18:9 Full View screen နဲ့ Snapdragon 660 ပါဝင်တဲ့ X20 နဲ့ X20 Plus ကို Vivo ပွဲထုတ်မိတ်ဆက်

Vivo က နောက်ဆုံးပေါ် ဖန်တီးမှုများဖြစ်တဲ့ X20 နဲ့ X20 Plus တို့ကို ပွဲထုတ်မိတ်ဆက်ခဲ့ပါတယ်။

ဒီစမတ်ဖုန်းသစ်တွေမှာ 18:9 aspect ratio Full View screen တွေနဲ့ dual camera စနစ်တွေ ပါဝင်လာပါတယ်။ X20 နဲ့ X20 Plus တို့ရဲ့ အဓိက ကွာခြားချက်က display နဲ့ ဘက်ထရီအရွယ်အစား ဖြစ်ပါတယ်။

Vivo X20 မှာ ၆.၀၁ လက်မ 1080 x 2160 Super AMOLED touchscreen ပါရှိကာ ကျောဘက်မှာ 12MP f/1.8 နဲ့ 5MP ကင်မရာတွေ ပါဝင်ပါတယ်။ Selfie ကင်မရာက 12MP f/2.0 ဖြစ်ပြီး Fingerprint scanner ကို ကျောဘက်မှာ ပြောင်းရွှေ့တပ်ဆင်ထားပါတယ်။

 

Qualcomm ရဲ့ upper-midrange Snapdragon 660 SoC နဲ့ 2.2GHz octa-core CPU ကို အသုံးပြုထားပြီး RAM က 4GB ဖြစ်ပါတယ်။ သိုလှောင်မှုပမာဏက 64GB ဖြစ်ပါတယ်။ ဘက်ထရီက 3,245mAh ဖြစ်ပြီး Android 7.1.1 Nougat ကို အသုံးပြုထားပါတယ်။

X20 Plus မှာတော့ ၆.၄၃ လက်မ Super AMOLED panel ကို အသုံးပြုထားပြီး ဘက်ထရီက 3,905mAh ဖြစ်ပါတယ်။

ဒီစမတ်ဖုန်းသစ်နှစ်မျိုးစလုံးကို စက်တင်ဘာ ၂၅ ရက်မှာ ကြိုတင်မှာယူနိုင်ပြီး စက်တင်ဘာ ၃၀ ရက်မှာ စတင်ရောင်းချမှာ ဖြစ်ပါတယ်။ တန်ဖိုးက X20 အတွက် ၂,၉၉၈ ယွမ် (၄၅၄ ဒေါ်လာ) ဖြစ်ပြီး X20 Plus အတွက် ၃,၄၉၈ ယွမ် (၅၃၀ ဒေါ်လာ) ကျသင့်မှာ ဖြစ်ပါတယ်။

-နောင်နောင်
Ref: GSMArena