Day: December 12, 2014

Memory Stick အရွယ် ကွန်ပျူတာများကို ပြည်တွင်း ဈေးကွက်သို့ ဖြန့်ချိမည်ဟု Intel ပြော

Memory Stick အရွယ်သာရှိသည့် ကွန်ပျူ တာအသေးစားများကို ၂၀၁၅ ခုနှစ် ဧပြီလ သို့မဟုတ် မေလအတွင်း ပြည်တွင်း ဈေးကွက်သို့ ဖြန့်ချိ ပေးသွားမည်ဖြစ်ကြောင်း Intel မှတာဝန်ရှိသူ Ms. Chantana Suwannawong က ပြောသည်။ ကွန်ပျူ တာ အသေးစားများသည် HDMI Cable နှင့် ချိတ်ဆက်၍ တီဗီ သို့မဟုတ် အခြားသော Device တစ်ခုခုနှင့် တွဲဖက်ကာ ကွန်ပျူတာအဖြစ် နေရာအနှံ့သို့ သယ်ဆောင်အသုံးပြုနိုင်မည်ဟု သိရသည်။ Memory Stick အရွယ်ရှိသည့် အဆိုပါ ကွန်ပျူတာအသေးစားများတွင် USB Cable အပေါက်တစ်ခု ပါဝင်ပြီး Keyboard နှင့် Mouse အတွက် Bluetooth နှင့် ချိတ်ဆက်၍ အသုံးပြုနိုင်မည်ဟု […]

Read More

Intel နှင့် မြန်မာစီးပွားရေးလုပ်ငန်းရှင်တစ်ဦး ပူးပေါင်း၍ Tablet ထုတ်မည်

မြန်မာစီးပွားရေးလုပ်ငန်းရှင် တစ်ဦးသည် Tablet ထုတ်လုပ်ရာ တွင် Intel နည်းပညာ အသုံးပြုရန် ကမ်းလှမ်းမှု တစ်ရပ် ပြုလုပ်ခဲ့ကြောင်း Intel မှ တာဝန်ရှိသူ Ms. Chantana Suwannawong က ပြောသည်။ “ဆက်သွယ်ထားတာရှိတယ်။ မကြာခင် လာမှာပေါ့။ Intel အနေနဲ့ ရောက်တဲ့နိုင်ငံတိုင်းမှာ လုပ်ငန်းတွဲ လုပ်တဲ့အကျင့် ရှိတယ်” ဟု Ms. Chantana Suwannawong က ဆိုသည်။ Tablet ပူးပေါင်း ထုတ်လုပ် မည့် မြန်မာစီးပွားရေးလုပ်ငန်း အမည်ကို Intel အနေဖြင့် ထုတ်ဖော် ပြောဆိုခဲ့ခြင်း မရှိသော်လည်း မကြာခင်၌ ထုတ်လုပ်သွားရန် စီစဉ်ထားသည်ဟု ၎င်းကပြောသည်။ မြန်မာနိုင်ငံ၌ စက်ရုံ လာရောက် တည်ဆောက်၍ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် […]

Read More

Facebook တွင် dislike ခလုတ် ထည့်သွင်းရန် စဉ်းစားနေကြောင်း မာ့ခ်ဇူကာဘက်ခ် ပြောကြား

ကယ်လီဖိုးနီးယားပြည်နယ် မန်လိုပ့ါခ်မြို့ရှိ ကုမ္ပဏီ၏ ရုံးချုပ်တွင် မကြာသေးမီက ပြုလုပ်ခဲ့သော အမေးအဖြေကဏ္ဍ တစ်ခု၌ Facebook အနေဖြင့် သုံးစွဲသူများ၏ စိတ်ခံစားမှုကို ဖော်ပြရာတွင် Like ခလုတ်ကဲ့သို့ ဖော်ပြနိုင်မည့် အခြားနည်းလမ်းများကို စဉ်းစားနေကြောင်း အမှုဆောင်အရာရှိချုပ် မာ့ခ်ဇူကာဘက်ခ်က ပြောကြားခဲ့သည်။ အဆိုပါ အမေးအဖြေ ကဏ္ဍတွင် ကာလအတန်ကြာကတည်းက တောင်းဆိုခဲ့သည့် dislike ခလုတ်ကို Facebook တွင် ထည့်သွင်းရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းမှုအပေါ် ဇူကာဘက်ခ်က “ဒီကိစ္စအတွက် ကျွန်တော်တို့ စဉ်းစားနေပါတယ်” ဟု ဖြေကြားခဲ့သည်။ သို့သော် အဆိုပါ ခလုတ်ကို dislike အဖြစ် ခေါ်ဆိုရန် မသေချာကြောင်း ၎င်းက ရှင်းလင်းပြောကြားခဲ့သည်။ လူအများစုသည် Facebook ပေါ်တွင် တွေ့မြင်ရသည့် post […]

