Day: December 2, 2014

ပြည်တွင်း၊ ပြည်ပကုမ္ပဏီသုံးခု၏ ဆက်သွယ်ရေး ကွန်ရက်များ ယခုအချိန်ထိ တည်ငြိမ်မှု မရရှိသေးခြင်း

မြန်မာ့ဆက်သွယ်ရေးေ ဈေးကွက်တွင် ပြည်တွင်း၊ ပြည်ပဆက်သွယ်ရေး လုပ်ငန်းသုံးခုမှ အပြိုင်အဆိုင် လုပ်ကိုင်လာကြပြီ ဖြစ်သော်လည်း ဆက်သွယ်ရေးကွန်ရက်များ တည်ငြိမ်သည့် အနေအထားတွင် မရောက် ရှိသေးခြင်းကြောင့် မိုဘိုင်းဖုန်း အသုံးပြုသူများ အခက်တွေ့နေကြကြောင်း စုံစမ်း သိရသည်။ ကာတာဆက်သွယ်ရေးကုမ္ပဏီ Ooredoo Myanmar နှင့် နော်ဝေဆက်သွယ်ရေးကုမ္ပဏီ Telenor Myanmar တို့မှထုတ်လုပ် ရောင်းချသည့် ဆင်းမ်ကတ်များကိုသုံးစွဲသူ အရေအတွက်မှာ နှစ်သန်းနှင့် အထက် ရှိလာပြီ ဖြစ်သော်လည်း အဆိုပါ ကုမ္ပဏီနှစ်ခုသည် တည်ငြိမ်သည့် ဆက်သွယ်ရေးကွန်ရက်ကို မရရှိကြသေးခြင်းကြောင့် မိုဘိုင်းဖုန်းသုံးစွဲသူများ အခက်တွေ့နေကြခြင်းဖြစ်ကြောင်း ရန်ကုန်မြို့နေဖုန်းသုံးစွဲသူ အချို့က တညီတညွတ်တည်းပြောကြားသည်။ ယခုလက်ရှိအချိန်တွင် ရန်ကုန်မြို့နေမိုဘိုင်းဖုန်းသုံးစွဲသူ အများစုသည်  အနည်းဆုံးဆက်သွယ် ရေးကုမ္ပဏီနှစ်ခုမှ ဆင်းမ်ကတ် နှစ်ခုကိုကိုင်ဆောင်ထားနေကြပြီး ဆက်သွယ်ရေးနှင့် အင်တာနက် ကွန်ရက်များ မတည်ငြိမ်သေးခြင်း ကြောင့်  […]

Read More

Ubuntu OS ပေါ်တွင် Folder Color များကို ထည့်သွင်းခြင်း

Ubuntu OS အသုံးပြုသူများ အနေဖြင့် ကိုယ်အသုံးပြုတဲ့ OS အတွင်းမှာ Folder တွေကို အရောင်ခွဲခြားပြီး မှတ်တမ်း တင်ထားချင်တယ်ဆိုရင် Folder တွေကို Color များအသုံးပြုပြီး ခွဲခြားထားနိုင်မှာ ဖြစ်ပါတယ်။ Folder တွေကို အရောင်တွေနဲ့ ခွဲခြားထားခြင်းဖြင့် မိမိလိုချင်တဲ့ အကြောင်းအရာနဲ့ ပတ်သက်တဲ့ Folder ကို အလွယ်တကူနဲ့ မြန်မြန်ဆန်ဆန် ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။ Folder Color ကို အသုံးပြုဖို့ အတွက် Ubuntu OS မှာ Folder Color ဆိုတာကို အရင် ထည့်သွင်းရမှာ ဖြစ်ပါတယ်။ Folder Color ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package […]

