Day: November 14, 2014

MPT က 3G ကွန်ရက် နည်းပညာသစ် စမ်းသပ်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက 3G ကွန်ရက် နည်းပညာသစ်ကို စမ်းသပ်လျက်ရှိကြောင်း သတင်းထုတ်ပြန်သည်။ ပိုမိုကောင်းမွန်သော အင်တာနက်ဝန်ဆောင်မှု ပေးနိုင်ရန်အတွက် အဆိုပါ နည်းပညာသစ်ကို စမ်းသပ်နေခြင်းဖြစ်သည်ဟု ဆိုသည်။ ယင်းဆောင်ရွက်ချက်ကို ဂျပန်ဆက်သွယ်ရေးလုပ်ငန်းဖြစ်သော KDDI၊ Sumitomo တို့နှင့် ပူးပေါင်းဆောင်ရွက်နေခြင်း ဖြစ်ကြောင်းသိရသည်။ ၂၀၁၅ ခုနှစ် မတ်လကုန်တွင် 3G စခန်းများ၏ အရေအတွက်မှာ လက်ရှိအရေအတွက်၏ နှစ်ဆ ရှိလာမည်ဖြစ်ကြောင်း၊ အထူးသဖြင့် ရန်ကုန်ရှိ 3G ဆက်သွယ်ရေးကွန်ရက် အင်အားမှာ လက်ရှိအင်အား၏ သုံးဆနီးပါး ရှိလာမည်ဖြစ်ကြောင်း ပြောကြားထားသည်။ MPT အနေဖြင့် ဆင်းမ်ကတ်ရောင်းချ ဖြန့်ဖြူးရေးပုံစံသစ်၊ အမှတ်တံဆိပ်အသစ် ပြုလုပ်ခြင်းတို့နှင့် ဆက်သွယ်ရေးကွန်ရက် တိုးချဲ့ခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း ဆိုထားသည်။    

Read More

Myanmar Satellite Forum ပြုလုပ်မည်

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းများအတွက် အရေးပါသော Myanmar Satellite Forum ကို ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ CommuniCast Myanmar နှင့် talk Satellite တို့ပူးပေါင်း ပါဝင်မှုဖြင့် အဆိုပါ  Myanmar Satellite Forum ကို နိုဝင်ဘာလ ၁၉ ရက်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းများအတွက် ၎င်း၏ အရေးပါသော ဂြိုဟ်တုကဏ္ဍအတွက် ပြသနိုင်မည့် ပထမဆုံး အခွင့်အရေးဖြစ်ကြောင်း CommuniCast  2014 Myanmar စာနယ်ဇင်း ရှင်းလင်းပွဲမှသိရသည်။ မြန်မာနိုင်ငံ အနေဖြင့် ဂြိုဟ်တုအသုံးချပိုင်ခွင့် ရရှိရေး ရည်ရွယ်ချက်ဆီသို့ ဆောင်ရွက်နေကြောင်း၊ ငါးနှစ်အတွင်း ကိုယ်ပိုင်ဆက်သွယ်ရေး ဂြိုဟ်တုကို လွှင့်တင်နိုင်ရေးအတွက် မျှော်လင့်ထားကြောင်း သိရသည်။ နိုဝင်ဘာလ ၁၈ ရက်မှ ၂၀ ရက်နေ့အထိ […]

Read More

မိုဘိုင်း လုပ်ငန်းများနှင့် ဂြိုဟ်တု ဆက်သွယ်ရေးဆိုင်ရာ ပြပွဲကျင်းပမည်

မိုဘိုင်းလုပ်ငန်းများနှင့် ဂြိုဟ်တုဆက်သွယ်ရေး ဆိုင်ရာများ၊ အိုင်စီတီကဏ္ဍများရှိ အော်ပရေတာများ ဆိုင်ရာပြပွဲ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ  CommuniCast 2014 ပြပွဲကို နိုဝင်ဘာလ ၁၈ ရက်မှ ၂၀ ရက်နေ့အထိ ရန်ကုန်မြို့ Myanmar Event Park ၌ကျင်းပ သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၌ လာရောက်ကျင်းပသည့် ပထမဆုံး ဆက်သွယ်ရေး ဆိုင်ရာပစ္စည်း ပြပွဲဖြစ်ကြောင်း သိရသည်။ မိုဘိုင်း၊ ဂြိုဟ်တုနှင့် ဆက်သွယ်ရေး လုပ်ငန်းများမှ ကုမ္ပဏီပေါင်း ၉၀ ကျော်ပါဝင်မည် ဖြစ်ကြောင်းသိရသည်။ တက်ရောက်ရန်အတွက် စာရင်းပေးသွင်း ရမည်ဖြစ်ပြီး အွန်လိုင်းမှ သော်လည်းကောင်း၊ ပြပွဲရက်များ၌ ပွဲသို့လာရောက်စဉ်တွင် လည်းကောင်း အခမဲ့ပေးသွင်း နိုင်မည်ဖြစ်သည်။ ပြပွဲ၏အသေးစိတ် အကြောင်းအရာများကို www.com-municastmyanmar.com  တွင်ကြည့်ရှုနိုင်ကြောင်း သိရသည်။ “ဒီပွဲမှာပါဝင်တဲ့ […]

