Day: November 5, 2014

Anspo DVR

Anspo အမှတ်တံဆိပ် DVR တစ်မျိုးဖြစ်သည်။ 4 Channel, 8 Channel, 16 Channel စသည်ဖြင့် အမျိုးအစားသုံးမျိုး ဝင်ရောက်ပြီး Channel ပေါ်မူတည်ကာ ဈေးနှုန်းကွာခြားချက်ရှိမည်ဖြစ်သည်။ Net- work ဖြင့် ချိတ်ဆက်ထားနိုင်ပြီး အင်တာနက်အသုံးပြုကာ iCloud မှတစ်ဆင့် ပြန်လည်ကြည့်ရှုနိုင်မည်ဖြစ်သည်။ AV, HDMI, VGA စသည့် Port များ စုံလင်စွာပါဝင်သည်။ Hard Drive 2TB အထိ တပ်ဆင်အသုံးပြုနိုင်သလို USB Port မှတစ်ဆင့် မိမိကူးယူလိုသော အပိုင်းအလိုက်ကိုလည်း သီးသန့်ကူးယူနိုင်မည်ဖြစ်သည်။ အာမခံတစ်နှစ်ပေးထားပြီး ရွှေလွန်းပျံ ဖုန်း ၂၄၂၅၃၀ နှင့် ၃၈၈၅၂၉ ၌ ဆက်သွယ်ဝယ်ယူနိုင်မည်ဖြစ်သည်။

Read More

အရောင်းဆိုင် အချို့မှ Telenor ဆင်းမ်ကတ်ကို တစ်သောင်းတန် ငွေဖြည့်ကတ်နှင့် တွဲဖက်ရောင်းချ

Telenor ၏မိုဘိုင်း ဆင်းမ်ကတ်များကို သုံးထောင်ကျပ်တန်ငွေ ဖြည့်ကတ်နှင့် တွဲဖက်ရောင်းချ ရမည်ဟု ကုမ္ပဏီမှ သတ်မှတ်ပေးထား သော်လည်း ဆင်းမ်ကတ် ရောင်းချသည့် အရောင်းဆိုင် အချို့သည် ဆင်းမ်ကတ်ကို တစ်သောင်းတန် ငွေဖြည့်ကတ်နှင့် တွဲဖက်ရောင်းချ နေသည်ဟု သိရသည်။ လက်ရှိအချိန်၌ အချို့သော ဟန်းဆက် အရောင်းဆိုင်များသည် ဆင်းမ်ကတ် ထွက်ရှိမှု နည်းပါးလာသည့် အတွက် ဆင်းမ်ကတ်များကို ဟန်းဆက်ဝယ်ယူမှသာ အပိုဝန်ဆောင်မှုအဖြစ် ထည့်သွင်းပေးတော့ သည်ဟုလည်း ဈေးကွက်အ တွင်းမှ သိရသည်။ ထို့အပြင် ဆင်းမ်ကတ်ဖြန့်ချိသည့် အပိုင်းတွင် Telenor သည် ကိုယ်စားလှယ်များနှင့် နီးစပ်သူများသာ ဆင်းမ်ကတ်အရေအတွက် ပိုမိုရရှိနေကြသည်ဟု ဟန်းဆက် အရောင်းဆိုင်တချို့က ပြောသည်။ “ကျွန်တော်တို့ တစ်ဆိုင်ကို ဆင်းမ်ကတ် ၂၀၀ ပဲရတယ်။ ကျွန်တော်တို့လို ဆိုင်ကြီးတွေ […]

Read More

Handset style Power Bank

တစ်ကိုယ်ရေသုံး လျှပ်စစ်ပစ္စည်းငယ်များ ဓာတ်ခဲအားကုန်သွားသည့်အခါ အရေးပေါ် အမြန်အားပြန်သွင်းပေးနိုင်သော Handset ပုံစံဖြင့် Power Bank မော်ဒယ်သစ်များ ဝင်ရောက်လာသည်။ Apple ၏ i-Phone ပုံစံနှင့် Huawei ၏ Ascendmate ပုံစံထုတ်ထားသည့် Power Bank နှစ်မျိုးဖြစ်သည်။ ပုံစံနှင့် အရွယ်အစားပုံတူနီးပါး ထုတ်ထားသည်။ i-Phone ဒီဇိုင်းတွင် 18000mAh ရှိသော ဘက်ထရီကို အသုံးပြုထားပြီး power အဝင်၊ အထွက်နှင့် ဘက်ထရီအားကို သိနိုင်မည့် LED Indicator မီးပါဝင်သည်။ Input, output တစ်ခုစီ ပါဝင်သည်။ Huawei ဒီဇိုင်းတွင် 38000 mAh ရှိသော ဘက်ထရီကို အသုံးပြုထားပြီး output နှစ်ခုပါဝင် သည့်အတွက် ဖုန်း သို့မဟုတ် […]

