နိုင်ငံတော်သမ္မတ ပညာတော်သင်ဆုအတွက် အရည်အချင်းစစ်စာမေးပွဲကို ဒီဇင်ဘာလ ၆ ရက်မှ ၁၂ ရက်နေ့များအတွင်း ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း နိုင်ငံပိုင် သတင်းစာများမှတစ်ဆင့် ကြေညာချက် ထုတ်ပြန်ထားသည်။ စာမေးပွဲအား ဗြိတိသျှကောင်စီ၏ Global English Assessment Tool တစ်ခုဖြစ်သော ကွန်ပျူတာ အသုံးပြု၍ ဖြေဆိုရသည့် Aptis Test ကို အသုံးပြုစစ်ဆေးမည်ဖြစ်ပြီး Grammar and Vocabulary, Reading, Listening, Writing, Speaking များကို သတ်မှတ်ထားသော အချိန်အလိုက် ဖြေဆိုရမည်ဖြစ်သည်။ မေးခွန်းနမူနာနှင့် ဖြေဆိုနည်းလမ်းညွှန်များကို နိုင်ငံပိုင်နေ့စဉ် သတင်းစာများနှင့် MRTV, MRTV-4, Sky Net ရုပ်သံလိုင်းများတွင် ထုတ်လွှင့်ဖော်ပြပေးသွားမည်ဖြစ်ပြီး ဖြေဆိုမည့်သူ အမည်စာရင်း၊ ခုံအမှတ်၊ စာဖြေဌာန၊ ဖြေဆိုရမည့်ရက်စွဲနှင့် အချိန်တို့ကိုလည်း […]
Read Moreစီးပွားရေးလုပ်ငန်းများ၊ ဟိုတယ်များ၊ အလုပ်ရုံဆွေးနွေးပွဲများ အစရှိသည့် နေရာများတွင် နိုင်ငံတကာ အဆင့်မီ ဝိုင်ဖိုင်စနစ် တပ်ဆင်လိုပါက ဆောင်ရွက်ပေးနေကြောင်း Frontiir ကုမ္ပဏီ၏ Vice President ဦးမင်းသိန်းက ပြောသည်။ တပ်ဆင်ထားသော အင်တာနက်စနစ်နှင့် ချိတ်ဆက်ကာ ဝိုင်ဖိုင်စနစ်အသုံးပြု၍ ရရှိအောင် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ မြန်နှုန်းမြင့် Device များ အသုံးပြုကာ ဝိုင်ဖိုင်ကွန်ရက် လွှမ်းခြုံစေခြင်းဖြစ်ကြောင်း သိရသည်။ “ကျွန်တော်တို့က အင်တာနက်ဝန်ဆောင်မှု ပေးတာမဟုတ်ဘူး၊ ဝိုင်ဖိုင် Access Network ပေးတာဖြစ်ပါတယ်။ ဟိုဖက်ကရှိတဲ့ အင်တာနက်နဲ့ ဝိုင်ဖိုင် ပေါင်းလိုက်တာ ဖြစ်ပါတယ်၊ ဝိုင်ဖိုင်ဆိုတာကတော့ ပစ္စည်းတစ်ခု တပ်လိုက်ရင်တော့ ရနေတာပေါ့။ ဒါပေမဲ့ ကွန်ရက်ကောင်းကောင်း ရဖို့အတွက်တော့ စနစ်တကျလုပ်ဖို့လိုတယ် အဲ့အတွက် ဝန်ဆောင်မှုပေးတာဖြစ်ပါတယ်” ဟု ဦးမင်းသိန်းကပြောသည်။ တပ်ဆင်မည့်နေရာအတွက် […]
