Day: December 10, 2014

myKyat ငွေကြေး ဝန်ဆောင်မှုစနစ် စတင်မိတ်ဆက်

မိုဘိုင်းဖုန်းငွေကြေး ဝန်ဆောင်မှုဖြစ်သည့် myKyat ဝန်ဆောင်မှုကို ဒီဇင်ဘာလ ၈ ရက်နေ့မှ စတင်ကာ မိတ်ဆက်လိုက်ကြောင်း သိရသည်။ myKyat အသုံးပြုသူ အချင်းချင်း ငွေလွှဲပြောင်းခြင်း၊ ငွေလက်ခံခြင်း၊ ငွေတောင်းခံခြင်း၊ အရောင်းအဝယ် ကိစ္စ အရပ်ရပ် တို့အတွက် ငွေပေးချေခြင်း၊ လစာထုတ်ပေးခြင်း အစရှိသည့်လုပ်ငန်းများကို မိုဘိုင်းဖုန်းများမှ တစ်ဆင့် ဆောင်ရွက်နိုင်မည့် စနစ်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် စတင်မိတ်ဆက်ခြင်းသာ ဖြစ်၍ မှတ်ပုံတင်ထားခြင်းကိုသာ ဆောင်ရွက်နိုင်မည်ဖြစ်သည်။ အသုံးပြုမှုကိုမူ ၂၀၁၅ နှစ်စပိုင်းတွင်မှသာ ရန်ကုန်တစ်မြို့လုံး စတင်အသုံး ပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။ “ဘဏ်အကောင့် မရှိတဲ့သူတွေအတွက် ဒီစနစ်ကို ဆောင်ရွက်လိုက် တာပါ၊ လက်ရှိ အသုံးပြုလို့ မရသေးပေမယ့် Register လုပ် (မှတ်ပုံတင်) ထားနိုင်ပါတယ်” ဟု Frontier […]

Read More

Baidu Spark Browser

http://goo.gl/i7UWxV ဆော့ဖ်ဝဲအမျိုးအစား – Browser ဗားရှင်း – 33.10.1000.89 ဖိုင်အရွယ်အစား – 1.23 MB အသုံးပြုနိုင်သည့် OS – Windows XP/Vista/7/8 Baidu Spark Browser  ဟာ လုံခြုံရေး ကောင်းမွန်ဖို့ အတွက် စီစဉ်ဖန်တီးထားတဲ့ Web Browser Software တစ်ခုဖြစ်ပါတယ်။ Torrent File တွေကိုလည်း Download ပြုလုပ်နိုင်မှာ ဖြစ်သလို၊ အခြားသော ဖိုင်တွေကို Download ပြုလုပ်နိုင်ဖို့အတွက်ကိုလည်း Downloader ထည့်သွင်းပေးထားပါတယ်။ ဒါ့အပြင် အွန်လိုင်းပေါ်မှကြော်ငြာများ ဝင်ရောက်လာခြင်း မရှိစေရန်အတွက် စီစဉ်ဖန်တီးထားသလို၊ buitl-in Virus Scanner ကိုလည်း ထည့်သွင်းပေးထားပါတယ်။ လုံခြုံရေးကောင်းမွန်ရန်အတွက် အထူးစီစဉ် ဖန်တီးပေးထားတဲ့ Browser Software […]

Read More

iPhone Backup Unlocker Professional

http://goo.gl/HviTX8 ဆော့ဖ်ဝဲအမျိုးအစား – iTunes & iPod Manager ဗားရှင်း – 3.3.0.0 ဖိုင်အရွယ်အစား – 11.58 MB အသုံးပြုနိုင်သည့် OS – Windows XP/Vista/7/8 iPhone, iPad, iPod Touch  အစရှိသောထုတ်ကုန်တွေမှာ Backup ပြုလုပ်လိုတဲ့အခါ အသုံးပြုနိုင်သလို၊ Unlock ပြုလုပ်လိုသူတွေ အနေနဲ့လည်း အလွယ်တကူနဲ့  Unlock ပြုလုပ်နိုင်မယ့် ဆော့ဖ်ဝဲ တစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် မိမိဖုန်းမှာ အသုံးပြုထားတဲ့ Password တွေကိုလည်း လုံခြုံစိတ်ချစေရန်အတွက် စီစဉ်ဖန်တီးပေးထားနိုင်တာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ iPhone 6 မှ စတင်ပြီး iPhone 4 အထိ အသုံးပြုနိုင်မယ့် ဆော့ဖ်ဝဲတစ်ခု  ဖြစ်ပါတယ်။ […]

