Day: December 9, 2014

iPhone 6/6 Plus အတွက် Charging DOCK

iPhone 6/6 plus အသုံးပြုသူများအတွက် charging DOCK တစ်မျိုးဈေးကွက်အတွင်းသို့ ဝင်ရောက်လာသည်။ iPhone 6/6 plus အားသွင်းသည့်အခါမျိုးတွင် အသုံးပြုနိုင်မည်ဖြစ်သလို ဖုန်းအသုံးမပြုလိုသည့်အချိန်မျိုးတွင် DOCK အနေဖြင့် အသုံးပြုနိုင်မည်ဖြစ်သည်။ အသုံးပြုလိုသူများအနေဖြင့် Ko Beno Mobile Game sale & service ဖုန်း ၀၉-၇၃၂၂၄၉၈၉ နှင့် ၂၅၆၄၁၇ ၌ ဆက်သွယ်ဝယ်ယူနိုင်မည် ဖြစ်သည်။

Read More

Inverter+Controller Integrated Kit

Inverter  စနစ်နှင့် Solar  Controller စနစ် ပေါင်းစပ်ထားသော Inverter+Controller Integrated Kit မန်းဈေးကွက်အတွင်းသို့ ဝင်ရောက်လာသည်။ 1500VA/30A အမျိုးအစားဖြစ်ပြီး ဆိုလာပြားများဖြင့်ချိတ်ဆက်အသုံးပြုနိုင်သည်။ လျှပ်စစ်ဓာတ်အားတည်ငြိမ်မှုရှိသော Modified Sine Wave AC လျှပ်စစ်ပြောင်းပေးနိုင်သည်။ ဘက်ထရီ၊ အားသွင်းနှုန်း၊ အင်ပီယာ၊ အထွက်ပါဝါနှင့် Solar ပြားမှ Voltage အမှားအယွင်း အခြေအနေများကို LCD စကရင်ဖြင့် ဖော်ပြပေးသည်။ Overload ကာကွယ်မှုစနစ်၊ Over/Under Voltage ကာကွယ်မှုစနစ်၊ Short Circuit ကာကွယ်မှုစနစ်၊ အပူချိန် လွန်ကဲမှုကာကွယ်စနစ်၊ ဘက်ထရီအနီ၊ အနက် မှားယွင်းချိတ်ဆက်မှု ကာကွယ်ခြင်းစနစ်များ ပါဝင်လာသည်။ ၁၂ ဗို့ ဘက်ထရီအထွက် ချိတ်ဆက်မှုစနစ်၊ USB ပေါက်မှ အားသွင်းနိုင်သောစနစ်များလည်း ပါဝင်လာသည်။ […]

Read More

MICRO & NANO SIM CUTTER

ပုံမှန်အရွယ်အစား ဆင်းမ်ကတ်များကို Micro နှင့် Nano အရွယ် ဆင်းမ်ကတ်ဖြစ်အောင် ပြုလုပ်နိုင်မည့် Cutter ဖြစ်သည်။ Micro, nano အရွယ်အစား နှစ်မျိုးစလုံးကို လိုအပ်သလို ပြောင်းလဲကာ cutting  ပြုလုပ်နိုင်မည် ဖြစ်သည်။ Cutting ပြုလုပ်ပြီး ပုံမှန်ဆင်းမ်ကတ် အရွယ်အစားပြန်လည် အသုံးပြုနိုင်ရန်အတွက် Sim adaper များကိုလည်း ထည့်သွင်းပေးထားသည်။ တန်ဖိုးမှာ ၅,၀၀၀ ကျပ်ဖြစ်ပြီး Fax computer ဖုန်း-၃၈၀၉၈၈ ၌ ဆက်သွယ်ဝယ်ယူနိုင်မည် ဖြစ်သည်။

Read More

ဒုတိယ မျိုးဆက် YotaPhone ကိုမော်စကိုနှင့် လန်ဒန်တို့တွင် မိတ်ဆက်ခဲ့

ရုရှားကုမ္ပဏီ Yota သည် မော်စကိုနှင့် လန်ဒန်မြို့တွင် ပြုလုပ်ခဲ့သည့် ပွဲများ၌ YotaPhone 2 ကို မိတ်ဆက် သွားခဲ့ကြောင်း သိရသည်။ YotaPhone 2 သည်၂၀၁၄ ခုနှစ် CES နှင့် MWC ပြပွဲများတွင် ထင်ရှားခဲ့သည့် ထုတ်ကုန်များ အနက်မှ တစ်ခုဖြစ်သည်။ ၎င်း စမတ်ဖုန်းတွင် e-ink နည်းပညာကို အသုံးပြု၍ ဒုတိယ touch screen ကိုထည့်သွင်း ပေးထားကာ သုံးစွဲသူများ အနေဖြင့် စွမ်းအင်သုံးစွဲမှုပေါ် မူတည်၍ မျက်နှာပြင် နှစ်ဖက်ကို လိုအပ်သလို အသုံးပြုနိုင်သည်။ YotaPhone 2 တွင် 2.2 GHz quad-core Qualcomm Snapdragon 800, RAM 2GB, storage […]

