Day: November 13, 2014

Ooredoo ၏ အသုံးပြုသလောက် ပေးချေရမည့် မိုဘိုင်းအင်တာနက်နှုန်းထားကို 100 KB လျှင် ၁ ကျပ်သို့ လျှော့ချေá

ကာတာဆက်သွယ်ရေးကုမ္ပဏီ Ooredoo Myanmar သည် ၎င်းတို့၏ မိုဘိုင်းအင်တာနက် အသုံးပြုခ နှုန်းထားများအနက် အသုံးပြုသလောက် ပေးဆောင်ရမည့် ဝန်ဆောင်ခကို 100 KB (1MB လျှင် ၁၀ ကျပ်) လျှင် ၁ ကျပ်နှုန်းဖြင့်သာ ကောက်ခံတော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။ Ooredoo Myanmar ဆက်သွယ်ရေး ကုမ္ပဏီသည် ယခင်မိုဘိုင်းအင်တာနက် အသုံးပြုခဖြစ်သည့် 1 MB လျှင် ၂၅ ကျပ်ကို လျှော့ချလိုက်ခြင်းဖြစ်သည်။ ယခုလျှော့ချလိုက်သည့် Ooredoo ၏ မိုဘိုင်းအင်တာနက် အသုံးပြုခသည် အသုံးပြုသလောက် ပေးချေရမည့် စနစ်ဖြစ်ပြီး ၎င်းတို့၏ ကျန်ရှိနေသေးသည့် ဝန်ဆောင်ခ နှုန်းထားများကို ထပ်မံလျှော့ချသွားရန်လည်း အစီအစဉ်ရှိကြောင်း အဆိုပါ ဆက်သွယ်ရေးကုမ္ပဏီမှ သိရသည်။    

Read More

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ မိုဘိုင်းတယ်လီဖုန်းများ ပုံမှန်ပြန်လည် ဆက်သွယ် နိုင်ပြီ ဟုဆို

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ မိုဘိုင်းတယ်လီဖုန်းများ ပုံမှန်ပြန်လည် ဆက်သွယ်နိုင်ပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ကြေညာသည်။ နိုဝင်ဘာလ ၆ ရက် နံနက်ပိုင်းက ရန်ကုန်မြို့တွင်း နေရာအချို့တွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် လေဆင်နှာမောင်း တိုက်ခတ်ခြင်းတို့ကြောင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ တယ်လီဖုန်းတိုင်များ ကျိုးပျက် ခဲ့ရပြီး အဆိုပါတိုင်များတွင် သွယ်တန်းထားရှိသည့် ကောင်းကင် တယ်လီဖုန်း ကေဘယ်လ်ကြိုးများ၊ ကောင်းကင် ဖိုက်ဘာကေဘယ်လ်များ ပြတ်တောက်မှု ဖြစ်ပေါ်ခဲ့ကြောင်း၊ ယခုအခါ ပုံမှန်ဆက်သွယ်နိုင်ပြီဖြစ်ကြောင်း ကြေညာခြင်းဖြစ်သည်။ ဖိုက်ဘာကေဘယ်လ်များ ချို့ယွင်းမှုကြောင့် ကနဦးဖြစ်ပွားချိန်တွင် ရန်ကုန်မြောက်ပိုင်းခရိုင်အတွင်း မိုဘိုင်းစခန်း ၃၅ခုနှင့် တောင်ပိုင်းခရိုင်အတွင်း မိုဘိုင်းစခန်း ၁၉ ခု၊ စုစုပေါင်း စခန်း ၅၄ ခု ဆက်သွယ် မှု ပြတ်တောက်ခဲ့ရကြောင်း၊ နိုဝင်ဘာလ ၉ ရက်တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ မိုဘိုင်းတယ်လီဖုန်းများ ပုံမှန်ပြန်လည် […]

