Day: December 5, 2014

MRTV နှင့် ယူနီဆက်ဖ်တို့ ပူးပေါင်း၍ ကလေးသူငယ် အခွင့်အရေး ပညာပေး ရုပ်/သံ ဇာတ်လမ်းတွဲများကို ထုတá

ယူနီဆက်ဖ်မြန်မာမှ စီစဉ်ရိုက်ကူးထားသည့် ကလေးသူငယ်အခွင့်အရေး ပညာပေး ရုပ်/သံဇာတ်လမ်းများကို MRTV မှ ၂၀၁၅ ခုနှစ် အစပိုင်းမှစ၍ အခမဲ့ ထုတ်လွှင့်ပြသပေးနိုင်ရန် အတွက် ဒီဇင်ဘာလ ၄ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ မင်္ဂလာသီရီဟိုတယ် ယူနီဆက်ဖ်မြန်မာနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ ဖြစ်ကြသော မိတ်ဘက်ဝန်ကြီးဌာနများမှ လက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါ အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးပိုက်ထွေး၊ ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါ်ခင်စန်းရီ၊ ယူနီဆက်ဖ်မြန်မာမှ တာဝန်ရှိသူများနှင့် အခြားဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။ “အခုဆောင်ရွက်မယ့် အစီအစဉ်တွေဟာ မြန်မာနိုင်ငံအတွင်းရှိ ကလေးသူငယ်တွေရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုမယ့် ရုပ်မြင်သံကြား အစီအစဉ်တွေ ကို မြန်မာ့ရုပ်မြင်သံကြားနဲ့ ယူနီဆက်ဖ်တို့ ပူးပေါင်းထုတ်လုပ်တာဟာ အလွန်ပဲ အကျိုးဖြစ်ထွန်းစေမှာ […]

Read More

MyanPay Online Payment စနစ်တွင် Mobile Banking စနစ်ဖြင့် ငွေဖြည့်သွင်းခြင်း စတင်အသုံးပြုနိုင်

အွန်လိုင်းမှတစ်ဆင့် ငွေပေးချေခြင်း၊ ငွေလက်ခံခြင်းများ ဆောင်ရွက်နိုင်သည့် MyanPay Online Payment Gateway တွင် CB Bank ၏ Mobile Banking စနစ်အား စတင်အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း သိရသည်။ MyanPay အသုံးပြုသူ၏ အကောင့်အတွင်းသို့ CB Bank Mobile Banking မှတစ်ဆင့် ငွေဖြည့်သွင်းခြင်းအား ဒီဇင်ဘာလ ၁ ရက်မှ စတင်အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း၊ MyanPay အကောင့် အသုံးပြုရန်အတွက် ဘဏ်များဖြင့် ချိတ်ဆက်ဆောင်ရွက်ရခြင်းဖြစ်၍ ဘဏ်ဖွင့်ရက်တွင်သာ သွားရောက်ဆောင်ရွက်နိုင်ကြောင်း၊ ယခုအခါ CB Bank ၏ Mobile Banking စနစ်ဖြင့် ငွေထည့်သွင်းနိုင်ပြီဖြစ်၍ ဘဏ်သို့ သွားရောက်စရာ မလိုတော့ကြောင်း MyanPay ၏ တာဝန်ရှိသူက ပြောသည်။ “CB […]

Read More

iOS Version 8.1.1 အား Jailbreak ပြုလုပ်ခြင်း

အသစ်ထွက် OS Version တစ်ခုဖြစ်တဲ့ Version 8.1.1 အတွက် Jailbreak Tool ကို အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။ အသုံးပြုနိုင်မယ့် Jailbreak Tool ကတော့ TaiG လို့ ခေါ်ပါတယ်။ TaiG Jailbreak Tool ကို အသုံးပြုပြီး ကိုယ့်ရဲ့ Device ကို Jailbreak မပြုလုပ်မီမှာ လိုအပ်မယ့် အချက်အလက်တွေကို အရင်ဆုံး ဖော်ပြပေးပါမယ်။ ပထမအဆင့်အနေနဲ့ ကိုယ့်ရဲ့ Device မှာရှိနေတဲ့ iOS Version ကို အရင်ဆုံး စစ်ဆေးကြည့်ပါ။ ဒုတိယအဆင့်အနေနဲ့ ကိုယ့်ရဲ့ Device ထဲမှာရှိနေတဲ့ အရေးကြီး အချက်အလက်တွေ မဆုံးရှုံးစေဖို့် Device မှာရှိနေတဲ့ အချက်အလက်တွေကို iCloud ပေါ် ဒါမှမဟုတ် […]

