Day: November 20, 2014

AGD ဘဏ်က လျှပ်စစ်မီတာဘီလ် အခမဲ့နှစ်လဆောင်ပေးမည်

အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ် (AGD Bank) မှအွန်လိုင်းလျှပ်စစ်မီတာဘီလ်ပေးဆောင်ခြင်းကို အခမဲ့ နှစ်လဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။ “ပုံမှန်ဆိုဝန်ဆောင်ခ ငါးရာကျပ်ပေါ့၊ အဲဒီဝန်ဆောင်ခကို နှစ်လအခမဲ့ ဆောင်ရွက်ပေးတာပါ” ဟု ဘီလ် ဌာနမှပြောကြားသည်။ Auto Pay စနစ်ဖြင့် လျှပ်စစ်မီတာဘီလ်ပေးဆောင်ခြင်း ဝန်ဆောင်မှုအား လာမည့် ဒီဇင်ဘာနှင့်ဇန်နဝါရီလများအတွက် ဝန်ဆောင်ခမယူဘဲ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ ဘဏ်မှ တစ်ဆင့်လျှပ်စစ်မီတာဘီလ်အပါအဝင် ဖုန်းဘီလ်လည်းဆောင်နိုင်ပြီး သက်ဆိုင်ရာဘဏ်ရှိ သတ်မှတ် အကောင့် ဖွင့်ထားရမည်ဖြစ်သည်။

Read More

Assassin's Creed ဂိမ်းခွေသစ်နှစ်မျိုးထွက်ရှိ

Ubisoft ၏ ရောင်းအားအကောင်းဆုံး ဂိမ်းစီးရီးတစ်ခုဖြစ်သော Assassin’s Creed ဂိမ်းခွေသစ်နှစ်ခွေ တစ်ပြိုင်နက်တည်း ထွက်ရှိလာကြောင်း သိရှိရသည်။ Assassin’s Creed: Unity ကို PC, PS4 နှင့် Xbox One တို့တွင် ကစားနိုင်မည်ဖြစ်ပြီး Assassin’s Creed: Rogue ကို PS3 နှင့် Xbox360 တို့တွင် ကစားနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။ AC:Unity မှာ graphics ပိုင်း ပိုမိုကောင်းမွန်သော ဂိမ်းသစ်ဖြစ်ပြီး ပြင်သစ်နိုင်ငံ French Revolution ကာလတွင် နေရာယူထားသော ဂိမ်းဖြစ်ကာ Assassin Arno Dorian နေရာမှ ကစားရမည်ဖြစ်သည်။ AC: Rogue တွင် Shay Patrick Cormac အမည်ရ […]

Read More

BMB CSX 580 8” speaker

BMB CSX 580 8”  Speaker နှစ်ဖက်စလုံးတွင် 3 ways/5 Speakers system ကို တပ်ဆင်ပေးထားပြီး အနည်းဆုံး watts 200 မှ အများဆုံး watts 400 အသုံးပြုနိုင်မည် ဖြစ်သည်။ အခန်း၏ ပုံစံအနေအထားကို လိုက်၍ လိုသလို ထောင့်ချိုးဒီဂရီပြောင်းလဲချိန်ညှိနိုင်သည်။ ၈ လက်မအရွယ်ရှိသောကြောင့် မည်သည့်နေရာတွင်မဆို လွယ်ကူစွာ တပ်ဆင်အသုံးပြုနိုင်သည်။ အခန်းအရွယ်အစားပေါ်မူတည်ကာ ၁၂ လက်မ၊ ၁၀ လက်မ နှင့် ၈ လက်မဟူ၍ အမျိုးအစားသုံးမျိုးကို ရွေးချယ်ဝယ်ယူနိုင်သည်။ တန်ဖိုးမှာ ၃၃၅,၀၀၀ ကျပ်ဖြစ်ပြီး မျိုးသိန်းအီလက် ထရောနစ် ဖုန်း ၃၈၁၂၀၂ ၊ ၀၉၄၀၂၅၇၄၄၉ ၌ ဆက်သွယ်ဝယ်ယူနိုင်မည်ဖြစ်သည်။