Read More

ပရော်ဖက်ရှင်နယ် တစ်ဦးကဲ့သို့ ဓာတ်ပုံ ပြင်ဆင်နိုင်မည့် iPad App များ

Pixelmator ($4.99) Pixelmator သည် iPad ပေါ်တွင် ဓာတ်ပုံပြင်ဆင်ခြင်းကို အကောင်းဆုံး ပြုလုပ်နိုင်မည့် app ဖြစ်သည်။ ၎င်း app သည် touch screen ပေါ်တွင် ဓာတ်ပုံပြင်ဆင်ခြင်းကို အကောင်းဆုံး ပြုလုပ်စေနိုင်ပြီး preset filter များနှင့် effect များကို သက်ဆိုင်ရာ အမျိုးအစားအလိုက် ခွဲခြားထောက်ပံ့ ပေးထားသည်။ ထို့အပြင် အလွယ်တကူ အသုံးပြုနိုင်သည့် layer system ပါဝင်ပြီး ၎င်းသည် mask များနှင့် double-exposure project များကို ဖန်တီးစေနိုင်သည်။ အကောင်းဆုံး feature များအနက် တစ်ခုမှာ ဓာတ်ပုံများကို ပြင်ဆင်သည့်အခါ tool များ အပြည့်အဝ အသုံးပြုနိုင်ခြင်း ဖြစ်သည်။ ၎င်းတွင် pencils, […]

Read More

ပေါ်ပြူလာ ဖြစ်လာတဲ့ လျှပ်စစ်ပါဝါ သုံးကားများ

လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော် ကတည်းက လျှပ်စစ်ပါဝါနဲ့ မောင်းနှင်တဲ့ ကားတွေကို မိတ်ဆက်ပေး နိုင်ခဲ့တယ်။ ဒါပေမဲ့  နောက်ပိုင်းမှာ ရုပ်ကြွင်းဖြစ် လောင်စာဆီနဲ့ မောင်းနှင်တဲ့ကားတွေ ခေတ်စားလာတဲ့အတွက် လျှပ်စစ်ပါဝါနဲ့ တိုက်ရိုက်မောင်းနှင်တဲ့ ကားတွေရဲ့ အခန်းကဏ္ဍက မှေးမှိန်နေခဲ့တယ်။ မကြာသေးတဲ့ နှစ်အနည်းငယ် လောက်ကစပြီး အ ကြောင်းအမျိုးမျိုးကြောင့် လျှပ်စစ်ပါဝါ သုံးကားတွေက သစ်ဆန်းလာကာ တစ်နှစ်ထက်တစ်နှစ် ပေါ်ပြူလာ ဖြစ်လာပြန်တော့တယ်။ ၂၀၁၄ ခုနှစ် အောက်တိုဘာလ အတွင်းက ကမ္ဘာပေါ်မှာ အမြန်ဆုံး ကားအဖြစ် ကြွေးကြော်ပြီး Detroit Electric က SP.01 Sport Car လေးကို စမ်းသပ်ပြခဲ့တယ်။ နှစ်ယောက် ထိုင်စီးနိုင်တဲ့ ပြိုင်ကားပုံစံ ဒီဇိုင်းနဲ့ ပြုလုပ်ထားတယ်။ Detroit Electric […]

Read More

Yahoo ကို Default Search Engine အဖြစ် အသုံးပြု ထားသည့် Firefox 34 ကို Mozilla ဖြန့်ချိ

Yahoo ကို default search engine အနေဖြင့် အသုံးပြုထားသည့် ပထမဦးဆုံး Firefox ဗားရှင်းကို Mozilla မှ ဖြန့်ချိပေးခဲ့သည်။ အဆိုပါ Firefox 34 တွင် Yahoo ကို default search engine အဖြစ် ပြောင်းလဲမှုနှင့်အတူ စိတ်ဝင်စားဖွယ်ရာ feature သစ်အချို့ ပါဝင်လာသည်။ Firefox 34 တွင် Yahoo ကို default search engine အဖြစ် ပြောင်းလဲထားသော်လည်း သုံးစွဲသူများအနေဖြင့် Google ကို အလျင်အမြန် ပြန်လည် ပြောင်းလဲသုံးစွဲနိုင်သည်။ ၎င်း browser update တွင် Mozilla က WebRTC အသုံးပြု chat tool ဖြစ်သော […]

Read More

ပြည်တွင်းမိုဘိုင်းဖုန်း ဈေးကွက်တွင် Samsung နှင့် Huawei အမှတ်တံဆိပ်များ၏ ဝယ်လိုအားများ မြင့်တက် လာ

