယ်ရှိပြီး ၎င်းတို့မှာ ၄.၇ လက်မ iPhone 6s, ၅.၅ လက်မအရွယ်ရှိ iPhone 6s Plus နှင့် iPhone 6s Mini ဟုအမည်ရ သည့် ၄ လက်မမော်ဒယ်ကို ဖြန့်ချိသွားဖွယ်ရှိကြောင်း Cowen ကုမ္ပဏီ၏ လေ့လာဆန်းစစ်သူ တီမိုသီအာကျူရီက ပြောကြားသွားခဲ့သည်။ Apple အနေဖြင့် iPhone 5s နှင့် specs ဆင်တူသော 6s […]

Read More

တရုတ်ကုမ္ပဏီ Momo ၏ Blupe လူမှုရေးမီဒီယာသစ်ကို အမေရိကန်၌လွှင့်တင်

တရုတ်နိုင်ငံ၏ တတိယအကြီးဆုံးလူမှုရေး မီဒီယာ Momo သည် Blupe အမည်ရှိသည့် လူမှုရေးကွန်ရက်ကို အမေရိကန်နိုင်ငံ၌ လွှင့်တင်ခဲ့ကြောင်း သိရသည်။ Blupe app သည် ဝါသနာနှင့် စိတ်ဝင်စားမှုတူညီသည့် အနီးအနားရှိ လူများကို ရှာဖွေနိုင်သော function များကိုထည့်သွင်းပေးထားသည်။ Blupe သည် Momo ၏ ကုမ္ပဏီခွဲတစ်ခုဖြစ်ပြီး Momo အမေရိကန် အဖွဲ့နှင့် အမှုဆောင် အရာရှိချုပ်ကို ဦးဆောင်မှုပေးသွားမည်ဖြစ်ကြောင်း TechNode မှဖော်ပြခဲ့သည်။ ယခုအခါ Apple App Store တွင် Blupe ကိုအခမဲ့ ရယူနိုင်ကာ မကြာမီအချိန်အတွင်း Android အတွက် ထွက်ရှိလာမည်ဟုဆိုသည်။ ၎င်း app ကိုသုံးစွဲလိုသူများ အနေဖြင့်  Facebook account များဖြင့်စာရင်းပေးသွင်းရမည် ဖြစ်သည်။  ထို့နောက်အဖွဲ့များအတွင်း […]

Read More

စမတ်ဖုန်းမူပိုင်ခွင့်များကို ဒေါ်လာ သန်း ၉၀၀ ဖြင့် Apple, Microsoft နှင့် Sony ရောင်းချ

Apple, Microsoft နှင့် Sony တို့သည် ကုမ္ပဏီများအကြား တရားရင်ဆိုင်နေမှုများ ပြီးဆုံးစေရန် အတွက် ၎င်းတို့၏ စမတ်ဖုန်းမူပိုင်ခွင့် ၄,၀၀၀ ခန့်ကို ဆန်ဖရန်စစ္စကိုမြို့အခြေစိုက် RPX ကော်ပိုရေးရှင်း သို့ရောင်းချခဲ့ကြောင်း သိရသည်။ Apple  ဦးဆောင်သော Rock-star အကျိုးတူအဖွဲ့အစည်းတွင် Microsoft, BlackBerry, Ericsson နှင့် Sony တို့ပါဝင်သည်။ ၎င်းအဖွဲ့အစည်းသည် လွန်ခဲ့သည့်လေးနှစ်ခန့်က ကန်ဒေါ်လာ၎.၅ ဘီလီယံဖြင့် ဝယ်ယူခဲ့သော မူပိုင်ခွင့်များကို RPX ကော်ပိုရေးရှင်းသို့ ရောင်းချပေးခဲ့သည်။ RPX သည် Google နှင့် Cisco Systems အပြင် နည်းပညာကုမ္ပဏီ  ၃၀ ခန့် ပါဝင်သည့် အဖွဲ့ကို မူပိုင်ခွင့်ခွင့်ပြုချက်များ ထုတ်ပေးရန် စီစဉ်ထားကြောင်း ထုတ်ပြန်သွားခဲ့သည်။ အဆိုပါ သဘောတူညီချက်သည် […]

Read More

စီးကရက်မီးညှိပေါက်ပါဝင်သော Power Bank

လူသုံးကုန် လျှပ်စစ်ပစ္စည်းများကို ပိုပြီး အသုံးတည့်အောင် 2 IN 1, 3 IN 1 ထုတ်လုပ်လာကြသည့် အချိန်တွင် စိတ်ဝင်စားစရာ ပစ္စည်းတစ်မျိုး ဈေးကွက်အတွင်းသို့ ထပ်မံဝင်ရောက်လာသည်။ Dong Fang Hong အမျိုးအစား Power Bank Flashlight မော်ဒယ် 902 ဖြစ်သည်။ အဆိုပါ ပစ္စည်းမှာ ဖုန်း၊ ဂိမ်း၊ PSP၊ GPS စသည့် ပစ္စည်းများကို အားပြန်သွင်းပေးနိုင်သည့် Power Bank ဖြစ်သော်လည်း ဓာတ်မီးငယ်တစ်ခုနှင့် မီးတောက် မထွက်ဘဲ ကားစီးကရက်မီးညှိပေါက်ကဲ့သို့ ကွိုင်စနစ်ဖြင့် စီးကရက်မီးညှိပေါက် တစ်ပေါက်ပါဝင်သည်။ 4800 mAh 3.7 ရှိသော Rechargeable battery ကို အသုံးပြုထားပြီး USB ကြိုးဖြင့် […]

Read More