Day: November 26, 2014

Telenor ၁,၀၀၀ ကျပ်တန်ငွေဖြည့်ကတ်များ မန်းတွင်ပြတ်လပ်နေ

ယခုရက်ပိုင်း မန်းမိုဘိုင်း ဈေးကွက်အတွင်း Telenor ၁,၀၀၀ ကျပ်တန် ခဲခြစ် ငွေဖြည့်ကတ်များ ပစ္စည်း ပြတ်လပ်လျက် ရှိနေသောကြောင့် ဝင်ငွေနည်ပါးသူများနှင့် အဆိုပါငွေဖြည့်ကတ်ကို ပုံမှန်ဝယ်ယူနေသူများ အခက်တွေ့နေကြောင်း သိရသည်။ “ကျွန်မတို့ဆိုင် တယ်လီနောအရောင်းဝန်ထမ်းတွဆီက ၁,၀၀၀ ကျပ်တန် ခဲခြစ်ငွေဖြည့်ကတ်တွေ ဝယ်မရတာ တစ်ပတ် လောက်ရှိနေပြီ ။ ၁,၀၀၀ ကျပ်တန် ငွေဖြည့်ကတ်လာဝယ်တဲ့ သူတွေ ကို e load နဲ့  ရောင်းပေးတယ်ဆိုပေမယ့် တချို့ မြို့သစ်မှာနေတဲ့ သူတွေနဲ့ နယ်ဘက်က လူတွေတချို့ဆို အဲ့လိုမျိုး ဖြည့်ပေးကြတာကို သိပ်မကြိုက်ကြဘူး။ တယ်လီနောဝန်ထမ်းတွေကို မေးရင်တော့ ၁,၀၀၀ ကတ် မထုတ်တော့ဘူးလို့ပြောပြောသွားကြတယ်။ “ ဟု သိပ္ပံလမ်း မှ မိုဘိုင်းဆိုင်ကြီးတစ်ဆိုင်မှ အင်တာနက်ဂျာနယ်သို့ ပြောသည်။ […]

Read More

Online Games Tournament နှင့် Cosplay Event ပွဲများ ကျင်းပပြုလုပ်မည်

Myanmar Network Co.,Ltd မှ တည်ထောင်ထားသော Vakok Online Games Server မှ ကျင်းပပြုလုပ်မည့် (၁၇) ကြိမ်မြောက် Online Games Tournament နှင့် Cosplay Event ပွဲများကို နိုဝင်ဘာလ ၂၉ ရက်မှ ၃၀ ရက်အထိ နေ့စဉ် နံနက် ၁၁ နာရီ မှ ညနေ ၆ နာရီအထိ Dagon Center 2 တွင် ကျင်းပပြုလုပ်သွားမည် ဖြစ် ကြောင်း သိရသည်။ ပြိုင်ပွဲဝင်ကြေးမှာ အခမဲ့ဖြစ်ပြီး ဆုကြေးများအနေဖြင့် World of War Craft (10 vs 10) WarSong ပြိုင်ပွဲအတွက် ပထမဆု ဆယ်သိန်းကျပ်၊ […]

Read More

ဆက်သွယ်ရေးဆိုင်ရာ ဝန်ဆောင်မှုဈေးကွက်ကို ဖွင့်ထားခြင်းဖြစ်၊ လက်ကျန်အော်ပရေတာအနေဖြင့် မည်á€

