Day: December 16, 2014

KMD မှ Christmas Amazing Sales အစီအစဉ် ပြုလုပ်မည်

KMD Christmas Amazing Sales ကို ဒီဇင်ဘာလ ၂၀ ရက် မှ ၃၁ ရက် အတွင်း ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါအစီအစဉ်တွင် ကွန်ပျူတာနှင့်မိုဘိုင်းပစ္စည်းများကို ၇၀ ရာခိုင်နှုန်းထိလည်းကောင်း၊ Notebook ၊ Tablet နှင့် Smartphone များကို ၅၀ ရာခိုင်နှုန်းအထိ လည်းကောင်း လျှော့ချ ရောင်းချပေးသွားမည် ဖြစ်သည်။ ခရစ္စမတ်အရောင်း ကာလအတွင်း KMD အရောင်းစင်တာကြီးများတွင် မည်သည့်ပစ္စည်းကိုမဆို ဝယ်ယူအားပေးသူများကို ၂၀ ရာခိုင်နှုန်း သင်တန်းကြေး ကင်းလွတ်ခွင့် ကူပွန်များကိုပါ မေတ္တာ လက်ဆောင်ပေး သွားမည့် အစီအစဉ် နှင့် ကျပ် ၁ သိန်း၊ ၃ သိန်း ၊ ၅ […]

Read More

External Hard Drive

လှပပြီး အကြမ်းခံနိုင်သော ADATA  အမှတ်တံဆိပ် HC500 မော်ဒယ်ဖြင့်External HDD မော်ဒယ်သစ်များ ဝင်ရောက်လာသည်။ HC500 HDD တွင် TV Recording Function ကို Support လုပ်သည့်အတွက် TV မှလာသော အစီအစဉ်များကို Recording ပြုလုပ်ထားနိုင်မည် ဖြစ်သည်။ USB 3.0 HDD ဖြစ်သည့်အတွက် Data သွားနှုန်း မြန်ဆန်မည် ဖြစ်သည်။ G Shock Sensor ပါဝင်သည့်အတွက် HDD ရုတ်တရက် ပြင်း ထန်စွာ ထိခိုက်မိ၍ Data များ ပျက်သွားနိုင်သော အနေအထားကို LED မီးနီဖြင့် အချက်ပြကာ ကာကွယ်ပေးနိုင်မည် ဖြစ်သည်။ တန်ဖိုးမှာ 500GB  – USD 69.00 […]

Read More

Asus X453MA-WX026D Notebook

Asus X453MA-WX026D Notebook တွင် Intel Celeron N2830U Processor 2.16GHZ နှင့် Memory 2GB ထည့်သွင်းအသုံးပြုထားသည်။ အချက်အလက် သိမ်းဆည်းရန်အတွက် 500GB HDD ပါရှိသည်။ Asus ၏ ထူးခြားဆန်းသစ်သော Feature ဖြစ်သည့် ICE Cool Technology ပါဝင်ပြီး အဆိုပါနည်းပညာမှ အပူချိန်များကို မလွန်ကဲအောင် ကာကွယ်ပေးမည် ဖြစ်သည်။ Power 4 Gear နည်းပညာ ပါဝင်သည့်အတွက်လည်း ဘက်ထရီသက်တမ်းကို ပုံမှန်ထက်အချိန်ပိုမို ကြာမြင့်စွာ အသုံးပြုနိုင်မည် ဖြစ်သည်။ Wifi စနစ်နှင့်  အသံပိုင်းအတွက် Sonic Master Speaker များ ပါဝင်သည်။ အာမခံ သက်တမ်း ၂ နှစ် (၂နှစ်ပစ္စည်းနှင့် […]

Read More

Info Myanmar College မှ စတင်သင်ကြားမည့် HND Diploma သင်တန်းနှင့် ပတ်သက်၍ မန်နေဂျင်း ဒါရိုက်တာ ဒေါ်နုနုသန့်နှင့် á€

ပထမဦးဆုံး HND အကြောင်း ရှင်းပြပေးပါဦး။ HND ဆိုတာ အင်္ဂလန်မှာ ပညာရေးသြဇာကြီးမားတဲ့ Pearson (Edexcel) အဖွဲ့ကြီးက ပေးအပ်တဲ့ Higher National Diploma ဖြစ်ပါတယ်။ Pearson (Edexcel) မှာ Edexcel Academic, Vocational Qualification စသည်ဖြင့် အများကြီးရှိပြီးတော့ Engineering, IT, Business, Media, Tourism စသည်ဖြင့် ဘာသာရပ်တွေ အများကြီးရှိပါတယ်။ HND မှာ Level 1 Entary Level ကစပြီးတော့ Level 8 PhD Level အထိရှိပါတယ်။ အခု Info Myanmar College မှ စတင် သင်ကြားမယ့် HND Diploma က […]

