Day: December 15, 2014

iDevice များအား တစ်နေရာ တည်းတွင် ဝယ်ယူခြင်း နှင့်ပြုပြင်ခြင်း များပြုလုပ် နိုင်မည်

iDevice များအား တစ်နေရာ တည်းတွင် စုံစုံလင်လင်နှင့် ဝယ်ယူနိုင်မည် ဖြစ်သည့်အပြင် ယင်း Device များအတွက် ခေတ်မီစက်များဖြင့် ပြုပြင်ခြင်း ဆားဗစ် ဝန်ဆောင်မှုများကိုလည်း အချိန်နှင့် တစ်ပြေးညီ ပြုလုပ်နိုင်မည့်  Apple Villa ဖုန်းဆိုင်သစ်အား အမှတ် – ၅၂၊  ကျွန်းတောလမ်း၊ စမ်းချောင်းမြို့နယ်တွင် ဖွင့်လှစ်လိုက်ကြောင်း သိရသည်။ အဆိုပါ မိုဘိုင်းဖုန်းဆိုင်တွင် Apple iPhone များအပြင် iPad, Macbook နှင့် All-in-One PC စသည့် Apple ထုတ်ကုန်များနှင့် ဆက်စပ်ပစ္စည်းများကို ဝယ်ယူနိုင်မည် ဖြစ်သည်။ ထို့ပြင် ဆားဗစ်အနေဖြင့် Apple ဆော့ဖ်ဝဲနှင့် ဟာ့ဒ်ဝဲဆားဗစ်များကို ဝန်ဆောင်မှု ပေးသွားမည်ဖြစ်ပြီး ဟာ့ဒ်ဝဲပြုပြင် ထိန်းသိမ်းခြင်း ဝန်ဆောင်မှုကို iPhone ၅ […]

Read More

OPPO R5 ပြည်တွင်းသို့ အရောင်သုံးမျိုးဖြင့် ဝင်ရောက်မည်

OPPO အမှတ်တံဆိပ် R5 မော်ဒယ်စမတ်ဖုန်း ရွှေ၊ ငွေ၊ မီးခိုး အရောင်သုံးမျိုးဖြင့် ဈေးကွက်ဝင် ရောက်မည်ဖြစ်ပြီး အဆိုပါစမတ် ဖုန်းကို ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ဆန်းတွင် ပြည်တွင်း၌ စတင်ဝယ်ယူနိုင်မည် ဖြစ်ကြောင်း သိရသည်။ “လက်ရှိကတော့ ကြိုတင်မှာယူစနစ် (pre order)အနေနဲ့ ရောင်းချပေးနေတာပါ။ ဈေးကွက်ကိုတော့ နောက်နှစ် ဇန်နဝါရီလ လဆန်းလောက်မှ ရောက်မှာပါ။ R5 က ဒီကို ရွှေ၊ ငွေ၊ မီးခိုး အရောင်သုံး မျိုးဝင်မှာပါ။ ပြည်တွင်းမှာ စတင်ရောင်းချရင် pre-order နဲ့မှာတဲ့ သူတွေကို ဦးစားပေးအရင်ရောင်း ချပေးသွားမှာပါ။ ကျန်တာကိုမှ  တခြားလိုချင်တဲ့ သူတွေကို ရောင်းချပေးမှာ ဖြစ်ပါတယ်” ဟု OPPO Myanmar မှ တာဝန်ရှိသူ […]

