AiKON Professional Apple Care ဆိုင်သစ်ကို အမှတ် – ၅၂၊ ကျွန်းတောလမ်း၊ စမ်းချောင်းမြို့နယ်တွင် ထပ်မံဖွင့်လှစ်လိုက်ကြောင်း၊ အဆိုပါ ဆိုင်ခွဲသစ်တွင် Apple တံဆိပ်၊ Smart Phone, Tablet PC, All-in-One PC နှင့် ဆက်စပ်ပစ္စည်းများ စသည့် Apple ထုတ်ကုန်များကို ဝယ်ယူနိုင်မည်ဖြစ်ပြီး ဆားဗစ်အနေဖြင့် SMD Rework စက်များ အသုံးပြုကာ Apple ဆော့ဖ်ဝဲ၊ ဟာ့ဒ်ဝဲဆားဗစ်များကို ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ ယခုထပ်မံဖွင့်လှစ်သည့် ဆိုင်သည် AiKON ၏ စတုတ္ထမြောက် ဆိုင်ခွဲဖြစ်ပြီး ဆိုင်စတင်ဖွင့်လှစ်ခြင်း အ ထိမ်းအမှတ်အဖြစ် စတင်ဖွင့်လှစ်သည့် နိုဝင်ဘာလ ၂၁ ရက်မှစ၍ တစ်လတိတိ ငွေကျပ် ၁၅,၀၀၀ နှင့်အထက် […]
Read Moreသတင်းအချက်အလက်နှင့် ဆက်သွယ်ရေး၊ နည်းပညာဝန်ကြီးဌာနအနေဖြင့် မိုဘိုင်းဖုန်းလိုင်းများကို စစ်ဆေးပေးနိုင်ရေး Lab ထူထောင်သွားရန် လုပ်ကိုင်နေသည်ဟု အဆိုပါဝန်ကြီးဌာမှ ဒုတိယဝန်ကြီးဖြစ်သူ ဦးသောင်တင်က ပြောသည်။ “နိုင်ငံတကာက သွင်းလာတဲ့ ဟန်းဆက်တွေဆီက အချက်အလက် တောင်းပါတယ်။ ဝန်ခံရရင် မှားလား၊ မှန်လားဆိုတာ မစစ်ဆေးနိုင်သေးပါဘူး။ နောက်ပြီး တင်သွင်းလာတဲ့ ဟန်းဆက်တိုင်းရဲ့ အချက်အလက်တွေလည်း မရှိပါဘူး။ အကြမ်းဖျင်းအားဖြင့် တရားဝင်ကိုယ်စားလှယ်ဆိုတဲ့ ဟန်းဆက်တွေ လောက်ပဲ တရားဝင်သွင်းကြတာပါ” ဟု ဦးသောင်းတင်က ပြောသည်။ ပြည်တွင်းသို့ ဝင်ရောက်လာသည့် ဟန်းဆက်များကို အရည်အသွေးအရ စစ်ဆေးအတည်ပြုပေးနိုင်ခြင်း မရှိသည့်အတွက် မြန်မာနိုင်ငံ၌ ပထမဦးဆုံးသော မိုဘိုင်းဖုန်းများကို စစ်ဆေးပေးသည့် Lab တစ်ခုကို တည်ဆောက်နိုင်ရန် ဆောင်ရွက်နေခြင်း ဖြစ်ပြီး အဆိုပါ Lab သည် ဆေးဝါးများ စစ်ဆေးပေးသည့် Lab […]
Read Moreသတင်းအချက်အလက်များကို လူအများဆီသို့ လွယ်ကူလျင်မြန်စွာ ဖြန့်ချိပေးနိုင်မည့် Public Chat ကို Viber က စတင်မိတ်ဆက်ကြောင်း သိရသည်။ Viber ၏ ဗားရှင်းအသစ်တွင် ယခင်ဝန်ဆောင်မှု ပေးအပ်ခဲ့သည့် Group Chat တွင် ပါဝင်ခြင်းမရှိသည့် သတင်းအချက်အလက် ဖြန့်ဝေပုံစနစ်သစ်ကို Public Chat အနေဖြင့် မိတ်ဆက်ပေးခဲ့ခြင်း ဖြစ်သည်။ “ဆိုရှယ်မီဒီယာတစ်ခုအနေနဲ့ ဘယ်လိုလုပ်မလဲဆိုပြီး စဉ်းစားတဲ့အခါမှာ Public Chat ဆိုတာ ပေါ်ပေါက်လာခဲ့ပါတယ်”ဟု Viber မှ ပြောရေးဆိုခွင့်ရှိသူ Ms. Megan Qurik ကပြောသည်။ Public Chat သည် ကိုယ်ပိုင်အမည် တစ်ခုနှင့် စာမျက်နှာတစ်ခု ထူထောင်နိုင်သည့် စနစ်တစ်ခုဖြစ်ပြီး အဆိုပါစာမျက်နှာကို Viber အသုံးပြုသူ မည်သူ မဆို Follow […]
