iOS တွင် ဝက်ဘ်စာမျက်နှာ တစ်ခုကို Home Screen App တစ်ခုအဖြစ် အသုံးပြုခြင်း

19.png

iOS တွင် home screen ပေါ်၌ website တစ်ခုကို icon တစ်ခုအနေဖြင့် bookmark လုပ်ပြီး ထည့်သွင်း သိမ်းဆည်းထားနိုင်သည်။ Bookmark icon သည် app icon နှင့် တူညီပြီး သုံးစွဲသူမှ icon ကို နှိပ်လိုက်သည်နှင့် bookmark လုပ်ထားသည့် ဝက်ဘ်ဆိုက်ကို Safari က ဖွင့်ပေးမည် ဖြစ်သည်။

ဒီနည်းလမ်းကို နှစ်သက်ရာ ဝက်ဘ်ဆိုက်များအား အလျင်အမြန် အသုံးပြုလိုသည့်အခါ သုံးစွဲနိုင်ပြီး ၎င်းကို iPhone ရော iPad တွင်ပါ အသုံးပြုနိုင်သည်။ ပြုလုပ်ပုံက အောက်ပါအတိုင်းဖြစ်သည်။

(၁) Home Screen မှ Safari ကို ဖွင့်ပါ။ Safari တွင် home screen ပေါ်၌ bookmark အနေဖြင့် သိမ်းဆည်းထားလိုသည့် ဝက်ဘ်ဆိုက်တစ်ခုကို ဖွင့်ပါ။