18:9 screen နဲ႔ dual camera ပါဝင္တဲ့ Meizu M6T

[ Zawgyi ]

ရက္သတၱပတ္အတန္ၾကာ ေၾကာ္ျငာေတြနဲ႔ ေပါက္ၾကားမႈေတြ ထြက္ေပၚလာၿပီးတဲ့ေနာက္ Meizu M6T ကို တရားဝင္ မိတ္ဆက္လိုက္ပါတယ္။

Meizu M6T မွာ ၅.၇ လက္မ 18:9 1440 x 720px LCD display ပါဝင္ၿပီး quad-core CPU ပါဝင္တဲ့ MediaTek MT6750 chipset ကို အသံုးျပဳထားပါတယ္။ RAM ကို 3GB နဲ႔ 4GB ဆိုၿပီး ရရိွႏိုင္ပါတယ္။ ေက်ာဘက္မွာ ကင္မရာႏွစ္ခု ပါဝင္ပါတယ္။ ပင္မကင္မရာက 13MP f/2.2 ျဖစ္ၿပီး က်န္တစ္ခုက portrait ဓာတ္ပံုေတြကို ႐ိုက္ကူးႏိုင္မယ့္ 2MP f/2.4 ကင္မရာ ျဖစ္ပါတယ္။

Selfie ကင္မရာက 8MP f/2.0 lens ျဖစ္ၿပီး face unlock ကို ေထာက္ပံ့ေပးထားပါတယ္။ ေက်ာဘက္မွာ fingerprint scanner ပါဝင္ၿပီး ၀.၂ စကၠန္႔အတြင္း ဖုန္းကိုဖြင့္ေပးႏုိင္ပါတယ္။

Meizu M6T ကို အနက္၊ ေရႊနဲ႔ အနီ ဆိုၿပီး အေရာင္သံုးမ်ိဳးနဲ႔ ရရိွႏိုင္ပါတယ္။ တန္ဖိုးက 3GB+32GB အတြက္ ယူ႐ို ၁၁၀ ျဖစ္ပါတယ္။ 4GB+32GB အတြက္က ယူ႐ို ၁၃၅ ျဖစ္ၿပီး 4GB+64GB အတြက္က ယူ႐ို ၁၅၀ ျဖစ္ပါတယ္။

-ေနာင္ေနာင္
Ref: GSMArena

=========

[ Unicode ]

18:9 screen နဲ့ dual camera ပါဝင်တဲ့ Meizu M6T

=========

ရက်သတ္တပတ်အတန်ကြာ ကြော်ငြာတွေနဲ့ ပေါက်ကြားမှုတွေ ထွက်ပေါ်လာပြီးတဲ့နောက် Meizu M6T ကို တရားဝင် မိတ်ဆက်လိုက်ပါတယ်။

Meizu M6T မှာ ၅.၇ လက်မ 18:9 1440 x 720px LCD display ပါဝင်ပြီး quad-core CPU ပါဝင်တဲ့ MediaTek MT6750 chipset ကို အသုံးပြုထားပါတယ်။ RAM ကို 3GB နဲ့ 4GB ဆိုပြီး ရရှိနိုင်ပါတယ်။ ကျောဘက်မှာ ကင်မရာနှစ်ခု ပါဝင်ပါတယ်။ ပင်မကင်မရာက 13MP f/2.2 ဖြစ်ပြီး ကျန်တစ်ခုက portrait ဓာတ်ပုံတွေကို ရိုက်ကူးနိုင်မယ့် 2MP f/2.4 ကင်မရာ ဖြစ်ပါတယ်။

Selfie ကင်မရာက 8MP f/2.0 lens ဖြစ်ပြီး face unlock ကို ထောက်ပံ့ပေးထားပါတယ်။ ကျောဘက်မှာ fingerprint scanner ပါဝင်ပြီး ၀.၂ စက္ကန့်အတွင်း ဖုန်းကိုဖွင့်ပေးနိုင်ပါတယ်။

Meizu M6T ကို အနက်၊ ရွှေနဲ့ အနီ ဆိုပြီး အရောင်သုံးမျိုးနဲ့ ရရှိနိုင်ပါတယ်။ တန်ဖိုးက 3GB+32GB အတွက် ယူရို ၁၁၀ ဖြစ်ပါတယ်။ 4GB+32GB အတွက်က ယူရို ၁၃၅ ဖြစ်ပြီး 4GB+64GB အတွက်က ယူရို ၁၅၀ ဖြစ်ပါတယ်။

-နောင်နောင်
Ref: GSMArena