Day: October 16, 2014

Yangon Buses

Price : Free ရန်ကုန်မြို့တွင်း လိုင်းကားစီးသူများအတွက် ကိုယ်သွားမယ့် လမ်းကြောင်းကို ဘယ်ကားစီးရမယ်ဆိုတာကို ဖော်ပြပေးနိုင်မယ့် App တစ်ခုဖြစ်ပါတယ်။ ဒီ App ဟာ ကားတစ်စင်းစီအလိုက်ကို ရောက်ရှိမယ့်လမ်းကြောင်းနဲ့ ဆိုက်ရောက်မယ့် နေရာကိုဖော်ပြပေးနိုင်မှာ ဖြစ်ပါတယ်။ ကိုယ်သွားမယ့် ခရီးလမ်းကြောင်းကို ရိုက်ထည့်ပြီး ရှာဖွေရုံနဲ့ ရောက်ရှိမယ့်ကားနံပါတ်များ ကိုဖော်ပြပေးမှာဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ်သွားချင်တဲ့နေရာကို ရိုက်ထည့်ပြီး အဲဒီလမ်းကြောင်းကို သွားနေတဲ့ လိုင်းကားတွေကိုပါ ရှာဖွေနိုင်မှာဖြစ်ပါတယ်။ ဒီ App မှာ Build-in Myanmar Keyboard ပါဝင်တာကြောင့် Jailbreak မပြုလုပ်ရ သေးတဲ့သူတွေလည်း မြန်မာလိုအဆင်ပြေပြေ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ကိုယ်သွားရောက်ချင်တဲ့ နေရာ တွေကို အလွယ်တကူရှာဖွေနိုင်ပြီး လိုင်းကားနံပါတ်တွေကို ရှာဖွေအသုံးပြုနိုင်မယ့် App တစ်ခုဖြစ်ပါတယ်။   Apple Application […]

Read More

Whirl Editor

Price : Free (Today) Whirl Editor ဆိုတဲ့ App ကတော့ ဓာတ်ပုံတွေကို ပန်းချီဆန်ဆန် ရေဝဲပုံစံတွေအဖြစ် ပြောင်းလဲပေးနိုင်တဲ့ App တစ်ခုဖြစ်ပါတယ်။ ဒီ App ဟာ iOS အတွက် ထုတ်လုပ်ထားတဲ့ App ဖြစ်ပြီး အသုံးပြုခွင့်အတွက် ယခင်က ကန်ဒေါ်လာ ၀.၉၉ ပေးသွင်းရပေမယ့် ယနေ့အတွက်တော့ အခမဲ့ Download လုပ်ယူခွင့်ရရှိမှာ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ရှုခင်းပုံ ဓာတ်ပုံတွေကို ပန်းချီကားသဖွယ် မြင်ရအောင် ပြုလုပ်ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်။ ဓာတ်ပုံတွေကို ရေဝဲပုံစံ ဖန်တီးပြုလုပ်ပြီးပြီဆိုရင် ဓာတ်ပုံကိုကြည့်ရှုဖို့အတွက် Play ခလုတ်ကို ထည့်သွင်းပေးထားပြီး Pause ခလုတ်ကိုပါ ထည့်သွင်းပေးထားတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် အခြားသော ဖန်တီးပြုလုပ်နိုင်တဲ့ Effect ပေါင်းများစွာကို […]

