Day: November 17, 2014

ရွှေပါရမီတက္ကသိုလ် ပညာသင်ဆု လျှောက်ထားနိုင်မည်

ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိကဦးဆောင်သော ရွှေပါရမီပညာရေးဖောင်ဒေးရှင်၏ တတိယ အကြိမ်မြောက် တက္ကသိုလ်ပညာသင်ဆုကို ၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်၍ ဆေးတက္ကသိုလ်၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်၊ ရန်ကုန်နည်းပညာတက္ကသိုလ်၊ မန္တလေးနည်းပညာ တက္ကသိုလ်၊ ရတနာပုံဆိုက်ဘာစီးတီးနည်းပညာ တက္ကသိုလ်၊ မြန်မာနိုင် ငံရေကြောင်း ပညာတက္ကသိုလ်နှင့် ပညာရေးတက္ကသိုလ်သို့ တက်ရောက်သင်ကြားရန် အခက်အခဲရှိသော ကျောင်းသား၊ ကျောင်းသူများ လျှောက်ထားနိုင်ကြောင်းသိရသည်။ လျှောက်ထားလိုသူများသည် လိုင်စင်ဓာတ်ပုံ ၃ ပုံ၊ မိသားစုဓာတ်ပုံနှင့် နေအိမ်ဓာတ်ပုံ၊ ကိုယ်ရေး အချက်အလက် အပြည့်အစုံ၊ မှတ်ပုံတင်မိတ္တူ၊ သန်းခေါင်စာရင်းမိတ္တူ၊ တက္ကသိုလ်ဝင်တန်း အမှတ်စာရင်းမိတ္တူ၊ သက်ဆိုင်ရာ တက္ကသိုလ်ဝင်ခွင့်မိတ္တူ၊ မိဘအလုပ်အကိုင်နှင့် ဝင်ငွေ၊ ညီအစ်ကိုမောင်နှမများ၏ အလုပ်အကိုင်နှင့် ပညာရေး (ဥပမာ- ကျောင်းသားဖြစ်ပါက တက်ရောက်ပညာသင်ကြားနေသည့် အတန်း၊ တက္ကသိုလ်အပြည့်အစုံ) မိမိကိုယ်တိုင်၊ မိဘ၊ […]

Read More

iPad နှင့် iPad mini အတွက် Bluetooth keyboad များကို ဈေးလျှော့ရောင်းချမည်

iPad နှင့် iPad mini အ တွက် cover နှင့် တွဲလျက် အသုံးပြုနိုင်သော Bluetooth Keyboad ကို ဈေးလျှော့ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ Keyboard များကို ယခင်က ၄၅,၀၀၀ ကျပ်ဖြင့် ရောင်းချပေးခဲ့ရာမှယခုအခါတွင် ၃၅,၀၀၀ ကျပ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ Ko Beno ဖုန်း – ၀၉-၇၃၂၂၄၉၈၉ နှင့် ၂၅၆၄၁၇ သို့ ဆက်သွယ်စုံစမ်း ဝယ်ယူနိုင်မည် ဖြစ်သည်။    

Read More

Chrome Browser Note ဖြင့် အင်တာနက်လိပ်စာများကို မှတ်သားခြင်း

Chrome Browser သုံးပြီး အင်တာနက် အသုံးပြုသူများ အတွက် ကိုယ်အသုံးပြုနေကျ ဝက်ဘ်ဆိုက် လိပ်စာတွေ၊ အသစ်တွေ့ရှိတဲ့ ဝက်ဘ်ဆိုက် လိပ်စာတွေကို မှတ်သားထားနိုင်မှာ ဖြစ်သလို ဝက်ဘ်ဆိုက် အမျိုးအစားကိုပါ ခွဲခြားပြီး Note ဖြင့် မှတ်သားထားနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုမျိုး ပြုလုပ်နိုင်ဖို့အတွက် AnnoPad ဆိုတဲ့ Extension ကို အသုံးပြုရမှာ ဖြစ်ပါတယ်။ AnnoPad ဆိုတဲ့ Extension ဟာ Chrome Browser ပေါ်ကနေ ဝက်ဘ်ဆိုက်လိပ်စာတွေကို Bookmark သဖွယ် ပြုလုပ်ပေးနိုင်မယ့် Extension တစ်ခုဖြစ်ပါတယ်။ ဝက်ဘ်ဆိုက် လိပ်စာတွေကို မှတ်သားတဲ့ နေရာမှာ အလွယ်တကူနဲ့ ခွဲခြားသိနိုင်စေဖို့အတွက် Note ဖြင့် ခွဲခြား၍ မှတ်သားထားနိုင်မှာ ဖြစ်သလို၊ ဘယ်နေ့ ဘယ်ရက်က […]

