Day: November 19, 2014

မြန်မာနိုင်ငံအနေဖြင့် ကိုယ်ပိုင်ဂြိုဟ်တုပိုင်ဆိုင်ရန် ဆောင်ရွက်နေ

မြန်မာနိုင်ငံအနေဖြင့် ကိုယ်ပိုင်ဂြိုဟ်တုပိုင်ဆိုင်ရန် ဆောင်ရွက်နေကြောင်း ဆက်သွယ်ရေးနှင့် သတင်း အချက်အလက်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်းက ပြောသည်။ “အမြန်ဆုံးလုပ်နိုင်ဖို့လည်း လုပ်နေပါတယ်။ နိုင်ငံတကာက အဖွဲ့အစည်းတွေကိုလည်း ခေါ်ပြီးတော့ ဆွေးနွေးနေတာပေါ့” ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။ ကိုယ်ပိုင်ဂြိုဟ်တုရှိခြင်းအားဖြင့် ကဏ္ဍစုံ ဖွံ့ဖြိုးလာမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။ “နိုင်ငံတိုင်းမှာ ကိုယ်ပိုင်ဂြိုဟ်တု လွှတ်တင်ဖို့ အခွင့်အရေးရှိတယ်။ မြန်မာနိုင်ငံအတွက်လည်း သတ်မှတ်ပြီးသား၊ ရှိပြီးသားပဲ ကိုယ်က အဲဒီမှာ မထားနိုင်သေးတာပဲ ရှိသေးတာ။ ကိုယ်က အဲဒီ ကိုယ်ပိုင်ဂြိုဟ်တု ပိုင်ဆိုင်နိုင်ဖို့အတွက် အသုံးပြုနိုင်ဖို့၊ ပိုင်ဆိုင်နိုင်ဖို့အတွက် ကြိုးစားနေတာပေါ့၊ National Satellite ပေါ့” ဟု ပြောကြားသည်။ “နေရာတိုင်းမှာ ဖွံ့ဖြိုးသွားမယ်။ ဆက်သွယ်ရေးအနေနဲ့ ကြည့်မယ်ဆိုရင် တော်ရုံတန်ရုံ ဖိုက်ဘာမရောက်နိုင်တဲ့ နေရာတွေ၊ တာဝါမဆောက်နိုင်တဲ့ နေရာတွေမှာ […]

Read More

eGovernment Portal တစ်ခု စတင်ဆောင်ရွက်နေဟုဆို

eGovernment Portal တစ်ခု စတင်ဆောင်ရွက်နေကြောင်း ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။ ကမ္ဘာ့ဘဏ်နှင့် စာချုပ်ချုပ်ဆို၍ အဆိုပါ Web Portal ကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ကမ္ဘာ့ဘဏ်နဲ့ စာချုပ်ချုပ်ပြီးတော့ eGovernment Portal တစ်ခုလုပ်ဖို့အတွက် ကျွန်တော်တို့ လုပ်နေတယ်။ အဲဒါကို လုပ်နေပြီ။ eGovernment ကလည်း ဝန်ကြီးဌာနတစ်ခုတည်း မဟုတ်ဘူး၊ တခြားအဖွဲ့အစည်းတွေ၊ တခြားဝန်ကြီးဌာနတွေနဲ့ ညှိနှိုင်းဆောင်ရွက်ရတဲ့အတွက် လုပ်တော့လုပ်နေတယ်။ နိုင်ငံတကာအကူအညီ ရယူပြီးတော့လည်း ဆောင်ရွက်နေပါတယ်” ဟု ဝန်ကြီးဌာနပိုင်းဆိုင်ရာ eGovernment ဆောင်ရွက်မှုနှင့် ပတ်သက်၍ ပြောကြားသည်။ “Web Portal ကတော့ သိပ်မကြာပါဘူး၊ ခြောက်လပေါ့၊ ဒီဇိုင်းလုပ် ဘာညာနဲ့ Web Portal ကို အသက်သွင်းတာကတော့ သိပ်မကြာဘူး၊ […]

