Day: December 8, 2014

Ubuntu OS ပေါ်တွင် MP4 မှ AVI Format သို့ Convert ပြုလုပ်ခြင်း

Ubuntu OS ပေါ်တွင် MP4 File မှ AVI Format သို့ Convert ပြုလုပ်ပြီး DVD Player တွင် ကြည့်ရှုချင်သူများ အတွက် MP4 မှ AVI Format သို့ပြောင်းလဲသည့် နည်းလမ်းဖြစ်ပါတယ်။ Ubuntu OS ပေါ်မှာ ထည့်သွင်းထားတဲ့ DVD Player တွေကနေတစ်ဆင့် ရုပ်ထွက်ကောင်းမွန်တဲ့ AVI Video Format တွေကို ကြည့်ရှုချင်တဲ့ အခါမှာ WinFF ဆိုတဲ့ ဆော့ဖ်ဝဲကို ထည့်သွင်းပြီး MP4 ကနေ AVI Format ကို ပြောင်းလဲနိုင်မှာ ဖြစ်ပါတယ်။ WinFF ကို Ubuntu OS ပေါ်မှာ ထည့်သွင်းဖို့ အတွက်ဆိုရင် ပထမဆုံး […]

Read More

Lenovo နှစ် ၃၀ ပြည့် အထူး ဈေးရောင်းပွဲ ကျင်းပပြုလုပ်

Lenovo ၏ နှစ်ပေါင်း ၃၀ ပြည့် အထိမ်းအမှတ်အနေဖြင့် အထူးဈေးရောင်းပွဲကို နိုဝင်ဘာလ၂၁ ရက် မှ ဒီဇင်ဘာလ ၃၁ ရက်အထိ ပြုလုပ်မည်ဖြစ်ပြီး ဝယ်ယူအားပေးသော ပရိသတ်များကို မေတ္တာ လက်ဆောင်များ ပေးအပ် သွားမည်ဖြစ်ကြောင်း သိရသည်။ အထူးဈေးရောင်းပွဲကာလတွင် Lenovo မှ Notebook ၊ Desktop နှင့် All-in-One PC များကို ဝယ်ယူအားပေးသူများအတွက်  Lenovo မှ လက်ဆောင် Package ၃ ခု စီစဉ်ထားပြီး အထက်ပါ Product တစ်မျိုးကို ဝယ်ယူကပါက လက်ဆောင် Package တစ်မျိုးရွေးချယ် ရယူနိုင်မည် ဖြစ်သည်။ Package များအနေဖြင့် တန်ဖိုးမြင့်မားပြီး ကမ္ဘာကျော် Targus ကုမ္ပဏီမှ ထုတ်လုပ်သော […]

Read More

Acer P1283 Projector

Acer P1283 Projector သည် Resolution အနေဖြင့် Native XGA (1024 x 764) ဖြစ်ပြီး Contrast Ratio 17000 : 1 အထိပါရှိသည်။ Lamp Life အနေဖြင့် standard Mode တွင် နာရီ ၅,၀၀၀ အထိရရှိမည်ဖြစ်ပြီး Eco Mode တွင် နာရီ ၆,၀၀၀ အထိ ရရှိနိုင်မည် ဖြစ်သည်။ ထို့အပြင် Extreme Eco Mode အနေဖြင့် နာရီ ၁၀,၀၀၀ အထိ အသုံးပြုနိုင်မည် ဖြစ်သည်။ Input interface အနေဖြင့် Analog RGB / Component Video x 2 […]

Read More

Peace Tech Exchange အမည်ဖြင့် ဆွေးနွေးပွဲ ပြုလုပ်မည်

Hate Speech  (အမုန်းစကား) များနှင့် ပတ်သက်၍ ပြန့်ပွားမှု မရှိအောင် အဓိက လုပ်ဆောင်နေကြသည့် အဖွဲ့အစည်းများ စုပေါင်း၍ Peace Tech Exchange အမည်ဖြင့် ဆွေးနွေးပွဲ ပြုလုပ်သွားမည် ဖြစ်သည်။ Myanmar ICT Development Organization (MIDO) နှင့် U.S Agency for International Development (USAID) တို့ ပူးပေါင်း၍ စီစဉ်ခြင်းဖြစ်ပြီး ဇန်နဝါရီလအတွင်း ကျင်းပ ပြုလုပ်သွားမည်ဟု သိရသည်။ “အရင်တစ်ခါ Tech Camp လုပ်တုန်းက NGO တွေက General သဘောမျိုးဖြစ်သွားတယ်။ အခုကတော့ Hate Speech ကို ကိုင်တွယ်နေတဲ့ အဖွဲ့တွေချည်းပါပဲ” ဟု MIDO မှ မထိုက်ထိုက်အောင်က […]