Read Moreမြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ဆက်သွယ်ရေးစနစ်နှင့် ဝေးလံသည့် ဒေသများအတွက် ဖိုက်ဘာဆက်ကြောင်းနှစ်ခုကို ပြန်လည်တည်ဆောက်သွားမည်ဖြစ်ပြီး Bandwidth ပမာဏကိုလည်း တိုးချဲ့ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ဆက်သွယ်ရေးစနစ်နှင့် အလှမ်းဝေးသည့် ဒေသများတွင် တယ်လီဖုန်းနှင့် မိုဘိုင်းဖုန်းများလွယ်ကူစွာ အသုံးပြုလာနိုင်စေရန် အတွက် ယခုကဲ့သို့ ဖိုက်ဘာဆက်ကြောင်းနှစ်ခုကို အသစ်ပြန်လည် တည်ဆောက်ရခြင်းဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ပြည်ပဆက်သွယ်ရေးစခန်းမှ စုံစမ်းသိရသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ဂြိုဟ်တုနှင့် ချိတ်ဆက်ထားသော အဆိုပါ ဖိုက်ဘာဆက်ကြောင်း တည်ဆောက်မှုကို ရန်ကုန်-သန်လျှင် ဂြိုဟ်တု ဆက်ကြောင်းနှင့် ရန်ကုန်-တိုးကြောင်ကလေး ဂြိုဟ်တုဆက်ကြောင်း စခန်းတို့ တွင် ပြုလုပ်သွားမည်ဖြစ်သည်။ အဆိုပါ ဂြိုဟ်တုဆက်သွယ်ရေး ဖိုက်ဘာဆက်ကြောင်းနှစ်ခုအား တိုးချဲ့မည့် Bandwidth ပမာဏ မှာ 10 GB ဖြစ်ပြီး ရက်သတ္တပတ် အနည်းငယ်အတွင်း စတင်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အထက်ပါလုပ်ငန်းမှ သတင်း ရရှိသည်။ […]
Read Moreသိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် Huawei Technology (yangon) တို့ ပူးပေါင်း၍ ထူးချွန် လူငယ်များကို မွေးထုတ်ပေးသွားမည်ဖြစ်ပြီး ထူးချွန်လူငယ်ပေါင်း တစ်သောင်းကျော်ကို လာမည့် ၃ နှစ် တာကာလအတွင်း မွေးထုတ်ပေးနိုင်ရန် ခန့်မှန်းထားကြောင်း သိရသည်။ e Government လုပ်ငန်းစဉ် အကောက်အကူ ဖြစ်စေရေးကို ရည်ရွယ်၍ အိုင်စီတီထူးချွန် လူငယ်များကို မွေးထုတ်ပေးခြင်းဖြစ်သည်ဟု Huawei ကုမ္ပဏီ အရှေ့တောင်အာရှဒေသမှဥက္ကဋ္ဌဖြစ်သူ Mr. Yang Shu ကပြောသည်။ အစီအစဉ်အရ ကဏ္ဍသုံးခု ရေးဆွဲထားပြီး အခြေခံပညာရေး နယ်ပယ်အဆင့်၊ လူမှုရေးနယ်ပယ် ကျွမ်းကျင်အဆင့်နှင့် နိုင်ငံတော် အိုင်စီတီ အရင်းအမြစ်အဆင့်ဟူ၍ သုံးမျိုး ပါဝင်ကြောင်းသိရသည်။ Huawei ကုမ္ပဏီသည် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန လက်အောက်ရှိ တက္ကသိုလ်များနှင့် ပူးပေါင်း၍ သင်တန်းများ […]