ပြည်တွင်း၌ စမတ်ဖုန်းသုံးစွဲမှု မြင့်တက်လာပြီး နောက်ပိုင်း Android မိုဘိုင်းထုတ်ကုန်များ အနက် Huawei နှင့် Samsung အမှတ်တံဆိပ်တို့၏ ဈေးကွက်ယှဉ်ပြိုင်မှု ပိုမိုအားကောင်းလာပြီး ဈေးကွက် ကွာဟချက်မှာလည်း ပိုမိုကျဉ်းမြောင်းလာကြောင်း ရန်ကုန် အခြေစိုက် မိုဘိုင်းဖုန်းလုပ်ငန်းများမှ စုံစမ်း သိရသည်။ ရန်ကုန်မြို့တွင်း ဖွင့်လှစ်ထားသည့် မိုဘိုင်းဖုန်းလုပ်ငန်းအချို့၏ အဆိုအရ  Samsung အမှတ် တံဆိပ် မိုဘိုင်းထုန်ကုန်များ၏ ဝယ်လိုအားသည် ပိုမိုမြင့်တက်လာနေခြင်းကြောင့် Huawei ဈေးကွက် ဝေစု အချို့လျော့ နည်းလာကြောင်း သိရသည်။ “Samsung ကိုပိုသုံးလာကြတယ်။ ဒါပေမဲ့ Huawei ဖုန်းတွေရဲ့ရောင်းအားလည်း သိသိသာသာ ကျဆင်းသွားတာမျိုး မရှိပါဘူး။ Android မှာဆို ဒီအမှတ်တံဆိပ်နှစ်ခုကို ပိုပြီးသုံးလာကြတဲ့ သဘောပါ။ အဲ့ဒီအတွက် Samsung နဲ့ Huawei ရဲ့ […]

Read More

Cyber Monday

Cyber Monday ဆိုသည်မှာ အွန်လိုင်း ဈေးရောင်းချမှုကို မြှင့်တင်ရန် ဖန်တီးထားသည့် marketing event တစ်ခု ဖြစ်သည်။ Black Friday အပြီး ကျရောက်သည့် တနင်္လာနေ့ကို Cyber Monday ဟု ခေါ်ဆိုသည်။ Black Friday ဆိုသည်မှာ အမေရိကန်၏ ကျေးဇူးတော်နေ့အပြီး ကျရောက်သည့် သောကြာနေ့ကို ခေါ်ဆိုသည်။ ၂၀၁၃ ခုနှစ် Cyber Monday တွင် ရောင်းချခဲ့ရသည့် ပမာဏသည် အမေရိကန်ဒေါ်လာ ၂.၂၉ ဘီလီယံရှိခဲ့ပြီး ၎င်းပမာဏသည် ၂၀၁၂ ခုနှစ်ထက် ၁၅.၇ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ စုစုပေါင်း ရောင်းချမှုနှုန်းတွင် tablet ကွန်ပျူတာက ၁၂.၇ ရာခိုင်နှုန်းနှင့် စမတ်ဖုန်းက ၅.၆ ရာခိုင်နှုန်းရှိခဲ့ပြီး မိုဘိုင်းထုတ်ကုန်မှ အရောင်းအဝယ်ပြုလုပ်မှုနှုန်းက […]

Read More

ပြည်တွင်း၌ နည်းပညာဆိုင်ရာ Data Center တစ်ခုကို ဂျပန်နိုင်ငံ၏အကူအညီဖြင့် တည်ဆောက်သွားမည်