Read More

UNI-T AC/DC MINi Clamp Meter UT-210E

Electrical engineering သမားများ အသုံးဝင်မည့် Portable clamp meter ဖြစ်သည်။ Maximum Current ကို 0.1A – 100.0 A auto range အထိ တိုင်းတာသုံးစွဲနိုင်မည်ဖြစ်သည်။ 4 digit LCD display ဖြင့် ပြသပေးမည်ဖြစ်ပြီး AC/DC နှစ်မျိုးစလုံးအတွက် အသုံးပြုနိုင်မည်ဖြစ်သည်။ Current (A) သာမကအခြားသော AC/DC volt များအပြင် Ohm, Diode, Capacitance, RMS များကို လည်း တိကျမှန်ကန်စွာဖြင့် တိုင်းတာသိရှိနိုင်မည်ဖြစ်သည်။ Hold system လည်း ပါဝင်သည့်အတွက် အသုံးပြုရာတွင် လွယ်ကူအဆင်ပြေစေမည်ဖြစ်သည်။ Dimension (L x w x l) 175 […]

Read More

Firefox ၏ default search engine ကို Yahoo သို့ ပြောင်းလဲမည်ဟု Mozilla ကြေညာ

အမေရိကန်ရှိ သုံးစွဲသူများအတွက် default search engine ကို Yahoo သို့ ပြောင်းလဲမည် ဖြစ်ကြောင်း Mozilla မှ ကြေညာခဲ့သည်။ ကုမ္ပဏီ၏ blog တွင်မူ Google သည် Firefox ၏ global search default အနေဖြင့် ၂၀၀၄ ခုနှစ်ကတည်းက လက်တွဲခဲ့ကြောင်း၊ ယခုနှစ်တွင် မိမိတို့၏ သဘောတူညီချက်ကို အသစ် ပြန်လည်ပြင်ဆင်ခဲ့ကြောင်းနှင့် ကုမ္ပဏီအနေဖြင့် အများနှင့် ယှဉ်ပြိုင်နိုင်မည့် နည်းဗျူဟာကို သုံးသပ်ပြီး အခွင့်အရေးတစ်ခုကို ရယူခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ Yahoo သည် ဒီဇင်ဘာလ အစောပိုင်းက အမေရိကန်၏ default search engine ဖြစ်လာခဲ့သည်။ ရုရှားနိုင်ငံတွင်မူ Yandex က default search […]

Read More

Notepad ++ Portable

http://goo.gl/ylX0en ဆော့ဖ်ဝဲအမျိုးအစား – Developer Tools ဗားရှင်း – 6.6.2 ဖိုင်အရွယ်အစား – 4.97 MB အသုံးပြုနိုင်သည့် OS – Windows XP/Vista/7/8 Developer အများစု အသုံးပြုသော Coding Utilities  တစ်ခုဖြစ်တဲ့ Notepad ++ ကို Install ပြုလုပ်ပြီး အသုံးမပြုချင်သူများ အတွက် Portable အနေဖြင့် အသုံးပြုနိုင်အောင်  စီစဉ်ဖန်တီး ပေးထားတဲ့ Portable ဆော့ဖ်ဝဲတစ်ခု ဖြစ်ပါတယ်။ Programming Code တွေကို အဆိုပါ Notepad အသုံးပြုပြီး အလွယ်တကူနဲ့ လျင်လျင်မြန်မြန် ရေးဆွဲနိုင်စေဖို့အတွက် စီစဉ်ထားပါတယ်။ သွားလေရာမှာ အလွယ်တကူနဲ့ အဆိုပါ Portable ဆော့ဖ်ဝဲကို Run ပြီး […]

Read More

System Information Viewer

ကွန်ပျူ တာအတွင်း သုံးစွဲထားသည့် CPU, Memory နဲ့ အခြားသော Hardware တွေရဲ့ အချက်အလက်တွေကို အသေးစိတ် သိရှိလိုသူများအတွက် အသုံးဝင်မယ့် ဆော့ဖ်ဝဲတစ်ခု ဖြစ်သည်။ ဒီဆော့ဖ်ဝဲဟာ CPU Z ကဲ့သို့သော ဆော့ဖ်ဝဲအမျိုးအစားတစ်ခုဖြစ်ပြီး၊ Network , PCI Bus, USB Bus, WiFi အစရှိသည်များကိုလည်း အသေးစိတ် သိရှိနိုင်စေရန် အတွက်လည်း ဖော်ပြပေးတာကို တွေ့ မြင်ရမှာ ဖြစ်သည်။ အဆိုပါ ဆော့ဖ်ဝဲကို အခမဲ့ အသုံးပြုနိုင်မှာဖြစ်ပြီး၊ Windows 2000 မှစ၍ Windows8 အထိ အသုံးပြုထားတဲ့ သုံးစွဲနိုင်မှာဖြစ်သည်။ Download ပြုလုပ်ရမည့် ဖိုင်အရွယ်အစားမှာ 1.16 MB ခန့်သာ ရှိမည်ဖြစ်ပြီး၊ Version မှာ […]