ဆက်သွယ်ရေးဆိုင်ရာ ဝန်ဆောင်မှုများနှင့် ပတ်သက်၍ ဈေးကွက်ကိုဖွင့်ထားခြင်းဖြစ်ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။ နောက်ဆုံးကျန်ရှိသည့် အော်ပရေတာတစ်ခုအနေဖြင့် မည်သည့်အချိန်တွင် ဝန်ဆောင်မှုပေးရ မည်ကိုသတ်မှတ်ထားခြင်းရှိ၊ မရှိနှင့် ပတ်သက်၍ “ပြိုင်ဆိုင်မှု၊ မြန်မြန်ပြီးနိုင်ရင် ဈေးကွက်ထဲမှာ ဝင်ပြိုင် လို့ရမယ်။ ကြာလေလေ သူ့အတွက် အားသာချက်တွေ လျော့သွားပြီးတော့ အားနည်းချက်တွေ ဖြစ်လာမှာပဲ။ အဲဒီတော့ ကျွန်တော်တို့က လိုက်ပြီးတော့ Regulate လုပ်စရာမလိုဘူး။ တချို့ကိစ္စတွေက လိုက်ပြီးတော့ Regulator တို့ Ministry တို့က အရင်တုန်းက လုပ်ခဲ့တယ်။ အဲ့အတွက်ကြောင့်မို့ဖွံ့ဖြိုးမှု နောက်ကျခဲ့တယ်။ အခုက ဈေးကွက်ကို ဖွင့်ပေးလိုက်တာ။ ဈေးကွက်ရဲ့ Demand အတိုင်းလိုက်ပြီးတော့ အော်ပရေတာတွေက လုပ်ရမှာ” ဟု အထက်ပါတာဝန်ရှိသူကပြောသည်။ မြန်မာနိုင်ငံအတွင်း ဆက်သွယ်ရေးဝန်ဆောင်မှုများကို အော်ပရေတာလေးခုက ဆောင်ရွက်သွားမည်ဖြစ်ပြီး […]

Read More

ဖုန်းအား Polaroid ကင်မရာအဖြစ် အသွင်ပြောင်းလဲ ပေးနိုင်သော Prynt Case

ဓာတ်ပုံများ ရိုက်ကူးရခြင်းကို နှစ်သက်သူများအတွက် ဓာတ်ပုံထောင်ပေါင်းများစွာ ရိုက်ကူးပြီးနောက် hard copy ရယူထားသော ဓာတ်ပုံများ တစ်ပုံမျှပင် မရှိကြောင်း သတိပြုလာ မိတတ်ကြသည်။ သင့်အနေဖြင့် ရိုက် ကူးထားသည့် ဓာတ်ပုံများကို လူမှုရေးမီဒီယာ ဆိုက်များသို့ တင်သည့်အခါ ပြီးပြီးပျောက်ပျောက် ဖြစ်သွားလေ့ ရှိသည်။ Prynt Case သည်ဖုန်းကို Polaroid ကင်မရာကဲ့သို့ အသုံးပြုနိုင်သည့် ထုတ်ကုန်ဖြစ်သည်။ ၎င်း case ကို သုံးစွဲရသည်မှာလည်း ရိုးရှင်းလှပြီး ဖုန်းတွင် ပလပ်ထိုးသွင်းကာ စာရွက်ထည့်သွင်းပြီးနောက် ဓာတ်ပုံများကို ရိုက်ကူးနိုင်သည်။ ဓာတ်ပုံများ ရိုက်ကူးပြီးသည့် အခါတွင်လည်း ချက်ချင်း print ပြုလုပ်နိုင်မည် ဖြစ်ကြောင်း သိရသည်။ ၎င်း Prynt Case ကို၉၉ ဒေါ်လာဖြင့် ရောင်းချပေးသွားမည် ဖြစ်သည်။ […]

Read More

၂၀၁၅ တွင် စမတ်ဖုန်း မော်ဒယ်အများစု ထုတ်လုပ်မှု ရပ်ဆိုင်းရန် Samsung စီစဉ်

Samsung သည် လာမည့်နှစ်တွင် စမတ်ဖုန်း မော်ဒယ်များစွာကို ထုတ်လုပ်မှု ရပ်ဆိုင်းသွားတော့မည် ဖြစ်ပြီး အဓိက ထုတ်ကုန်များကိုသာ အာရုံစိုက် ထုတ်လုပ်သွား တော့မည်ဖြစ်ကြောင်း ပြီးခဲ့သည့်ရက် အနည်းငယ်က ထုတ်ပြန်ခဲ့သည်။ Wall Street Journal မှဖော်ပြချက်အရ Samsung ကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံသူများ ဆိုင်ရာဆက်ဆံရေး အကြီးအကဲ ရောဘတ်ယီက ကုမ္ပဏီအနေဖြင့် ၂၀၁၅ ခုနှစ် လက်ရှိထုတ်လုပ်နေသော စမတ်ဖုန်း မော်ဒယ်များကို ၂၅ ရာခိုင်နှုန်းမှ  ၃၀  ရာခိုင်နှုန်းအထိ လျှော့ချသွားရန် စီစဉ်ထားကြောင်း နယူးယောက်တွင် ရင်းနှီးမြှုပ်နှံသူများကို ပြောကြားခဲ့သည်။ Samsung သည် မိုဘိုင်းလုပ်ငန်းတွင်  အကြီးမားဆုံး ကုမ္ပဏီတစ်ခုဖြစ်ပြီး တရုတ်နိုင်ငံကဲ့သို့ အဓိက ဈေးကွက်များတွင် စမတ်ဖုန်း လုပ်ငန်းများ ချိနဲ့လာခြင်းကို စောင့်ကြည့်နေလျက် ရှိသည်။ တရုတ်နိုင်ငံရှိ […]