Read More

ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်မှ မဟာဘွဲ့ပေးအပ်မည့် Master of Economics မဟာဘွဲ့သင်တန်းသို့ ဝင်ခွင့်ေ

စီးပွားရေးပညာဘွဲ့ရရှိသူကို ဦးစားပေးမည့် ရန်ကုန်စီးပွားရေးတက္ကသိုလ်နှင့် ထိုင်းနိုင်ငံချင်းမိုင်တက္ကသိုလ် (Chiang Mai University) တို့ ပူးပေါင်း ဖွင့်လှစ်မည့် Master of Economics (MEcon) (CMU) မဟာဘွဲ့သင်တန်းသို့ ၀င်ခွင့်လျှောက်လွှာခေါ်ယူနေကြောင်းသိရသည်။ အဆိုပါ မဟာဘွဲ့သင်တန်းသို့ တက်ရောက်လိုသူသည် အသိအမှတ်ပြုတက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူဖြစ်ရမည်ဟု ဆိုသော်လည်း စီးပွားရေးပညာဘွဲ့ရရှိသူကို ဦးစားပေးမည် ဟုသိရသည်။ မည်သူမ ဆို လျှောက်ထားနိုင်မည်ဖြစ်သည်။  စီးပွားရေးတက္ကသိုလ်များတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဆရာ၊ ဆရာမများ၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာန၊ ဘဏ္ဍာရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စသည့် စီးပွားရေးဘာသာရပ်များဖြင့် ဆက်စပ်လုပ်ကိုင်လျက်ရှိသည့် ဝန်ကြီးဌာနများမှ ဝန်ထမ်းများလည်း လျှောက်ထားနိုင်သည်ဟု သိရသည်။ လျှောက်ထားသူသည် အင်္ဂလိပ်စာ၊ သင်္ချာနှင့်စာရင်းအင်းပညာ ကျွမ်းကျင်သူဖြစ်ရမည်ဖြစ်ပြီး တက္ကသိုလ်တစ်ခုခုတွင် […]

Read More

ရန်ကုန်စီးပွားရေး တက္ကသိုလ်မှ ဒီပလိုမာနှင့် လက်မှတ်ရ သင်တန်းများ ဖွင့်လှစ်မည်

ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ဒီပလိုမာနှင့် လက်မှတ်ရ သင်တန်းများ ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။  ဖွင့်လှစ်မည့် သင်တန်းများမှာ Dip DS, DBS, DMAc, DFAc, CABS, CBS သင်တန်းများဖြစ်ပြီး ဒီဇင်ဘာလ ၅ ရက် နောက်ဆုံးထား လျှောက်ထားရမည်ဖြစ်သည်။ Dip DS သင်တန်းကို တက္ကသိုလ်မှ ဘွဲ့ရရှိထားသူများ တက်ရောက်နိုင်ပြီး သင်တန်းကာလ ၉ လဖြစ်ကာ သင်တန်းကြေးမှာ ၆၀,၀၀၀ ကျပ်ဖြစ်သည်။ DBS, DMAc, DFAc သင်တန်းကို စီးပွားရေးတက္ကသိုလ်မှ ဘွဲ့ရရှိထားသူများ (သို့) ဒီပလိုမာရရှိထားသူများ၊ စီးပွားရေးဘာသာရပ်တစ်ခုခုဖြင့် ဘွဲ့ရရှိထားသူ (သို့) ဒီပလိုမာရရှိထားသူ (သို့) CAA/CABS အောင်မြင်ထားသူများ တက်ရောက်နိုင်မည်ဖြစ်ပြီး သင်တန်းကာလမှာ ၉ လဖြစ်ကာ သင်တန်းကြေးမှာ ၆၀,၀၀၀ […]

Read More

နိုင်ငံတော်သမ္မတ ပညာသင်ဆုအတွက် APTIS Test ဖြေဆိုမည့်သူများ EPIC တွင် လေ့ကျင့်ခန်းများ အခမဲ့ရယူနိုင်