Read More

Secret Contact

iPhone, iPad တို့ တွင် Contact များကို အခြားသူများ မသိစေရန်အတွက် ဝှက်ထားနိုင်မည့် App တစ်ခုဖြစ်သည်။ Contact များကို အခြားသူတွေ ဝင်ရောက်ကြည့်ရှုခြင်းမှ ကာကွယ်နိုင်စေရန်အတွက် Password ဖြင့် ကာကွယ်ထားနိုင်မည်ဖြစ်ပြီး၊ အဆိုပါ App အတွင်းမှပင် Contact များကို ထပ်မံထည့်သွင်းခြင်း၊ ဖုန်းခေါ်ဆိုခြင်း Message ပို့ခြင်းတို့ကိုပါ တစ်ခါတည်းပြုလုပ်နိုင်မည်ဖြစ်သည်။ အဆိုပါ App ကို ယခင်က အသုံးပြုခွင့်အတွက် iTunes Store တွင် ကန်ဒေါ်လာ ၁၄.၉၉ ပေးသွင်းရပြီး၊ ယခုအခါမှာတော့ အခမဲ့ Download ပြုလုပ်ခွင့်ကို အချိန်ကန့်သတ်၍ ပေးထားသည်။ iOS Version 4.0 နှင့် Device များတွင် ထည့်သွင်းအသုံးပြုနိုင်မည်ဖြစ်သည်။ Download ရယူလိုသူများအတွက် […]

Read More

ORICO DUAL BAY HARD DRIVE DOCK 6629 SERIES

Hard drive နှစ်လုံးကို တစ်ပြိုင်နက်စိုက်ကာ အသုံးပြုနိုင်ပြီး system တစ်ခုလုံးကို  clone  လုပ်နိုင်မည့် HARD DRIVE DOCK ဖြစ်သည်။ Hard drive နှစ်လုံးကို  dock တွင်စိုက်ပြီး Power ချိတ်ဆက်ကာ ခလုတ် တစ်ချက် နှိပ်ပြီး လွယ်ကူစွာဖြင့် clone  ပြုလုပ်နိုင်မည် ဖြစ်သည်။  System တစ်ခုလုံးအား clone ပြုလုပ် နေချိန်တွင် LED မီးလုံးများဖြင့် ပြီးဆုံးသည့် ပမာဏကို ပြသပေးနေမည် ဖြစ်သည်။ ၂.၅ လက်မနှင့် ၃.၅ လက်မ အရွယ် SATA   hard drive နှစ်မျိုးစလုံးကို အသုံးပြုနိုင်ပြီး 4TB အထိ အထောက်အပံ့ပေးမည် ဖြစ်သည်။ laptop/ desktop PC […]

Read More

Graphic Design Course သင်တန်းကို ၂၀ ရာခိုင်နှုန်း သင်တန်းကြေးလျှော့မည်

Graphic Design Course သင်တန်းကို နိုဝင်ဘာလ ၂၁ ရက်မှစ တင်ကာ RDS Graphic Design မှ သင်တန်းကြေး ၂၀ ရာခိုင်နှုန်း လျှော့ချ၍ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရသည်။  သင်တန်းသို့ 3D Designer, Web Designer, fashion Designer နှင့် Video Edit (Motion Graphic) တို့အတွက် Foundation. (အမြင်ပိုင်းဆိုင်ရာ) တိုးတက်မှုရှိစေရန်အတွက် တက်ရောက်သင့်သော သင်တန်းဖြစ်ပြီး Adobe Inc, ထုတ် ဆော့ဖ်ဝဲများကို သီအိုရီပိုင်းသာမက လက်တွေ့ပိုင်းများကိုပါ အခြေခံပြီး RDS မှ Create လုပ်ထားသော Lesson များဖြင့် ပေါင်းစပ်သင်ကြားပေးမည်ဖြစ်သည်။ Color Theory, Layout and Compostion, Design […]

Read More