Read More

နော်ဝေတက္ကသိုလ်တစ်ခုနှင့် ရန်ကုန်စီးပွားရေး တက္ကသိုလ်တို့ ပူးပေါင်း၍ စီမံခန့်ခွဲမှုပညာ (မဟာတ

နော်ဝေနိုင်ငံရှိ Norwegian University of Science and Technology နှင့် ရန်ကုန် စီးပွားရေး တက္ကသိုလ်တို့ ပူးပေါင်း၍ စီမံခန့်ခွဲမှုပညာ (မဟာတန်း) Master of Management Programmer ကို ၂၀၁၅ခုနှစ် မတ်လတွင် ဖွင့်လှစ် မည်ဖြစ်ကြောင်း သိရှိရသည်။ မြန်မာနိုင်ငံ ပညာရေးပြုပြင် ပြောင်းလဲမှုတွင် နော်ဝေနိုင်ငံရှိ  အဆင့်မြင့်ပညာကဏ္ဍမှ အဖွဲ့အစည်းများက လာရောက် ပူးပေါင်း ဆောင်ရွက်နိုင်သည့် အတွက် မြန်မာနိုင်ငံရှိ ပုဂ္ဂလိကနှင့် စီးပွားရေး လုပ်ငန်း ကဏ္ဍများ အတွက် လူ့စွမ်းအားအရင်း အမြစ် ဖွံ့ဖြိုးရေး လုပ်ငန်းများကို များစွာအထောက် အကူပြုနိုင်မည်ဟု ယုံကြည်ကြ ကြောင်း၊ ရန်ကုန်စီးပွားရေးတက္ကသိုလ် အနေဖြင့်လည်း နော်ဝေတက္ကသိုလ်နှင့် ယခုကဲ့သို့ ပူးပေါင်း ဆောင်ရွက်နိုင်မှုကို ဂုဏ်ယူကြောင်း […]

Read More

၂၀၁၅ ခုနှစ်တွင် ခရက်ဒစ်ကတ် ထုတ်လုပ်ခွင့် ပြန်လည်ရရှိ ရန် ပြည်တွင်းဘဏ် လုပ်ငန်းရှင်များ မှေá

ပြည်တွင်းဘဏ်လုပ်ငန်း စီးဆင်းလည်ပတ်မှုတွင် ဆယ်စုနှစ် တစ်စုကျော်ကြာ ရပ်တန့်ခဲ့သည့် ခရက်ဒစ်ကတ် (Credit Card) များကို ပြန်လည် ထုတ်လုပ်နိုင်ရန် အတွက် ပုဂ္ဂလိကဘဏ်များသည် ဗဟိုဘဏ်၏ ခွင့်ပြုချက်ကို စောင့်ဆိုင်း နေကြသော်လည်း ယခုအချိန် အထိခွင့်ပြုချက် မကျသေးကြောင်း စုံစမ်းသိရသည်။ ပုဂ္ဂလိက ဘဏ်လုပ်ငန်းများသည်  ခရက်ဒစ်ကတ်များ ပြန်လည် ထုတ်လုပ်နိုင်ခွင့်ကို ၂၀၁၄ ခုနှစ် မကုန်မီ အချိန်အတွင်း ရရှိနိုင်ရန် မျှော်လင့်ခဲ့ကြသော်လည်း ယင်းအကြွေးဝယ်ကတ်များကို လာမည့် နှစ်မှသာ ခွင့်ပြုပေးဖွယ် ရှိကြောင်း ဘဏ်လုပ်ငန်း ကျွမ်းကျင်သူအချို့က သုံးသပ် ပြောကြားသည်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ပြည်တွင်းဘဏ်လုပ်ငန်း အတွက် ခရက်ဒစ်ကတ်များကို ပြန်လည်ခွင့်ပြုပေးရန် အတွက် ပြည်တွင်း ဈေးကွက် စီးပွားရေးစနစ် အခြေအနေကို လေ့လာ ဆန်းစစ်နေခြင်းကြောင့် ယခုကဲ့သို့ […]

