Day: December 17, 2014

Viber ဝန်ဆောင်မှုမှ ဂိမ်းများကို ပြည်တွင်း၌ မကြာမီ ကစားနိုင်တော့မည်

ရုပ်သံခေါ်ဆိုခြင်း၊ စာတိုပို့ခြင်း၊ အခမဲ့ဖုန်းခေါ်ခြင်း စသည့် ဝန်ဆောင်မှုများ ပေးလျက်ရှိသော Viber သည် Social Game Plat-form အစီအစဉ်တစ်ရပ်ကို စတင်မိတ်ဆက်လိုက်ပြီး အဆိုပါ အစီအစဉ်အရ Viber ၏ စတစ်ကာ ဇာတ်ကောင်များပါဝင်သော Viber မှဂိမ်းများကို Viber တွင် ကစားနိုင်မည်ဖြစ်ကြောင်း၊ ပြည်တွင်း၌ ၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်းတွင် ၎င်းဂိမ်းများကို ရယူကစားနိုင်မည်ဖြစ်ကြောင်း Viber Myanmar မှ သိရသည်။ “လက်ရှိကတော့ နိုင်ငံ ၅ နိုင်ငံမှာ ကစားနိုင်ပါပြီ။ ပြည်တွင်းမှာတော့ နောက်နှစ် ဇန်န၀ါရီလောက်တော့ စတင် အသုံးပြုနိုင်မှာပါ။ ဂိမ်းတွေကတော့ Viber ရဲ့ စတစ်ကာ ဇာတ်ကောင်တွေကို အသုံးပြုပြီး ဖန်တီးထား တဲ့ အွန်လိုင်းဂိမ်းတွေ ဖြစ်ပါတယ်။ မြန်မာပြည်အတွက်လည်း […]

Read More

YCDC ကအွန်လိုင်း ဝန်ဆောင်မှုပေါင်း ၃၀ ဝန်းကျင်ကို ဆောင်ရွက် ပေးလျက်ရှိ ဟုဆို

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အနေဖြင့် အွန်လိုင်း ဝန်ဆောင်မှုပေါင်း ၃၀ ဝန်းကျင်ကို ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရသည်။ အွန်လိုင်းဝန်ဆောင်မှု အဖြစ် မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန၏ Online Land Form Submission System မြေပုံကူးခြင်းအစရှိသော ဝန်ဆောင်မှုသုံးမျိုး၊ စီမံရေးရာဌာန၏ Online Business License System လုပ်ငန်း လိုင်စင်အစ ရှိသော ဝန်ဆောင်မှု (၁၂) မျိုး၊ အင်ဂျင်နီယာဌာန (အဆောက်အဦ) မှ Online Building Form Submission System အဆောက်အဦပြီးစီးကြောင်း သက်သေခံလက်မှတ် (BBC) လျှောက်ထားခြင်း အစရှိသော ဝန်ဆောင်မှု (၁၄) မျိုးတို့ကို ဆောင်ရွက်ပေးလျက် ရှိကြောင်း ဒီဇင်ဘာလ (၁၆) ရက်နေ့က ကျင်းပသည့် […]

Read More

Mac OS ပေါ်တွင် Windows Application ကို အသုံးပြုခြင်း

ဒီနည်းလမ်းကတော့ Mac OS အသုံးပြုသူတွေ အနေနဲ့ Windows Operating System က Third Party Software တွေကို ထည့်သွင်း အသုံးပြုချင်လိုသူများ ပြုလုပ်နိုင်မယ့် နည်းလမ်းဖြစ်ပါတယ်။ Mac OS မှာ Windows  Application တွေကို အသုံးပြုချင်မယ် ဆိုရင်တော့ Wineskin ဆိုတဲ့ Application ကို Mac ပေါ်မှာ ထည့်သွင်းပေးရမှာ ဖြစ်ပါတယ်။ Wineskin Application ကို ရယူဖို့အတွက် http://goo.gl/cEUeSL ဆိုတဲ့ ၀က်ဘ်ဆိုက် လိပ်စာကနေ သွားရောက်ရယူနိုင်မှာဖြစ်ပါတယ်။ Download လုပ်ယူပြီးသွားပြီဆိုရင် Download ပြုလုပ်ထားတဲ့ ဖိုင်ကို Extract ပြုလုပ်လိုက်ပါ။  Extract ပြုလုပ်ထားတဲ့ Folder ထဲက Wineskin App […]