Read More

DDoS တိုက်ခိုက်မှုကြောင့် World of Warcraft ဆာဗာများ ချို့ယွင်းမှု ဖြစ်ပွားခဲ့

သုံးစွဲသူများ အကြားတွင် ရေပန်းစားလျက်ရှိသော World of Warcraft ၏ ပဉ္စမမြောက် expansion ဖြစ်သည့် Warlords of Draenor ၏ မြောက်အမေရိကရှိ ဆာဗာများသည် distributed denial of service (DDoS) တိုက်ခိုက်မှုကြောင့် ချို့ယွင်းမှုများ ဖြစ်ပွားခဲ့ကြောင်း Blizzard မှ အတည်ပြု ပြောကြားခဲ့သည်။ “ဥရောပက ကျွန်တော်တို့ စတင်ဖြန့်ချိခဲ့တဲ့ ပထမဦးဆုံး တည်နေရာပါ။ ဒါပေမဲ့ တည်နေရာ တစ်ခုတည်းကနေ Draenor ကို ဝင်ရောက်ဖို့ ကြိုးစားတဲ့ ကစားသမားတွေကြောင့် ကိစ္စအချို့ ဖြစ်ပွားခဲ့ပါတယ်။ Draenor ကို နည်းလမ်းသစ် အမျိုးမျိုးကနေ အသုံးပြုနိုင်ဖို့ ကျွန်တော်တို့ ဆောင်ရွက်ခဲ့ပြီး ဒါဟာ expansion သစ်ကို အဆောတလျင် လုပ်ဆောင်ခဲ့မှုကြောင့် […]

Read More

Tomahawk Music Player ကို Ubuntu OS တွင် ထည့်သွင်းခြင်း

 Ubuntu OS ပေါ်ကနေ သီချင်းတွေကို နားဆင်တဲ့အခါမှာ အသုံးပြုနိုင်မယ့် Music Player တစ်ခု ဖြစ်ပါတယ်။ Tomahawk Music Player Version အသစ်မှာ User Interface ကို ပြောင်းလဲပေးထားပါတယ်။ ဒါ့အပြင် Beats Music ကိုလည်း အထောက်အပံ့ ပေးနိုင်အောင် စီစဉ်ဖန်တီး ပေးလိုက်ပါတယ်။ Tomahawk Music Player ကို Ubuntu OS မှာ ထည့်သွင်း အသုံးပြုဖို့အတွက်ဆိုရင် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို  Update တွေ၊ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal […]

Read More

မြန်မာနိုင်ငံ၏ ပထမဦးဆုံး BMW မော်တော်ကား အရောင်းပြခန်းဖွင့်

မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော BMW မော်တော်ကားအရောင်းပြခန်းကို စတင်ဖွင့်လှစ်လိုက်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် BMW မော်တော်ကားများကို တရားဝင် တင်သွင်းဖြန့်ချိခွင့်ရရှိထားသော Prestige Automobiles က အဆိုပါ ပြခန်းဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ နိုဝင်ဘာလ ၁၅ ရက်မှစတင်ကာဖွင့်လှစ်ခြင်း အခမ်းအနားကျင်းပခဲ့ခြင်း ဖြစ်သည်။ အမှတ် ၄၈၅၊ ပြည်လမ်းမနှင့် နာနတ်တောလမ်းထောင့်၊ ကမာရွတ်မြို့နယ်တွင် တည်ရှိသော အသစ်တည်ဆောက်ပြီးစီးထားသည့် BMW သုံးထပ်အဆောက်အအုံ အရောင်းပြခန်းတွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းဖွင့်ပွဲအခမ်းအနားတွင် BMW X4 အသစ်၏ အသွင်သဏ္ဌာန် အမူအရာများကို ပြသခဲ့ကြောင်း သိရသည်။

Read More

တစ်ဦးချင်း မိုဘိုင်းဖုန်း အသုံးပြုမှု မြင့်တက်လာခြင်းကြောင့် ရန်ကုန်မြို့တွင်း၌ အများပြညá

မြန်မာနိုင်ငံတွင် တစ်ဦးချင်း မိုဘိုင်းဖုန်း သုံးစွဲမှုနှုန်း မြင့်တက်လာပြီးနောက် အများပြည်သူသုံး တယ်လီဖုန်းရုံများ (PCO သိသာစွာ လျော့နည်းလာပြီဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်၊ နည်းပညာ ဝန်ကြီးဌာနမှ စုံစမ်းသိရသည်။ ရန်ကုန်မြို့တွင်း၌ ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်ဝန်းကျင်အထိ အများပြည်သူသုံး တယ်လီဖုန်းဆိုင်နှင့် ဖုန်းရုံအရေအတွက်သည် ၇၀၀ ကျော်ရှိခဲ့ရာမှ ယခုလက်ရှိ အချိန်တွင်မူ ထက်ဝက်ကျော်ခန့် လျော့နည်းသွားပြီ ဖြစ်ကြောင်းသိရသည်။ မြန်မာနိုင်ငံတွင်  မိုဘိုင်းဖုန်း အသုံးပြုသူ အရေအတွက်သည် ၁၅ သန်းကျော ရှိလာပြီဖြစ်ပြီး ရန်ကုန်မြို့၏  တစ်ဦးချင်းမိုဘိုင်းဖုန်း အသုံးပြုမှု အခြေအနေသည် အခြားသော မြို့များထက် ပိုမိုများပြားနေခြင်းကြောင့် မြို့၏အချက်အချာကျသည့် လူစည်ကားသည့် နေရာများတွင် အဆိုပါ ဖုန်းရုံများကို ပိတ်သိမ်းလိုက်ပြီ ဖြစ်သည်။ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်၊ နည်းပညာဝန်ကြီး ဌာနသည်  အများပြည်သူသုံး […]

