Day: November 27, 2014

မြန်မာနိုင်ငံ၌ ဂြိုဟ်တုနှင့် ဆက်နွှယ်သော ဝန်ဆောင်မှုများ ပေးနိုင်ရန်စီစဉ်

မြန်မာနိုင်ငံ၍ ဂြိုဟ်တုနှင့် ဆက်နွှယ်သော ဝန်ဆောင်မှုများပေးနိုင်ရန် စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ပြည်တွင်း Naung Yoe Technologies ကုမ္ပဏီလီမိတက်နှင့် နယူးဇီလန်အခြေစိုက် Wirelessnation ကုမ္ပဏီတို့ ပူးပေါင်းကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။ “Network Facilities Service ပေး သွားမှာဖြစ်ပါတယ်။ ကိုယ်ပိုင်ဒီဇိုင်းနဲ့လုပ်မှာ ဖြစ်တဲ့အတွက်ကြောင့် နိုင်ငံအတွက် ဘာအားသာချက်ရှိမလဲ ဆိုတော့ မှန်ကန်တဲ့ဈေးနှုန်း၊ မှန်ကန်တဲ့ နည်းပညာရမယ်။ ပြည်သူတိုင်းက သင့်တင့်မျှတစွာ အသုံးပြုနိုင် မယ်” ဟု Naung Yoe Technologies ကုမ္ပဏီလီမိတက်၏ မန်နေဂျင်းဒါရိုက်တာ ဦးရဲဝင်းထွဋ်တင်က ပြောသည်။ အင်တာနက်ဝန်ဆောင်မှုအပါအဝင် ဂြိုဟ်တုနှင့်ဆက်နွှယ်နေသော ဝန်ဆောင်မှုအားလုံးကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဝန်ဆောင်မှုအတွက် လိုင်စင်လျှောက်ထားရန် အဆင့်ကို ဆောင်ရွက် လျက်ရှိကြောင်း၊ လိုင်စင်အတွက် သတ်မှတ်ထားချက်များကို ပြင်ဆင်လျက်ရှိကြောင်း […]

Read More

Acer Projection Screen

အစည်းအဝေးခန်း၊ စာသင်ကျောင်းခန်းနှင့် အဖွဲ့အစည်းအခမ်းအနားပွဲများတွင် အသုံးပြုနိုင်မည့် အခန်းအတွင်းနေရာစား သက်သာစေသော နံရံကပ် Wallscreen ဖြစ်ပြီး နံရံတွင် အလွယ်တကူ ချိတ်ကာအသုံးပြုနိုင်မည် ဖြစ်သည်။ 70”x70”  ပတ်လည်ရှိပြီး နို့နှစ်ရောင်ပိတ်သားထူဖြင့် ပြုလုပ်ထားကာ ရုပ်ထွက်ကောင်းမွန်မည်ဖြစ်သည်။ တန်ဖိုးမှာ ကန်ဒေါ်လာ ၁၀၀ ဖြစ်ပြီး ရွှေလမင်းနဂါး ကုမ္ပဏီလီမိတက် ဖုန်း – ၂၃၀၁၇၉၇၊ ၂၃၀၁၇၉၈  ၌ ဆက်သွယ်ဝယ်ယူနိုင်မည် ဖြစ်သည်။

Read More

Samsung အမှတ်တံဆိပ် Bluetooth Headset

Samsung အမှတ်တံဆိပ် Bluetooth Headset တစ်မျိုး ဖြစ်သည်။ ဖုန်းပြောဆိုခြင်းအတွက်သာမကဘဲ သီချင်းနားထောင်ခြင်းကိုပါ ပြုလုပ်နိုင်မည့် Bluetooth headset ဖြစ်သည်။ ရိုးရှင်းပြီးလှပသော ဒီဇိုင်းပုံစံနှင့် ဖြစ်သည်။ Bluetooth version 3.0 ဖြစ်သည်။ အဖြူ၊ အမည်း အရောင်နှစ်မျိုးရှိသည့်အတွက် ကြိုက်နှစ်သက်ရာအရောင်ကို ရွေးချယ်ဝယ်ယူနိုင်မည် ဖြစ်သည်။ တန်ဖိုးမှာ ၁၅,၀၀၀ ကျပ်ဖြစ်ပြီး ဖုန်း ၀၉- ၇၃၂၂၄၉၈၉ နှင့် ၂၅၆၄၁၇ သို့ ဆက်သွယ်ဝယ်ယူနိုင်မည် ဖြစ်သည်။

