Day: November 6, 2014

Civilization: Beyond Earth နှင့်အတူ Strategy ဂိမ်းသစ်များဝင်ရောက်

Civilization ဂိမ်းစီးရီး၏ နောက်ဆုံးထွက် Civilization: Beyond Earth ၏ Windows Version နှင့်အတူ Strategy ဂိမ်းသစ်များ ဝင်ရောက်လာကြောင်း သိရသည်။ Civ:BE တွင် ကစားသူအနေ ဖြင့် အာကာသအတွင်းရှိဂြိုဟ်များ ပေါ်သို့ နယ်မြေချဲ့ထွင်လာသော လူသားများနေရာမှ ထိန်းချုပ်ကစားရမည်ဖြစ်ပြီး turn-based strategy စနစ်ဖြင့် Space Colony များတည်ဆောက်ခြင်း၊ နယ်မြေသစ်များ ရှာဖွေခြင်း၊ ဂြိုဟ်သားသတ္တဝါဆန်းများနှင့် ရင်ဆိုင်တိုက်ခိုက်ရခြင်း အစရှိသော game play features သစ်မျိုးစုံပါဝင်လာကြောင်း သိရသည်။ Civilization: Beyond Earth နှင့်အတူ Fantasy Startegy ဂိမ်းသစ် Endless Legends နှင့် ဥရောပ တိုက်အလယ်ခေတ်တွင် နေရာယူထားသော Stronghold Crusaders 2 […]

Read More

PS3 Superslim 250GB စက်များကို အထူးပရိုမိုးရှင်းဖြင့် ရောင်းချ ပေးမည်

တန်ဆောင်တိုင် အထူးပရိုမိုးရှင်းအစီအစဉ်ဖြင့် PS3 Super-slim 250GB စက်များကို ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ System version 4.53 ဖြစ်ပြီး အသုံးပြုရ အလွယ်ကူဆုံးနှင့် အပိုပစ္စည်းဝယ်ယူရလွယ်ကူသော E3 ODE နှင့် Modify ပြုလုပ်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။ Promotion package အတွင်း 500GB External HDD, Original အခွေတစ်ခွေ၊ 5 PS3 games installation တို့ ပါဝင်မည်ဖြစ်သည်။ E3 ODE နှင့်ပတ်သက်သည့် spare parts များ၊ game ခွေများနှင့် services များ အားလုံးရရှိနိုင်မည်ဟု သိရသည်။ အသုံးပြုလိုပါက PHYO IT PLAZA  (Mobile, Camera, Game) မန္တလေး […]

Read More

Bluetooth Remote Shutter

ဓာတ်ပုံရိုက်ခြင်းကို ဝါသနာပါသူများအနေဖြင့် ရောက်လေရာနေရာတိုင်းတွင် ကိုယ်ကိုယ်တိုင် ဒါမှမဟုတ် ကိုယ်ပါဝင်သော group photo များစွာကို မိမိကိုယ်တိုင် ပုံစံအမျိုးမျိုးဖြင့် စိတ်ကြိုက်မှတ်တမ်းတင်ရယူနိုင်ရန်အတွက် လုပ်ဆောင်နိုင်မည့် Bluetooth Remote Shutter ဖြစ်သည်။ ၄ ပေနီးပါးရှိသော အလူမီနီယံ mono Pod ပါဝင်သည့်အတွက် စမတ်ကျကျဖြင့် ရိုက်ကူးနိုင်မည်ဖြစ်သည်။ Remote device ကို ဖုန်းတွင် ပါဝင်သည့်  Bluetooth ဖြင့် အလွယ်တကူ ချိတ်ဆက်ပြီး  အကွာအဝေး ၁၀ မီတာအထိ အသုံးပြုနိုင်မည်ဖြစ်သည်။ Andriod နှင့် iDevice နှစ်မျိုးစလုံးတွင် အသုံးပြုနိုင်သည်။ သေးငယ်လှပပြီး အရောင်သွေးစုံလင်သည့်အတွက် ကြိုက်နှစ်သက်ရာအရောင်ကို စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်သည်။ တန်ဖိုးမှာ ၈၈၀၀ ကျပ်ဖြစ်ပြီး Fax com-puter ဖုန်း၂၅၂၆၂၇ ၌ ဆက်သွယ်ဝယ်ယူနိုင်မည်ဖြစ်သည်။

