Day: November 8, 2014

အူရီဒူးက ဖုန်းခေါ်ဆိုခတစ်မိနစ်လျှင် ၂၅ ကျပ်အဖြစ်တစ်ပြေးညီသတ်မှတ်

အူရီဒူးက ဖုန်းခေါ်ဆိုခတစ်မိနစ်လျှင် ၂၅ ကျပ်အဖြစ်တစ်ပြေးညီ သတ်မှတ်လိုက်ကြောင်း သိရသည်။ မည်သည့်ကွန်ရက်တွင်မဆိုအူရီဒူးဖြင့်ခေါ်ဆိုပါက ၆၀ စက္ကန့်လျှင် ၂၅ ကျပ်အဖြစ် သတ်မှတ်ခြင်းဖြစ်ကြောင်း၊ ခေါ်ဆိုခများအား စက္ကန့်အလိုက်သာကျသင့်မည်ဖြစ်ကြောင်း အူရီဒူးမြန်မာမှသိရသည်။ ယနေ့မှ စတင်ကာသတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း၊ အူရီဒူးဖုန်းများထံစာတိုပို့စနစ်ဖြင့် အကြောင်းကြားထား ကြောင်း အူရီဒူးဖုန်းအသုံးပြုသူတစ်ဦးကပြောသည်။ အူရီဒူးအနေဖြင့် စတင်ဝန်ဆောင်မှုသည့် ကာလကတည်းက ဖုန်းခေါ်ဆိုခနှုန်းထားများကိုအူရီဒူးအချင်း ချင်းခေါ်ဆိုပါက တစ်မိနစ်လျှင် ၂၅ ကျပ်ဖြင့်လည်းကောင်း၊ အခြားကွန်ရက်များသို့ခေါ်ဆိုပါကတစ်မိနစ်လျှင် ၃၅ ကျပ်ဖြင့်လည်းကောင်း နှုန်းထားများ သတ်မှတ်ခဲ့သည်။ ယခုအခါ တစ်ပြေးညီအဖြစ်မည်သည့် ကွန်ရက်ကိုမဆို ခေါ်ဆိုမည်ဆိုပါက တစ်မိနစ်လျှင် ၂၅ ကျပ်အဖြစ်သတ်မှတ်လိုက်ခြင်းဖြစ်သည်။    

Read More

မိုဘိုင်းစခန်း(၄၇) ခု ပုံမှန်ပြန်လည် ဆက်သွယ်နိုင်ပြီ ဟုဆို

မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် လေဆင်နှာမောင်း တိုက်ခတ်ခြင်းတို့ကြောင့် ချို့ယွင်းမှုဖြစ်ပေါ်ခဲ့သော မိုဘိုင်းစခန်းများအနက် (၄၇) ခုပုံမှန်ပြန်လည်ဆက်သွယ်နိုင်ပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။ ၆.၁၁.၂၀၁၄ ရက်နေ့ နံနက်ပိုင်း၌ ရန်ကုန်မြို့အတွင်း အချို့နေရာများတွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် လေဆင်နှာမောင်း တိုက်ခတ်ခြင်းတို့ကြောင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ တယ်လီဖုန်းတိုင်များ ကျိုးပျက်ခဲ့ရပြီး အဆိုပါ တိုင်များတွင် သွယ်တန်းထားရှိသည့် ကောင်းကင် တယ်လီဖုန်းကေဘယ်လ်ကြိုးများ၊ ကောင်းကင် ဖိုင်ဘာကေဘယ်လ်များ ပြတ်တောက်မှု ဖြစ်ပေါ်ခဲ့ကြောင်း၊ ဖိုင်ဘာကေဘယ်လ်များ ချို့ယွင်းမှုကြောင့် ကနဦးဖြစ်ပွားချိန်တွင် ရန်ကုန်မြောက်ပိုင်းခရိုင်အတွင်း မိုဘိုင်းစခန်း(၃၅)ခုနှင့် တောင်ပိုင်း ခရိုင်အတွင်း မိုဘိုင်းစခန်း(၁၉)ခု၊ စုစုပေါင်း(၅၄) စခန်း ဆက်သွယ်မှု ပြတ်တောက်ခဲ့ရကြောင်း၊ ၆-၁၁-၂၀၁၄ ရက်နေ့ ညနေပိုင်းတွင် မိုဘိုင်းစခန်း(၃၉)ခု ပုံမှန် ပြန်လည် ဆက်သွယ်နိုင်ခဲ့ကြောင်း၊ ၇-၁၁-၂၀၁၄ ရက်နေ့ ညနေပိုင်းတွင် မိုဘိုင်းစခန်း(၄၇) ခု […]

Read More