တယ်လီနောတံဆိပ် ကပ်ထားသော လက်ဖက်ရည်ဆိုင်များရှိ ဝန်ထမ်းငယ်များအား ပညာသင်ကြားပေးမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါအစီအစဉ်ကို Telenor Myanmar နှင့် Myanmar Mobile Education Project(myME) တို့ ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကြောင်း၊ လက်ဖက်ရည်ဆိုင်များတွင် အလုပ်လုပ်ကိုင်နေသည့် အသက် ၁၃ နှစ်မှ ၁၆ နှစ် အရွယ်များအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ myME ၏ ရွေ့လျားစာသင်ခန်းများဖြင့် လိုက်လံ သင်ကြားပေးမည်ဖြစ်ကြောင်း၊ အဆိုပါ အစီအစဉ်ကို ယခုလမှစတင်ကာ ဆောင်ရွက်လျက်ရှိပြီး တယ်လီနောတံဆိပ် ကပ်ထားသော ရန်ကုန်မြို့ရှိ လက်ဖက်ရည်ဆိုင် ဆယ်ဆိုင်နှင့် မန္တလေးမြို့ရှိ လက်ဖက်ရည်ဆိုင် ခြောက်ဆိုင်တို့တွင် စတင်သွားမည်ဖြစ်ကြောင်း သိရသည်။ myME တွင် လက်ရှိရွေ့လျား စာသင်ခန်းသုံးခုရှိပြီး ဘက်စ်ကားအဟောင်းများကို စာသင်ခန်းအသွင်သို့ ပြောင်းလဲထားခြင်းဖြစ်ကြောင်း၊ ယင်းရွေ့လျားစာသင်ခန်းတစ်ခုတွင် […]
Read Moreမြန်မာ့ဆက်သွယ်ရေးအနေဖြင့် e-top up ဝန်ဆောင်မှုကို စတင်ဆောင်ရွက်လိုက်ပြီဖြစ်ပြီး MPT ငွေဖြည့်ကတ် ဝယ်ယူရရှိနိုင်သော ဆိုင်အချို့တွင် စတင်စမ်းသပ်လျက်ရှိကြောင်း သိရသည်။ “e-top up ဆိုတာက ပုံမှန်ခဲခြစ်ပြီး ငွေဖြည့်စရာမလိုဘဲ ဆိုင်မှာတစ်ခါတည်း ငွေဖြည့်ပေးတဲ့စနစ်ပါ။ ကိုယ် ဖြည့်ချင်တဲ့ တစ်သောင်းကတ်၊ ငါးထောင်ကတ်ကို ဆိုင်မှာဖြည့်ပေးပါလို့ ပြောလိုက်ရုံပါပဲ” ဟု စတင် ဝန်ဆောင်မှုပေးနေသည့် Elite အရောင်းဆိုင်တစ်ဆိုင်မှ ပြောကြားသည်။ MPT ၏ e-top up ဝန်ဆောင်မှုကို Elite Tech နှင့် Asia Mega Link ဆိုင်များတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လက်ရှိတွင် ဆိုင်အချို့၌ စမ်းသပ်ဆောင်ရွက်ပေးလျက် ရှိသော်လည်း မကြာခင်တွင် အရောင်းဆိုင်များ အားလုံးသို့ တိုးချဲ့ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။
Read Moreနိုင်ငံတကာ Roaming စနစ်တွင် ပြည်ပဆက်သွယ်ရေး အော်ပရေတာပေါင်း ရှစ်ဆယ်ကျော်ဖြင့် ချိတ်ဆက် ထားပြီးဖြစ်ကြောင်း သိရသည်။ ၂၀၁၀-၂၀၁၁ ခုနှစ်တွင် ပြည်ပအော်ပရေတာ ၁၄ ဦးဖြင့်သာ ချိတ်ဆက်ဆောင်ရွက် နိုင်ခဲ့သော်လည်း ၂၀၁၄ ခုနှစ် စက်တင်ဘာလတွင် နိုင်ငံပေါင်း ၄၉ နိုင်ငံမှ ပြည်ပဆက်သွယ်ရေး အော်ပရေတာပေါင်း ၈၅ ဦးဖြင့် ချိတ်ဆက်ဆောင်ရွက်ကာ Voice နှင့် SMS ဝန်ဆောင်မှုတို့ကို အသုံးပြုနိုင်ပြီဖြစ်ကြောင်း နိုဝင်ဘာလ ၂၆ ရက်က နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည့် ဆောင်းပါးအရ သိရသည်။ မြန်မာနိုင်ငံသာများ ပြည်ပရောက်လျှင်၊ နိုင်ငံခြားသားများ မြန်မာပြည်တွင်းသို့ရောက်ရှိလျှင် ၎င်းတို့ကိုင်ဆောင် အသုံးပြုနေသော မိုဘိုင်းတယ်လီဖုန်းများဖြင့် အပြန်အလှန် ဆက်သွယ်နိုင်ရန် International Roaming ကိစ္စများကို ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ အင်တာနက်အသုံးပြုမှု အနေဖြင့်လည်း […]
Read Moreသတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဝန်ကြီးဌာနသည် မကြာသေးခင်က ဆက်သွယ်ရေးနှင့်ပတ်သက်သော လိုင်စင်ထုတ်ပေးခြင်းနည်းဥပဒေကို ကြေညာပေးခဲ့သည်။ အဆိုပါနည်း ဥပဒေအရ ပြည်တွင်းပြည်ပမှ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်လိုသူများသည် လိုင်စင်ရယူလျှောက်ထား၍ လုပ်ငန်းများ လည်ပတ်နိုင်ရန် ပြင်ဆင်နေကြသည်။ အဆိုပါဆက်သွယ်ရေးကုမ္ပဏီများကို ဂြိုလ်တုနည်းပညာဖြင့် ဆက်သွယ်ရေးကွန်ရက် ဝန်ဆောင်မှုပေးအပ်ရန် အမေရိကန်အခြေစိုက် HUFHES ကုမ္ပဏီက ကြိုးပမ်းနေခြင်းဖြစ်သည်။ ပြည်တွင်းသို့ ဝင်ရောက်၍ ဂြိုလ်တုနည်း ပညာဝန်ဆောင်မှုပေးအပ်ရန် ကြိုးစားနေသည့် HUGHES ကုမ္ပဏီမှ အာရှ ပစိဖိတ်ဒေသအကြီးတန်း ဒါရိုက်တာ Mr. Vaibhav Magow နှင့်အင်တာနက်ဂျာနယ်က ယခုကဲ့သို့တွေ့ဆုံမေးမြန်းခဲ့သည်။ HUGHES ကုမ္ပဏီကို နည်း နည်းလောက်မိတ်ဆက်ပေးပါလား။ Hughes က EcoStar ကော် ပိုရေးရှင်းရဲ့လုပ်ငန်းအစိတ်အပိုင်း တစ်ခုပါ။ အိမ်တွေ ရုံးတွေမှာ တပ်ဆင်ထားတဲ့ ဂြိုလ်တုနည်းပညာ လုပ်ငန်းမှာ ထိပ်ဆုံးကနေဦးဆောင် နေတဲ့ကုမ္ပဏီလည်းဖြစ်ပါတယ်။ […]
Read Moreလှပသော ဒီဇိုင်းပုံစံကို LED မီးလုံးလေးများဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသည့် DESK LIGHT ဖြစ်သည်။ အဖွင့်အပိတ်ကို touch လိုမျိုး အသာအယာတို့ထိရုံဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။ ညဘက်စာကြည့်မီး အနေဖြင့် အသုံးပြုရန်အတွက် သင့်လျော်ပြီး ကွန်ပျူတာ USB port မှ အားပြန်သွင်းကာ အသုံးပြုနိုင်မည်ဖြစ်သည်။ မီးအလင်းရောင်ကို လိုအပ်သလို adjust ပြုလုပ်ပြီး အသုံးပြုနိုင်မည် ဖြစ်သည်။ ကြိုက်နှစ်သက်ရာ အရောင်များကို ရွေးချယ်ဝယ်ယူ အသုံးပြုနိုင်မည် ဖြစ်သည်။ တန်ဖိုးမှာ ၈၅၀၀ ကျပ်ဖြစ်ပြီး Fax computer ဖုန်း-၂၅၂၆၂၇ ၌ ဆက်သွယ်ဝယ်ယူနိုင်မည် ဖြစ်သည်။
