Malware ကို အသုံးပြု၍ သတင်း အချက်အလက်များကို ရုရှားအစိုးရ စုဆောင်းနေ

ရုရှားအစိုးရသည် ထောက်လှမ်းရေး ကိစ္စရပ်များအတွက် malware ကို အသုံးပြု၍ ကုမ္ပဏီနှင့် အစိုးရများထံမှ အရေးပါသည့် သတင်း အချက်အလက် များကိုရယူနေကြောင်း FireEye သုတေသန ကုမ္ပဏီမ ပြောကြားခဲ့သည်။

အဆိုပါ အန္တရာယ် ပေးနိုင်သော software သည် လုပ်ငန်းနှင့် နိုင်ငံရပ်ခြား အစိုးရမှ သတင်းအချက်အလက်များ ခိုးယူရန်အတွက် ရုရှားနိုင်ငံတွင် ဖန်တီးထားခြင်းဖြစ်ပြီး ရုရှားအစိုးရမှ ထောက်ပံ့မှု ပေးထားကြောင်း သိရသည်။ ၎င်း software ကိုဖန်တီးသည့် အဖွဲ့မှာ APT28 ဖြစ်ပြီး မော်စကို အခြေစိုက် အစိုးရ ထောက်ပံ့မှု ရရှိထားသော အဖွဲ့ဖြစ်ကြောင်း FireEye ဒုဥက္ကဋ္ဌ ဒန်မတ်ဟော်တာက  blog post တွင် ရေးသားခဲ့သည်။ ထိုအဖွဲ့သည် အစိုးရ၊ စစ်တပ်နှင့် လုံခြုံရေးအဖွဲ့အစည်းနှင့် ဆက်စပ်သည့် တန်ဖိုးရှိ သတင်းအချက် အလက်များကို ပစ်မှတ်ထားနေလျက် ရှိနေသည်မှာ ခုနှစ်နှစ်ခန့်ရှိပြီ ဖြစ်ကြောင်း သိရသည်။ Malware နှင့် ကွန်ပျူတာ ဗိုင်းရပ်စ်များသည် တစ်ကိုယ်ရည်သုံး ကွန်ပျူတာများ စတင်ပေါ်ပေါက် လာသည့် အချိန်မှစ၍ ပြဿနာတစ်ခု ဖြစ်နေသော်လည်း အစိုးရမှ ထောက်ပံ့ထားသော malware များမှမူ တွေ့လေ့တွေ့ထ မရှိပေ။

အစိုးရမှ ထောက်ပံ့ခဲ့သော နာမည်ကျော် malware တစ်ခုမှာ Stuxnet ဖြစ်ပြီး အီရန်နျူကလီးယား သန့်စင်သည့် စက်ရုံများကို တိုက်ခိုက်ရန်အတွက် အမေရိကန်က အသုံးပြုလေ့ရှိသည်။

အစိုးရမှ အထောက်အပံ့ ပေးထားသော malware များသည် တမူထူးခြားပြီး နိုင်ငံအနည်းစု၌ malware များကို ဖန်တီးနေကြကြောင်း F-Secure ကုမ္ပဏီရှိ လုံခြုံရေး ဆန်းစစ်သူ မစ်ကိုဟိုင်ပိုနန်က CNET သို့ပြောကြား ခဲ့သည်။

-စိုးထက်
Ref : CNET