Read More

ဆိုက်ဘာတိုက်ခိုက်မှုကြောင့် Sony မှ ပေါက်ကြားခဲ့သည့် အချက် (၁၃) ချက်

Sony Pictures တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ဟောလီးဝုဒ်၏ အကြီးမားဆုံး စတူဒီယိုများအနက် တစ်ခုဖြစ်သည့် ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်ပုံ အချက်အလက်များစွာ ပေါက်ကြားထွက်ပေါ်လာသည်။ Sony Picutures သည် နိုဝင်ဘာလ ၂၄ ရက်မှ စတင်ကာ ဟက်ကာများ၏ တိုက်ခိုက်မှုခံခဲ့ရသည်။ ဟက်ကာများသည် Sony Pictures ၏ ကွန်ပျူတာ ကွန်ရက်များထဲသို့ ထိုးဖောက်ဝင်ရောက်ခဲ့ပြီး ကုမ္ပဏီ ဘဏ္ဍာရေးဆိုင်ရာ စာရွက်စာတမ်းများနှင့် လျို့ဝှက်ချက်များစွာကို ရယူခဲ့သည်။ အောက်ဖော်ပြပါ အချက်များမှာ Sony တိုက်ခိုက်ခံရမှုမှ ထွက်ပေါ်လာခဲ့သည့် အချက်အလက်များ ဖြစ်သည်။ (၁) Sony ကုမ္ပဏီ၏ လစာအများဆုံးရရှိသည့် အမှုဆောင်ရာထူးကို လူဖြူအမျိုးသားများကသာ ရယူထားသည်။ Sony Pictures Entertainment မှ ထွက်ပေါ်လာသော အချက်အလက်များအရ ကုမ္ပဏီ၏ ဥက္ကဋ္ဌဖြစ်သူ အေမီပါစကယ်သည် […]

Read More

၁၅.၆ လက်မ tablet တစ်မျိုးကို တရုတ်ဗီဒီယို ပေါ်တယ် Youku မိတ်ဆက်

တရုတ်နိုင်ငံ၏ အကြီးဆုံး အွန်လိုင်းဗီဒီယို ပေါ်တယ်များအနက် တစ်ခုဖြစ်သော Youku Tudou သည် ၎င်း၏ပထမဦးဆုံး hardware ထုတ်ကုန်များကို မိတ်ဆက်ပေးခဲ့သည်။ အဆိုပါ hardware ထုတ်ကုန်များမှာ WiFi router တစ်ခု၊ set-top box တစ်ခုနှင့် Android tablet တစ်ခုတို့ဖြစ်သည်။ ၎င်းထုတ်ကုန် သစ်များသည် Youku, Tudou နှင့် Heyi Pictures တို့၏နောက် စတုတ္ထ အရေးပါဆုံး ဌာနဖြစ်သော Cloud Entertainment လုပ်ငန်း၏ အစိတ်အပိုင်း တစ်ရပ်လည်း ဖြစ်သည်။ အဆိုပါ ထုတ်ကုန်သစ်များသည် Youku ၏ဖျော်ဖြေရေး လုပ်ငန်းကို ပိုမိုပြီးပြည့်စုံ စေမည်ဖြစ်ကြောင်း Youku အမှုဆောင် အရာရှိချုပ် ဗစ်တာကူးက ပြောကြားခဲ့သည်။ Youku ၏ […]

Read More

Microsoft Office မှတစ်ဆင့် Bing ရှာဖွေမှုများကို တိုက်ရိုက်ပြုလုပ်နိုင်မည်

Microsoft သည် Office software အတွင်း Bing search platform တစ်ခုကို ပေါင်းစပ်ထည့်သွင်း ပေးခဲ့သောကြောင့် Bing မှရှာဖွေမှုများကို တိုက်ရိုက်ကြည့်ရှုနိုင်ပြီ ဖြစ်သည်။ အဆိုပါ feature ကို Insights ဟုခေါ်ဆိုကာ သုံးစွဲသူများ ရွေးချယ်မှု ပြုလုပ်ထားသော စကားလုံးကို ရှာဖွေပေးပြီး Bing Image မှ ဓာတ်ပုံများ သို့မဟုတ် Wikipedia မှအချက်အလက်များကို ဖော်ပြပေးမည် ဖြစ်သည်။ သုံးစွဲသူများက Insights ကို အသုံးပြုလိုပါက စကားလုံးပေါ်တွင် right click နှိပ်ကာ Insights ကိုရွေးချယ်ပေးရန်သာ လိုအပ်ပြီး ညာဘက်ဘေးတွင် navigation panel ပေါ်လာမည် ဖြစ်သည်။ ထို့အပြင် Office တွင် PDF ဖိုင်ထောက်ပံ့မှု […]

