IT aftermarket (tech secondary market)

Tech secondary market ဟူ၍လည်း ခေါ်ဆိုနိုင်သော IT aftermarket ဆိုသည်မှာ ထုတ်လုပ်သူများမှ အတည်ပြုထားသည့် လမ်းကြောင်းအတိုင်း မဟုတ်ဘဲ IT ထုတ်ကုန်ပစ္စည်းများကို ဝယ်ယူခြင်းနှင့် ရောင်းချခြင်းတို့ ပြုလုပ်သည့် နည်းပညာထုတ်ကုန် ပြန်လည်ရောင်းချသူများနှင့် သုံးစွဲသူများ၏ လုပ်ငန်းအစိတ်အပိုင်းတစ်ခု ဖြစ်သည်။ Secondary-market reseller များသည် တစ်ပတ်ရစ်နှင့် ပြင်ဆင်မွမ်းမံထားသည့် နည်းပညာ ထုတ်ကုန်ပစ္စည်းများကို ထောက်ပံ့ပေးခြင်းဖြင့် လူသိများကြသည်။

သာမန် ထုတ်ကုန်ရောင်းချသူများ ကဲ့သို့ပင် secondary-market reseller များသည် နည်းပညာပိုင်းဆိုင်ရာ ဝန်ဆောင်မှုနှင့် အထောက်အပံ့များကို ဆောင်ရွက်ပေးသည်။ Reseller တစ်ဦးသည် ၂၄ နာရီ ၇ ရက် နည်းပညာ အထောက်အပံ့ပေးမှု အပါအဝင် အာမခံဝန်ဆောင်မှုများကို ထောက်ပံ့ပေးနိုင်သည်။