Read More

ညအလင်းရောင်ဖြင့် အသုံးပြုနိုင်သော မှန်ပြောင်း

အလင်းရောင်အားနည်းသော ညဘက်အချိန်မျိုးတွင် လရောင်ရှိရုံဖြင့် အကွာအဝေး ၂ မိုင်မှ ၃ မိုင်လောက်အထိ ကောင်းကောင်းမြင်နိုင်သော Comet အမျိုးအစားအဝေးကြည့် မှန်ပြောင်းဖြစ်သည်။ မှန်ဘီလူးဆွဲအား 10×50 PSI ဖြစ်သည်။ သံဘော်ဒီဖြင့် ပြုလုပ်ထားသော်လည်း အကြမ်းခံနိုင်သလို ရာသီဥတုဒဏ်ကိုပါ ခံနိုင်အောင် Rubber coated ဖြင့် ပြုလုပ်ပေးထားသည်။ နေ့ဘက်အသုံးပြုရာတွင် မျက်စိကို ဒုက္ခပေးတတ်သော ခရမ်းလွန်ရောင်ခြည်ဒဏ်မှ ကာကွယ်ပေးနိုင်သည့် UV protection စနစ်ပါဝင်သည်။ Focus ကိုလည်း ချိန်နိုင်မည်ဖြစ်သည်။ ခရီးဝေး၊ တောင်တက်၊ ငါးကန်၊ လယ်ကွင်း၊ စိုက်ပျိုးရေးခြံ၊ သင်္ဘောခရီးလမ်း၊ ငှက်ကြည့်၊ အားကစားစသည်ဖြင့် ဘက်စုံသုံးနိုင်မည်ဖြစ်သည်။ လွယ်ကြိုးပါဝင်သည့်အပြင် သားရေအိတ်လည်း ပါဝင်သည်။ တော်ဝင်စင်တာဒုတိယထပ် အမှတ် ၃၀၇၅၊ ဖုန်း ၈၆၀၀၁၁၁၊ ၈၆၀၀၀၀၉ Ext […]

Read More

Multi-Function Mobile Phone Strap

ယခုလက်ရှိ အသုံးများလျက်ရှိသော Andriod smartphone သုံး USB 5pin, iPad 4 နှင့် iPhone 5 များကို 3 in 1 အသုံးပြုနိုင်မည့် Multi-Function Mobile Phone Strap ဖြစ်သည်။ Cable များကို အကန့်များ ခွဲကာသိမ်းဆည်းထားနိုင်သည့်တွက် Cable ရှုပ်ထွေးသည့်ပြဿ     နာမှ ကင်းဝေးစေမည်ဖြစ်သည်။ သွားလေရာနေရာတိုင်းသို့ အလွယ်တကူ သယ်ဆောင်သွားနိုင်သော ဒီဇိုင်းပုံစံဖြင့်ပြုလုပ်ပေးထားသည်။ တန်ဖိုးမှာ ၃၃၀၀ ကျပ်ဖြစ်ပြီး Fax ဖုန်း ၃၈၀၉၈၈ ၌ ဆက်သွယ်ဝယ်ယူနိုင်မည်ဖြစ်သည်။