Read More

မိုဘိုင်းဖုန်းကွန်ရက် အဆင့်မြှင့်တင်ခြင်းများ ဒီဇင်ဘာ ၂၆ ရက်နေ့အထိ ဆောင်ရွက်မည်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက မိုဘိုင်းဖုန်း ကွန်ရက်စက်ပစ္စည်းများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ဒီဇင်ဘာလ ၂၆ ရက်နေ့အထိဆောင်ရွက်မည် ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ မိုဘိုင်းဖုန်းကွန်ရက် စက်ပစ္စည်းများ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို (၆-၁၂-၂၀၁၄)၊(၉ -၁၂-၂၀၁၄)၊ (၁၁ -၁၂-၂၀၁၄) နှင့် (၁၂-၁၂-၂၀၁၄)ရက်နေ့ တို့တွင် မန္တလေးအနီး ဝန်းကျင်ဒေသများ၊ (၁၂ -၁၂- ၂၀၁၄) နှင့် (၁၆-၁၂-၂၀၁၄)ရက်နေ့ တို့တွင် မကွေးအနီး ဝန်းကျင်ဒေသများ၊ (၁၈-၁၂-၂၀၁၄) ရက်နေ့ တွင် မုံရွာအနီး ဝန်းကျင်ဒေသများ၊ (၁၉-၁၂-၂၀၁၄)ရက်နေ့တွင် မြစ်ကြီးနားအနီး ဝန်းကျင်ဒေသများ တွင် ဆောင်ရွက်မည် ဖြစ်ကြောင်း ကြေညာသည်။ (၂၃-၁၂-၂၀၁၄) ရက်နေ့တွင် လားရှိုးအနီး ဝန်းကျင်ဒေသများ၊ (၂၃ -၁၂-၂၀၁၄) နှင့် (၂၅-၁၂-၂၀၁၄)ရက်နေ့ တို့တွင် မိတ္ထီလာအနီး ဝန်းကျင်ဒေသများ၊ (၂၆-၁၂-၂၀၁၄)ရက်နေ့ […]

Read More

Advertising Rate Sheet

Front Cover Main Bar Space 4C 1″x 1Col 190,000 Banner 4C 3″x 6Col 390,000 Section Banner 4C 3″x 6Col 320,000 Back Cover Main Full Page 4C 14″x 6Col 900,000 Half Page 4C 7″x 6Col 480,000 Banner 4C 3″x 6Col 340,000 Section Full Page 4C 14″x 6Col 780,000 Half Page 4C 7″x 6Col 420,000 Banner 4C […]

Read More

MEC ဖုန်းလိုင်းပိတ်ခြင်း တိုင်းမန်နေဂျာရုံးတွင်သာ ဆောင်ရွက်နိုင်

MEC ဖုန်းလိုင်းပိတ်ခြင်းများကို တိုင်းမန်နေဂျာရုံးတွင်သာ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ အခြားနေရာ များတွင် ရရှိမည် မဟုတ်ကြောင်း သိရသည်။ စာတိုက်ကြီးအနီးရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တိုင်းမန်နေဂျာရုံးတွင် ဆောင်ရွက်နိုင်ကြောင်း၊ အခမဲ့ ဆောင်ရွက်နိုင်ကြောင်း သိရသည်။ “စာချူပ်၊ မှတ်ပုံတင်တို့နဲ့ တိုင်းမန်နေဂျာရုံးမှာ သွားပိတ်နိုင်ပါတယ်၊ ဖုန်းလိုင်းပိတ်တာ ဆက်သွယ်ရေးရုံးမှာပဲ ဆောင်ရွက်ပေးတာ ဖြစ်ပါတယ်၊ Customer Care Center မှာ ရမှာမဟုတ်ပါဘူး” ဟု MECTel ဖုန်းများ ဝန်ဆောင်မှုပေးသည့်နေရာမှ မေးမြန်း သိရှိရသည်။ ဖုန်း လိုင်းပိတ်ခြင်းအတွက် အခမဲ့ဖြစ်ပြီး ဖုန်းကတ်ပျောက်ဆုံးခြင်း အတွက် အသစ်ပြန်လျှောက်ရန် နှစ်သောင်းကျပ် ကျသင့်မည် ဖြစ်ကြောင်း သိရသည်။    

Read More

Ooredoo ဆင်းမ်ကတ်အသုံးပြုသူများ ဖုန်းပြောဆိုခအတွက် ၅၀ ရာခိုင်နှုန်း အပို ထပ်ဆောင်းရရှိမည်

