Chromecast ကို VLC ၏ နာမည်ကျော် media player ဖြင့် မကြာမီ အသုံးပြုနိုင်မည်

10604030_10152731492472825_5585435460432343453_o.jpg

မကြာမီက ထွက်ပေါ်လာခဲ့သော changelog အရ Chromecast အတွက် media player အထောက်အပံ့ကို VLC က ဖြန့်ချိပေးသွားမည် ဖြစ်ကြောင်း သိရသည်။

Platform အများအပြားတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလျက်ရှိသည့် VLC media player ၏ version 3.0 တွင် YouTube ၏ မျိုးဆက်သစ် VP9 format အတွက် အထောက်အပံ့ကို ပိုမိုကောင်းမွန်အောင် ပြုလုပ်ပေးမည့် feature များ ပါဝင်လာမည်ဟု VLC မှ ကတိပြုထားသည်။

Chromecast သည် သုံးစွဲသူများက မည်သည့် မီဒီယာ format ကို မဆို Android, Mac, Windows 8.1 နှင့် Linux ထုတ်ကုန်များပေါ်မှတစ်ဆင့် stream ပြုလုပ်ပေးနိုင်သည်။

iOS အတွက် VideoLAN ကို iOS 8 ထွက်ပေါ်လာချိန်တွင် App Store မှ ဖယ်ရှားခဲ့သော်လည်း မကြာမီ ပြန်လည်ဖြန့်ချိသွားမည်ဟု VLC မှ ပြောကြားခဲ့သည်။ သို့သော်လည်း FLAC, XVid နှင့် အခြား format များကို အလွယ်တကူ အသုံးပြုနိုင်စေမည့် ဗားရှင်းသစ်နှင့် iOS အထောက်အပံ့အား မည်သည့်အချိန်တွင် ဖြန့်ချိမည် ဆိုခြင်းကိုမူ ကုမ္ပဏီမှ အတိအကျ ပြောကြားခဲ့ခြင်း မရှိပေ။

Ref: Engadget