မြန်မာနိုင်ငံတွင် ပထမဦးဆုံး အကြိမ် ပေးအပ်မည့် နိုင်ငံတော်သမ္မတ ပညာသင်ဆုအတွက် ဖြေဆိုရမည့် အင်္ဂလိပ်ဘာသာနှင့် သက်ဆိုင်သည့် APTIS Test ကို ကျောင်းသား၊ ကျောင်းသူများ အထောက်အကူဖြစ်စေ ရန် လေ့ကျင့်ခန်းများအား EPIC Education (Myanmar) တွင် အခမဲ့ ရယူနိုင်ကြောင်း သိရှိရသည်။ လက်ရှိ APTIS Test အတွက် ဖြေဆိုနိုင်ရန် အနီးကပ်သင်တန်း များကို တစ်ပတ် ၅ ရက် ရုံးချိန် လွတ်တန်းများကို ဖွင့်လှစ်ပေးထားပြီး သင်ထောက်ကူစုံလင်စွာ ဖြင့် လေ့ကျင့်သင်ကြားပေးမည် ဖြစ်ကြောင်း သိရသည်။ အထက်ပါ လေ့ကျင့်ခန်းများ ကို EPIC Education Campus (1) အမှတ် ၃၁၊ မဟာမြိုင်လမ်း၊ စမ်းချောင်းမြို့နယ်တွင် ဖြစ်စေ၊ Campus […]

Read More

Huawei ၏ နိုင်ငံတကာ အသိအမှတ်ပြု တယ်လီကွန်းဆိုင်ရာ လက်မှတ်များ မကြာမီ ပြည်တွင်းမှ ဖြေဆိုရယူနိုငá

Huawei ၏ နိုင်ငံတကာ အသိအမှတ်ပြု တယ်လီကွန်းဆိုင်ရာ လက်မှတ်များကို မကြာမီ ပြည်တွင်းမှပင် ဖြေဆိုရယူနိုင်မည်ဖြစ်ကြောင်းသိရသည်။ အဆိုပါ လက်မှတ်များကို ဖြေဆိုနိုင်မည့် စာစစ်ဌာနကို ပြည်တွင်း၌ ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလတွင် စတင် ဖွင့်လှစ်သွားမည်ဖြစ်သည်။ “လက်ရှိဖွင့်ထားတဲ့ HCNG နဲ့ MBB တယ်လီကွန်းသင်တန်းတွေရဲ့ နိုင်ငံတကာအသိအမှတ် ပြုလက်မှတ်တွေကို ပြည်တွင်းကနေ ဖြေဆိုနိုင်ဖို့အတွက် Exam Centre ကို ကျွန်တော်တို့ KMD အနေနဲ့ ဖွင့်လှစ် သွားဖို့ရှိပါတယ်။ ဘယ်အချိန်လောက်ဖြစ်မလဲဆိုတော့ နောက်နှစ် ဇန်နဝါရီလောက်တော့ ဖွင့်ဖြစ်ဖို့များတယ်” ဟု KMD မှ Executive Director ကိုဇော်လှိုင်ဘွားမှ ပြောသည်။ Huawei ၏ နိုင်ငံတကာအသိအမှတ်ပြုတယ်လီကွန်းလက်မှတ်များကို အွန်လိုင်းမှ တစ်ဆင့် ဖြေဆိုနိုင်သော်လည်း လက်ရှိတွင် မြန်မာနိုင်ငံမှ […]

Read More

ဓာတ်ပုံထုတ်စနစ် ပါဝင်သော Instax Mini ကင်မရာ မော်ဒယ်သစ် သုံးမျိုးကို ပြည်တွင်း၌ မိတ်ဆက်

