Day: October 22, 2014

Whirl Editor

Price : Free (Today)   Whirl Editor ဆိုတဲ့ App ကတော့ ဓာတ်ပုံတွေကို ပန်းချီဆန်ဆန် ရေဝဲပုံစံတွေအဖြစ် ပြောင်းလဲပေးနိုင်တဲ့ App တစ်ခုဖြစ်ပါတယ်။ ဒီ App ဟာ iOS အတွက် ထုတ်လုပ်ထားတဲ့ App ဖြစ်ပြီး အသုံးပြုခွင့်အတွက် ယခင်က ကန်ဒေါ်လာ ၀.၉၉ ပေးသွင်းရပေမယ့် ယနေ့အတွက်တော့ အခမဲ့ Download လုပ်ယူခွင့်ရရှိမှာ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ရှုခင်းပုံ ဓာတ်ပုံတွေကို ပန်းချီကားသဖွယ် မြင်ရအောင် ပြုလုပ်ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်။ ဓာတ်ပုံတွေကို ရေဝဲပုံစံ ဖန်တီးပြုလုပ်ပြီးပြီဆိုရင် ဓာတ်ပုံကိုကြည့်ရှုဖို့အတွက် Play ခလုတ်ကို ထည့်သွင်းပေးထားပြီး Pause ခလုတ်ကိုပါ ထည့်သွင်းပေးထားတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် အခြားသော ဖန်တီးပြုလုပ်နိုင်တဲ့ Effect […]

Read More

ပိုမိုကောင်းမွန်သည့် ဗီဒီယိုကြော်ငြာများ ဖန်တီးရန်အတွက် LiveRail ကို Facebook ဝယ်ယူ

Facebook သည် ဗီဒီယိုကြော်ငြာ platform တစ်ခုဖြစ်သည့် LiveRail ကို ဝယ်ယူရန် သဘောတူညီမှု ရရှိခဲ့ကြောင်း အဆိုပါ ကုမ္ပဏီနှစ်ခုက အသီးသီး ကြေညာခဲ့သည်။ သို့သော်လည်း ဝယ်ယူခဲ့သည့် ငွေကြေး ပမာဏကို ကုမ္ပဏီနှစ်ခုစလုံးမှ ဖော်ပြခဲ့ခြင်း မရှိပေ။ ၂၀၀၇ ခုနှစ်တွင် တည်ထောင်ခဲ့သည့် LiveRail သည် မေဂျာလိဂ် ဘေ့စ်ဘောနှင့် Daily Motion တို့အပါအဝင် ကုမ္ပဏီများ အတွက် မိုဘိုင်းနှင့် ဝက်ဘ်ပေါ်တွင် ဗီဒီယိုကြော်ငြာများကို ထောက်ပံ့ပေးသည့် ကုမ္ပဏီဖြစ်သည်။ ၎င်း ကုမ္ပဏီသည် တစ်လလျှင် ဗီဒီယိုကြော်ငြာ ၇ ဘီလီယံကို ထောက်ပံ့ပေးလျက်ရှိသည်။   “အခုလို LiveRail နဲ့ Facebook ပူးပေါင်းခြင်းကြောင့် ပိုကောင်းတဲ့ ဗီဒီယိုကြော်ငြာတွေကို ဖန်တီးဖို့ အခွင့်အရေးရှိလာပြီး […]

Read More

access provider

တစ်ဦးတစ်ယောက် သို့မဟုတ် အဖွဲ့အစည်းတစ်ခုထံ အင်တာနက် အသုံးပြုနိုင်ရန် စီစဉ်ပေးသည့် မည်သည့် အဖွဲ့အစည်းကိုမဆို access provider ဟုခေါ်ဆိုသည်။ Access provider များတွင် ယေဘုယျအားဖြင့် အမျိုးအစားနှစ်မျိုးရှိသည်။ ၎င်းတို့မှာ Internet access providers (ISPs) နှင့် online service providers (OSPs) တို့ဖြစ်သည်။ ISP များသည် အမေရိကန်တွင် AT&T, Sprint, MCI စသည့် ကုမ္ပဏီများထံ မြန်နှုန်းမြင့် ချိတ်ဆက်မှုပေးနိုင်သည့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများ ဖြစ်နိုင်သည်။ ထို့အပြင် ၎င်းတို့သည် နိုင်ငံသား သို့မဟုတ် အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီများက ပိုင်ဆိုင်သည့် AT&T ၏ WorldNet သို့မဟုတ် IBM ၏ Global Services ကဲ့သို့သော […]