Read More

Transcend Jet Flash V90C

Transcend Jet Flash V90C Flash Drive ကို သတ္တုမျက်နှာပြင်ကြောင့် စမတ်ကျကျဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။ Cell Phone Chain Wallet နှင့် ပိုက်ဆံအိတ်တို့တွင် သော့ချိတ် ပုံသဏ္ဌာန်အနေဖြင့်လည်း အသုံးပြုနိုင်မည် ဖြစ်သည်။ ရေစိုခံသည့်အပြင် Transcend Elite data management software ကို အသုံးပြုထားသည့် အတွက် ပျောက်ဆုံးသွားသော ဓာတ်ပုံနှင့် ဗီဒီယိုများကို recover ပြုလုပ်နိုင်မည် ဖြစ်သည်။ တန်ဖိုးမှာ 4GB  – ၇,၈၀၀ ကျပ်၊ 8GB – ၈,၈၀၀ ကျပ်၊  16GB – ၁၁,၈၀၀ ကျပ်ဖြစ်သည်။ ရွှေလမင်းနဂါး ကုမ္ပဏီလိမိတက် ဖုန်း – ၀၁-၂၃၀၁၇၉၇ နှင့် […]

Read More

ဘာသာရပ်မျိုးစုံ ပညာဒါန သင်တန်းများအတွက် သင်တန်းသားခေါ်ယူ

တက္ကသိုလ်ဝင်တန်းနှင့် တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသော ကျောင်းသား၊ ကျောင်းသူများအတွက် အဘိဓမ္မာ၊ ဓမ္မစကြာ၊ အင်္ဂလိပ်စာ၊ တရုတ်စာနှင့် ကွန်ပျူတာ ဘာသာရပ်မျိုးစုံ ၄၅  ရက်ကြာ ပညာဒါန သင်တန်းများကို ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်တွင် စတင်ဖွင့်လှစ် သင်ကြားမည်ဖြစ်ပြီး စိတ်ဝင်စားသူ မည်သူမဆို ဒီဇင်ဘာလ ၂၅ ရက် နောက်ဆုံးထား၍ ဆန္ဒာဓိကာရုံ ကျောင်းတိုက်သို့ အုပ်ထိန်းသူနှင့်အတူ ကိုယ်တိုင် လာရောက် လျှောက်ထားနိုင်ကြောင်း သိရသည်။ ဆက်သွယ် လျှောက်ထားလိုသူများ အနေဖြင့် ဆန္ဒာဓိကာရုံကျောင်းတိုက်၊ ရွှေမြယာ၊ ခရေပင်မှတ်တိုင်၊ အောင်သုခလမ်း၊ ရွှေမြယာကျေးရွာ၊ မိုင်တိုင် (၄၂)၊ မှော်ဘီမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဖုန်း- ၀၉- ၄၉ ၃၀၉၁၃၄၊ ၀၉-၉၇၂၁၇၀၃၄၂၊ ဆရာကျော် အင်္ဂလိပ်စာသင်တန်း၊ အမှတ် […]

Read More

ဓာတ်ပုံထုတ်စနစ် ပါဝင်သော Instax Mini ကင်မရာမော်ဒယ် သစ်သုံးမျိုးမိတ်ဆက်ပွဲကျင်းပ

Fujifilm Myanmar မှ ဓာတ် ပုံရိုက်ကူးပြီးသည်နှင့် တစ်ပြိုင်နက် ရိုက်ကူးထားသည့်ပုံကို ထုတ်ပေးနိုင်သော Instax Mini ကင်မရာ မော်ဒယ်သစ်သုံးမျိုး မိတ်ဆက်ပွဲကို ဒီဇင်ဘာလ ၄ ရက်နေ့ နံနက် ၉ နာရီမှ ၁၁ နာရီအထိ Parkroyal Hotel Ballroom 1,2 မှာ ကျင်းပပြုလုပ် ခဲ့ပါတယ်။      

Read More

Web နှင့် Network Engineering ဒီပလိုမာသင်တန်းများ ဗဟန်း ကွန်ပျူတာတက္ကသိုလ်တွင် ဖွင့်မည်