Fujifilm Myanmar မှ ဓာတ်ပုံရိုက်ကူးပြီးသည်နှင့် တစ်ပြိုင်နက် ရိုက်ကူးထားသည့်ပုံကို ထုတ်ပေးနိုင်သော Instax Mini ကင်မရာ မော်ဒယ်သစ်သုံးမျိုးကို ပြည်တွင်း၌ မိတ်ဆက်ခဲ့ကြောင်း သိရသည်။ အဆိုပါ Instax Mini 8 ၊ Instax Mini 25 ၊ Instax Mini 50s မော်ဒယ်သစ် ကင်မရာများကို မည်သည့်နေရာ၊ မည်သည့် အချိန်တွင်မဆို ဓာတ်ပုံရိုက်ကူးပြီး ချက်ချင်း ထုတ်ယူနိုင်မည့်အပြင် မိမိကိုယ်တိုင် အလှပုံ ရိုက်ကူးနိုင်သော Self-snap ၊ Self-shots နှင့် Self-timer mode စနစ်များ ထောက်ပံ့ပါဝင်ကြောင်း သိရသည်။ Instax Mini ကင်မရာများဖြင့် လိပ်စာကတ် အရွယ်အစား ဓာတ်ပုံများကို ချက်ချင်းရိုက်၊ ချက်ချင်း ထုတ်ယူနိုင်မည်ဖြစ်ပြီး […]

Read More

နိုင်ငံတကာ ရေဆိပ်၊ လေဆိပ်နှင့် နယ်စပ်ဂိတ်များတွင် ဆက်သွယ်ရေး ကွန်ရက်နှင့် နည်းပညာအသုံးချမ

နိုင်ငံတကာ ရေဆိပ်၊ လေဆိပ်နှင့် နယ်စပ်ဂိတ်များတွင် ဆက်သွယ်ရေး ကွန်ရက်နှင့် နည်းပညာအသုံးချမှုများ အဆင့်မြှင့်တင်ရေးနှင့် အထောက်အကူပြု ပစ္စည်းများ တပ်ဆင်ရေးတို့ အတွက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ မြန်မာ-သြစတြေးလျ နှစ်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးနှင့် နယ်စပ်ဒေသ ထိန်းသိမ်းကာကွယ်ရေးဆိုင်ရာ ဝန် ကြီးအဆင့် အစည်းအဝေးနှင့် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို နိုဝင်ဘာလ ၂၄ ရက်မှ ၂၈ ရက်အထိ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့၌ ကျင်းပခဲ့ပြီး အဆိုပါ သတင်းထုတ်ပြန်ချက်ကို နိုင်ငံပိုင်သတင်းစာမှတစ်ဆင့် ဖော်ပြရာမှ သိရသည်။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီနှင့် သြစတြေးလျနိုင်ငံ လူဝင်မှုကြီးကြပ်ရေးနှင့် ထိန်းသိမ်းကာကွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး Mr.Scott Morrison MP တို့သည် နှစ်နိုင်ငံ […]

Read More

နည်းပညာဆိုင်ရာများ စုဝေးရာနေရာအဖြစ် Sule Tech ဖွင့်လှစ်

နည်းပညာအသိုင်းအဝိုင်း အတွက် စုဝေးရာနေရာတစ်ခု အဖြစ် Sule Tech ကို ဒီဇင်ဘာလ ၄ ရက်တွင် စတင် ဖွင့်လှစ်လိုက်ပြီး ideabox နှင့် Phandeeyar (ဖန်တီးရာ) တို့မှ ပူးပေါင်း ဖန်တီးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။ ရန်ကုန်မြို့ MAC Tower ၏ အပေါ်ဆုံးထပ်ရှိ အဆိုပါနေရာတွင် ရုံးများ၊ အတူလုပ်ကိုင်ရန်နေရာနှင့် အထောက်အပံ့များ၊ လေ့ကျင့်သင်ကြားရေးအတွက် အခန်းများ၊ APP သုံးစွဲသူများအတွက် တီထွင်မှုများ၊ အလုပ်ရုံအစီအစဉ်များ၊ သင်ကြားရေး အစရှိသည်တို့ ပါဝင်မည်ဖြစ်ကြောင်းသိရသည်။ “Sule Tech က နည်းပညာသမားတွေအတွက်ပဲ သပ်သပ်မဟုတ်ပါဘူး။ နည်းပညာဆိုင်ရာတစ်ခုကို ဖန်တီးဖို့အတွက် ဘယ်သူမဆို သွားလာဝင်ထွက်လို့ရတဲ့ နေရာတစ်နေရာဖြစ်ပါတယ်” ဟု ideabox Myanmar ၏ ပူးတွဲတည်ထောင်သူ ကိုကောင်းစစ်က ပြောသည်။ […]

Read More