Read More

Ubuntu OS တွင် Laptop Mode ကို အသုံးပြုခြင်း

Ubuntu OS ကို Laptop တွင် ထည့်သွင်း အသုံးပြုသူများ အနေဖြင့် မိမိအသုံးပြုတဲ့ Laptop မှာ Battery နဲ့ ပတ်သက်တဲ့ ပြဿနာတွေပေါ်ပေါက်လာပါက Laptop Mode ကိုဖွင့်ပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Ubuntu OS Laptop Mode ကို အသုံးပြုဖို့အတွက် Laptop Mode Tool ကို အရင်ဆုံး Install ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Laptop Mode Tool ကို Install ပြုလုပ်ဖို့အတွက် Ubuntu OS System ရဲ့ Package တွေကို ပထမဦးဆုံး Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update […]

Read More

Acer မှ Sweet December Promotion ပြုလုပ်မည်

Acer  မှ Sweet December Promotion အနေ ဖြင့် Acer Smart Phone Liquid Z4 ဝယ်ယူသူတိုင်းကို ပုံမှန်ရောင်းဈေး ၉၉,၀၀၀ ကျပ်မှာ ၉၁,၀၀၀ ကျပ်ဖြင့် ရောင်းချပေးမည်ဖြစ်သလို Free Gift အနေဖြင့် ဆင်းမ်ကတ်ပါဝင်မည် ဖြစ်သည်။ ရွှေလမင်းနဂါးကုမ္ပဏီမှ တရားဝင်တင်သွင်း ရောင်းချပေးပြီး အမြို့မြို့အနယ်နယ်ရှိ ဖုန်းဆိုင်ကြီးများတွင် ၀ယ်ယူရရှိနိုင်သလို ဖုန်း-၂၃၀၁၇၉၇၊ ၂၃၀၁၇၉၈ ၌လည်း ဆက်သွယ် ဝယ်ယူနိုင်မည် ဖြစ်သည်။

Read More

Kingone Bluetooth speaker

Kingone အမှတ်တံဆိပ် Bluetooth speaker ဖြစ်သည်။ speaker တွင်ပါဝင်သည့် Function key များမှာ touch စနစ်နှင့် ဖြစ်သည်။ ဒီဇိုင်းပိုင်းကို ထောင့်မှန် စတုဂံပုံစံဘူး တစ်ခုလို ဖန်တီးပေးထားသည်။ SD Card slot လည်း ပါရှိသည်။ မိုဘိုင်းဖုန်းဖြင့် ချိတ်ဆက်အသုံးပြုနေစဉ် ဖုန်းဝင်လာသည့်အခါတွင်လည်း အဆိုပါ စပီကာမှ ဖုန်းလက်ခံ ပြောဆိုနိုင်မည် ဖြစ်သည်။ တန်ဖိုးမှာ ၃၇,၀၀၀ ကျပ်ဖြစ်ပြီး ICE ဖုန်း ၂၁၅၃၅၃  ၌ ဆက်သွယ်ဝယ်ယူနိုင်မည် ဖြစ်သည်။

Read More

ဗြိတိသျှကောင်စီ၏ EfECT အစီအစဉ်မှ စေတနာ့ ဝန်ထမ်းများကို ဂုဏ်ပြု မှတ်တမ်းလွှာပေးအပ်

ဒီဇင်ဘာလ ၅ ရက်တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ စေတနာ့ ဝန်ထမ်းများနေ့ကို ဂုဏ်ပြု ကျင်းပသော ဗြိတိသျှကောင်စီ၏ ပညာရေးကောလိပ် ဆရာ၊ ဆရာမများအတွက် အင်္ဂလိပ်ဘာသာ စကား သင်ကြားရေး အစီအစဉ် (The English for Education College Trainers – EfECT) ပရောဂျက်အရ ရန်ကုန်ပညာရေး တက္ကသိုလ်တွင် အခြေစိုက် တာဝန်ထမ်းဆောင်လျက် ရှိသော  စေတနာ့ ဝန်ထမ်း လေ့ကျင့်ရေးမှူး (teacher trainer) များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲကို ဒီဇင်ဘာလ ၅ ရက် မွန်းလွဲ ၁ နာရီက အဆိုပါ တက္ကသိုလ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါပွဲကို ရန်ကုန်ပညာရေး တက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာအောင်မင်း၊ ဒု- ပါမောက္ခချုပ်နှင့် […]