Web နှင့် Network Engineering ဒီပလိုမာသင်တန်းများ ဗဟန်းကွန်ပျူတာ တက္ကသိုလ်တွင် ဖွင့်မည် ဖြစ်ကြောင်း အဆိုပါတက္ကသိုလ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန၊ ရန်ကုန်ကွန်ပျူတာတက္ကသိုလ် (ဗဟန်းနယ်မြေ) အနေဖြင့် အချိန်ပိုင်း ဘွဲ့လွန်ဒီပလိုမာသင်တန်းများ အဖြစ် Post graduate Diploma in Web Engineering သင်တန်းကို သင်တန်းကြေး ၃ သိန်းကျပ်၊ သင်တန်းကာလ ၄၂ ပတ် ၊ လက်ခံမည့်သူဦးရေ (၃၀) ဦးတို့ဖြင့် ၂၇-၁၂-၂၀၁၄ တွင်လည်းကောင်း၊ Post graduate Diploma in Network Engineering သင်တန်းကို သင်တန်းကြေး ၃ သိန်းကျပ် ၊ သင်တန်း ကာလ ၄၂ ပတ်၊ […]

Read More

Google Camera

Price : Free Google Camera ဆိုသည့် App သည် ဓာတ်ပုံများကို ဓာတ်ပုံများကို ရိုက်ကူးရာတွင် HDR + Lens Blur, Wide Angle, Panorama, Photo Sphere အစရှိသည်တို့ကို ရိုက်ကူးပေးနိုင်မည့် App တစ်ခုဖြစ်သည်။ အဆိုပါ App သည် Android Version 4.4 အသုံးပြုထားသည့် Tablet, Mobile Phone အစရှိသည်တို့ပေါ်တွင် သာအသုံးပြုနိုင်မည်ဖြစ်သည်။           အဆိုပါ App ကို အခမဲ့ အသုံးပြုခွင့်ရရှိမည်ဖြစ်ပြီး၊ ဖိုင်အရွယ်အစားမှာလည်း 21.96 MB ခန့်ရှိမည် ဖြစ်သည်။ Photo Sphere, Lens Blur, Panorama အစရှိသည်တို့ကို အသုံးပြုဖို့ရန်အတွက် RAM […]

Read More

Facebook တွင် post အဟောင်းများကို ရှာဖွေခြင်း

Facebook သည် လူမှုရေးကွန်ရက်ကို iPhone နှင့် desktop မှ သုံးစွဲသူများအတွက် search feature သစ်ကို တနင်္လာနေ့က မိတ်ဆက်ပေးခဲ့သည်။ အဆိုပါ feature သစ်သည် သုံးစွဲသူအနေဖြင့် ၎င်း account ရှိ post အဟောင်းများနှင့် သူငယ်ချင်းများ၊ public စာမျက်နှာများမှ ဝေမျှထားသည့် post အဟောင်းများကို ရှာဖွေစေနိုင်မည် ဖြစ်သည်။ လက်ရှိတွင် ၎င်း feature ကို iPhone နှင့် desktop user များသာ အသုံးပြုနိုင်မည် ဖြစ်သည်။ Android အတွက်ကိုမူ Facebook ၏ ကြေညာချက်တွင် မဖော်ပြထားသော်လည်း မကြာမီတွင် အသုံးပြုနိုင်ဖွယ်ရှိသည်။ အဆိုပါ search feature ကို သုံးစွဲသူ၏ Facebook […]

Read More

Hackerazzi

Hackerazzi ဆိုသည်မှာ နာမည်ကျော်ကြားသူများ၏ email account များကို အသုံးပြုခွင့်ရအောင် hack ပြုလုပ်ပြီး ၎င်းတို့၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို အသုံးချသည့် ဆိုက်ဘာဒုစရိုက်သမားများ ဖြစ်သည်။ Hackerazzi ဟူသည့် အသုံးအနှုန်းသည် နာမည်ကျော်ကြားသူများ၏ ဓာတ်ပုံများကို လိုက်လံ ရိုက်ကူးသည့် ဓာတ်ပုံဂျာနယ်လစ်များကို ခေါ်ဆိုသော paparazzi မှ ဆင်းသက်လာခြင်း ဖြစ်သည်။ FBI သည် Operation Hackerazzi ဟုခေါ်သာ နာမည်ကျော်ကြားသူများကို hack ခဲ့သည့် ဖြစ်စဉ်များကို တစ်နှစ်ကြာ စုံစမ်းစစ်ဆေးမှု ပြုလုပ်ပြီးနောက် ဖလော်ရီဒါပြည်နယ် ဂျက်ဆန်ဗီလ်မြို့တွင် နေထိုင်သည့် ခရစ္စတိုဖာချာနေ ဆိုသူအား ခရစ္စတီယာ အဂွီလီရာ၊ စကားလက် ဂျိုဟန်ဆန်နှင့် မီလာကူးနစ်တို့ အပါအဝင် ဖျော်ဖြေရေးလုပ်ငန်းရှိ လူ ၅၀ ကျော်၏ […]

Read More