Day: December 25, 2014

အွန်လိုင်းစနစ် အပါအဝင် One Stop ဝန်ဆောင်မှုများဖြင့် သက်တမ်းတိုး လိုင်စင်များကို တစ်ပတ်အတွင်း လေ

အွန်လိုင်းစနစ် အပါအဝင် One Stop ဝန်ဆောင်မှုများဖြင့် သက်တမ်းတိုး လိုင်စင်များကို တစ်ပတ် အတွင်း လျှောက်ထားမှု ပြီးစီးအောင် ဆောင်ရွက်နိုင်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ သိရသည်။ အွန်လိုင်းစနစ် အပါအဝင် One Stop Services များဖြင့် ဝန်ဆောင်မှုများ ပေးအပ်နိုင်ခြင်းဖြင့် သက်တမ်းတိုး လိုင်စင်များကို မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးများတွင် ခွင့်ပြုချက် ရယူနိုင်ကြောင်း၊ တစ်ပတ်အတွင်း လျှောက်ထားမှု ပြီးစီးအောင် ဆောင်ရွက်ပေးနိုင်ကြောင်း ဆိုသည်။ လိုင်စင်အသစ်များကိုလည်း ခရိုင်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးမှ ခွင့်ပြု ဆောင် ရွက်ပေးနိုင်ကြောင်း၊ နှစ်ပတ်အတွင်း ပြီးစီးအောင် ဆောင်ရွက်ပေးနိုင်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနမှ ဌာနမှူး ဦးချိုထွန်းအောင်က ပြောသည်။ လိုင်စင် လျှောက်ထားခြင်းဆိုင်ရာ ကိစ္စရပ်များကို […]

Read More

Freemake Video Converter

Freemake Video Converter ဆော့ဖ်ဝဲသည် Video ဖိုင်များကို Convert ပြုလုပ်နိုင်မည့် ဆော့ဖ်ဝဲတစ်ခုဖြစ်သည်။ အဆိုပါ ဆော့ဖ်ဝဲသည် Video ဖိုင်များကိုသာမက MP3 ဖိုင်များကိုလည်း Convert ပြုလုပ်နိုင် မည် ဖြစ်သလို၊ Subtitle များ Download ပြုလုပ်ပြီး တစ်ခါတည်း ထည့်သွင်းချင်သူများအတွက်လည်း Subtitile ကိုလည်း ထည့်သွင်းထားနိုင်အောင် အထောက်အပံ့ပေးထားသည်။ အဆိုပါ ဆော့ဖ်ဝဲသည် Freeware ဖြစ်ပြီး Youtube ကိုလည်း တိုက်ရိုက် Upload  ပြုလုပ်နိုင်မှာဖြစ်သလို၊ Slideshow ပြုလုပ်လိုသူများအတွက်လည်း အလွယ်တကူနဲ့ ပြုလုပ်နိုင်ရန်အတွက် Slideshow ပြုလုပ်နိုင်မည့် Feature ကို ထည့်သွင်းပေးထားသည်။ အခမဲ့ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။

Read More

Hearts Tournament

Heart Tournament သည် Playing Card ကို စိတ်ပါဝင်စားသည့်သူများအတွက် Social Card Game အမျိုးအစားတစ်ခု ဖြစ်သည်။ Multiplayer ဆော့ကစားနိုင်မည့် ဂိမ်းအမျိုးအစားတစ်ခုဖြစ်ပြီး၊ iPhone, iPad တို့ပေါ်တွင် ဆော့ကစားနိုင်မည့် ဂိမ်းအမျိုးအစားတစ်ခု ဖြစ်သည်။ အဆိုပါဂိမ်းကို အသုံးပြုခွင့်အတွက် ယခင်က iTunes Store တွင် ကန်ဒေါ်လာ ၁.၉၉ ပေးသွင်းရမည်ဖြစ်ပြီး၊ ယခုအခါမှာတော့ အခမဲ့ Download လုပ်ယူနိုင်မည်ဖြစ်သည်။ iOS Version 6.0 နှင့်အထက်တွင် အသုံးပြုနိုင်မည်ဖြစ်သည်။ အခမဲ့ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။

Read More

ရန်ကုန်မြို့၏ Facebook Check In အများဆုံး ပြုလုပ်သော နေရာ ဆယ်ခုတွင် ရွှေတိဂုံဘုရားက ထိပ်ဆုံး၌ ရပ်တည်

မြန်မာနိုင်ငံတွင် Facebook လူမှုကွန်ရက် စာမျက်နှာကို သုံးစွဲသူဦးရေမှာ ၃ သန်းရှိလာခဲ့ပြီးနောက် Facebook ၏ Check In feature ကို အသုံးပြုသူ အရေအတွက်မှာလည်း များပြားလာခဲ့ပြီး အများဆုံး Check In ပြုလုပ်သော နေရာမှာ ရွှေတိဂုံဘုရားဖြစ်ကြောင်း သတင်းရရှိသည်။ Facebook ၏ Check In feature ကို အသုံးပြုသူဦးရေမှာ ၅၀၀,၀၀၀ ဝန်းကျင်ရှိနေပြီး ရွှေတိဂုံဘုရားဧရိယာကို Check In ပြုလုပ်သူ အရေအတွက်မှာ ယခုလ တတိယပတ် သုတေသနအရ ၃၃၀,၀၀၀ ကျော်ရှိကြောင်း ပြည်တွင်းအခြေစိုက် Amara Digital Marketing Agency ၏ ထုတ်ပြန်ချက်အရ သိရသည်။ ရန်ကုန်မြို့၏ Facebook အသုံးပြုသူများ အများဆုံး Check […]