မြန်မာနိုင်ငံ၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးအစရှိသောကဏ္ဍများ အပါအဝင် အခြားအရေးကြီးကဏ္ဍများနှင့် သက်ဆိုင်သည့် အသေးစိတ် အချက်အလက်များကို သိမ်းဆည်းထားနိုင်မည့် နည်းပညာ ဆိုင်ရာ Data Center   တစ်ခုကို တည်ဆောက်ရန် အတွက် ဂျပန်နိုင်ငံမှ အကူအညီကို ရယူသွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်၊ နည်းပညာဝန်ကြီးဌာနမှ စုံစမ်း သိရသည်။ ပြည်တွင်း၌ ကဏ္ဍအသီးသီးမှ အများပြည်သူနှင့်သက်ဆိုင်သည့် စီမံကိန်းကြီးများ ပြုလုပ်လာသည့် အခါတွင် လိုအပ်သည့် အချက်အလက်မှန်သမျှကို  အလွယ်တကူရရှိ နိုင်စေရန်အတွက် ယခုကဲ့သို့ Data Center တစ်ခုတည်ဆောက်ရန် စီစဉ်ရခြင်းဖြစ်ကြောင်းသိရသည်။ ဂျပန်နိုင်ငံ၏ အကူအညီဖြင့် နည်းပညာဆိုင်ရာ Data Center တည်ဆောက်ရန်အတွက် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ အဓိကစီစဉ်ဆောင်ရွက်နေခြင်းဖြစ်ပြီး အဆိုပါဝန်ကြီးဌာနအနေဖြင့် Data Center တည်ဆောက်မှု အတွက် […]

Read More

ကမ္ဘာ့ အပါးလွှာဆုံး ဖုန်းဖြစ်သည့် OPPO R5 အား ကြိုတင် မှာယူစနစ်ဖြင့် ဝယ်ယူနိုင်မည်

OPPO မှထုတ်လုပ်သည့် ကမ္ဘာ့အပါးလွှာဆုံး ဖုန်းအမျိုး အစားတစ်ခုဖြစ်သော R5 အား ကြိုတင်မှာယူ စနစ်ဖြင့် စတင် ဝယ်ယူနိုင်တော့မည်ဖြစ်ပြီး ယင်းသို့ ကြိုတင်မှာယူ စနစ်ဖြင့် မှာယူအသုံးပြုသူများအား OPPO မှ ပရိုမိုးရှင်း အနေဖြင့် လက်ဆောင်ပစ္စည်းများ ထည့်သွင်းပေးသွားမည် ဖြစ်ကြောင်း သိရသည်။ ကြိုတင်မှာယူမှုများအား ဒီဇင်ဘာ ၅ ရက်မှ ၂၅ ရက်အတွင်းတွင် မှာယူနိုင်မည်ဖြစ်ပြီး ကြိုတင်မှာယူလိုသူများ အနေဖြင့် OPPO ဟန်းဆက်များရောင်းချသည့် မိုဘိုင်းဖုန်း အရောင်းဆိုင်တိုင်းတွင် မှာယူနိုင်မည် ဖြစ်ကြောင်း သိရသည်။ R5 အား ကန်ဒေါ်လာ ၄၉၉ ဖြင့်မှာယူနိုင်မည်ဖြစ်ပြီး ကြိုတင်မှာယူခြင်း အတွက် စရံငွေအား OPPO ကုမ္ပဏီမှ သတ်မှတ် ပေးထားခြင်း မရှိကြောင်း သိရသည်။ ယင်းနှင့်ပတ်သက်၍ OPPO […]

Read More

Xiaomi နှင့် OPPO ဟန်းဆက်များအား ပရိုမိုးရှင်း ပြုလုပ်ရောင်းချမည်

Xiaomi ဟန်းဆက်များနှင့် OPPO ဟန်းဆက်များအား ပရိုမိုးရှင်း ပြုလုပ် ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပရိုမိုးရှင်း အစီအစဉ်တွင် Xiaomi Note နှင့် 1S ဟန်းဆက် ဝယ်ယူသူများနှင့် OPPO N1 Mini, Neo, Yo Yo ဟန်းဆက် ဝယ်ယူသူများ အားလုံးအား MPT Sim ကတ်များ လက်ဆောင် အဖြစ်ပေးသွား မည် ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ဝယ်ယူသော ဖုန်းများ အားလုံးအတွက် Application နှင့် ဂိမ်းများ၊ Screen ကာဗာများကိုလည်း အခမဲ့ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ပရိုမိုးရှင်း အစီအစဉ်အား ဒီဇင်ဘာ ၁ ရက်နေ့ မှ ၁၅ ရက်နေ့ […]

Read More