Read More

စမ်းသပ် လေ့လာ မှုများကြောင့် ဒေါ်လာ ဘီလီယံပေါင်း များစွာဆုံးရှုံး ခဲ့ရကြောင်း Amazon အမှုဆောင် အရာရ

Fire Phone ကျရှုံးခြင်း အပါအဝင် လက်တွေ့ စမ်းသပ် လေ့လာမှု များကြောင့် ဒေါ်လာ ဘီလီယံပေါင်း များစွာ ဆုံးရှုံးခဲ့ကြောင်း Amazon ကို တည်ထောင်သူနှင့် အမှုဆောင် အရာရှိချုပ် ဖြစ်သူ ဂျက်ဖ်ဘီဇော့စ်က ဝန်ခံပြောကြား လိုက်သည်။ အဆိုပါ ကျရှုံးမှုများသည် ခေတ်ပေါ် စီးပွားရေး လုပ်ငန်းတစ်ခု အနေဖြင့် ဆက်လက် ရှင်သန်ရန် အရေးကြီးသည့် အစိတ်အပိုင်း တစ်ရပ်ဖြစ်ခဲ့ကြောင်း ဘီဇော့စ်က ဆိုခဲ့သည်။ “amazon.com မှာ စမ်းသပ် လေ့လာမှု ပြုလုပ်ခဲ့တဲ့အတွက် ဒေါ်လာ ဘီလီယံပေါင်း များစွာဆုံးရှုံး ခဲ့ပါတယ်။ ဒါတွေကို အပျော် သဘောကြောင့် လုပ်ခဲ့တာ မဟုတ်ပေမယ့် ဆုံးရှုံးမှုတွေက ပြဿနာ မဟုတ်ပါဘူး။ စမ်းသပ် လေ့လာမှုတွေကို ဆက်မလုပ် နိုင်တာကမှ […]

Read More

MacBook Air ထက်ပိုမို ပါးလွှာသော Laptop ကို HP မိတ်ဆက်

HP သည် Apple ၏ ultra portable notebook ထက်ပိုမို ပါးလွှာသော EliteBook Folio 1020 laptop မော်ဒယ်သစ်ကို မိတ်ဆက်ခဲ့ကြောင်း သိရသည်။ အဆိုပါ  laptop  ၏အလေးချိန်မှာ ၂.၂ ပေါင်နှင့် အထူမှာ ၁၅.၇ မီလီမီတာ ရှိကြောင်း သိရသည်။ သို့သော်လည်း EliteBook Folio 1020 laptop ကို လာမည့်နှစ်တွင် ဖြန့်ချိမည့် အချိန်တွင် အလေးချိန် ၂.၆ ပေါင်ခန့်ရှိသော laptop ဗားရှင်းသစ်ကိုလည်း ရောင်းချသွားမည် ဖြစ်ကြောင်း Engadget မှဖော်ပြ ခဲ့သည်။ Apple ၏ Mac Book Air သည်အလေးချိန် ၂.၉၆ ပေါင်ရှိပြီး အထူမှာ ၁၇ […]

Read More

နှစ်ပေါင်း ၂၀ ပြည့်မြောက်သည့် အထိမ်းအမှတ်အဖြစ် ထုတ်လုပ်ထားသော PS4 ဂိမ်းစက်ကို Sony မိတ်ဆက်

Sony သည် ဒီဇင်ဘာ ၃ ရက်နေ့က PlayStation ထုတ်လုပ်မှု နှစ် ၂၀ ပြည့်မြောက်သည့် အထိမ်းအမှတ်အနေဖြင့် ထုတ်လုပ်ထားသော PS4 limited edition ဗားရှင်းကို မိတ်ဆက်ခဲ့သည်။ အဆိုပါ PS4 ဂိမ်းစက်ဗားရှင်းကို PS1 ဂိမ်းစက် အရောင်များဖြင့် ဖန်တီးထားသည့်အပြင် PlayStation 4 ဂိမ်းခလုတ်များကိုလည်း ငွေမင်ရောင်ဖြင့် ပြုလုပ်ထားသည်။ ၎င်းဂိမ်းစက်များကို ကမ္ဘာတစ်ဝန်းသို့ အလုံးရေ ၁၂,၃၉၄ သာ ဖြန့်ချိသွားမည်ဖြစ်ကြောင်း သိရသည်။ PS4  ဂိမ်းစက်ဗားရှင်းသစ်ကို ဂျပန်နိုင်ငံတွင် အခွန်အခများ အပါအဝင် ယန်း ၄၉,၉၈၀ ဖြင့်ရောင်းချသွားမည်ဖြစ်သလို မြောက်အမေရိက တွင် ဒေါ်လာ ၄၉၉ နှင့် ဥရောပတွင် ယူရို ၄၉၉ ဖြင့် ဝယ်ယူနိုင်မည်ဖြစ်သည်။ ထို […]

Read More