Read Moreဆေးလိပ်အစားထိုး e-cigarette များ ဈေးကွက်အတွင်းသို့ အမျိုးအစားများစွာဖြင့် ဝင်ရောက်လျက်ရှိရာ ယခုအခါတွင် တစ်ခါသုံး e-cigarette များ ထပ်မံဝင်ရောက်လာကြောင်း သိရသည်။ အဆိုပါ e-cigarette ကို အကြိမ် ၁၀၀ ဖွာပြီးပါက စွန့်ပစ်နိုင်မည် ဖြစ်သည်။ Tropical Punch, Strawberry cream, Pina colada, Peach Manga, Mocha, Mint chcolate, Melon Rencher, Grape mint, Berry Kiwi, Banana split ဆိုပြီး ဆေးလိပ်အမျိုးအစား ၁၀ မျိုးရှိသည့်အတွက် မိမိကြိုက်နှစ်သက်ရာ အမျိုးအစားကို ရွေးချယ်နိုင်မည်ဖြစ်သည်။ အသုံးပြုလိုသူများအနေဖြင့် ဖုန်း ၂၅၆၄၁၇ နှင့် ၃၈၀၅၃၆ ၌ ဆက်သွယ်ဝယ်ယူနိုင်မည် ဖြစ်သည်။
Read Moreဆက်သွယ်ရေးပစ္စည်းလိုင်စင် လျှောက်ထားနိုင်ပြီး သက်တမ်းတစ်နှစ် သတ်မှတ်ထားကြောင်း သိရသည်။ လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာ နည်းဥပဒေအရ ဂြိုဟ်တုဆက်သွယ်ရေးပစ္စည်းများ (ဥပမာ-ဂြိုဟ်တုဖုန်းများ)၊ ရေဒါဆက်သွယ်ရေး ပစ္စည်းများနှင့် ဆက်စပ်ကိရိယာများ၊ ရေဒီယိုဆက်သွယ်ရေးပစ္စည်းများ (ဥပမာ- MF,HF,VHF,UHF လှိုင်းနှုန်းသုံး ဆက်သွယ်ရေးပစ္စည်းများ) အား ဆက်သွယ်ရေးစက်ပစ္စည်း လိုင်စင် ရယူရမည်ဖြစ်ကြောင်း သိရသည်။ ဆက်သွယ်ရေးပစ္စည်းလိုင်စင်အတွက် လျှောက်လွှာကြေး ငါးထောင်ကျပ်ကိုသာ ပေးဆောင်ရမည်ဖြစ်ပြီး ကနဦးလိုင်စင်ခ၊ နှစ်စဉ်ကြေးနှင့်လိုင်စင်သက်တမ်းတိုးမြှင့်ခတို့ ပေးဆောင်ရန်မလိုကြောင်း သိရသည်။ သို့သော်လည်း လိုင်စင်သက်တမ်းတိုးမြှင့်ရန် ဦးစီးဌာနသို့ တင်ပြရမည်ဖြစ်ကြောင်း သိရသည်။ အချို့ဆောင်ရွက်ချက်များအတွက် ဆက်သွယ်ရေးစက်ပစ္စည်းလိုင်စင် လျှောက်ထားရန် မလိုအပ်ကြောင်း သိရသည်။ ၎င်းတို့မှာ လုပ်ငန်းလိုင်စင်ရရှိသူက မိမိအသုံးပြုရန် ဝယ်ယူရင်းနှီးထားသော ဆက်သွယ်ရေးပစ္စည်းကို လက်ဝယ်ထားရှိခြင်းနှင့် အသုံးပြုခြင်း၊ လုပ်ငန်းလိုင်စင် ရရှိသူထံမှ ရယူထားသော ဆက်သွယ်ရေးပစ္စည်းကို လက်ဝယ်ထားရှိခြင်းနှင့် အသုံးပြုခြင်းတို့ဖြစ်ကြောင်း ဆက်သွယ်ရေး ညွှန်ကြားမှု […]
Read MoreDeveloper Traveller’s Tales ရဲ့ Lego games တွေဟာ ၂၀၀၅ မှာကတည်းက Lego Star Wars ဂိမ်းကြောင့် လူငယ်ရောလူကြီးများကြားမှာပါ ခေတ်စားခဲ့ပါတယ်။ အရုပ်ဆက်ကစားရတဲ့ Lego ရုပ်ပရိသတ်နှင့် Star Wars ပရိသတ်တွေရဲ့အားပေးမှုကြောင့် Lego Star Wars ဂိမ်းနှစ်ခွေ ထွက်အပြီးမှာတော့ Lego Harry Potter, Lego Pirates of the Caribbean နဲ့ Lego Indiana Jones အစရှိတဲ့ Lego ဂိမ်းပေါင်း များစွာဟာ gaming platforms တိုင်းနီးပါးမှာ ထွက်ရှိလာတာ တွေ့ရမှာပါ။ Developer Traveller’s Tales ရဲ့ Lego ဂိမ်းတွေကို အမှတ်တမဲ့ကြည့်လိုက်ရင် ကလေးတွေ […]
Read More