Read More

Telenor နှင့် Ooredoo ငွေဖြည့်ကတ်များ အွန်လိုင်းမှ စတင်ဝယ်ယူနိုင်

နိုဝင်ဘာလ ၁၁ ရက်မှစ၍ Telenor နှင့် Ooredoo ငွေဖြည့်ကတ်များ အွန်လိုင်းမှ စတင်ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရသည်။ စတင်ဝယ်ယူငွေပေးချေပြီးနောက် ဝယ်ယူသူ၏ Email လိပ်စာအတွင်းသို့ ငွေဖြည့်ကတ်အား အလိုအလျောက် ချက်ချင်းပေးပို့ပေးမည့် ဝန်ဆောင်မှု ဖြစ်ကြောင်းသိရသည်။ အွန်လိုင်းမှ ဝယ်ယူရမည့် ဝက်ဘ်ဆိုက်လိပ်စာမှာ www.prepaidcard.com.mm ဖြစ်ပြီး ငွေပေးချေမှုစနစ်အတွက် MyanPay Online Payment Gateway အား အသုံးပြုထားကြောင်း သိရသည်။ အဆိုပါဝက်ဘ်ဆိုက်တွင် MPT GSM, CDMA 800/450 MHz, MEC စသည့် ငွေဖြည့်ကတ်များကိုလည်း ရောင်းချခဲ့ပြီး ယခုအခါ Ooredoo, Telenor ငွေဖြည့်ကတ်များကို ထပ်မံရောင်းချပေးခြင်း ဖြစ်ကြောင်း သိရသည်။      

Read More

BORDERLANDS : THE PRE-SEQUEL!

၂၀၁၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ Borderlands 2 ဂိမ်းဟာ Bio Shock နှင့် Serious Sam တို့လို First Person Shooter gameplay ကို Diablo နှင့် The Elder Scrolls ဂိမ်းစီးရီးများကဲ့သို့ Loot system နှင့် Role Playing Game element တို့ အောင်မြင်စွာ ပေါင်းစပ်နိုင်ခဲ့တဲ့အတွက် လူကြိုက်အများဆုံးနှင့် အမာခံပရိသတ်အများဆုံး ဂိမ်းတစ်ခုအဖြစ် ရပ်တည်နိုင်ခဲ့သလို နောက်ဆက်တွဲ DLC/Expansion မျိုးစုံနှင့် ဇာတ်ကောင်သစ်၊ လက်နက်သစ်မျိုးစုံအပြင် ရယ်စရာကောင်းပြီး စိတ်ဝင်စားစရာ ဇာတ်လမ်းတွေကြောင့် Main Game သာမက DLC တွေကပါ ရောင်းကောင်းခဲ့ပါတယ်။ Borderlands ဂိမ်းတွေကို သူတို့ရဲ့ developer […]

Read More

TeamViewer Portable

ကွန်ပျူတာကို အွန်လိုင်းမှတစ်ဆင့် ချိတ်ဆက်ကာ Mobile Device သို့မဟုတ် အခြားသော ကွန်ပျူတာတစ်လုံးမှနေ၍ ဝင်ရောက် အသုံးပြုနိုင်သည့် TeamViewer ဆော့ဖ်ဝဲအား Install မပြုလုပ်ဘဲ အသုံးပြုလိုသူများ အတွက် Portable အသုံးပြုနိုင်မည့် ဆော့ဖ်ဝဲဖြစ်သည်။ သွားလေရာမှာ အလွယ်တကူနဲ့ အသုံးပြုနိုင်စေရန်အတွက် USB Stick နှင့် သယ်ဆောင်၍ အသုံးပြုနိုင်မည်ဖြစ်သည်။ အဆိုပါ ဆော့ဖ်ဝဲကို အခမဲ့ အသုံးပြုနိုင်မည်ဖြစ်ပြီး Windows 98 မှစပြီး Windows 7 အထိ အသုံးပြုနိုင်မည်ဖြစ်သည်။ ဖိုင်အရွယ်အစားမှာ 11.7MB ခန့်သာ ရှိမည်ဖြစ်သည်။ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။

Read More

Messenger

Google က ထုတ်လုပ်ဖြန့်ချိလိုက်တဲ့ Messenger App ဟာ SMS, MMS အစရှိသည်တို့ကို App တစ်ခုထဲ အသုံးပြု၍ သုံးစွဲနိုင်မည့် App တစ်ခုဖြစ်သည်။ ဒါ့အပြင် Video Message, Audio Message တို့ကိုလည်း Group Chat တွင် ပေးပို့နိုင်မည်ဖြစ်သည်။ Sharing ပြုလုပ်တဲ့အခါမှာလည်း မြန်ဆန်ပြီး၊ Chat ပြုလုပ်ထားသည်များကို အလွယ်တကူနှင့် ပြန်လည်ရှာဖွေနိုင်ရန်အတွက် စီစဉ်ပေးထားသည်။ အဆိုပါ App ကို Play Store တွင် အခမဲ့ ရယူသုံးစွဲနိုင်မည်ဖြစ်ပြီး၊ အခမဲ့ အသုံးပြုခွင့်ရှိသည့် App တစ်ခုဖြစ်သည်။ Messenger App ကို အသုံးပြုလိုသူများအနေဖြင့် Android Version အနိမ့်ဆုံး 4.1 ရှိရန် လိုအပ်မည်ဖြစ်သည်။ […]

Read More