Read More

လက်တွေ့ပညာရေးအနေဖြင့် ဘုန်းတော်ကြီးကျောင်းများ၌ မိုဘိုင်းဖုန်းပြုပြင်ရေး သင်တန်းများ ဖွá€

YGA Capital Limited သည် လက်တွေ့ပညာရေးကို အကောင်အထည် ဖော်ဆောင်သည့်အနေဖြင့် ဘုန်းတော်ကြီး ကျောင်းများ၌ မိုဘိုင်းဖုန်းပြုပြင်ရေး သင်တန်းများ ဖွင့်လှစ်သွားရန် စီစဉ်နေကြောင်း အထက်ပါ Limited မှ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးသူရကိုကိုက ပြောသည်။ “မန္တလေး၊ စစ်ကိုင်းဘက်က ဘုန်းတော်ကြီးကျောင်းတွေမှာ စပြီးတော့ ဖွင့်လှစ်ဖို့ စဉ်စားထားတာပါ။ နောက်ထပ် ၆ လလောက် အတွင်းမှာတော့ အကောင်အထည်ဖော် ဆောင်နိုင်ပါမယ်။ ခက်နေတာက ပညာသင်ပြီးသွားရင် ဆက်ပြီးတော့ ပြန်လည်ပညာသင်ကြားပေးမယ့် ဆရာက ရှားနေတာပါ။ ဦးဆောင်မယ့်လူ လေးငါးယောက်လောက်ကိုတော့ ရွေးနေပါတယ်” ဟု ဦးသူရကိုကိုက ပြောသည်။ အစီအစဉ်ကို စတင်ရန်အတွက် အင်ဒိုနီးရှားနိုင်ငံမှ YCAB Foundation နှင့် ပူးပေါင်းထားကြောင်း၊ အဆိုပါ Foundation သည် Samsung နှင့်ပူးပေါင်း၍ […]

Read More

စတုတ္ထအကြိမ်မြောက် Developer Conference ကျင်းပမည်

စတုတ္ထအကြိမ်မြောက် Developer Conference ကို နိုဝင်ဘာလ ၁၅ ရက်နှင့် ၁၆ ရက်များတွင် MICT Park ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ ယခုကျင်းပမည့် Developer Conference (Dev con) တွင် ရန်ကုန်မြို့နှင့် မြန်မာနိုင်ငံတစ်ဝန်းရှိ ကွန်ပျူတာ၊ ဆော့ဖ်ဝဲ၊ Networking နှင့် အိုင်တီ နည်းပညာလုပ်ငန်းများမှ ပညာရှင်များ၊ လုပ်ငန်းရှင်များ၊ ကွန်ပျူတာနှင့် အိုင်တီကျောင်းများ၊ တက္ကသိုလ်များမှ ပါမောက္ခ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ နိုင်ငံရပ်ခြားရောက် မြန်မာပညာရှင်များ၊ နိုင်ငံခြားတက္ကသိုလ်နှင့် လုပ်ငန်းများမှ ပညာရှင်များ နှစ်စဉ်စုဝေးကာ အသိပညာ၊ အတတ်ပညာ၊ နောက်ဆုံးပေါ် နည်းစနစ်များ၊ နည်းပညာများကို တင်ပြ၊ ဆွေးနွေး ဖလှယ်ကြသော စုဝေးဆွေးနွေးပွဲတစ်ခုအဖြစ် ကျင်းပသွားမည်ဖြစ်ကြောင်း ဖြစ်မြောက်ရေးကော်မတီမှ […]

Read More

iOS 8 ထုတ်ကုန်များတွင် မြန်မာစာရိုက်ရန် အခက်အခဲ ရှိသူများအတွက် Nexy Keyboard ကို App Store ပေါ်တွင် အခမဲ့ဖြန့်

iOS 8  ထုတ်ကုန်များ ဖြစ်သည့် iPhone နှင့် iPad အသုံးပြုသူများ အနက်မှ မြန်မာစာရိုက်ရန် အခက်အခဲ ရှိသူများအတွက် Nexy Keyboard ဟူသည့် မြန်မာစာသို့ ပြောင်းလဲပေးမည့် ကီးဘုတ်တစ်ခု ကို App Store ပေါ်တွင် ယခုလ ၃၀ ရက်နေ့မှ စတင်ကာ အခမဲ့ download ရယူသုံးစွဲနိုင်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။ မိုဘိုင်းဖုန်းများပေါ်တွင်  မြန်မာစာရိုက်သည့်အခါ လက်ကွက် အခက်အခဲကြောင့် စာရိုက်နှေးကွေးသည့် ပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် ထုတ်လုပ်ထားခြင်း ဖြစ်ကြောင်း အဆိုပါ Application ကိုရေးဆွဲသည့် NEX Co.,Ltd မှ အမှုဆောင် အရာရှိချုပ် ဦးရဲမြတ်မင်းက ပြောသည်။ iOS 8 ထုတ်ကုန်များ၏ ကီးဘုတ်တွင် မြန်မာစာရိုက်ရန် […]

Read More