Read More

Toyota ၏ ဟိုက်ဒရိုဂျင်သုံး Mirai sedan ကားကို လာမည့်နှစ်တွင် ရောင်းချမည်

Toyota ကားကုမ္ပဏီသည် ဟိုက်ဒရိုဂျင်ဓာတ်ငွေ့အသုံးပြု၍ မောင်းနှင်ရသော Mirai sedan ကားကို ၂၀၁၅ ခုနှစ်တွင် ဒေါ်လာ ၅၇,၅၀၀ ဖြင့် ရောင်းချသွားမည် ဖြစ်ကြောင်း ပြီးခဲ့သည့် ရက်အနည်းငယ်ခန့်က လော့အိန်ဂျလိစ် ကားပြပွဲတွင် ထုတ်ပြန်ကြေညာခဲ့သည်။ ထို့အပြင် တံခါးလေးပေါက် ပါဝင်သည့် Mirai sedan ကားများကို အမေရိကန်တွင် ထုတ်လုပ်သည့်အခါ အစိုးရ၏ အားပေးမှုကြောင့် ၎င်းကားများအား ဒေါ်လာ ၄၅,၀၀၀ အောက်ဖြင့် ရောင်းချနိုင်မည် ဖြစ်ကြောင်း Toyota မှ ဆိုခဲ့သည်။ ၎င်းကားနောက်ကွယ်ရှိ နည်းပညာမှာ ကားအတွင်းရှိ fuel cell သည် ငါးမိနစ်အတွင်း ပြန်လည် အားဖြည့်တင်းနိုင်ပြီး မိုင် ၃၀၀ ခန့် မောင်းနှင်နိုင်ရန် ထောက်ပံ့ပေးထားသည်။ အဆိုပါ နှုန်းထားသည် စွမ်းဆောင်ရည် […]

Read More

Patch My PC

http://goo.gl/gOGDBx ဆော့ဖ်ဝဲအမျိုးအစား – Utilities & Operating System ဗားရှင်း – 2.6.0.5 ဖိုင်အရွယ်အစား – 412.07 KB အသုံးပြုနိုင်သည့် OS – Windows 2000/XP/Vista/7/8 Patch My PC ဟာ ကွန်ပျူတာ စနစ်အတွင်းမှာ Run နေတဲ့ Program File တွေကို စစ်ဆေးပေးနေပြီး Update ပြုလုပ်ဖို့လိုအပ်တဲ့ ဆော့ဖ်ဝဲတွေကို Update ပြုလုပ်နိုင်ဖို့အတွက် ဖော်ပြပေးနိုင် တဲ့ ဆော့ဖ်ဝဲ တစ်ခုဖြစ် ပါတယ်။ ကွန်ပျူတာစနစ် အတွင်းရှိ Application တွေနဲ့ ဆောဖ့်ဝဲတွေကို အချိန်ပြည့် စောင့်ကြည့်နေမှာဖြစ်ပြီး Update ပြုလုပ်ဖို့ လိုအပ်တဲ့အခါမျိုးတွေမှာ ဖော်ပြပေးနေမှာ ဖြစ်ပါတယ်။ Update ပြုလုပ်မယ် […]

Read More

VDownloader

http://goo.gl/o56Dgh ဆော့ဖ်ဝဲအမျိုးအစား – Download Software ဗားရှင်း – 4.0.959 ဖိုင်အရွယ်အစား – 545.7 KB အသုံးပြုနိုင်သည့် OS – Windows NT/2000/XP/Vista/Server 2008/7/8 အင်တာနက်ပေါ်မှ Video File တွေကို ကလစ်တစ်ချက်နှိပ်ရုံဖြင့် အရည်အသွေး ကောင်းမွန်သော HD Video များ Download ပြုလုပ်ပေးမယ့် VDownloader ဆော့ဖ်ဝဲ ဖြစ်ပါတယ်။ Downloader  ဆော့ဖ်ဝဲ အမျိုးအစားတစ်ခုဖြစ်ပြီး Daily motion,  Vimeo, Yahoo, Break, Facebook အစရှိတာတွေမှ ဗီဒီယို ဖိုင်များအပြင် အခြားသော ဗီဒီယိုဖိုင်တွေ တင်ထားသော Hosting တွေပေါ်မှလည်း Download ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Download […]