Read More

ဈေးကွက်ချဉ်းကပ်ပုံ မတူကြတဲ့ Apple နဲ့ Google

ကိုယ်နဲ့မကွာ အသုံးပြုနေကြရမယ့် ကိရိယာပစ္စည်းလေးများနဲ့ ပတ်သက်ပြီး လူမှုဘဝမှာ Apple အကြောင်းနဲ့ Google အကြောင်းကို ပြောဆိုနေကြ ရလေ့ရှိတယ်။ Apple ရဲ့ ထုတ်ကုန်တွေနဲ့ Google ရဲ့ Android စနစ်သုံး ထုတ်ကုန်ပစ္စည်းတွေက ဒီနေ့လူမှုဘဝမှာ ကြီးစိုးနေရာ ယူထားတယ် ဆိုတာကပိုပြီး ပီပြင်ပါလိမ့်မယ်။ ပီစီကွန်ပျူတာတွေနဲ့ ပတ်သက်လို့ Microsoft ရဲ့ Windows စနစ်ကြီးက အများဆုံး လွှမ်းမိုးယူထား နိုင်ခဲ့ပေမယ့် ကိုယ်နဲ့မကွာ သယ်ယူသွားကြလေ့ရှိတဲ့ ကိရိယာ ပစ္စည်းလေးတွေနဲ့ စမတ်ဖုန်း နယ်ပယ်မှာတော့ Microsoft ရဲ့ Windows စနစ်က အမြင့်ဆုံး တတိယနေရာကိုသာ တက်လှမ်းနိုင်ခဲ့တယ်။ ဒီလိုထွေထွေရာရာ ကိရိယာလေးတွေကို လည်ပတ်ဆောင်ရွက် စေနိုင်တဲ့ ထုတ်ကုန်မျိုးတွေအပေါ် နောက်ကျပြီး ဝင်လာတာကြောင့်လို့ အကြောင်းပြနိုင်တယ်။ စမတ်ဖုန်းတို့၊ […]

Read More

New Tab စာမျက်နှာကို ပြောင်းလဲနိုင်မည့် အကောင်းဆုံး Chrome extension (၈) ခု

ယခုဖော်ပြမည့် Chrome extension များသည် Chrome browser ကို နေ့စဉ် သုံးစွဲသူများ အနေဖြင့် လှပပြီး ဒီဇိုင်းဆန်းသစ်သည့် new tab စာမျက်နှာများဖြင့် မြင်တွေ့အသုံးပြု နိုင်စေမည့် အကောင်းဆုံး extension များဖြစ်သည်။ အဆိုပါ extension များကို Chrome Web Store https://chrome.google.com/web-store မှ ရယူကာ Chrome browser တွင်ထည့်သွင်း အသုံးပြုနိုင်သည်။ iOS7 New Tab Chrome browser ၏ new tab စာမျက်နှာကို iOS home screen ကဲ့သို့ အသုံးပြုလိုသူများ နှစ်သက်စေမည့် extension ဖြစ်သည်။ သုံးစွဲသူအနေဖြင့် နှစ်သက်သည့် bookmark များကိုထည့်သွင်း ထားနိုင်သည်။ […]

