Day: December 18, 2014

အဝေးပြေးခရီးစဉ်များ အွန်လိုင်းမှ ကြည့်ရှုဆက်သွယ်နိုင်

အဝေးပြေးခရီးစဉ်များ၏ သတင်းအချက်အလက်များနှင့် ပတ်သက်၍ အွန်လိုင်းမှ ကြည့်ရှုနိုင်ရန် ဆောင်ရွက်ထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ eGovernment လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ပြည်သူ့ ဆက်ဆံရေးနှင့် ပြန်ကြားရေးဌာန၊ ဌာနမှူး ဦးချိုထွန်းအောင်၏ ပြောကြားချက်အရ သိရသည်။ www.ycdc.gov.mm မှတစ်ဆင့် ကြည့်ရှုနိုင်ရန် ဆောင်ရွက်ထားကြောင်း၊ အဆိုပါ ဝက်ဘ်ဆိုက်သို့ ဝင် ရောက်ပြီး ပင်မစာမျက်နှာ၏ အောက်ခြေတွင် အဝေးပြေးခရီးစဉ်များ နေရာမှတစ်ဆင့် ကြည့်ရှုနိုင် မည် ဖြစ်ကြောင်း သိရသည်။ အောင်မင်္ဂလာ အဝေးပြေးယာဉ်ရပ်နားစခန်း၊ ဒဂုံဧရာ အဝေးပြေးယာဉ်ရပ်နားစခန်း တို့တွင် အသီးသီးပြေးဆွဲလျက်ရှိသော ခရီးစဉ်များနှင့် ပတ်သက်၍ ကြည့်ရှုနိုင်မည်ဖြစ်သည်။ ပြည်နယ်နှင့် တိုင်းဒေသကြီး တစ်ခုချင်းစီတွင် ပြေးဆွဲလျက်ရှိသော ခရီးစဉ်များအား အဆိုပါဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်ကို တွေ့ရသည်။    

Read More

ပြည်တွင်းဆက်သွယ်ရေးဆိုင်ရာ အတွက် ADB မှ Yoma Strategic Holdings ထံသို့ ချေးငွေ ဒေါ်လာသန်း ၁၀၀ ပေးမည်

ပြည်တွင်းဆက်သွယ်ရေး ဆိုင်ရာ ကဏ္ဍများ ဆောင်ရွက်နိုင်ရန်အတွက် ADB (Asian Development Bank) မှ Yoma Strategic Holdings ထံသို့ ချေးငွေ ဒေါ်လာသန်း ၁၀၀ ပေးမည်ဖြစ်ကြောင်း သတင်း ထုတ်ပြန်သည်။ ဆက်သွယ်ချိတ်ဆက်မှုနှင့် ဆက်စပ်သော အခြေခံအဆောက်အအုံကဏ္ဍအတွက် လိုအပ်လျက်ရှိသော စီးပွားရေးဆိုင်ရာ ရေရှည်ချေးငွေ လိုအပ်ချက်ကို ADB ၏ ချေးငွေက ဖြည့်ဆည်းပေးနိုင်မည် ဟုဆိုသည်။ ချေးငွေ ကို Yoma အား ADB မှ လုပ်ငန်းခွဲများ တစ်ခုချင်းလုပ်ကိုင်ရန် အသုတ် ၂ သုတ်ခွဲပြီး ချေးပေးသွားမည် ဖြစ်ကြောင်း၊ ပထမအသုတ် ချေးငွေကို မိုဘိုင်းဆက်သွယ်ရေး တာဝါတိုင်များ ဆောက်လုပ်ရန်၊ အအေးခန်း သိုလှောင်မှုနှင့် ဆက်စပ်သော ကုန်စည်ထောက်ပံ့ ပို့ဆောင်ရေးလုပ်ငန်း အကောင်ထည်ဖော်ရန်၊ […]

Read More

၂၀၁၄-၂၀၁၅ ပညာသင်နှစ် အတွက် The AMCHAM Myanmar Chapter Scholarship Program ကို မြန်မာနိုင်ငံမှ ဘွဲ့ကြို ကျောင်းသား၊ ကျောင်á€