Read More

ကိုယ်ပိုင် credit card reader မိတ်ဆက်ပေးရန် Amazon စီစဉ်နေ

နာမည်ကျော် အွန်လိုင်းလက်လီရောင်းချသည့် ကုမ္ပဏီ Amazon သည် Square နှင့် PayPal တို့ဖြင့် ယှဉ်ပြိုင်မည့် ကိုယ်ပိုင် credit card reader ကို သြဂုတ်လတွင် မိတ်ဆက်ပေးရန် စီစဉ်နေကြောင်း 9to5Mac က ဖော်ပြခဲ့သည်။ အဆိုပါ reader သည် Amazon မှ မကြာသေးမီက မိတ်ဆက်ပေးခဲ့သည့် မိုဘိုင်းငွေပေးချေမှု အတွက် သိသာထင်ရှားသည့် တွန်အားတစ်ရပ် ဖြစ်စေသော wallet နှင့် အတူတွဲဖက် အသုံးပြုနိုင်ဖွယ်ရှိသည်။ Amazon Card Reader ဟု အဆိုပါ credit card reader ကို သြဂုတ်လ ၁၂ ရက်တွင် ၁၀ ဒေါ်လာဖြင့် ရောင်းချဖွယ်ရှိသည်။ Square သည် ၎င်း၏ […]

Read More

iPhone 5 Camera Lens

iPhone 5 များတွင် တပ်ဆင်အသုံးပြုနိုင်တဲ့ Camera Lens တစ်မျိုးဖြစ်ပါတယ်။ Tripod ပါဝင်မှာဖြစ်တဲ့အတွက် ပုံရိပ်များကို ငြိမ်စွာရိုက်ကူးလိုသူများ အဆင်ပြေစေမှာ ဖြစ်ပါတယ်။ ဓာတ်ပုံဝါသနာရှင်များ နှစ်သက်ကြမယ့် Gadget တစ်ခုဖြစ်ပါတယ်။ Telescope ပုံစံရှိမှာဖြစ်ပြီး အရည်အသွေးကောင်းမွန်စွာ ပုံရိပ်များကို ဖမ်းယူပေးမှာ ဖြစ်ပါတယ်။ Tripod နှင့် Telescope ကို Cover ဖြင့်တွဲ၍ တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ မိမိ iPhone 5 ကို Cover တွင် အလွယ်တကူ တပ်ဆင်ရုံဖြင့် အသုံးပြုနိုင်သလို၊ အလွယ်တကူ ပြန်လည်ဖြုတ်နိုင်မှာ ဖြစ်ပါတယ်။ ဓာတ်ပုံရိုက်ကူးမှု ဝါသနာရှင်များ နှစ်သက်ကြမှာဖြစ်ပြီး ဝယ်ယူလိုပါက iMotion ဖုန်း ၀၉-၅၀၁၅၄၈၇ သို့ ဆက်သွယ်နိုင်မှာဖြစ်ပါတယ်။ -မိုးသူ

Read More

Firefox တွင် URL အများအပြားကို click တစ်ချက်တည်းဖြင့် ကူးယူခြင်း

– အင်တာနက်ကို အသုံးပြုပြီး သုတေသန ပြုလုပ်ရာတွင် ကိုးကားချက်များကို ရယူလိုသည့်အခါ link အများအပြားကို ဖွင့်ပြီး ကူးယူရသည့်အတွက် အချိန်အလွန် ကြာမြင့်နိုင်သည်။ သို့ရာတွင် Firefox add-on တစ်ခုဖြစ်သည့် Easy Copy နှင့် URL များကို ကူးယူသည့်အခါ လျင်မြန်သည့် နည်းလမ်းဖြင့် ကူးယူနိုင်ပြီး ဝက်ဘ်စာမျက်နှာများကိုလည်း အသေးစိတ် ဖော်ပြပေးနိုင်သည်။ – Firefox တွင် EasyCopy ကို အသုံးပြုရန် https://addons.mozilla.org/en-US/firefox/addon/easy-copy/?src=cb-dl-hotness သို့သွားပါ။ ထို့နောက် Add to Firefox ခလုတ်ကိုနှိပ်ပါ။ – Install လုပ်ပြီးသည့်အခါတွင် mouse ၏ right-click ကိုနှိပ်ပြီး EasyCopy context menu ကို ရှာပါ။ – […]

Read More

iOS တွင် ဝက်ဘ်စာမျက်နှာ တစ်ခုကို Home Screen App တစ်ခုအဖြစ် အသုံးပြုခြင်း

iOS တွင် home screen ပေါ်၌ website တစ်ခုကို icon တစ်ခုအနေဖြင့် bookmark လုပ်ပြီး ထည့်သွင်း သိမ်းဆည်းထားနိုင်သည်။ Bookmark icon သည် app icon နှင့် တူညီပြီး သုံးစွဲသူမှ icon ကို နှိပ်လိုက်သည်နှင့် bookmark လုပ်ထားသည့် ဝက်ဘ်ဆိုက်ကို Safari က ဖွင့်ပေးမည် ဖြစ်သည်။ ဒီနည်းလမ်းကို နှစ်သက်ရာ ဝက်ဘ်ဆိုက်များအား အလျင်အမြန် အသုံးပြုလိုသည့်အခါ သုံးစွဲနိုင်ပြီး ၎င်းကို iPhone ရော iPad တွင်ပါ အသုံးပြုနိုင်သည်။ ပြုလုပ်ပုံက အောက်ပါအတိုင်းဖြစ်သည်။ (၁) Home Screen မှ Safari ကို ဖွင့်ပါ။ Safari တွင် home […]

Read More