Read More

iDevice များပေါ်တွင် စိတ်ကြိုက် အရောင်များဖြင့် ပန်းချီရေးဆွဲခြင်း

iDevice များပေါ်တွင် စိတ်ကြိုက် ပန်းချီပုံများ ရေးဆွဲခြင်းနဲ့ နောက်ခံ Background တွေကို အသုံးပြုပြီး ပန်းချီရေးဆွဲခြင်း၊ ဆေးရောင်ချယ်ခြင်းတွေကို ပြုလုပ်နိုင်မယ့် နည်းလမ်းဖြစ်ပါတယ်။ ဒါဟာ ပုံဆွဲခြင်းကို ဝါသနာ ပါသူတွေအတွက် အဆင်ပြေစေ နိုင်တဲ့အပြင် ကလေးငယ်များ အတွက်လည်း ကာတွန်း ရုပ်ပုံများအား ဆေးရောင်စုံ ချယ်ခြင်းတွေကိုပါ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒီလိုမျိုး အသုံးပြု နိုင်ဖို့အတွက် ကျွန်တော်တို့ ဆော့ဖ်ဝဲကို အသုံးပြုမှာ ဖြစ်ပါတယ်။ အသုံးပြုမယ့် ဆော့ဖ်ဝဲကတော့ Draw Free ဆိုတဲ့ ဆော့ဖ်ဝဲဖြစ်ပြီး ဒီဆော့ဖ်ဝဲကိုတော့ Apple Store ပေါ်ကနေ ဝယ်ယူအသုံးပြု နိုင်တဲ့အပြင် အခမဲ့ အသုံးပြုနိုင်တဲ့ ဗားရှင်းလည်း ရှိပါတယ်။ ဆော့ဖ်ဝဲရဲ့ Icon ကတော့ ခုလိုပုံစံမျိုး ဖြစ်ပါတယ်။ […]

Read More

PS4 အတွက် Lord of Fallen

PS4 အတွက် Lord of Fallen ဂိမ်းခွေ ထွက်ရှိလာကြောင်း သိရသည်။ ” Developers နဲ့ publisher က CI games မှဖြစ်ပါတယ်။ Rating ဟာ Mature 17+ ဖြစ်တဲ့အတွက် ဓားခုတ်ရုံသက်သက်မဟုတ်ဘဲ RPG ပါပေါင်းထားတဲ့ Action RPG အမျိုးအစားဖြစ်တာကြောင့် ဂိမ်း အတွေ့ အကြုံရှိတဲ့သူတွေသာ ကစားရ အဆင်ပြေမှာပါ။ ရုပ်ထွက်ပိုင်းကတော့ gamer တွေ ကျေနပ်စေမယ့် ရုပ်ထွက်ဖြစ်ပါတယ်။ တိုက်ခိုက်ရေးစနစ်ဟာ ရှုပ်ထွေးတဲ့ skill တွေ၊ supernatural abilities တွေ၊ များပြားလှတဲ့ လက်နက်တွေ အားလုံးပေါင်းစပ်ပြီးမှ ရန်သူတွေကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။ စပ်နည်းမှားရင်တော့ Boss တွေနဲ့ရင်ဆိုင်တဲ့အချိန် အခက်ခဲတွေ့စေမှာဖြစ်ပါတယ်” ဟု PHYO […]

Read More

Digital Earth Tester UT 522

Electrical  engineering  သမားများအတွက် အရာရာကို စေ့စပ်သေချာစွာဖြင့် လုပ်ငန်းခွင်အတွင်း အသုံးပြုနိုင်မည့် ပစ္စည်းဖြစ်သည်။ Earth Voltage ကို 0 V – 400 V (50/60 GHz)၊ Earth Resistance  မှာ 0 ohm – 4000 ohm ထိ တိုင်းတာအသုံးပြုနိုင်မည်ဖြစ်သည်။ တိုင်းတာချက်များကို LCD Display ပေါ်တွင် Digital စနစ်ဖြင့် သိသာထင်ရှားစွာ တွေ့မြင်ရမည်ဖြစ်သည်။ AA Battery ကို အသုံးပြုရမည်ဖြစ်ပြီး အသုံးပြုရာတွင် လိုအပ်သော Wire, Earth stakes ကို တစ်ပါတည်း ထည့်သွင်းပေးထားသည်။ User manual လည်းပါရှိသည်။ Carry Bag ပါရှိသည့်အတွက် လုပ်ငန်းခွင်အတွင်းသို့ […]

Read More