Read More

Plants vs. Zombies 2 ကို သြစတြေးလျတွင် စတင်စမ်းသပ်ဖြန့်ချိ

PopCap ကုမ္ပဏီမှ ဖန်တီးဖြန့် ချိသည့် Plants vs. Zombies 2 ဂိမ်းသစ်ကို သြစတြေးလျနှင့် နယူးဇီလန်တို့တွင် စတင်၍ စမ်းသပ်ဖြန့်ချိလိုက်ကြောင်း သိရသည်။ Plants vs. Zombies 2 ကို ဇူ လိုင်လ ၁၈ ရက်တွင် တစ်ကမ္ဘာ လုံးသို့ ဖြန့်ချိရန် စီစဉ်ထားသော်လည်း နှောင့်နှေးမှုများရှိနေပြီး နွေရာသီနှောင်းပိုင်းမှသာ ဖြန့်ချိတော့မည်ဖြစ်ကြောင်း ကုမ္ပဏီမှ ကြေညာခဲ့သည်။ Developer များက ထပ်မံစမ်းသပ်ရန် အတွက် အချိန်ပို၍ လိုအပ်သောကြောင့်  ယခုကဲ့သို့  နှောင့်နှေးရခြင်းဖြစ်ကြောင်း ကုမ္ပဏီ၏ အကြီးတန်းထုတ်လုပ်ရေးမှူး Allen Murray ကဆိုသည်။ ယခင် Plants vs.Zombies ကို offline ကစားနိုင် သော်လည်း ယခု Plants vs. […]

Read More

EPSON 4 Color Ink-Jet ပရင်တာ

ဈေးကွက်ထဲသို့ အသစ်ဝင် ရောက်လာသော ၂၀၁၄ ခုနှစ်ထုတ် EPSON အမှတ်တံဆိပ် 4 Color Ink-Jet Printer ဖြစ်ပါတယ်။ ယခင်ဈေးကွက်တွင် လူကြိုက်များခဲ့သော EPSON အမှတ်တံဆိပ် L110 နေရာတွင်  L120 မော်ဒယ်ဖြင့် ဝင်ရောက်လာတာ ဖြစ်ပြီး Print Speed ISO 8.5 Print Per Minute နည်းပညာ ပါရှိသည့် အမျိုးအစား ဖြစ်ပါတယ်။ Print Resolution 720 X 720 dpi အမျိုးအစားဖြစ်ပြီး ကုန်ကျစရိတ် လွန်စွာသက်သာသော နည်းပညာစနစ်များဖြင့် ဖွဲ့စည်းထားပါတယ်။ အဖြူ၊ အမည်းဖြင့်ဆိုပါက အရွက်ရေ ၄,၀၀၀ ထိ ထုတ်နိုင်သောကြောင့် ကုန်ကျစရိတ် များစွာ သက်သာစေမှာ ဖြစ်ပါတယ်။ Compact […]

Read More

LG G3

ဒီဇိုင်း G3 သည် ပုံစံဒီဇိုင်းပိုင်းတွင် ထူးခြားဆန်းသစ်မှုများအား များများစားစားပြုလုပ်ထားခြင်းမရှိသော်လည်း ဖုန်းအား ကိုင်တွယ်အသုံးပြုရာတွင် လက်နှင့်အံဝင်ခွင်ကျဖြစ်စေရန်အတွက် အရွယ်အစားပိုင်းအား အဓိကထား ကာပြုလုပ်ထားခြင်းဖြစ်သည်။ ဖုန်း၏ဘော်ဒီမှာ သတ္တုဘော်ဒီအမျိုးအစားဖြစ်ပြီး နောက်ဘက်ကာဗာမှာ သတ္တုကဲ့သို့ မြင်တွေ့ခံစားရမည်ဖြစ်သော ပလတ်စတစ် ကာဗာကိုအသုံးပြုထားခြင်းဖြစ်သည်။ သတ္တုဘော်ဒီအမျိုးအစားဖြစ်သော်လည်း ဖုန်းမှာ ပေါ့ပါးပြီး အရွယ်အစားမှာလည်း ဘေးတိုက်အကျယ် ၇.၄၆ စင်တီမီတာနှင့် အထက်အောက် အမြင့်မှာ ၁၄.၆၃ စင်တီမီတာရှိခြင်းကြောင့် လက်တစ်ဘက်တည်းဖြင့် ကိုင်တွယ်ထိန်းကျောင်းအသုံးပြုရန်အတွက် အခက်အခဲမရှိနိုင်သော အရွယ်အစားမျိုးဖြစ်သည့်အပြင် ထုထည် မှာ ၀.၈၉ စင်တင်မီတာရှိသော်လည်း ဖုန်း၏ကျောဖက်အနားသတ်ဘောင်များအား အခုံးပုံစသဏ္ဍာန်ပြုလုပ်ထားခြင်းကြောင့် ဖုန်းအားကိုင်တွယ်ရာတွင် ပါးလွှာခြင်းအား ခံစားရမည်ဖြစ်သည်။ ပါဝါခလုတ်နှင့် အသံအတိုးအကျယ်ခလုတ်များအား ဖုန်း၏ကျောဖက်တွင် မြင်တွေ့နိုင်မည်ဖြစ်ပြီး နောက်ဘက်ကာဗာမှာ ဖြုတ်နိုင်တပ်နိုင်သော အရှင်ပုံစံမျိုး ဖြစ်သည်။ မြင်ကွင်း G3 တွင်အသုံးပြုထားသော Display […]