Read More

Samsung 40”Full HD LED DVB-T2 Tv

Samsung မှ ထုတ်လုပ်လိုက်သော 40” LED TV series 5 အမျိုးအစားဖြစ်သည်။ Wide Color Enhancer plus နည်းပညာဖြင့် အံ့သြဖွယ်ကောင်းသော သဘာဝရုပ်ထွက်အမှန်ကို ခံစားနိုင်မည်ဖြစ်သည်။ Full HD 1920×1080 pixels  ဖြင့် တည်ဆောက်ထားသောကြောင့် HD ရုပ်ထွက်အပြည့်ဖြင့် ကြည့်ရှုနိုင်မည်ဖြစ်သည်။ အသံပိုင်းအတွက် SRS THEATRESOUND & DOLBY Digital Plus နည်းပညာဖြင့် တည်ဆောက်ထားသောကြောင့် အိမ်တွင်းရုပ်ရှင်ရုံသဖွယ် နားဆင်ခံစားနိုင်မည်ဖြစ်သည်။ USB input ပါဝင်သည်။ Digital Tuner ပါရှိသည့်အတွက် အခမဲ့ရုပ်သံလိုင်းများကို ကြည့်ရှုနိုင်မည်ဖြစ်သည်။ တန်ဖိုးမှာ ၃၈၀,၀၀၀ ကျပ်ဖြစ်ပြီး Multi Generation Electronics Wholesales Centre ဖုန်း ၀၉၇၃၂၄၀၁၂၃ […]

Read More

AV to HDMI Converter

AV မှ HDMI သို့ ပြောင်းလဲထုတ်ပေးမည့် Converter တစ်မျိုးဖြစ်သည်။ Plug & Play အသုံးပြုနိုင်သည့်အတွက် သုံးစွဲရ လွယ်ကူမည်ဖြစ်သည်။ Converter တွင် AV ကြိုးများတပ်ဆင်ရန် Port, HDMI Output, Format များပြောင်းလဲနိုင်မည့် ခလုတ်နှင့် ပါဝါပိုင်း ချိတ်ဆက်အသုံးပြုရန် DC 5V အပေါက်များ ပါဝင်မည်ဖြစ်သည်။ HDMI Output မှထွက်ရှိလာမည့် Format များကို ပြောင်းလဲ အသုံးပြုရန်အတွက် Format ပြောင်းလဲပေးသည့်ခလုတ်ကို  ၂ စက္ကန့်ကြာမျှ ဖိထားရန် လိုအပ်မည်ဖြစ်သည်။ အရွယ်အစားသေးငယ်သည့် အတွက် အသုံးပြုရာတွင် နေရာစားသက်စာစေမည်ဖြစ်သည်။ ဈေးနှုန်းမှာ ၄၀,၀၀၀ ကျပ်ဖြစ်ပြီး ဖုန်း ၂၅၆၄၁၇ နှင့် ၃၈၀၅၃၆ ၌ ဆက်သွယ်စုံစမ်းဝယ်ယူအသုံးပြုနိုင်မည်ဖြစ်သည်။ […]

Read More

LED Fancy Cartoon Cable

ချစ်စရာ cartoon ရုပ်ပုံစံမျိုးစုံဖြင့် အသစ်ထွက်ရှိလာသော Micro USB cable များဖြစ်သည်။ အသုံးပြုနေသည့်အချိန်တွင် အရုပ်လေးများအတွင်းမှ ဖြူ၊ နီ၊ ပြာစသည့် LED မီးရောင်ခုနှစ်ရောင်မှာ တစ်လှည့်စီပြောင်းကာ လင်းနေမည်ဖြစ်သည်။ Micro USB အသုံးပြု Mobile phone, tablet များဖြင့် တွဲဖက်ကာ data, charger နှစ်မျိုးစလုံးအတွက် အသုံးပြုနိုင်မည်ဖြစ်သည်။ Flat type cable ကို အသုံးပြု ထားပြီး အရှည်မှာ ၁၀၀ cm ရှိသည့်အတွက် သုံးစွဲရ အဆင်ပြေစေမည်ဖြစ်သည်။ တန်ဖိုးမှာ ၁၉၀၀ ကျပ်ဖြစ်ပြီး Fax computer ဖုန်း ၃၈၀၉၈၈ ၌ ဆက်သွယ်ဝယ်ယူနိုင်မည်ဖြစ်သည်။