Read Moreမြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအား လာမည့်နှစ်အနည်းငယ်အတွင်း လွတ်လပ်သည့် ပုဂ္ဂလိကကုမ္ပဏီ တစ်ခုအအဖြစ် ပြောင်းလဲရန်အတွက် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်၊ နည်းပညာဝန်ကြီး ဌာနက ဆောင်ရွက်မှုများ ပြုလုပ်နေပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်၊ နည်းပညာဝန်ကြီးဌာနအနေဖြင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို အစိုးရထိန်းချုပ်မှု မရှိတော့သည့် လွတ်လပ်သော ကုမ္ပဏီတစ်ခုအဖြစ် ပြောင်းလဲ ဖွဲ့စည်းသွားရန်အတွက် နိုင်ငံ တကာဝန်ဆောင်မှု ကုမ္ပဏီအချို့နှင့် တွေ့ဆုံမှုများကိုလည်း ပြုလုပ်နေပြီဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာနမှ သိရသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် အစိုးရ၏ ဘဏ္ဍာငွေကို မသုံးစွဲသည့် ပုဂ္ဂလိကကုမ္ပဏီ တစ်ခုအဖြစ် ပြောင်းလဲမည်ဟု ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်က ပြည်တွင်းမီဒီယာသို့ ပြောကြားထားခဲ့သော်လည်း ယင်းနောက်ပိုင်း ကာလများတွင် အကောင်အထည်ဖော်နိုင်ခြင်း မရှိခဲ့ဟု ပြည်တွင်း ဆက်သွယ်ရေးနယ်ပယ်မှ လုပ်ငန်းရှင်အချို့က ပြောကြားသည်။ ထို့အတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို […]
Read Moreရတနာပုံတယ်လီပို့ကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်မည့် အော်ပရေတာ ညှိနှိုင်းနေဆဲဖြစ်ကြောင်း ရတနာပုံတယ်လီပို့ အများပိုင်ကုမ္ပဏီ၏ Head of Department ဒေါ်နီလာအေး၏ ပြောကြားချက်အရ သိရသည်။ “ပူးပေါင်းဆောင်ရွက်ဖို့ ပါတနာက အစ်မတို့ စကားပြောနေတာရှိတယ်။ အဲဒါလည်း တတ်နိုင်သမျှ သိသိ ချင်းပဲ ပြောမှာပါ။ တတ်နိုင်သမျှ အစောဆုံး၊ အမြန်ဆုံး ပြောသွားမယ်။ အော်ပရေးရှင်းပိုင်းကတော့ လက်ရှိ အစ်မတို့ ISP Service လုပ်နေတာရှိတယ်။ ကျန်တာကတော့ ပြင်ဆင်မှုအပိုင်းပေါ့” ဟု ဒေါ်နီလာအေးက ပြောသည်။ ရတနာပုံတယ်လီပို့ကုမ္ပဏီအနေဖြင့် အများပိုင်အဖွဲ့အဖြစ် ဖွဲ့စည်းခဲ့ပြီးဖြစ်ကာ နိုင်ငံတကာ ဈေးကွက်ကို ထိုးဖောက်မည့် တယ်လီကွန်းလုပ်ငန်းအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများ က ပြောကြားခဲ့ဖူးသည်။