Read More

Samsung 32” LED Smart TV

Samsung အမှတ်တံဆိပ် ၃၂ လက်မအရွယ်အစား LED Smart TV ဖြစ်သည်။ Hyper Real Engine ကို အသုံးပြုထားပြီး လှုပ်ရှားမှုပုံရိပ်တိုင်းကို ကြည်လင်ပြတ်သားစွာဖြင့် ထစ်ငေါ့ခြင်းမရှိဘဲ ကြည့်ရှုနိုင်မည်ဖြစ် သည်။ Clear Motion Rate 100 hz နည်းပညာဖြင့် ဖွဲစည်းထားသည်။ Wireless Lan Built-in ပါရှိပြီး Smart Internet TV ဖြစ်သည့်အတွက် Facebook, Youtube များကို အသုံးပြုနိုင်မည်ဖြစ်သည်။ Wi-Fi Direct ပါရှိသောကြောင့် လက်ကိုင်းဖုန်းမှတစ်ဆင့် ချိတ်ဆက်ပြီးလည်း အသုံးပြုနိုင်မည်ဖြစ်သည်။ Digital Tuner ပါရှိသည့်အတွက် အခမဲ့ရုပ်သံလိုင်းများကို ဖမ်းယူကြည့်ရှုနိုင်မည်ဖြစ်သည်။  တန်ဖိုးမှာ ၃၂၀၀၀၀ ကျပ်ဖြစ်ပြီး Multi Generation Electronice Wholesales […]

Read More

ကြာပွင့်ပုံစံ Bluetooth Speaker

LED မီးလုံးများ ထည့်သွင်းကာ တည်ဆောက်ထားသော ကြာပွင့်ပုံစံ Bluetooth Speaker ဖြစ်သည်။ Bluetooth စနစ် ပါဝင်သော မိုဘိုင်း ထုတ်ကုန်များဖြင့် ချိတ်ဆက်အသုံးပြုနိုင်မည် ဖြစ်သည်။ ထို့အပြင် Micro SD ကတ်ထည့်သွင်းပြီး သီချင်း နားထောင်ခြင်းများကိုလည်းပြုလုပ်နိုင်မည် ဖြစ်သည်။ Built in Mic ပါဝင်သည့်အတွက် ဖုန်းဖြင့် ချိတ်ဆက်ထားပါက ဖုန်းပြောဆိုခြင်းကိုပါ ပြုလုပ်နိုင်မည်ဖြစ်သည်။ Speaker ကို အသုံးပြုနေစဉ်အချိန်တွင် LED မီးလုံးလေးများ လင်းနေမည်ဖြစ်သည်။ အသံအတိုးအကျယ်ခလုတ်အပြင် အခြားသော လိုအပ်သည့်ခလုတ်များကိုလည်း စပီကာအောက်ခြေတွင် ထည့်သွင်းပေးထားသည်။ တန်ဖိုးမှာ ၂၅,၀၀၀ ကျပ်ဖြစ်ပြီး  Ko Beno Mobile, Game Sale & Service ဖုန်း ၀၉-၇၃၂၂၄၉၈၉၊ ၀၁-၂၅၆၄၁၇ ၌ […]

Read More

PlayStation 4 အတွက် ဂိမ်းခွေသစ်များစွာ ဝင်ရောက်

PlayStation 4 အတွက် နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွင်း ထွက်ရှိထားသော ဂိမ်းခွေသစ်မျိုးစုံကို ဝယ်ယူရရှိနိုင်ပြီဖြစ်ကြောင်း PHYO IT PLAZA (MOBILE, CAMERA, GAME) မှ သိရသည်။ ဂိမ်းခွေအားလုံးမှာ အော်ရီဂျင်နယ်အခွေသစ်များဖြစ်ပြီး ချိုသာသော ဈေးနှုန်းဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ Dragon Age Inquisition, Assassins Creed Unity, WWE 2K15, GTAV, Far Cry 4, Shadow Of Modor, Lord Of Fallen, NBA 2K15, Winning Eleven 2015, Diablo, Evil Within, Call of Duty Advanced warfare,Just Dance 2015 […]