မြန်မာနိုင်ငံမှ လူငယ်များ အနာဂတ်နှင့် နိုင်ငံအတွက် ပညာရေး၏ အရေးပါမှုကို တိုးတက်မြင့်မား လာစေရန် The American Chamber of Commerce သည် ပညာရေး၏ အရေးပါမှုကို ဂရုပြု လျက် မြန်မာနိုင်ငံမှ ဘွဲ့ကြို ကျောင်းသား၊ ကျောင်းသူ များအား ပညာသင်နှစ်များ အတွက် ငွေကြေးထောက်ပံ့ ပေးနိုင်ရန် The AMCHAM Myanmar Chapter Scholarship Program ကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာကျောင်းသား၊ ကျောင်းသူများသည် မြန်မာ့ အသိုင်းအဝိုင်းအား အကျိုးပြုပေး နိုင်မည့် စွမ်းရည်ပြည့်ဝသော အ လုပ်အင်အားစု ဖြစ်လာစေရန် ရည်ရွယ်ခြင်းဖြစ်ပြီး နှစ်စဉ် ကျောင်းသား၊ ကျောင်းသူ ၃၀ ဦး အား ရွေးချယ်ချီးမြှင့်သွားမည် ဖြစ်ကြောင်း […]

Read More

Cyberextortion

Cyberextortion ဆိုသည်မှာ ကုမ္ပဏီတစ်ခုကို တိုက်ခိုက်ရန် ခြိမ်းခြောက်ခြင်းနှင့် တိုက်ခိုက်ခြင်း၊ တိုက်ခိုက်မှုကို ရှောင်လွှဲရန် သို့မဟုတ် ရပ်တန့်ရန် ငွေကြေးတောင်းဆိုခြင်းတို့ ပါဝင်သည့် ဒုစရိုက်မှုတစ်ခု ဖြစ်သည်။ Cyberextortion သည် ပုံစံအမျိုးမျိုးဖြင့် ဖြစ်ပေါ်နိုင်သည်။ Denail of service (DoS) တိုက်ခိုက်မှုများသည် ဖြစ်ပေါ်မှုအများဆုံး နည်းလမ်းဖြစ်ခဲ့သည်။ လတ်တလောနှစ်များတွင် ဆိုက်ဘာဒုစရိုက်သမားများသည် ransomware ကို ဖန်တီးကာ တိုက်ခိုက်ခံရသူ၏ အချက်အလက်များကို encrypt ပြုလုပ်ပြီး decyption key အတွက် ငွေကြေးများကို တောင်းဆိုကြသည်။ စီးပွားရေးလုပ်ငန်းများသည် ၎င်းတို့၏ လုပ်ငန်းတိုးတက်ရန်အတွက် အင်တာနက်ကို မှီခိုကြခြင်းက ဆိုက်ဘာဒုစရိုက်သမားများ အတွက် အခွင့်အရေးများ ဖြစ်လာခဲ့သည်။ အဆိုပါ ဆိုက်ဘာဒုစရိုက်သမားများသည် အမည်မဖော်ပြသော account များနှင့် email လိပ်စာအတုများကို […]

Read More

Limited Edition Pikachu 3DS XL ဂိမ်းစက်ဝင်ရောက်

Nintendo ၏ 3DS XL ဂိမ်းစက်များထဲတွင် လူကြိုက်အများဆုံး Limited Edition စက်ဒီဇိုင်းဖြစ်သော Limited Edition Pikachu 3DS XL ဝင်ရောက်လာကြောင်း သိရသည်။ NTSC-U Region အမျိုးအစားဖြစ်သည့်အတွက် English Version ဂိမ်းခွေများကိုလည်း ကစားနိုင်မည်ဖြစ်ပြီး ပုံမှန် 3DS ဂိမ်းစက်များထက် စကရင်အရွယ်အစား ၉၀ ရာခိုင်နှုန်းပိုကြီးကြောင်း သိရသည်။ Pikachu 3DS XL ဂိမ်းစက်တွင် စက်အရှေ့ပိုင်းနှင့် အနောက်ပိုင်းတွင် Pikachu အရုပ် ပါဝင်သည်။ Poke’mon Alpha Sapphire နှင့် Poke’mon Omega Ruby ဂိမ်းစက် Crystal Cover နှင့် Poke’mon ဂိမ်းခွေများလည်း ဆက်လက်ဝင်ရောက်လာကြောင်း သိရသည်။ Pikachu […]