Read More

Dragon Age-Inquisition နှင့်အတူ PS3 ဂိမ်းသစ်များ ဝင်ရောက်

Electronic Arts ၏ Open World Action RPG ဂိမ်းသစ် Dragon Age – Inquisition နှင့်အတူ PS3 ဂိမ်းသစ်များ ဝင်ရောက်လာကြောင်း သိရသည်။ Dragon Age Origins နှင့် Dragon Age 2 မတိုင်ခင်အချိန်တွင် နေရာယူထားသောဂိမ်းသစ်ဖြစ်ပြီး characters race မျိုးစုံမှ ရွေးချယ်ကစားနိုင်မည်ဖြစ်သလို strategy ပုံစံကစားလိုသူများအတွက် tactical view gameplay နှင့်အတူ မိမိ၏ party member များနေရာမှ ပါဝင်ရောက်ကစားနိုင်မည်ဖြစ်သည်။ DA: I နှင့်အတူ Action Horror ဂိမ်းသစ် Escape from Dead Island, Middle Earth – Shadow […]

Read More

eGo version Xbox 360 ဂိမ်းစက်

eGo version ဖြင့် Xbox 360 ဂိမ်းစက် ဈေးကွက်အတွင်းသို့ ဝင်ရောက်လာကြောင်း သိရသည်။ ယခုဝင်ရောက်လာသည့်ဂိမ်းစက်မှာ ယခင်ထွက်ရှိခဲ့သော Xbox 360 ဂိမ်းစက်ထက် ဗားရှင်းမြင့်သည့် အတွက် နောက်ဆုံးပေါ် ဂိမ်းဇာတ်လမ်းများစွာကို အခွေဖြင့် ဆော့ကစားနိုင်သလို HDD အတွင်းသို့ Game Install ပြုလုပ်၍လည်း ကစားနိုင်မည်ဖြစ်သည်။ အသုံးပြုလိုသူများအနေဖြင့် Ko Beno Mobile, Game Sale & Service ဖုန်း ၀၉-၇၃၂၂၄၉၈၉၊ ၂၅၆၄၁၇ နှင့် ၃၈၀၅၃၆ ၌ ဆက်သွယ်ဝယ်ယူနိုင်မည်ဖြစ်သည်။

Read More

Little Registry Cleaner

Open Source Software အမျိုးအစားတစ်ခုဖြစ်သည့် Little Registry Cleaner သည် ကွန်ပျူ တာအတွင်းမှ မလိုအပ်သည့် Registry အဟောင်းများ၊ Error ဖြစ်နေသည့် Registry များကို ရှာဖွေ၍ ဖယ်ရှား ရှင်းလင်းပေးနိုင်မည့် Freeware တစ်ခုဖြစ်သည်။ Registry ရှင်းလင်းရာတွင် Uninstall ပြုလုပ်ရာတွင် ကျန်ခဲ့သည့် Registry ဖိုင်များကိုလည်း ဖယ်ရှားရှင်းလင်းနိုင်မည်ဖြစ်သည်။ Little Registry Cleaner သည် Freeware အမျိုးအစားဖြစ်သဖြင့် အခမဲ့ရယူအသုံးပြုနိုင်မည်ဖြစ်ပြီး၊ ဖိုင်အရွယ်အစားမှာလည်း 5.61MB ခန့်သာရှိမည်ဖြစ်သည်။ Windows XP မှစ၍ Windows 8 အထိ သုံးစွဲနိုင် မည်ဖြစ်သည်။ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။