Read More

Multi Function Protection Bag

နည်းပညာပစ္စည်းများဖြစ်သော Digital camera, mobile phone, GPS နှင့် Mobile Hard disk, USB Stick များကို လူသုံးများလာသလို အဆိုပါ ပစ္စည်းများ၏ အဓိကအားနည်းချက်မှာ Electromagnetic wave ဟု ခေါ်ဆိုသော လျှပ်စစ်သံလိုက်လှိုင်းဒဏ်ကို ခံနိုင်ရည်မရှိခြင်း ဖြစ်သည်။ ဒီတစ်ပတ်ဈေးကွက်အတွင်းသို့ ဝင်ရောက်လာသည့် Multifunction Protection Bag မှာ အိတ်ထဲသို့ လျှပ်စစ် သံလိုက်လှိုင်းဖြတ် မဝင်နိုင်သည့်အတွက် အသုံးပြုသူများအနေဖြင့် များစွာ အဆင်ပြေစေမည်ဖြစ်သည်။ လေဆိပ်၊ ကားဂိတ်၊ လုံခြုံရေးဂိတ်များမှ ကျော်ဖြတ်သည့်အချိန်တွင် စက်များမှဖြစ်လာသော လှိုင်းကြောင့် memory card, smart card, USB stick စတဲ့ ပစ္စည်းများမပျက်စီးအောင် ကာကွယ်ပေးနိုင်မည်ဖြစ်သည်။ GSM မိုဘိုင်းဖုန်းများကို ထည့်ထားပါက […]

Read More

BMB NKN 300 Microphone

ကာရာအိုကေ သီဆိုရန်အတွက် အသံဖမ်း အာရုံခံစနစ် အကောင်းဆုံးသော microphone ဖြစ်သည်။ ဆူညံမှုကို ထိန်းချုပ်ပေးထားပြီး ကြည်လင်ပြတ်သားသော အသံထွက်ကို ပေးစွမ်းနိုင်မည်ဖြစ်သည်။ ဂျပန်နိုင်ငံ၏ ပတ်ဝန်းကျင်နှင့် လုံခြုံမှုဆိုင်ရာ အရည်အသွေးစစ်ဆေးမှုများကို အောင်မြင်ထားသည့် အစိတ်အပိုင်းများဖြင့် တည်ဆောက်ထားသော အရည်အသွေးမြင့် ကာရာအိုကေ Micro-phone ဖြစ်သည်။ အိမ်သုံးသာမက လုပ်ငန်းသုံး၊ ဖျော်ဖြေရေးသုံးအတွက် အကောင်းဆုံးစိတ်ကျေနပ်မှုကို ပေးစွမ်းသည့် microphone ဖြစ်သည်။ တန်ဖိုးမှာ ၄၅၀၀၀ ကျပ်ဖြစ်ပြီး မျိုးသိန်းအီလက်ထရောနစ် ဖုန်း ၃၈၁၂၀၂ ၌ ဆက်သွယ်ဝယ်ယူနိုင် မည်ဖြစ်သည်။ -အေးဖြူ

Read More

Digital Assistant

Digital assistant ဆိုသည်မှာ ပင်ကိုယ် ဘာသာစကားကို နားလည်နိုင်ပြီး end user အတွက် ပြီးပြည့်စုံသည့် အီလက်ထရွန်နစ် လုပ်ဆောင်ချက်များဖြင့် ဆောင်ရွက်ပေးသည့် application program တစ်ခုဖြစ်သည်။ ၎င်းကို virtual assistant ဟူ၍လည်း ခေါ်ဆိုသည်။ အဆိုပါ လုပ်ဆောင်ချက်များမှာ လွန်ခဲ့သည့် ဆယ်စုနှစ်များက အတွင်းရေးမှူးတစ်ဦးမှ လုပ်ဆောင်ရသည့် နှုတ်မှ ပြောသမျှကို ရေးမှတ်ခြင်း၊ text message, email message များကို အသံကျယ်ကျယ်ဖြင့် ဖတ်ခြင်း၊ ဖုန်းနံပါတ်များ ရှာဖွေခြင်း၊ ဖုန်းခေါ်ဆိုမှုများ ပြုလုပ်ခြင်း၊ ချိန်းဆိုမှုများအတွက် အသိပေးခြင်း စသည်တို့ဖြစ်သည်။ လက်ရှိတွင် နာမည်ကျော်ကြားလျက်ရှိသည့် digital assistant များမှာ Apple Siri, Google Now နှင့် Cortana […]

Read More

USB Desktop Charger

ထိုင်းနိုင်ငံမှ ဝင်ရောက်လာသော USB Port ၆ ခုနှင့် USB Port ၄ ခုပါဝင်သည့် Desktop Charger အမျိုးအစားသစ်များ ဖြစ်သည်။ အဆိုပါ Charger ကို မီးပလပ်တွင် ထိုးထားရုံဖြင့် 2 pin ခေါင်းမလိုဘဲ mobile Device များဖြစ်သော Apple, Samsung နှင့် Huiwei စသည့် မိုဘိုင်းထုတ်ကုန်များကို တစ်ပြိုင်နက် ချိတ်ဆက်ကာ အားသွင်းအသုံးပြုနိုင်မည် ဖြစ်သည်။  ထို့အပြင် Tablet များကိုလည်း ချိတ်ဆက် အားသွင်းနိုင် မည်ဖြစ်သည်။ တန်ဖိုးမှာ USB 4 Port မှာ ၁၅,ဝဝဝ ကျပ်ဖြစ်ပြီး USB 6 Port မှာ ၁၈,ဝဝဝ ကျပ်ဖြစ်သည်။ Ko […]

Read More