Android ထုတ်ကုန်များအား ကိုယ်တိုင်လေ့လာ ပြင်ဆင်နိုင်မည့် ဝန်ဆောင်မှုတစ်ခုကို iFixit လွှင့်တင်

10940997_10152733397967825_1200586627063132237_n.jpg

iPhone နှင့် iPad တို့ကို ကိုယ်တိုင်ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန် လမ်းညွှန်ချက်များ ထောက်ပံ့ပေးနေသည့် iFixit သည် Android ထုတ်ကုန်များ ပြင်ဆင်ခြင်းအတွက် လမ်းညွှန်ချက် ရာပေါင်းများစွာ ပါဝင်သော Android Repair ဝန်ဆောင်မှုကို ထပ်မံလွှင့်တင်ပေးခဲ့သည်။

အဆိုပါ Android Repair တွင် ထုတ်ကုန်ပေါင်း ၂၅၂ ခုအတွက် လမ်းညွှန်ချက်များ ပါဝင်ပြီး ဖုန်းနှင့် tablet များအတွက် လိုအပ်သည့် အစိတ်အပိုင်းများကိုလည်း ရောင်းချပေးသည်။

ထို့အပြင် iFixit သည် ပြင်ဆင်မှုများကို အလွယ်တကူ ပြုလုပ်နိုင်ရန်အတွက် ဖုန်း သို့မဟုတ် tablet ကို ဖွင့်သည့် tool များ၊ ဝက်အူလှည့်များ အပါအဝင် tool များစွာကိုလည်း ရောင်းချပေးမည် ဖြစ်သည်။

Android ထုတ်ကုန်သုံးစွဲသူများသည် Apple သုံးစွဲသူဦးရေထက် ပိုမိုများပြားသောကြောင့် နည်းပညာဆိုင်ရာ ကျွမ်းကျင်သူ အဖွဲ့ဝင်များက ကိုယ်ပိုင်လမ်းညွှန်ချက်များ ရေးသားခြင်း၊ ကျိုးပဲ့နေသော ထုတ်ကုန်များ လှူဒါန်းခြင်းဖြင့် iFixit ကို အကူအညီ ပေးနိုင်မည်ဟု သိရသည်။

Android သုံးစွဲသူများ အနေဖြင့် ဖုန်းရေစိုခြင်း ကဲ့သို့သော ပြဿနာများကို ဖြေရှင်းခြင်းခြင်းအတွက် https://www.ifixit.com/android တွင် လေ့လာ ပြုလုပ်နိုင်ပြီ ဖြစ်သည်။

Ref: TheNextWeb