Read More

LED Solar Lamp

ခရီးဆောင်၊ အိမ်သုံး၊ ဆိုင်သုံး စိတ်ကြိုက်သုံးနိုင်သော အားသွင်းမီးအိမ်ငယ်လေးများကို New Life တွင် ဝယ်ယူရရှိနိုင်ပြီဖြစ်သည်။ မီးရှိသောနေရာများတွင် အိမ်မီး AC 220 V ဖြင့် အားပြန်သွင်းနိုင်သလို Solar စနစ်ပါဝင်သည့်အတွက် မီးလုံးဝမရှိသော နေရာများတွင် နေရောင်ခြည်ဖြင့်လည်း အားပြန်သွင်းနိုင်မည်ဖြစ်သည်။ Power Light အမျိုးအစား မော်ဒယ် LL-206 ဖြစ်သည်။ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်နှင့် သယ်ယူရ လွယ်ကူစေရန်အတွက် ပလတ်စတစ်ဖြင့် ပြုလုပ်ပေးထားသည်။ အလင်းအားကောင်းသော LED မီးလုံး ၃၂ လုံးအသုံးပြုထားပြီး မီးအလင်းရောင်ကို နှစ်ဆင့်ပေးထားသည်။ မီးအိမ်ပုံစံကိုလည်း အရှင်ပြုလုပ်ပေး ထားပေးပြီး နံရံကပ်၊ စားပွဲတင်၊ မျက်နှာကြက်စသည်ဖြင့် ပုံစံအစုံအသုံးပြုနိုင်မည်ဖြစ်သည်။ တန်ဖိုးမှာ ကျပ် ၇,၀၀၀ ဝန်းကျင်ဖြစ်ပြီး ဖုန်း ၀၉-၂၅၄၇၁၄၁၁၆ ၌ ဆက်သွယ်ဝယ်ယူနိုင်မည်ဖြစ်သည်။

Read More

Tsinghua Tongfang Tablet

Tsinghua Tongfang အမှတ်တံဆိပ် မော်ဒယ် N79 ဖြင့် ၇ လက်မအရွယ် Tablet တစ်မျိုးဖြစ်သည်။ ဈေးနှုန်းသက်သာစွာဖြင့် Tablet အသုံးပြုလိုသူများအတွက် သင့်တော်သည့် အမျိုးအစား တစ်ခုဖြစ်သည်။ Ram 512 MB ထည့်သွင်း အသုံးပြုထားပြီး Storage Memory အနေဖြင့် 4 GB ပါရှိသည်။ Internal Storage Memory မလုံလောက်ပါက SD Card ထပ်စိုက်ပြီး 16GB အထိ ထပ်တိုး အသုံးပြုနိုင်မည် ဖြစ်သည်။ Android  v4.0.4 OS  နှင့် ဖြစ်သည်။  Wifi,Bluetooth, Camera စသည်တို့ ထောက်ပံ့ပါဝင်သည်။ တန်ဖိုးမှာ ၇၅,၀၀၀ ကျပ်ဖြစ်သည်။ T.Land ဖုန်း  ၃၈၂၈၆၈ ၌ […]

Read More

အင်္ဂလန်အောင်လက်မှတ် ရရှိမည့် English 4 Skills သင်တန်းကို သင်တန်းကြေး ၄၀ ရာခိုင်နှုန်း လျှော့မည်

တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုပြီးသောကျောင်းသား၊ ကျောင်းသူများအတွက် အင်္ဂလန်အောင်လက်မှတ်ရရှိမည့် English 4 Skills  သင်တန်းကို သင်တန်းကြေး ၄၀ ရာခိုင်နှုန်းလျှော့ပေးမည်ဖြစ်ကြောင်း Hawaii Education မှ သိရသည်။ Hawaii Education မှ ဥရောပနိုင်ငံ ၅၀ ကျော်အသိအမှတ်ပြု UK National Qualification Framework (NQF) Entry Level 2, Common European Framework (CEF) A2 Level တို့နှင့် ညီမျှသော LCCI UK English 4 Skills (SET) Level 3 Certificate ရရှိမည့်တန်းခွဲကို နိုဝင်ဘာလ ၂၂  ရက်တွင် ဖွင့်လှစ်သွားမည်ဖြစ်သည်။ ၎င်း အောင်လက်မှတ်ကို ရရှိခြင်းဖြင့် နိုင်ငံခြားတက္ကသိုလ်၊ […]

Read More

Ringtone Maker

Ringtone Maker ဆိုသည့် App သည် Windows Phone အသုံးပြုသူများအတွက် Ringtone တွေ ပြုလုပ်လိုသည်ဆိုလျှင် အလွယ်တကူနှင့် ပြုလုပ်နိုင်စေရန် စီစဉ်ဖန်တီးပေးသည့် App တစ်ခုဖြစ်သည်။ Ringtone တွေကို ပြုလုပ်ဖန်တီးနိုင်မှာဖြစ်သလို၊ ကိုယ်ပြုလုပ်ထားသည့် Ringtone များကိုလည်း သူငယ်ချင်းမိတ်ဆွေများထံ ဝေမျှချင်သည်ဆိုပါက ဝေမျှနိုင်စေရန်အတွက်လည်း စီစဉ်ဖန်တီးပေးထားသည်။ အဆိုပါ App ကို Market Place မှတစ်ဆင့် Download လုပ်ယူနိုင်မည်ဖြစ်ပြီး၊ ဖိုင်အရွယ်အစားမှာ 1MB ခန့်သာရှိမည်ဖြစ်သည်။ Windows Phone Version 8.1 တွင်သာ အသုံးပြုနိုင်မည့် App ဖြစ်သည်။ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။

Read More

Zombie Racing : Top Scary Game

Zombie Racing ဆိုသည့် ဂိမ်းသည် iOS အသုံးပြုထားသည့် Device များပေါ်တွင် ဆော့ကစားနိုင်မည့် ဂိမ်းတစ်ခုဖြစ်သည်။ လမ်းပေါ်တွင် သွားလာနေသည့် Zombie များ၏ အန္တရာယ်ကို ရှောင်၍မောင်းနှင်ဆော့ ကစားရမည့် ဂိမ်းအမျိုးအစားတစ်ခုလည်း ဖြစ်သည်။ ရုပ်ထွက်ပိုင်းအတွက် 3D Graphic ကို အသုံးပြုပေးထားပြီး၊ Offline အနေဖြင့် ဆော့ကစားနိုင်မည့် ဂိမ်းအမျိုးအစားတစ်ခုလည်း ဖြစ်သည်။ အဆိုပါဂိမ်းကို ဆော့ကစားခွင့်အတွက် ယခင် က iTunes Store တွင် ကန်ဒေါ်လာ ၂.၉၉ ပေးသွင်းရမည်ဖြစ်ပြီး၊ ယခုအခါမှာတော့ အခမဲ့ Download ပြုလုပ်ခွင့်ရရှိမည်ဖြစ်သည်။ iOS Version 4.3 နှင့်အထက် Device များပေါ်တွင် ထည့်သွင်းဆော့ကစားနိုင်မည့် ဂိမ်းလည်းဖြစ်သည်။ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။

Read More