ကာတာဆက်သွယ်ရေးကုမ္ပဏီ Ooredoo Myanmar က ၎င်းတို့၏ ဆင်းမ်ကတ် အသုံးပြုသူများအတွက် ၅၀ ရာခိုင်နှုန်း အပိုထပ်ဆောင်းရရှိမည့် အစီအစဉ်ကို ယခုလ ၁၃ ရက်မှ ၁၅ ရက်အထိ ပြုလုပ်ပေးသွား မည်ဖြစ်ကြောင်းသိရသည်။ အဆိုပါ ဖုန်းကတ် အသုံးပြုသူများသည် အပိုထပ်ဆောင်းရရှိသည့် အစီအစဉ်ကို သုံးစွဲလိုပါက ဖုန်းငွေဖြည့်ကတ် ၃၀၀၀ ကျပ်မှစတင်၍ ဖြည့်သွင်းရမည်ဖြစ်သည်။ သတ်မှတ်ကာလအတွင်း အနည်းဆုံး ငွေဖြည့်ကတ် ၃၀၀၀ ကျပ်မှစတင် ဖြည့်သွင်းသူများသည် မိမိဖြည့်သွင်းလိုက်သည့် ငွေပမာဏ၏ ထက်ဝက်ကို အပိုရရှိမည်ဖြစ်သည်။ သို့သော် အဆိုပါ အပိုရရှိသည့် ဖုန်းပြောဆိုခများအား စတင်အသုံးပြုသည့်နေ့မှ တစ်ပတ်အတွင်း အသုံးပြုသွားရမည်ဖြစ်ပြီး အပိုထပ်ဆောင်းရရှိသည့် ဖုန်းပြောဆိုခများကို အခြားဖုန်းများသို့ လွှဲပြောင်းခြင်း မပြုနိုင်ကြောင်းသိရသည်။    

Read More

Google Translate တွင် Unicode ဖြင့် မြန်မာဘာသာမှ ဘာသာပေါင်း ၉၀ ကျော်သို့ ဘာသာပြန်ဆိုနိုင် ပြီဖြစ်

Google Translate တွင် Unicode ဖြင့် မြန်မာဘာသာမှ အင်္ဂလိပ်ဘာသာသို့ လည်းကောင်း၊ အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ လည်းကောင်း ပြန်ဆိုနိုင်ပြီဖြစ်သည်။ ယနေ့မှစတင်၍ Google Translate တွင် Unicode Font ဖြင့် မြန်မာဘာသာကို အသုံးပြုနိုင်ခြင်းဖြစ်ပြီး စုစုပေါင်း ဘာသာပေါင်း ၉၀ ကျော်ကို မြန်မာ ဘာသာဖြင့် အပြန်အလှန် ပြန်ဆိုနိုင်တော့မည်ဖြစ်သည်။ Google Translate တွင် မြန်မာဘာသာဖြင့် စမ်းသပ် အသုံးပြုလိုသူများသည် translate.google.com သို့သွားရောက်ပြီး မိမိ ဘာသာပြန်ဆိုလိုသည့် စာလုံးများနှင့် ဝါကျများကို Unicode Font ဖြင့် စာရိုက်၍ ပြောင်းလဲလိုသည့် ဘာသာစကားကို ရွေးချယ် အသုံးပြုနိုင်ပြီဖြစ်သည်။ ယနေ့မှစတင်၍ အင်တာနက် အသုံးပြုသူများအကြား စမ်းသပ်အသုံးပြုလျှက်ရှိသော Google Translate […]

Read More

Pokémon Omega Ruby နှင့် Alpha Sapphire

Pokémon Omega Ruby နှင့် Alpha Sapphire ဂိမ်းသစ်နှစ်ခုဟာ Game Boy Advance ဂိမ်းစက်တွေကို ရောင်းအားတက်စေခဲ့သလို ဂိမ်းခွေပေါင်း ၁၆ သန်းကျော် ရောင်းချခဲ့ရတဲ့ Pokémon Ruby and Sapphire ရဲ့  3D Remake အသစ်ဖြစ်ပါတယ်။ Nintendo ဟာ Pokémon ဂိမ်းတွေရဲ့  main series တွေကို လက်ကိုင်ဂိမ်းစက် အသစ်တွေ ထွက်တိုင်း remake ပုံစံအဖြစ် story ပိုင်း၊ gameplay ပိုင်း အချို့  ပြောင်းလဲပြီး ထုတ်လေ့ရှိတာ မဆန်းတော့ပေမယ့်  အရင်ဂိမ်းတွေက sprite based graphics ကိုပဲ အရောင်ပိုလှသွားတာ functions ပိုစုံသွားတာလောက်ပဲ ရှိပါတယ်။ Nintendo 3DS […]

Read More

Internal Hard Disk ပါဝင်သော Xbox360 ဂိမ်းစက်များဝင်ရောက်

Xbox360 Slim ဂိမ်းစက်များအတွင်း  Official  Xbox360  Internal Hard Disk 250 GB နှင့် 500GB အသင့်တွဲဖက် ပါဝင်ထားပြီးဖြစ်သော Console Bundle များကို ပရိုမိုးရှင်းအစီအစဉ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ Xbox360 ဂိမ်းစက်သစ်များကို DVD Drive ဖြင့်သာမက Internal Hard Disk ဖြင့်ပါ ကစားနိုင်အောင် စီစဉ်ထားကြောင်း သိရသည်။ RGH (Reset Glitch Hack) စနစ်ဖြင့် Jailbreak ပြုလုပ်ထားပြီး System Firmware သစ်နှင့် စိတ်ချပြီး အသုံးခံသော Modchip brands များကို ထည့်သွင်းထားကြောင်း သိရသည်။  Xbox360 Bundle ကို Kinect Motion […]

Read More