Read Moreမိုဘိုင်းဖုန်းဖြင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်မည့် myKyat Mobile Money ကို ၂၀၁၅ ခုနှစ် ဇန်န၀ါရီလအတွင်း စတင်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း Frontier Technology Partners မှ စီအီးအို Tim Scheffmann က ပြောသည်။ myKyat Mobile Money ဝန်ဆောင်မှုမှာ မိုဘိုင်းဖုန်းများအချင်းချင်း ငွေလွှဲပေးပို့နိုင်ရုံမက ဈေးဝယ်ယူခြင်း၊ လစာငွေများလွှဲခြင်း၊ စားသောက်ကုန်များဝယ်ယူခြင်း၊ ဖျော်ဖြေရေး ကိစ္စရပ်များအတွက် ငွေလွှဲခြင်း အစရှိသည့် ဝန်ဆောင်မှုများကိုလည်း ရရှိမည်ဖြစ်ကြောင်း၊ လက်ရှိ အဆိုပါဝန်ဆောင်မှုအတွက် ကိုယ်စားလှယ် ဆောင်ရွက်လိုသူများကို ဖိတ်ခေါ်လျက်ရှိကြောင်း သိရသည်။ “myKyat Mobile Money ကို ကျေးလက်ဒေသမှာရှိတဲ့ သူတွေအတွက် အဓိကထား ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်လိုတဲ့သူတွေအနေနဲ့ www.mykyat.com ဝက်ဘ်ဆိုက်မှာ […]
Read MoreOPPO ဖုန်းကုမ္ပဏီမှ ၄င်းတို့၏ ကမ္ဘာ့အပါးလွှာဆုံး ဖုန်းအမျိုးအစား တစ်ခုဖြစ်သော OPPO R5 နှင့် နည်းပညာမြင့် ကင်မရာဖုန်းအမျိုးအစား တစ်ခုဖြစ်သော OPPO N3 တို့ကို ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၂၉ ရက်က စင်ကာပူနိုင်ငံတွင် မိတ်ဆက်ပြသခဲ့သည်။ အဆိုပါ ထုတ်ကုန်သစ် မိတ်ဆက်ပွဲ အခမ်းအနားကို OPPO မှ နိုင်ငံပေါင်း ၁၈ နိုင်ငံသို့ဖိတ်ကြား ပြသခဲ့ခြင်းဖြစ်ပြီး ယင်းမိတ်ဆက် ပြသပွဲ အခမ်းအနားသို့ ပရိသတ်ပေါင်း ၁,၅၀၀ ခန့်တက်ရောက် ကြည့်ရှုခဲ့ကြသည်။ မိတ်ဆက်ပွဲတွင် OPPO မှ ၄င်းတို့၏ ကမ္ဘာ့ အပါးလွှာဆုံး မိုဘိုင်းဖုန်း ထုတ်ကုန်သစ် တစ်ခုဖြစ်သည့် R5 နှင့် ကင်မရာ အကောင်းမွန်ဆုံး ဖုန်းအမျိုးအစား တစ်ခုဖြစ်သော N3 […]
Read Moreကမ္ဘာ့အနုပညာသမိုင်းကြောင်းမှာ ထင်ရှားကျော်ကြားခဲ့တဲ့ အမေရိကန်စာရေးဆရာ Edgar Allen Poe ဟာ ၁၈၄၅ ခုနှစ်ခန့်က “The Raven” လို့အမည်ရတဲ့ ကဗျာရှည်တစ်ပုဒ်ကို ရေးသားခဲ့ပါတယ်။ အချစ် ဒဏ်ကြောင့် အမှောင်ထုထဲမှာ ပင်ပန်းစွာ လောင်ကျွမ်းဆွေးမြေ့နေခဲ့ရတဲ့ Lenore ဆိုတဲ့ ဇာတ်ကောင်ရဲ့ဝိညာဉ်ကို “Nevermore” လို့ အမည်ရတဲ့ ကျီးမည်းတစ်ကောင်က