Read More

WEISI အမှတ်တံဆိပ် CCTV camera

WEISI အမှတ်တံဆိပ် CCTV တစ်မျိုးဖြစ်သည်။ မော်ဒယ်မှာ WS112K ဖြစ်ပြီး Indoor CCTV ကင်မရာ အမျိုးအစားတစ်ခုဖြစ်သည်။ Camera Lens ကို 3.6, 6 mm စသည်ဖြင့် စိတ်ကြိုက်ရွေးချယ် ဝယ်ယူနိုင်သည်။ ပုံရိပ်များကို ကြည်လင်ပြတ်သားစွာဖြင့် ဖမ်းယူပေးမည်ဖြစ်ပြီး High Defination  ရုပ်ထွက်ဖြင့် ရရှိနိုင်မည်ဖြစ်သည်။ IR စနစ်ပါဝင်သည့်အတွက် ညအချိန်များတွင် လည်း ကြည်လင်ပြတ်သားသောရုပ်ပုံများကို ဖမ်းယူရိုက်ကူးနိုင်မည်ဖြစ်သည်။ ရုံးခန်း၊ ကားရပ်နားရာနေရာနှင့် နေအိမ်စသည့်နေရာအမျိုးမျိုးတွင် အသုံးပြုနိုင်မည်ဖြစ်သည်။ ဈေးနှုန်းမှာ ၅၃,၀၀၀ ကျပ်ဖြစ်ပြီး ရွှေလွန်းပျံဖုန်း ၂၄၂၅၃၀ နှင့် ၃၈၈၅၂၉ ၌ ဆက်သွယ်ဝယ်ယူနိုင်မည်ဖြစ်သည်။

Read More

ကော်ဖီပုံစံမျိုးစုံကိုဖျော်စပ်နိုင်မည့် Arist All-in-one ကော်ဖီဖျော်စက်

ကော်ဖီစေ့များတွင် အကောင်းဆုံးကော်ဖီတစ်ခွက်ဖြစ်ပေါ်လာစေရန် အထူးနည်းလမ်းဖြင့် ဖျော်စပ်နည်းများရှိကြသည်။ သို့သော်လည်း ကော်ဖီဖျော်စက် အများစုသည် ကော်ဖီအား ပုံစံတစ်မျိုးတည်းဖြင့်သာ ဖျော်စပ်တတ်ကြသည်။ ထို့ကြောင့် ပြီးပြည့်စုံသော ကော်ဖီတစ်ခွက်ဖြစ်လာစေရန် Arist ကဲ့သို့ All-in-one ကော်ဖီဖျော်စက်ကို အသုံးပြုနိုင်သည်။ ၎င်းကော်ဖီဖျော်စက်သည် ပုံစံအမျိုးမျိုးဖြင့် ကော်ဖီကိုနှပ်ပေးနိုင်သည်။ Arist ကော်ဖီစက်တွင် ကော်ဖီစေ့များထည့်သွင်းရန် အကန့်နှစ်ခု၊ အရွယ်အစားချိန်ညှိနိုင်သည့် ကော်ဖီစေ့ကြိတ်စက်၊ ကော်ဖီမှုန့်အလေးချိန် အာရုံစနစ်၊ ရေအပြင် နွားနို့အပူချိန်နှင့် စီးဆင်းမှုကို ချိန်ညှိနိုင်ခြင်း၊ အလိုအလျောက် သကြားရောစပ်ပေးခြင်း၊ သကြားရည် သို့မဟုတ် ချောကလက်ရောစပ်ခြင်းနှင့် အလိုအလျောက် သန့်ရှင်းနိုင်ခြင်း စသည့်စနစ်များ ပါဝင်သည်။ ထို့အပြင် Arist All-in-one ကော်ဖီဖျော်စက်ကို မိုဘိုင်း app ဖြင့်လည်း တွဲဖက်အသုံးပြုနိုင်ပြီး app အတွင်းရှိ ချိုခြင်း၊ ခါးခြင်း၊ ပြင်းခြင်း၊ […]

Read More