Read More

Newbie

NOO-bee ဟု အသံထွက်သည့် newbie ဆိုသည်မှာ အားကစား သို့မဟုတ် နည်းပညာကဲ့သို့သော ကြိုးပမ်းအားထုတ်ရသည့် နယ်ပယ်တစ်ခုကို စတင်လေ့လာသူများအား ရည်ညွန်းခေါ်ဆိုသည်။ ၎င်းအသုံးအနှုန်းကို ကွန်ပျူတာ စတင်သုံးစွဲသူများနှင့် အင်တာနက် စတင်သုံးစွဲသူများအတွက်လည်း အသုံးပြုနိုင်သည်။ ဂလင်းကွန်နရီကမူ အဆိုပါ အသုံးအနှုန်းကို ၁၉၉၀ ခုနှစ်က အင်တာနက် chatting group တစ်ခုတွင် အသုံးပြုခဲ့ကြောင်း ဆိုသည်။ Newb, noob, n00b တို့မှာ Newbie ၏ အတိုကောက်စာလုံးများ ဖြစ်သည်။

Read More

Windows Phone အတွက် Minecraft ဂိမ်းကို Microsoft ဖြန့်ချိ

Microsoft သည်၎င်း၏ store ပေါ်တွင် Windows Phone သုံးစွဲသူများအတွက် Minecraft: Pocket Edition ဂိမ်းကို ဒေါ်လာ ၆.၉၉ ဖြင့် စတင်ရောင်းချ ပေးနေကြောင်း သိရသည်။ ပြီးခဲ့သည့်လ အနည်းငယ်က Microsoft သည်နာမည်ကျော် Minecraft ဂိမ်းကို နောက်ကွယ်က ဖန်တီးသည့် Mojan ကိုဝယ်ယူပြီး ၎င်းဂိမ်းကို Windows Phone သုံးစွဲသူများထံသို့ ဖြန့်ချိခဲ့သည်။ ၎င်းဂိမ်းတွင် survival နှင့် creative mode များ ပါဝင်သည့်အပြင် Wi-Fi ဖြင့် ချိတ်ဆက်၍လည်း multiplayer ဂိမ်းအတွေ့အကြုံကိုလည်း ခံစားနိုင်မည် ဖြစ်သည်။ Windows Phone သုံးစွဲသူများ အနေဖြင့် Minecraft ဂိမ်းကို ကစားလိုပါက Windows Phone […]

Read More

Sony PlayStation Network တိုက်ခိုက်ခံရ

ပြီးခဲ့သည့်ရက် အနည်းငယ်ခန့်သည် Sony ၏ PlayStation စတိုး တိုက်ခိုက်ခံခဲ့ရကာ  ၎င်းဆိုက်သို့ လာရောက်သူများ အနေဖြင့် error message တစ်ခုကို တွေ့မြင်ခဲ့ရသည့်အပြင် gamer များ အနေဖြင့်လည်း  အွန်လိုင်း ဂိမ်းများကစားရာတွင် အခက်အခဲ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ၎င်းကိစ္စနှင့် ပတ်သက်၍ အသေးစိတ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း Sony မှထုတ်ပြန်ခဲ့သည်။ Lizard Squad ဟုအမည်ရသည့် ဟက်ကာအဖွဲ့သည် Twitter ပေါ်တွင် “PSN #offline #LizardSquad” tweet ကိုရေးသားကာ Sony ၏ PlayStation ကွန်ရက်ကို တိုက်ခိုက်ခဲ့မှုတွင် ၎င်းတို့တာဝန်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။ Sony သည် PlayStation ဂိမ်းစက် ထုတ်လုပ်သည့် ၂၀ ပြည့် […]

Read More

၅၅ လက်မ 8K display ကို CES 2015 တွင် LG မိတ်ဆက် ပြသမည်

တောင်ကိုရီးယား နည်းပညာ ကုမ္ပဏီကြီးဖြစ်သော LG သည် codename  ‘Mabinogion’ ဟုခေါ်ဆိုသော 8K display ကို လက်စ်ဗီးဂက်စ်တွင် ကျင်းပပြုလုပ်မည့် CES 2015 ပြပွဲ၌ မိတ်ဆက်ပြသရန် စီစဉ်လျက်ရှိသည်။ အဆိုပါ ၅၅ လက်မ 8K display သည် 7,680 x 4,320 pixels resolution ဖြင့် ဖော်ပြပေးနိုင်ပြီး display driver integrated circuit ၂၀ ကိုတပ်ဆင်ထားသည်။ ၎င်း display ၏ရှေ့ပြေးပုံစံကို နိုဝင်ဘာလ အစောပိုင်းက ပြုလုပ်ခဲ့ပြီး မကြာမီကျင်းပမည့် CES ပြပွဲတွင် မိတ်ဆက်ပြသရန် ကုမ္ပဏီမှ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ LG သည် ‘Mabinogion’ display ၏ […]

Read More