MySQL

MySQL ဆိုသည်မှာ Structured Query Language (SQL) ကို အခြေခံထားသော open source relational database management system (RDBMS) တစ်ခု ဖြစ်သည်။

MySQL သည် Linux, UNIX နှင့် Windows အပါအဝင် platform အားလုံးတွင် virtual အနေဖြင့် လုပ်ဆောင်သည်။ MySQL ကို application များတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြသော်လည်း ၎င်းကို web အခြေခံ application များနှင့် အွန်လိုင်းပုံနှိပ်ထုတ်ဝေမှုများတွင် အများဆုံး တွေ့မြင်နိုင်သည်။ ထို့အပြင် MySQL သည် LAMP ဟုခေါ်သော open source enterprise stack ၏ အရေးအကြီးဆုံး အစိတ်အပိုင်းတစ်ခုလည်း ဖြစ်သည်။ LAMP ဆိုသည်မှာ Linux operating system အသုံးပြုထားသော web development platform တစ်ခုဖြစ်ပြီး web sever အနေဖြင့် Apache ကို အသုံးပြုထားကာ relational database management system အနေဖြင့် MySQL ကို အသုံးပြုထားသည်။ Object-oriented scripting language အနေဖြင့် PHP ကို အသုံးပြုသည်။

MySQL ကို ဆွီဒင်ကုမ္ပဏီ MySQL AB က စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၎င်းကို ၂၀၀၈ ခုနှစ်တွင် Oracle က ဝယ်ယူခဲ့သည်။ Developer များသည် MySQL ကို GNU General Public License (GPL) ဖြင့် အသုံးပြုနိုင်သော်လည်း စီးပွားရေးလုပ်ငန်းများအတွက် Oracle ၏ commercial လိုင်စင် ရယူရန်လိုအပ်သည်။