Read More

အမြန်စနစ်ဖြင့် အားသွင်းပေးနိုင်သည့် Power Bank

ဖုန်း၊ MP3, MP4, PSP, PDP နှင့် GPS စသည့် လျှပ်စစ်အားသုံးပစ္စည်းများ အသုံးပြုရင်း မီးမရှိသော နေရာမျိုးတွင် ဓာတ်ခဲကုန်သောအခါမျိုး၌ ပုံမှန်စနစ်ဖြင့်သာမက အမြန်စနစ်ဖြင့်ပါ ပြန်လည် အားသွင်းနိုင်မည့် micro power အမှတ်တံဆိပ် Power Bank တစ်မျိုး ဝင်ရောက်လာသည်။ DC 5 V Output ကို 1 Ampere နှင့် 2 Ampere နှစ်မျိုး USB ပေါက်ဖြင့် အထွက်ပေးထားသည်။ ပုံမှန် 1 Amp ဖြစ်ပြီး အမြန်အတွက် 2 Amp ဖြင့် အားသွင်းနိုင်မည်ဖြစ်သည်။ 30000mAh ရှိပြီး အထဲမှဓာတ်ခဲအားကို Power Indicator ဖြင့် ပြသပေးနိုင်ပြီး DC […]

Read More

Coolpad 7251 ဟန်းဆက် ဝယ်ယူပါက ဖုန်းဘီလ်ကို တစ်လလျှင် ခြောက်ထောင်ဖြင့် ၁၀ လ ဖြည့်ပေးမည်

နေပြည်တော် သပြေကုန်းတွင် ဖွင့်လှစ်ထားသည့် GOLDEN ARROW Mobile ဆိုင်သို့ CoolPad ၏ မော်ဒယ်သစ် 7251 ဟန်းဆက် ဝင်ရောက်လာပြီး အဆိုပါ ဟန်းဆက် ဝယ်ယူသူများကို Ooredoo ဆင်မ်းကတ် ထည့်သွင်းပေးမည် ဖြစ်သလို ဖုန်းဘီလ်ကို  တစ်လလျှင် ခြောက်ထောင်နှုန်းဖြင့် ၁၀ လစာ ဖြည့်ပေးမည့် အစီအစဉ်ကိုလည်း ပြုလုပ်ထားကြောင်း သိရသည်။ အဆိုပါ ဟန်းဆက်ကို 2G, 3G ကွန်ရက်များတွင် အသုံးပြုနိုင်ပြီးDual SIM & Dual Standby ဖြစ်သည်။ တန်ဖိုးသင့်စမတ်ဖုန်း အမျိုးအစား တစ်ခုဖြစ်သည်။ Dual-Core 1.2GHz  CPU  နှင့် Adreno 302 GPU ထည့်သွင်း အသုံးပြု ထားသည်။ G-sensor ထောက်ပံ့ပါဝင်သည်။ […]

Read More

HUAWEI Ascend Mate 7 ဟန်းဆက်ဝယ်ယူပါက ဖုန်းဘီလ်တစ်သိန်းဖိုးနှင့် ဆင်းမ်ကတ် လက်ဆောင်ပေးမည့် အစီအစဉ် ပြုလá

နေပြည်တော်ကောင်စီ နယ်မြေတွင် ဖွင့်လှစ်ထားသော GREEN TELECOM Mobile မှ တရားဝင် အလုံးများဖြစ်သည့် Huawei Ascend Mate 7 ဟန်းဆက် တစ်လုံးဝယ်ယူပါက Ooredoo ဖုန်းဘီလ် ကျပ် တစ်သိန်းဖိုးအား လက်ဆောင်အဖြစ် ဖြည့်သွင်းထားသော Ooredoo SIM Card လက်ဆောင်ပေးအပ်မည့် အစီအစဉ် စတင်လိုက်ကြောင်း သိရသည်။  အဆိုပါအစီအစဉ်၌ ဖြည့်သွင်းပေးမည့် ဖုန်းဘီလ် ကျပ်တစ်သိန်းဖိုးမှာ  ဟန်းဆက် ဝယ်ယူစဉ်ကတည်းက  eLoad ဖြင့် ဖြည့်ပေးမည် ဖြစ်ကြောင်းနှင့် အလုံးရေ (၁၀၀) ကန့်သတ်ထား ကြောင်း ၎င်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ Huawei Ascend Mate 7 မှာ 2G, 3G, 4G TD-LTE ကွန်ရက်များတွင် […]

Read More