Read More

Ooredoo Myanmar က မိုဘိုင်းအင်တာနက် Package Plan နှုန်းထားများကို ထက်ဝက်နီးပါး လျှော့ချ

Ooredoo Myanmar က ၎င်းတို့၏ မိုဘိုင်းအင်တာနက် Package Plan များကို ယနေ့မှစတင် လျှော့ချလိုက်ပြီ ဖြစ်ကြောင်းသတင်း ရရှိသည်။ ယခင်က 1GB လျှင် ၁၂၀၀ ကျပ်နှင့် Facebook သုံးစွဲခွင့် 600 MB အခမဲ့ရရှိသော အစီအစဉ်အစား 1GB  လျှင် ၆၉၀၀ ကျပ်နှင့် 2GB လျှင် ၁၂၉၀၀  ကျပ်သာ ကျသင့်မည့် နှုန်းထားများသို့ လျှော့ချလိုက်ပြီဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီက သတင်းထုတ်ပြန် လိုက်သည်။ ကာတာဆက်သွယ်ရေး ကုမ္ပဏီ၏ ယခုပြောင်းလဲ လျှော့ချလိုက် သော 1GB နှင့် 2G B  အစီအစဉ်များတွင် ယခင်က ရရှိခဲ့သော Facebook သုံးစွဲခွင့် 600 MB ကိုမူ […]

Read More

မန္တလေးကွန်ပျူတာတက္ကသိုလ် ပထမနှစ်သင်တန်းဝင်ခွင့် လျှောက်လွှာခေါ်ယူ

မန္တလေးကွန်ပျူတာတက္ကသိုလ် ပထမနှစ်သင်တန်းဝင်ခွင့် လျှောက်လွှာခေါ်ယူလျှက်ရှိကြောင်းသိရသည်။ မန္တလေးကွန်ပျူတာတက္ကသိုလ်၏ ပထမနှစ်ဝင်ခွင့်စာမေးပွဲသို့ ၂၀၁၄ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သော တက္ကသိုလ် စာမေးပွဲတွင် စုစုပေါင်းရမှတ် ၄၂၀ နှင့် အထက်ရရှိသူများ ၊ တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်စာအုပ်ပါ ကွန်ပျူတာ တက္ကသိုလ်များသို့ ဝင်ခွင့်ရှိသည့် ဘာသာများဖြင့် တက္ကသိုလ်ဝင် စာမေးပွဲကို အောင်မြင် ထားသူများလျှောက်ထားနိုင်ပြီး တက္ကသိုလ်ဝင်ခွင့် ရွေးချယ်ရေးအဖွဲ့ မှ မန္တလေးကွန်ပျူတာတက္ကသိုလ်သို့ ၂၀၁၄-၂၀၁၅ ပညာသင်နှစ် ဝင်ရောက်ခွင့် ရွေးချယ်ခံရပြီးသူများ ထပ်မံ လျှောက်ထားရန် မလိုအပ်ကြောင်းသိရသည်။ ဝင်ခွင့်လျှောက်လွှာနှင့်အတူ ၂၀၁၄ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ကြောင်း သက်ဆိုင်ရာကျောင်းအုပ်ကြီး၏ ထောက်ခံချက်မိတ္တူ၊ မြန်မာနိုင်ငံစာစစ်အဖွဲ့က ထုတ်ပေး သော ၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ခဲ့သည့် အမှတ်စာရင်း (မိတ္တူ) လျှောက်ထားသူနှင့် မိဘနှစ်ပါးစလုံး၏ နိုင်ငံသား […]

Read More

ClamXav for Mac

ClamXav for Mac ဆိုသည့် ဆော့ဖ်ဝဲသည် Mac OS သုံးစွဲသူများ အသုံးပြုနိုင်မည့် Antivirus Software တစ်ခုဖြစ်သည်။ Mac OS အသုံးပြုထားသည့် ကွန်ပျူတာများတွင် ကပ်ညိတတ်တဲ့ Virus များကို ဖိုဒါတစ်ခုချင်းအလိုက် ရှာဖွေပြီး ဖယ်ရှားရှင်းလင်းပေးနိုင်သည့် ဆော့ဖ်ဝဲတစ်ခုဖြစ်သည်။ Open Source Security Software အမျိုးအစားတစ်ခုလည်း ဖြစ်သည်။ အဆိုပါ ဆော့ဖ်ဝဲကို အခမဲ့ အသုံးပြုနိုင်မှာဖြစ်ပြီး၊ Mac OS X 10.6 မှစပြီး 10.9 အထိ အသုံးပြုနိုင်မည် ဖြစ်သည်။ Download ပြုလုပ်ရမည့် ဖိုင်အရွယ်အစားမှာ 20.84 MB ခန့်ရှိမည်ဖြစ်သည်။ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။