Read More

MPT က ဆက်သွယ်ရေး ကွန်ရက်ချဲ့ထွင်ခြင်း အစီအစဉ်ကို ဆောင်ရွက်၂၀၁၅ မတ်လကုန်တွင် 3G စခန်းအရေအတွက် လá

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ဆက်သွယ်ရေး ကွန်ရက်ချဲ့ထွင်ခြင်း အစီအစဉ်ကို ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်သည်။ အဆိုပါ အစီအစဉ်ကို နိုဝင် ဘာ ၆ ရက်နေ့က စတင်ဆောင် ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ရန်ကုန်နှင့် နေပြည်တော်တို့ရှိ လိုင်းကျပ်သော နေရာများတွင် 3G  စခန်းများ၌ လိုင်းအင်အား တိုးချဲ့ခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။ အဆိုပါ စခန်းရှိ လိုင်းအင်အားမှာ နိုဝင်ဘာ ၆ ရက်နေ့ မတိုင်မီကထက် ၅၀ ရာခိုင်နှုန်းပို၍ အင်အားတိုးမြှင့်လာပြီ ဖြစ်သည်ဟုဆိုသည်။  မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် နိုင်ငံတစ်ဝန်းလုံးတွင် ဆက်သွယ်ရေး ကွန်ရက်ချဲ့ထွင်ခြင်းကို ဆက်လက်ဆောင်ရွက် သွားမည်ဟုလည်း ပြောကြားထားသည်။ ကွန်ရက်ချဲ့ထွင်ခြင်း၏ ပထမအဆင့်အဖြစ် ၂၀၁၅ ခုနှစ် မတ်လကုန်တွင် 3G စခန်းများ၏ အရေအတွက်မှာ လက်ရှိအရေအတွက်၏ နှစ်ဆရှိလာမည် ဖြစ်သည်ဟုလည်း […]

Read More

Acer X1173 Projector

Acer X1173 Projector သည် Resolution SVGA mode (800X600) ဖြစ်ပြီး Contrast ratio 13000:1 ဖြစ်သည်။ အလင်းအားအတွက် lumens 3,000 ANSI ကို Standard mode, lumens 2,400 ANSI ကို ECO mode အဖြစ် ပြောင်းလဲအသုံးပြုနိုင်သည်။ Lamp life အနေဖြင့် Standard mode  နာရီ ၅,၀၀၀ အသုံးပြုနိုင်သလို ECO mode အနေဖြင့် နာရီ ၆,၀၀၀o သုံးနိုင်မည့်အပြင် Extreme Eco mode အနေဖြင့် နာရီ ၁၀,၀၀၀ အထိ အသုံးပြုနိုင်မည် ဖြစ်သည်။  Input Interface အနေဖြင့် D-sub, […]

Read More

USB Flash Drive ပုံစံ mini Recorder

USB Flash Drive ပုံစံ mini Recorder ဖြစ်သည်။ Flash Drive အတွင်း micro SD Card စိုက်ပြီး အချက်အလက်များ သိမ်းဆည်းခြင်းကို ပြုလုပ်နိုင်မည်ဖြစ်သည်။ Video recording ပြုလုပ်ရန်အတွက် Camera ပူးတွဲပါဝင်ပြီး Memory 4GB ထည့်သွင်း အသုံးပြုမည်ဆိုပါက ၂၄ နာရီအတွင်း ရိုက်ကူးမှုကို မှတ်ပေးထားနိုင်မည်ဖြစ်သည်။ Memory အတွက် Micro TF Card ဖြင့် 16GB အထိ ထည့်သွင်း အသုံးပြုနိုင်မည်ဖြစ်သည်။ ပါဝါဖွင့်ပြီး မီးနီလင်းသည့်အခါတွင် Recording စတင်ပြုလုပ်မည်ဖြစ်သည်။ Rechargable Battery အသုံးပြုထားသည့်အတွက် အားသွင်းအသုံးပြုရမည်ဖြစ်သည်။ မည်သည့်ကွန်ပျူ တာ၊ Desktop ဖြင့်မဆိုချိတ်၍ အချက်အလက်များကို ဖျက်ခြင်း၊ သွင်းခြင်းပြုလုပ်နိုင်မည်ဖြစ်သည်။ […]

Read More