Read More

Marvel Heroes 2015 နှင့်အတူ F2P Online ဂိမ်းသစ်များထွက်ရှိ

Steam မှ တစ်ဆင့် Online တွင် အခမဲ့ ကစားနိုင်မည့် ဂိမ်းသစ်များ၏ 2015 Online Game Client သစ်များ ဆက်တိုက် ထွက်ရှိလာသလို Marvel Heroes 2015 နှင့်အတူ Team Fortress 2၊ Rift နှင့် Warframe အစရှိသော ဂိမ်းများ၏ Update များ ထွက်ရှိလာကြောင်း သိရသည်။ Marvel Heroes 2015 ဂိမ်းသစ်မှာ ကစားသူအနေဖြင့် Captain America၊ Iron Man နှင့် Spider Man အစရှိသော ဇာတ်ကောင်များကို ကိုင်တွယ်ပြီး ကစားနိုင်သည့် Action RPG ဂိမ်းဖြစ်ပြီး 2015 Version တွင် Guardians of […]

Read More

တစ်နေရာတည်းတွင် ပစ္စည်းစုံလင်စွာ ထည့်သွင်းထားနိုင်မည့် Toolbox Fridge

တစ်နေရာတည်းတွင် ပစ္စည်းအမျိုးအစား စုံလင်စွာထားရှိပြီး လိုအပ်သည့်အခါ အလွယ်တကူ ရယူလိုသူများအတွက် Toolbox Fridge ထုတ်ကုန်သည် အသုံးဝင်လာမည် ဖြစ်သည်။ Toolbox Fridge ထုတ်ကုန်သည် function များစွာ ပါဝင်သလို သုံးစွဲရာတွင် ပျော်ရွင်မှုရစေနိုင်သည်။ ထုတ်ကုန် အပေါ်ဘက်တွင် အိမ်ဆောက်လုပ်ရာ၌ အသုံးပြုရသော tool များထားရှိရန် toolbox အံဆွဲ ၆ ခုပါဝင်ပြီး လျို့ဝှက်စွာ ပြုလုပ်ထားကာ အံ ၂ ခု ပါဝင်သည့် ၈၅ ဝပ်ရှိ ရေခဲသေတ္တာလည်း ထည့်သွင်းပေးထားသည်။ ရေခဲသေတ္တာအတွင်း ထည့်သွင်းထားသည့် အအေးနှင့် snack များကို ၃၂-၁၅၀ ဒီဂရီဖာရင်ဟိုက်ကြား ထောက်ပံ့၍ အေးစေရန် ပြုလုပ်ပေးနိုင်သည်။ ၎င်းထုတ်ကုန်တွင် ဘီးများလည်း ပါဝင်သောကြောင့် သုံးစွဲသူ အလိုရှိသည့်နေရာသို့ အလွယ်တကူ […]

Read More

CANTELL VGA TO HDMI CONVERTER

VGA Analog signal နှင့် R/L audio မှ အရည်အသွေးမြင့် HDMI resolution သို့ ပြောင်းလဲရရှိစေနိုင်ရန် လုပ်ဆောင်ပေးမည့် Converter ဖြစ်သည်။ VGA output သာ ပါဝင်သော Laptop, desktop နှင့် projector များကို HDMI output အဖြစ် ရရှိစေပြီး HDMI input လက်ခံအသုံးပြုနိုင်သော ပစ္စည်း player များဖြင့် တွဲဖက်အသုံးပြုနိုင်မည် ဖြစ်သည်။ ရုပ်ထွက်ကျသွားခြင်းမရှိဘဲ HDMI resolution 1080p အပြည့်ကို တွေ့ မြင်ခံစားနိုင်မည်ဖြစ်သည့်အတွက် သုံးစွဲသူများ အကြိုက်တွေ့စေမည် ဖြစ်သည်။ Plug and play အလွယ်တကူ ချိတ်ဆက်အသုံးပြုနိုင်သည်။ တန်ဖိုးမှာ ၂၆,၉၀၀ ကျပ်ဖြစ်သည်။ F@X […]

Read More