Read More

Motocross Elite

Motocross Elite ဆိုသည့် ဂိမ်းသည် iOS ပေါ်တွင် ဆော့ကစားနိုင်မည့် ဂိမ်းတစ်ခုဖြစ်သည်။ ဆိုင်ကယ်ပြိုင်ရမည့် ဂိမ်းအမျိုးအစားတစ်ခုဖြစ်ပြီး၊ ဆိုင်ကယ်ကို အရှိန်ပြင်းပြင်းမောင်းနှင်ရမည်ဖြစ်သည်။ ရုပ်ထွက်ကောင်းမွန်စေရန်အတွက် 3D Graphic ကို အသုံးပြုပေးထားသည်။ ဆိုင်ကယ်များကို ရွေးချယ်၍ မောင်းနှင်နိုင်မည်ဖြစ်ပြီး၊ Multiplayer အနေနှင့်လည်း ဆော့ကစားနိုင်မည်ဖြစ်သည်။ အဆိုပါဂိမ်းကို ဆော့ကစားခွင့်အတွက် ယခင်က iTunes Store တွင် ကန်ဒေါ်လာ ၀.၉၉ ပေးသွင်းရပြီး ယခုအခါမှာတော့ အခမဲ့ Download ပြုလုပ်၍ ဆော့ကစားခွင့်ရရှိမည်ဖြစ်သည်။ iOS Version 6.0 နှင့် အထက်တွင် ဆော့ကစားနိုင်မည်ဖြစ်သည်။ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။

Read More

Yelp နှင့် ယှဉ်ပြိုင်မည့် Places Directory ကို Facebook မိတ်ဆက်

ကမ္ဘာတစ်ဝန်းရှိ မြို့များ၏ သွားရောက်သင့်သည့် အကောင်းဆုံး နေရာများကို ရှာဖွေပေးနိုင်မည့် Places Directory သစ်ကို Facebook က မိတ်ဆက်ပေးခဲ့သည်။ အဆိုပါ Places Directory တွင် သက်ဆိုင်ရာ မြို့ကို ထည့်သွင်း ရှာဖွေသည့်အခါ ၎င်းမြို့ရှိ စားသောက်ဆိုင်များ၊ ဟိုတယ်များ၊ ဘားများ၊ ကော်ဖီဆိုင်များ၊ အနုပညာနှင့် ဖျော်ဖြေရေး စင်တာများ၊ အားကစားရုံများ၊ ရုပ်ရှင်ရုံများ၊ ကျောင်းများ၊ တက္ကသိုလ်များ၊ ပြဇာတ်ရုံများ၊ စူပါမားကတ်များနှင့် အထင်ကရ အဆောက်အအုံများကို ဖော်ပြပေးမည် ဖြစ်သည်။ ရှာဖွေမှု ရလဒ်များကို သုံးစွဲသူ၏ အဆင့်သတ်မှတ်ချက်နှင့် သူငယ်ချင်းများ၏ ထင်မြင်ချက်များဖြင့် ဖော်ပြပေးမည် ဖြစ်သည်။ Facebook ၏ Places Directory ကို Graph Search, Page Locations […]

Read More

ရန်ကုန်စာတိုက်ကြီး၌ MPT ဆင်းမ်ကတ်များ ရောင်းချ

ရန်ကုန်စာတိုက်ကြီး၌ MPT ဆင်းမ်ကတ်များ ရောင်းချလျက်ရှိကြောင်း သိရသည်။ နိုဝင်ဘာလ ၁၄ ရက်နေ့မှစတင်ကာ ရောင်းချပေးသွားမည် ဖြစ်ကြောင်း၊ ရုံးဖွင့်ရက်များ၌ နံနက် ၉ နာ ရီခွဲမှ ညနေ ၄ နာရီခွဲအထိ ရောင်းချသွားမည် ဖြစ်ကြောင်းသိရသည်။ MPT ဆင်းမ်ကတ်များကို ဗိုလ်အောင်ကျော်လမ်းနှင့် ကမ်းနားလမ်းထောင့်ရှိ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း ရန်ကုန်စာတိုက်ကြီးတွင် စတင်ရောင်းချမည် ဖြစ်ကြောင်း၊ ငွေကျပ် ၁၅၀၀ ဖြင့်ပင် ရောင်းချမည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာ မှတစ်ဆင့် ဖော်ပြထားချက်အရ သိရသည်။ “တုံကင်ဝေပေးပြီး တုံကင်နံပါတ်စဉ်အလိုက်  ဝယ်ရတာဖြစ်ပါတယ်၊ နေ့တိုင်းရောင်းပေးမယ်လို့ သိရတယ်၊ ဈေးကတော့ ၁၅၀၀ ပဲ” ဟု MPT ဆင်းမ်ကတ် လာရောက်ဝယ်ယူသူ တစ်ဦးကပြောသည်။ အဆိုပါ ဆင်းမ်ကတ်များ ဝယ်ယူရန်အတွက် မှတ်ပုံတင်မူရင်း၊ […]

Read More