Read More

Samsung မှ Exynos 5 Octa အမျိုးအစား Quadcore CPU နှစ်လုံးပါဝင်သော Galaxy Tab S ကို ပြည်တွင်း၌ မိတ်ဆက်

Samsung Electronic မှ Exynos 5 Octa အမျိုးအစား 1.9 GHz Quadcore နှင့် 1.3 GHz Quadcore processor နှစ်လုံးထည့်သွင်း အသုံးပြုထားသော ပေါ့ပါးပါးလွှာသည့် Galaxy Tab S Tablet သစ်ကို ပြည်တွင်း၌ စတင်မိတ်ဆက်ခဲ့ပြီး ၈.၄ လက်မနှင့် ၁၀.၅ လက်မ အရွယ်အစား နှစ်မျိုးဖြင့် ဖြန့်ချိ ရောင်းချ သွားမည် ဖြစ်ကြောင်း သိရသည်။ Samsung Galaxy Tab S တွင် 2G/3G နှင့် LTE စနစ်များ ထောက်ပံ့ပါဝင်မည်ဖြစ်သည်။ Resolution 2560×1600 ထိထောက်ပံ့ပေးနိုင်သော WQXGA Super AMOLED Display ကိုအသုံးပြုထားကာ Contrast […]

Read More

Lenovo G400 Celeron 1005m Notebook

ဈေးနှုန်းအသင့်တင့်ဖြင့် Laptop ကောင်းကောင်း အသုံးပြုလိုသူများ အတွက် Lenovo အမှတ်တံဆိပ် G400 Celeron 1005m မော်ဒယ်ဖြင့် Notebook တစ်မျိုး ဝင်ရောက် လာပါတယ်။ Intel Celeron 1005m CPU နှင့် Memory 2GB DDR3 ထည့်သွင်း အသုံးပြုထားတဲ့ အတွက် Multi-tasking ကောင်းကောင်း ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ စကရင်အရွယ်အစား ၁၄ လက်မရှိပြီး WXGA LED အမျိုးအစားကို အသုံးပြု ထားပါ တယ်။ Intel HD Graphic ထည့်သွင်း အသုံးပြုထားပါတယ်။ အချက်အလက် သိမ်းဆည်းရန် အတွက် 500GB ပမာဏရှိတဲ့ Hard Drive ပါရှိမှာ ဖြစ်ပါတယ်။ Lenovo Laptop […]

Read More

အကြမ်းဒဏ်ခံနိုင်သည့် iPhone 6 Sapphire display ဗီဒီယိုများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာ

၎.၇ လက်မ iPhone 6 တွင် အသုံးပြုမည့် အကြမ်းဒဏ်ခံနိုင်သော sapphire display နှင့် ပတ်သက်သည့် ဗီဒီယိုများသည် အင်တာနက်ပေါ်တွင် ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့သည်။ ၄.၇ လက်မ sapphire crystal display cover အကြောင်းကို ဆန်နီဒစ်ခ်ဆန်ဆိုသူက ဗီဒီယိုတစ်ခုဖြင့် ပထမဦးဆုံး ဖော်ပြခဲ့သလို မားကက်စ်ဘရောင်လီဆိုသူကလည်း sapphire display ၏ အကြမ်းဒဏ်ခံနိုင်ပုံကို YouTube တွင်ဖော်ပြခဲ့သည်။ ဘရောင်လီ၏ ဗီဒီယိုတွင် sapphire display ကို ဓားဖြင့် အကြိမ်ပေါင်းများစွာ စမ်းသပ်ခဲ့သော်လည်း ခြစ်ရာများ မထင်ကျန်ခဲ့သလို ပျက်စီးမှုလည်း မဖြစ်ပေါ်ခဲ့ပေ။ ထို့အပြင် ၎င်းသည် display ကို ခေါက်ချိုးရန် ကြိုးပမ်းခဲ့သော်လည်း မိမိ၏ အားဖြင့် display ကို […]

Read More

၂၀၁၇ တွင် အိန္ဒိယ developer အရေအတွက် အမေရိကန်ထက် ကျော်လွန်ဖွယ်ရှိ

၂၀၁၇ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၏ software developer အရေအတွက်သည် အမေရိကန်နိုင်ငံထက်ကျော်လွန်ဖွယ်ရှိကြောင်း စစ်တမ်းတစ်ရပ်အရသိရသည်။ Evans Data Corp. မှထုတ်ပြန်ခဲ့သည့်ကမ္ဘာလုံးဆိုင်ရာ developer အရေအတွက်စစ်တမ်းအရ ကမ္ဘာတစ်ဝန်းတွင် softwaredeveloper 18.2 သန်းရှိကြောင်း ၎င်းအရေအတွက်မှာ ၂၀၁၉ ခုနှစ် တွင် ၂၆.၄ သန်းအထိမြင့်တက်လာနိုင်ကြောင်း သိရသည်။ လက်ရှိတွင်အမေရိကန်နိုင်ငံသည် software developer 3.6 သန်းရှိပြီး developer အများဆုံးရှိသည့် နိုင်ငံအဖြစ်ဦးဆောင်နေသည်။ အိန္ဒိယနိုင်ငံတွင် software developer ဦးရေ ၂.၇၅ သန်းရှိသည်။ သို့ရာတွင် ၂၀၁၈ ခုနှစ်၌အိန္ဒိယနိုင်ငံ၏ developer ဦးရေမှာ ၉၀ ရာခိုင်နှုန်းမြင့်တက်ကာ ၅.၂ သန်းရှိလာနိုင်ပြီး အမေရိကန်နိုင်ငံတွင် ၂၅ ရာခိုင်နှုန်းသာမြင့်တက်ကာ ၄.၅ သန်းသာရှိနိုင်ကြောင်း Evans Data […]

Read More

ES-Totalstation ES-105N

နေပြည်တော် ဈေးကွက်ထဲသို့ Constructions, Topo graphic Survey နဲ့ တချို့သော  တိုင်းထွာရေးတွေမှာ အသုံးတည့်စေမယ့် ES-Totalstation တစ်မျိုး ဝင်ရောက်လာပါတယ်။ Topcon အမျိုးအ စားမ်ာဒယ် ES-105N ဖြစ်ပါတယ်။ Record ပိုင်းမှာ Built-in အနေနဲ့ ပွိုင့် ၁၀၀၀၀ မှတ်သားထားနိုင်ပါတယ်။ Prism EDM Raing နဲ့ ဖတ်မယ်ဆို ရင် 1 Prism ကို အကွာအဝေး 4000m ဖတ်နိုင်ပါ တယ်။ Non Prism အသုံးပြုမယ်ဆိုရင် လေဆာနဲ့ ဖတ်ပေးတာဖြစ်တဲ့ အတွက် 500m အကွာအဝေးကို ဖတ်နိုင်ပါတယ်။ တစ်ခုတိုင်းထွာရင် Measuring Time က 0.9Sec ပဲကြာမြင့်တာမို့ Measuring Time […]

Read More