
Sentinel 4 ဆိုသည့် ဂိမ်းသည် iOS အသုံးပြုသူများ ဆော့ကစားနိုင်မည့် ဂိမ်းအမျိုးအစား တစ်ခုဖြစ်သည်။ Strategy Game ကို နှစ်သက်သူများ ကြိုက်နှစ်သက်မည့် ဂိမ်းအမျိုးအစားတစ်ခုဖြစ်ပြီး၊ Defense ဂိမ်း တစ်ခုလည်း ဖြစ်သည်။ ပြင်ပမှ တိုက်ခိုက်လာသည့် ရန်သူများကို ခုခံကာကွယ်သည့်ပုံစံဖြင့် ကစားရန် စီစဉ်ပေးထားသည့် ဂိမ်းအမျိုးအစား တစ်ခုဖြစ်သည်။
အဆိုပါ ဂိမ်းကို iTunes တွင် ယခင်က ကန်ဒေါ်လာ ၂.၉၉ ပေးသွင်းမှသာ အသုံးပြုနိုင်မည်ဖြစ်ပြီး ယခုအခါမှာတော့ အချိန်အတိုင်းအတာ တစ်ခုအနေနှင့် အခမဲ့ Download ပြုလုပ်ခွင့်ပေးထားသည်။ iOS Version 5.1.1 နှင့်အထက်တွင် ထည့်သွင်းအသုံးပြုနိုင်မည့် ဂိမ်းအမျိုးအစား တစ်ခုလည်းဖြစ်သည်။ အခမဲ့ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။