Read More

Toy Defense 3 : Fantasy

 မှော်ပညာတွေ ဝန်းရံနေတဲ့ မြို့ လေးထဲကို ဝင်ရောက်တိုက်ခိုက်လာတဲ့ နဂါးတွေ အန္တရာယ်က ကာကွယ်ရမယ့်ဂိမ်းတစ်ခု ဖြစ်သည်။ အဆိုပါ ဂိမ်းတွင် ဂိမ်းကစားသူသည် သူငယ်ချင်းအပေါင်းအသင်းများကို ဖိတ်ခေါ်ပြီး ဆော့ကစားနိုင်မည်ဖြစ်သည်။ မှော်တိုက်ပွဲများစွာကို ဆင်နွဲရမည့် ဂိမ်းအမျိုးအစားတစ်ခုလည်း ဖြစ်သည်။ အဆိုပါ ဂိမ်းကို ဆော့ကစားလိုသူများအနေဖြင့် ယခင်က iTunes Store တွင် ကန်ဒေါ်လာ ၁.၉၉ ပေးသွင်းရပြီး၊ ယခုအခါမှာတော့ အချိန်သတ်မှတ်ချက်ဖြင့် အခမဲ့ Download ပြုလုပ်နိုင်မည်ဖြစ်သည်။ Download ပြုလုပ်ရမည့် ဖိုင်အရွယ်အစားမှာလည်း 103MB ခန့်သာရှိမည်ဖြစ်သည်။ iOS Version 6.0 နှင့် အထက်တွင် Download ပြုလုပ်နိုင်မည်ဖြစ်သည်။ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။

Read More

Screen Hunter-Free

http://goo.gl/ApAuZk ဆော့ဖ်ဝဲအမျိုးအစား – Utilities ဗားရှင်း – 6.0.229 ဖိုင်အရွယ်အစား – 10.77 MB အသုံးပြုနိုင်သည့် OS – Windows 95/98/Me/NT/2000/XP/2003/Vista/Server 2008/7 Screen Hunter Free ဆောဖ့်ဝဲဟာ Screenshot ပြုလုပ်နိုင်မယ့် ဆော့ဖ်ဝဲအမျိုးအစားတစ်ခု ဖြစ်ပါတယ်။ Screenshot ပြုလုပ်တဲ့အခါမှာ ကိုယ်လိုချင်တဲ့ အပိုင်းကိုသာ ပြုလုပ်နိုင်စေဖို့ အတွက် သတ်မှတ် ပေးနိုင်မှာလည်း ဖြစ်ပါတယ်။  ဆော့ဖ်ဝဲမှာ ပုံတွေကို ပြန်လည်ပြင်ဆင် ဖြတ်တောက်နိုင်ဖို့အတွက် Tool တွေ ထည့်သွင်း ပေးထားမှာဖြစ်သလို Timer နဲ့လည်း Screenshot ပြုလုပ်နိုင်စေဖို့ အတွက် စီစဉ်ပေးထားတာ ကိုလည်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။ Screenshotပြုလုပ်ထားတဲ့ ဖိုင်တွေကို BMP, JPEG […]

Read More

System Explorer

http://goo.gl/r5G1NN ဆော့ဖ်ဝဲအမျိုးအစား – System Utilities ဗားရှင်း – 4.7.0 ဖိုင်အရွယ်အစား – 1.89 MB အသုံးပြုနိုင်သည့် OS – XP/Vista/7/8 ကွန်ပျူတာ စနစ်အတွင်း Run နေတဲ့ ဆော့ဖ်ဝဲတွေကို စောင့်ကြည့်ပေးနိုင်မယ့် ဆော့ဖ်ဝဲတစ်ခု ဖြစ်ပါတယ်။ CPU အသုံးပြုမှု ဘယ်လောက်ရှိတယ်၊ Memory အသုံးပြုမှုဘယ်လောက်ရှိတယ် ဆိုတာတွေကို ဖော်ပြပေး နေမယ့် ဆော့ဖ်ဝဲတစ်ခုလည်း ဖြစ်ပါတယ်။ အဆိုပါ ဆော့ဖ်ဝဲမှာ System တစ်ခုလုံးရဲ့ လုပ်ငန်းလုပ်ဆောင် ပုံတွေကို စောင့်ကြည့်ပြီး အသုံးပြုမှုမရှိဘဲ Memory သုံးစွဲမှု မြင့်တက်နေတဲ့ ဆော့ဖ်ဝဲတွေကို ပိတ်ပစ်နိုင်ရန် အတွက်လည်း စီစဉ် ဖန်တီး ပေးထားပါတယ်။ ကွန်ပျူတာစနစ်ကို  ပိုမိုမြန်ဆန်စေရန်နဲ့ လုပ်ဆောင်နေတဲ့ အလုပ်တွေကို […]

Read More