လာရောက်ခေါ်ဆောင်သွားတဲ့ ပုံသဏ္ဌာန် ရေးဖွဲ့ထားတဲ့ အဆိုပါ ကဗျာရှည်ကို အစွဲပြုပြီး သူတစ်ပါးရဲ့ ဝိညာဉ်ကို ဖမ်းဆီးခေါ်ယူကာ ပြန်လည်တိုက်ခိုက်တဲ့ “အမှောင်ထုမိစ္ဆာ” The Shadow Fiend ကို Dota 1 မှာ ထည့်သွင်း အသုံးပြုခဲ့ခြင်းဟာ Nevermore ဆိုတဲ့ မြန်မာကစားသမား အများစုကြိုက်ကြတဲ့ Hero တစ်ကောင်အစပြုခဲ့သော စိတ်ကူးစိတ်သန်းတစ်ခုပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှ […]
Read MorePhotoMath ဟုခေါ်သည့် app သည် ကလေးငယ်များ၏ သင်္ချာအိမ်စာများကို ကူညီဖြေရှင်းပေးသည့် မိဘများ အတွက် အလွန်အသုံးတည့်စေမည့် app တစ်ခု ဖြစ်သည်။ Developer ကမူ ၎င်းကို ကမ္ဘာ့ ပထမဦးဆုံး ကင်မရာ ဂဏန်းတွက်ချက်စက်ဟု ခေါ်ဆိုထားသည်။ PhotoMath သည် သင်္ချာညီမျှခြင်း တစ်ခုကို ကင်မရာဖြင့် ဖမ်းယူရုံဖြင့် အဖြေကို ချက်ချင်း တွက်ချက်ပေးနိုင်သည်။ ထို့အပြင် သင်္ချာညီမျှခြင်းများကို မည်ကဲ့သို့ အဖြေရှာမည် ဆိုသည်နှင့် ပတ်သက်၍ လမ်းညွှန်ချက်များကို တစ်ဆင့်ချင်းစီ ဖော်ပြပေးနိုင်သည်။ အသုံးပြုပုံက အောက်ပါအတိုင်း ဖြစ်သည်။ အဆင့် (၁) သင်္ချာညီမျှခြင်းကို ကင်မရာ ဖရိန်၏ အတွင်းတွင်ထားပြီး scan လုပ်ပါ။ ဖရိန်၏ အရွယ်အစားနှင့် ပုံသဏ္ဍာန်ကို drag လုပ်ကာ […]
Read Moreပညာဒါနအနေဖြင့် အခမဲ့သင်ကြားသော အခြေခံတရုတ်ဘာသာစကား (4 Skills) သင်တန်းကို နိုဝင်ဘာလ ၁ ရက်တွင် စတင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး ယခုဖွင့်လှစ်ခြင်းမှာ ၂၆ ကြိမ်မြောက်ဖြစ်ကြောင်း ကွမ်းရင်းစန်းတာ့ပိန် တရုတ်ဗုဒ္ဓဘာသာ ပရိယတ္တိစာသင်တိုက်မှ သိရသည်။ သင်တန်းကို အောက်တိုဘာလ ၂၂ ရက်မှ ၃၁ ရက်အတွင်း ရယူလျှောက်ထား နိုင်မည်ဖြစ်ပြီး လူဦးရေ ကန့်သတ်ထားကြောင်းသိရသည်။ သင်တန်းချိန်မှာ စနေ၊ တနင်္ဂနွေ နေ့လယ် ၁၂ နာရီ မှ မွန်းလွဲ ၁ နာရီခွဲ အထိနှင့် ညနေ ၃ နာရီ မှ ၄ နာရီခွဲအထိဖြစ်ပြီး သင်တန်းကာလ ၃ လ ကြာမြင့်မည်ဖြစ်သည်။ သင်တန်းတက်ရောက်မည့်သူများအနေဖြင့် လိုင်စင်ဓာတ်ပုံ ၂ ပုံ ယူဆောင်လာရမည်ဖြစ်ပြီး သင်တန်းနှင့် […]
Read More