Fire Race

screen568x568.jpeg

iOS ပေါ်တွင် ဆော့ကစားနိုင်မည့် Fire Race ဆိုသည့် ဂိမ်းသည် မီးလောင်နေသည့် အထပ်မြင့်တိုက်ပေါ်မှ ခုန်ချသည့် လူကို အောက်တွင် စောင့်ကယ်သည့် လူများနှင့်တည့်တည့်ကျပြီး အန္တရာယ်ကနေ လွတ်မြောက်အောင် ဆော့ကစားရမည့် ဂိမ်းအမျိုးအစားဖြစ်သည်။ အခန်းပေါင်း ၃၀ ခန့် ပါဝင်မည်ဖြစ်ပြီး၊ အမှတ် အများဆုံးဖြစ်အောင် ဆော့ကစားရမည့် ဂိမ်းအမျိုးအစားတစ်ခုဖြစ်သည်။

အဆိုပါဂိမ်းကို ဆော့ကစားလိုပါက ယခင်က iTunes Store တွင် ကန်ဒေါ်လာ ၀.၉၉ ပေးသွင်းရပြီး ယခုအခါမှာတော့ အခမဲ့ဆော့ကစားနိုင်မည်ဖြစ်သည်။ iOS Version 6.0 နှင့်အထက် Device များတွင် ထည့်သွင်းဆော့ကစားနိုင်မည့် ဂိမ်းတစ်ခုဖြစ်သည်။ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။