NEC ၏ Product နှင့် Product Solution တို့ကို စတင် ဖြန့်ချိမည်

IMG_0246.jpg

NEC ၏ Product နှင့် Product Solution တို့ကို တရားဝင် ကိုယ်စားလှယ် အနေဖြင့် KMD မှ စတင်ဖြန့်ချိမည် ဖြစ်ကြောင်း သိရသည်။ ထိုကဲ့သို့ KMD နှင့် NEC  လက်တွဲ လုပ်ကိုင်ခြင်းနှင့် ထုတ်ကုန်များ တင်ဆက်ပွဲကို နိုဝင်ဘာ ၅ ရက်တွင် ရန်ကုန်မြို့၊ ဆူးလေ ရှန်ဂရီလာ ဟိုတယ်တွင် ကျင်းပပြုလုပ် ခဲ့သည်။

NEC ၏ Product များကို အသေးစား လုပ်ငန်းများ၊ စာသင်ခန်းများ၊ အလတ်စား လုပ်ငန်းများ၊ ဟောပြောပွဲများ၊ အကြီးစား လုပ်ငန်းများအထိ စီစဉ်အသုံးပြု နိုင်မည်ဖြစ်ကြောင်း သိရသည်။ Product များတွင် Laptop မလိုအပ်ဘဲ လွယ်ကူစွာကြိုးမဲ့ မိတ်ဆက်ပြပွဲများတွင် အသုံးပြုနိုင်သည့် DLP နည်းပညာနှင့် PC မဲ့ မိုဘိုင်း မိတ်ဆက်ရေးစက်၊  မီးလုံး၏ သက်တမ်းနာရီ ၈၀၀၀ ရှိပြီး ထိန်းသိမ်းစရိတ် သက်သာသည့် DLP နည်းပညာသုံး Projector တို့ပါဝင်မည် ဖြစ်သည်။

ထို့အပြင် ပညာရေးနယ်ပယ်တွင် အထောက်အကူ ဖြစ်စေသည့် ပစ္စည်းများအပြင် ဗီဒီယိုနံရံ အချပ်များနှင့် ၄င်းတို့၏ နည်းပညာ များကိုလည်း ဖြန့်ချိပေးသွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ နည်းပညာများနှင့် ထုတ်ကုန်များကိုလည်း KMD မှ တရားဝင် ဖြန့်ဖြူးသည့်အပြင် လိုအပ်သည့် Solution များလည်း လုပ်ဆောင် ပေးနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

-မိုးသူ