Read More

ရန်ကုန်တက္ကသိုလ်တွင် အလှကုန်လုပ်ငန်း အတတ်ပညာ သင်တန်း ဖွင့်လှစ်မည်

ရန်ကုန်တက္ကသိုလ်တွင် ၂၀၁၄ -၂၀၁၅ ပညာသင်နှစ်အတွက် အလှကုန်လုပ်ငန်း အတတ်ပညာ Certificate in Cosmetic Technology သင်တန်းကို ဒီဇင်ဘာလ ၂၉ ရက်တွင် စတင်ဖွင့်လှစ်မည် ဖြစ် ကြောင်း သိရှိရသည်။ သင်တန်းကာလမှာ ၃ လ ကြာမြင့်မည်ဖြစ်ပြီး သင်တန်းလျှောက်လွှာများကို ဒီဇင်ဘာလ ၁ ရက် မှ ၂၄ ရက်အထိ ရန်ကုန်တက္ကသိုလ်တွင် ထုတ်ယူနိုင်မည် ဖြစ်သည်။ အဆိုပါ သင်တန်းတွင် တက္ကသိုလ် အောင်မြင်ပြီးသူများ လျှောက်ထားနိုင်မည့်အပြင် အစိုးရဌာနများနှင့် အခြားဌာနများ တွင် အလုပ်လုပ်ကိုင်နေသူ ဖြစ်ပါက ဌာနဆိုင်ရာ အကြီးအကဲများ၏ တက်ရောက် ခွင့် ပြုကြောင်း ထောက်ခံချက်ပါရမည် ဖြစ်ကြောင်း သိရသည်။ အသေးစိတ် သိရှိလိုပါက ကုန်ထုတ်ဓာတုဗေဒဌာန၊ ရန်ကုန်တက္ကသိုလ်တွင် စုံစမ်းမေးမြန်းနိုင်သည်။

Read More

SONY PS1 နာမည်ကျော် ဂိမ်းခွေများကို PS2 ပေါ်တွင် USB, HDD စနစ်ဖြင့် ကစားနိုင်ပြီ

SONY PS1 နာမည်ကျော် ဂိမ်းခွေများကို PS2 ပေါ်တွင် USB, HDD စနစ်ဖြင့် ကစားနိုင်ပြီဖြစ်ကြောင်း ကိုမြတ်သူ SONY GAME sale & service မှ သိရသည်။ “Video Game နည်းပညာတွေ တိုးတက်မြင့်မားလာသော်လည်း ယနေ့အချိန်ထိ မြန်မာနိုင်ငံမှာ ပရိသတ်အများအပြား ရရှိထားတဲ့ SONY PS2 ဂိမ်းဆိုင်များအတွက် ယခုအခါမှာ ဂိမ်းဝါသနာရှင်တွေကို ထပ်မံ ဆွဲဆောင်နိုင်မယ့် နည်းလမ်းတစ်ခု ထပ်မံထွက်ရှိလာပြီ ဖြစ်ပါတယ်။ ပြည်တွင်းမှာ ရေနံကွန်မန်း၊ ရွှေကွန်မန်း၊ ဂျုံကွန်မန်းဟု လူသိများခဲ့သော Command & Conquer ဂိမ်းစီးရီးများ အပါအ၀င် အခြားစိုက်ပျိုးရေး Harvest Moon၊ Lion King၊ Aladdin စတဲ့ နာမည်ကျော် PS1 […]

Read More

Yashica Digital video camera

Yashica အမှတ်တံဆိပ် ADV-1580HD မော်ဒယ် digital video camera ဖြစ်သည်။ 5.0 MP နှင့်ဖြစ်ပြီး ၂.၅ လက်မအရွယ် TFT LCD စကရင် ပါဝင်သည်။ 5x Optical Zoom နှင့် 4x Digital Zoom အသုံးပြုနိုင်မည် ဖြစ်သည်။ HDMI port နှင့် AV Out port များ ပါဝင်သည်။ ဗီဒီယိုကို AVI Format ဖြင့် ရိုက်ကူး သိမ်းဆည်းပေးမည်ဖြစ်ပြီး ဓာတ်ပုံကို JPEG Format ဖြင့် သိမ်းဆည်းပေးမည် ဖြစ်သည်။ Built in Recharg Battery ပါဝင်သည်။ Ko Beno Mobile, Game […]

Read More