Mac ကဲ့သို့ အသုံးပြုနိုင်သော trackpad အထောက်အပံ့ Windows 10 တွင် ပါဝင်လာမည်

windows10-touchpad-gestures.jpg

Microsoft ၏ Windows 10 OS တွင် Mac ကွန်ပျူတာ၌ အသုံးပြုထားသော လက်ဟန်များစွာဖြင့် အသုံးပြုနိုင်သည့် trackpad အထောက်အပံ့ ပါဝင်လာကြောင်း သိရသည်။ အသစ်ထွက်ရှိ လာမည့် OS တွင် လက်သုံးချောင်းဖြင့် swipe ပြုလုပ်ရုံဖြင့် ဖွင့်ထားသော win-dow များအားလုံးကို ကျုံ့ခြင်းသို့မဟုတ် ချဲ့ခြင်းပြုလုပ်ခြင်း အပြင် swipe feature များစွာ ပါဝင်လာသည်။

ပြီးခဲ့သည့် ရက်အနည်းငယ်ခန့်က TechEd ဥရောပ ကွန်ဖရင့်ပွဲ၌ မိတ်ဆက်ခဲ့သော Windows 10 Techincal  Preview  အတွင်း လက်ဟန်များစွာဖြင့် အသုံးပြုနိုင်သော trackpad သစ်ကို Microsoft ၏ ဒုဥက္ကဋ္ဌ ဂျိုးလ်ဖီအိုရီက စမ်းသပ်ပြခဲ့ပြီး မကြာမီအချိန်တွင် Windows 10 အပြီးသတ် ထွက်ရှိလာဖွယ်ရှိသည်။ ထိုသို့စမ်းသပ် ပြသမှုအတွင်း ဖီအိုရီက ယခင်က ကန့်သတ်ချက်များရှိသော touchpad များထဲမှ တစ်ခုကို ဦးတည်ပြောကြား သွားခဲ့သည်။ အတိတ်ကာလ၌ Win-dows မှ touchpad များကို OEM (မူရင်းပစ္စည်းများကို ထုတ်လုပ်သူများ) သာ ထုတ်လုပ်ခဲ့သောကြောင့် အလွန်ခြားနားမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ဘဲဖီအိုရီက third-party ကွန်ပျူတာ ထုတ်လုပ်သူများသို့ ရည်ညွှန်းပြောဆို ခဲ့သည်။ ယခု Windows တွင်ကုမ္ပဏီ အနေဖြင့် လက်ဟန်များစွာဖြင့် သုံးစွဲနိုင်သော touchpad အတွင်း ကျွမ်းကျင်သုံးစွဲသူများအတွက် ထောက်ပံ့မှုများ ထည့်သွင်း ပေးထားကြောင်း၊ အဆိုပါ touchpad အသုံးပြုပုံကို သုံးစွဲသူများအားလုံး သင်ယူပြီး သုံးစွဲရာတွင် အချိန်ကုန် သက်သာစေမည် ဖြစ်သည်။

ဘဲဖီအိုရီက လက်ရှိ Windows ဗားရှင်းများတွင်  trackpad  အတွက် အတားအဆီးများ ဖြစ်ပေါ်နေကြောင်း ပြောကြားခဲ့သည်။ လက်ဟန်များစွာဖြင့် အသုံးပြုနိုင်သော trackpad feature များကို အမျိုးမျိုးသော ကုမ္ပဏီများက ဖန်တီးထားသောကြောင့် Windows ထုတ်ကုန်တစ်ခုမှ အခြား ထုတ်ကုန်တစ်ခုတွင် အသုံးမပြုနိုင်ပေ။ ဥပမာ အားဖြင့် laptop တစ်ခုတွင် အသုံးပြုနေသော လက်သုံးချောင်းဖြင့် အသုံးပြုနိုင်သော feature ကို အခြားထုတ်ကုန် တစ်ခုမှထုတ်လုပ်ခြင်း မရှိကြောင်း သိရသည်။ ထို့ကြောင့် Windows trackpad အားလုံးတွင် အသုံးပြုနိုင်သည့် function များသည် လွယ်ကူစွာ အသုံးပြုနိုင်ပြီး ထိရောက်မှု ရှိရန်အတွက် အချိန်များစွာ ကြာမြင့်ဦးမည် ဖြစ်သည်။

-စိုးထက်
Ref : CNET