Read More

Barcamp Yangon ၏ Fellowship အစီအစဉ်ကို ဒုတိယအကြိမ်အဖြစ် ထည့်သွင်း ဆောင်ရွက်မည်

မြန်မာနိုင်ငံရှိ မိမိတို့မြို့အသီးသီးတွင် ဘားကမ့်ပြုလုပ်လိုသူများ အတွက် Barcamp Yangon ၏ Fellowship အစီအစဉ်ကို ယခုနှစ်တွင် ဒုတိယအကြိမ်အဖြစ် ထည့်သွင်း ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း ဘားကမ့်ရန်ကုန် ဖြစ်မြောက်ရေးကော်မတီမှ သိရသည်။ “Fellowship အစီအစဉ်မှာ ပါဝင်လိုတဲ့သူတွေအနေနဲ့ ဇန်နဝါရီလ ၁ ရက်နေ့ နောက်ပိုင်းမှာ စတင် လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။ ဒီနှစ်အတွက် အယောက်သုံးဆယ် ရွေးချယ်သွားမယ်” ဟု ဘားကမ့်ရန်ကုန် ဖြစ်မြောက်ရေးကော်မတီမှ ဦးမင်းဦးက ပြောသည်။ Fellowship အစီအစဉ်တွင် ပါဝင်သူများအနေဖြင့် ရန်ကုန်ဘားကမ့် အစီအစဉ်များတွင် ပူးပေါင်းပါဝင် လုပ်ကိုင်ခွင့်အပြင် နေစရိတ်၊ စားစရိတ်၊ လမ်းစရိတ် အစရှိသည်တို့ကို ဘားကမ့်ရန်ကုန် မှ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ အဆိုပါအစီအစဉ် အသေးစိတ်ကို ဘားကမ့်ရန်ကုန်၏ ဝက်ဘ်ဆိုက်နှင့် ဖေ့စ်ဘုတ်စာမျက်နှာများတွင် အသေးစိတ် […]

Read More

Apple Device များတွင် ဓာတ်ပုံများအတွက် FrameMagic ဆော့ဖ်ဝဲအား အသုံးပြုခြင်း

Apple Device အသုံးပြုသူ တွေအတွက် ကိုယ့်ရဲ့ Device ထဲမှာ ဓာတ်ပုံတွေကို ပုံစံမျိုးစုံရှိတဲ့ ဖရိန်တွေထဲမှာ ထည့်သွင်းနိုင်မယ့် ဆော့ဖ်ဝဲဖြစ်ပါတယ်။ ဆော့ဖ်ဝဲရဲ့ အမည်ကတော့ FrameMagic ပါ။ ဒီဆော့ဖ်ဝဲကိုတော့ Apple Store ပေါ်မှာ အခမဲ့ရယူအသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့ ဆော့ဖ်ဝဲထဲကနေ နောက်ထပ် ထပ်မံအသုံးပြုလိုတဲ့ အရာတွေကိုတော့ ဝယ်ယူအသုံးပြု ရမှာဖြစ်ပါတယ်။ ဆော့ဖ်ဝဲရဲ့ Icon ကတော့ ခုလိုပုံစံမျိုး ရှိပါတယ်။ ဆော့ဖ်ဝဲကို ဖွင့်လိုက်ပါ။ Photo Collage နဲ့ Video Collage ဆိုတာကို မြင်တွေ့ရ ပါလိမ့်မယ်။ ဓာတ်ပုံတွေအပြင် ဗီဒီယိုဖိုင်တွေကိုပါ ကိုယ့်စိတ်ကြိုက် ဖရိန်မြင်ကွင်းတွေနဲ့ ထည့်သွင်းအသုံးပြု နိုင်ပါတယ်။ ဓာတ်ပုံအတွက် အရင်ဆုံးစမ်းသပ် ကြည့်ကြပါတယ်။ Photo Collage […]

Read More

၂၀၁၅ ခုနှစ် အစောပိုင်းတွင် Android 5.1 update များ ဖြန့်ချိဖွယ် ရှိဟုဆို

Google သည် အားနည်းချက်များ ပြင်ဆင်ခြင်းနှင့် feature အသစ်တစ်ခု ထည့်သွင်းထားသည့်  Lollipop update ကို ၂၀၁၅ ခုနှစ် အစောပိုင်းလများတွင် ဖြန့်ချိသွားမည် ဖြစ်ကြောင်း AndroidPit မှဖော်ပြခဲ့သည်။ Google အနေဖြင့် OS အသစ် မရရှိသေးသည့် စမတ်ဖုန်းများနှင့် tablet များထံသို့  Android 5.0 Lollipop ၏ပထမဆုံး update ကိုဖြန့်ချိ ပေးသွားမည်ဖြစ်သည်။ ၎င်း update တွင် အားနည်းချက်များနှင့် ပြောင်းလဲမှု အနည်းငယ် ပြုလုပ်ထားပြီး သတိပေးချက်၊ ချိတ်ဆက်မှုများနှင့် တည်ငြိမ်မှု ရှိစေရန်အဆင့် မြှင့်တင်မှုများ ပြုလုပ်ထားသည်။ ထို့အပြင် ၎င်းဗားရှင်းသစ်တွင် Android 5.0 တွင်မပါဝင်သည့် silent mode ပြန်လည်ပါဝင် လာမည်ဖြစ်သည်။ Google […]

Read More