Read MoreActivision ရဲ့ Call of Duty စီးရီးဟာ နှစ်ကုန်ခါနီးတိုင်း အမြဲတမ်း ဂိမ်းသစ်ထွက်လေ့ရှိတဲ့ စာရင်းထဲမှာပါဝင်ပေမယ့် ဂိမ်းရေးသားချိန်ကို တစ်နှစ်အတွင်း အမြန်ရေးတာမဟုတ်ဘဲ Ubisoft နှင့် Assassin’s Creed စီးရီးလိုမျိုး developer အဖွဲ့တွေခွဲပြီး အချိန်ယူရေးဆွဲခဲ့လို့ ဇာတ်လမ်းပိုင်း၊ gameplay ပိုင်း quality ကောင်းမွန်အောင် ဖန်တီးနိုင်ခဲ့တာကို တွေ့ရပါတယ်။ ၂၀၁၃ တုန်းက Call of Duty Ghosts ကို Infinity Ward က ရေးဆွဲခဲ့ပြီး ပုံမှန်ဆိုရင် Treyach ရဲ့ဂိမ်းအသစ် ထွက်ရမယ့်နှစ်ဖြစ်ပေမယ့် နောက်ထပ် developer တစ်ဖွဲ့ဖြစ်တဲ့ Sledgehammer Games ဂိမ်းဟာ Call of Duty Advanced Warfare ကို […]
Read MoreMedia Human Audio Converter ဆော့ဖ်ဝဲသည် Mac OS အသုံးပြုထားသည့် ကွန်ပျူတာများတွင် ထည့်သွင်းသုံးစွဲနိုင်မည့် ဆော့ဖ်ဝဲတစ်ခုဖြစ်သည်။ အသံဖိုင်အများအပြားကို Convert ပြုလုပ်နိုင်မှာဖြစ်ပြီး၊ AAC, AC-3, ALAC, FLAC, M4R, WMA, WAV အစရှိသည့် ဖိုင် Format များကို အထောက်အပံ့ပေးမည်ဖြစ်သည်။ အသံအရည်အသွေးကို မကျစေဘဲ Convert ပြုလုပ်နိုင်ရအတွက် စီစဉ်ဖန်တီးပေးသည့် ဆော့ဖ်ဝဲတစ်ခုလည်း ဖြစ်သည်။ အဆိုပါ ဆော့ဖ်ဝဲကို အခမဲ့ သုံးစွဲခွင့်ရရှိမည်ဖြစ်ပြီး၊ Mac OS X 10.5 နှင့် 10.10 တို့တွင် ထည့်သွင်းအသုံးပြုနိုင်မည် ဖြစ်သည်။ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။
Read MoreAir Table Hockey ဆိုသည့် ဂိမ်းသည် iPhone, iPad တို့ပေါ်တွင် Hockey ကို ဆော့ကစားနိုင်မည့် ဂိမ်းအမျိုးအစားတစ်ခု ဖြစ်သည်။ Computer နှင့်ဆော့ကစားရမည်ဖြစ်ပြီး ဂိုး ၁၀ ဂိုး ထည့်သွင်းနိုင်လျှင် အနိုင် ရရှိမည်ဖြစ်သည်။ Computer Level ကို Easy, Hard, Expert ဆိုပြီး ခွဲခြားပေးထားမည်ဖြစ်သည်။ အဆိုပါဂိမ်းကို ဆော့ကစားလိုသူများအနေဖြင့် ယခင်က iTunes တွင် ကန်ဒေါ်လာ ၀.၉၉ပေးသွင်းရမည်ဖြစ်ပြီး၊ ယခုအခါမှာတော့ အခမဲ့ Download လုပ်ယူပြီး ဆော့ကစားခွင့် ရရှိမည်ဖြစ်သည်။ Air Table Hockey ကို Download ပြုလုပ်ရမည့် ဖိုင်အရွယ်အစားမှာ 3.8MB သာရှိမည်ဖြစ်ပြီး၊ iOS Version 2.2 နှင့် […]
Read More